← Chapters

လက်တစ်ဖက် နတ်မိစ္ဆာ ... ။

Vol. 132 Ch. 1848

လက်တစ်ဖက် နတ်မိစ္ဆာ ... ။

Vol. 132 Ch. 1848

လင်းယွန်က မြေပြင်ပေါ် ထိုင်လိုက်ပြီး သူ ထုတ်လွှတ် ထားသော ရောင်ဝါကို ပို၍ တိုးစေ ခဲ့သည်။

ဓားနှင့် နဂါး မူလ တည်ငြိမ်အောင် ဤပုံစံဖြင့်၊ ခုနစ်ရက် ကြာခဲ့သည်။ အသက်ရှု ထုတ်ပြီး ဖြည်းညှင်းစွာ မတ်တပ် ထရပ် လိုက်၏။

ခန္ဓာကိုယ် အတွင်းမှ ပြင်းထန်သော စွမ်းအားကို အာရုံခံ မိလိုက်ရာ နိုးထ လာသည့် နဂါး တစ်ကောင် အလား ယုံမှား စေသည်။

လက်ဖဝါး တစ်ဖက်အား ဆန့်ထုတ် လိုက်ရာ၊ အဝေးရှိ အာကာပြင် ကမောက် ကမ ဖြစ် သွား၏။

ဤသည်မှာ သန့်စင်သော စွမ်းအင် မျှသာဖြစ်ပြီး၊ တောင်ကြီး တစ်လုံး ကဲ့သို့ လေးလံ နေခဲ့သည်။

“ ကံကောင်း လိုက်တာ၊ ငါ့ရဲ့ ဓား ရည်ရွယ်ချက် လည်း ... ၊ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ပြီ၊ မဟုတ်ရင် ငါ့လို ဓားသမားက ရန်သူ တွေကို လက်သီးနဲ့ချည် လိုက်ထိုး နေရတာ ရှက်စရာ ကောင်းတယ်။ ”

လက်ရှိ ခန္ဓာ ကိုယ်သည် သားရဲ တစ်ကောင်၏ ကိုယ်လုံး ကိုယ်ပေါက်နှင့် တူပြီး မည်သူ့ကို မဆို လက်သီးဖြင့် ထိုးသတ် နိုင်၏။

မိုးကြိုး လိပ်နက် ဧကရာဇ်မှ ချန်ထား ပေးခဲ့သော စွမ်းအင် အကြွင်း အကျန် များက သူ့ခန္ဓာ ကိုယ်ကို သိသိ သာသာ ပြောင်းလဲ သွားစေသည်။

ထို့နောက် အမျိုး မျိုးသော ဓားရေး များကို စမ်းသပ် လိုက်မိသည်။ သူ့ ခွန်အားသည် အသွင် ကူးပြောင်း သွား သဖြင့်၊ ခရမ်း ရွှေရောင် နဂါး သရဖူ မပါဘဲ၊ ယွီဝမ်ရှုနှင့် မီးဗိုလ်ချုပ်ကို သတ်ပစ် နိုင်မည်ဟု ယုံကြည်၏။

“ အနက်ရောင် လိပ်နက် သံကြိုးကို သန့်စင်ဖို့ အချိန် တန်ပြီ။ ”

ကူကျွင့် ပေးထားသော နှလုံးသွေးကို ထုတ်ယူ လိုက်သည်။ ထို့နောက် သံကြိုးအား သူ့ခန္ဓာ ကိုယ်နှင့် တစ်သားတည်း ဖြစ်အောင်၊ သန့်စင် လိုက်၏။

အတွေး တစ်ချက်ဖြင့် လက်ဖဝါးမှ သံကြိုး ကိုးချောင်း ထွက်လာသည်။ တစ်ချောင်း စီသည် ကြောက်မက်ဖွယ်ရာ လျှပ်စီးများ လက်နေ၏။

ယင်းက လက်မောင်းများ ကဲ့သို့ အလွယ်တကူ ထိန်းချုပ် နိုင်သည်။ ရုတ်တရက် လျှပ်စီး ကိုးသွယ် မီးတောက်ကို သတိ ရလာ ၏။

ထိုအကြောင်းကို တွေးလိုက် သည်နှင့် သူ့ခန္ဓာ ကိုယ်၌ မီးတောက်များ ထွက်ပေါ်လာ လဲ့သည်။

မီးတောက် များက သံကြိုးများ ပေါ်သို့ ကူးစက် သွားပြီးနောက်၊ အနက်ရောင် လျှပ်စီး သံကြိုးများ အဖြစ်သို့ ပြောင်းလဲ သွား၏။

၎င်းတို့သည် ခေါင်းကိုးလုံး ဟိုက်ဒရာနှင့် တူပြီး၊ ကြောက်မက်ဖွယ် စွမ်းအား ထုတ်လွှတ် နိုင်သည်။

“ တကယ် အလုပ် လုပ်တယ်။ ”

လင်းယွန်က ပြုံးရွှင် သွားပြီး၊

“ ဟား ဟား ဟား ... လာဦးမယ်။ ”

ခရမ်းရောင် နန်းတော် အတွင်းရှိ နဂါးမြစ်မှာ တဟုန်ထိုး မြည်ဟည်း လာစဉ် လက်ဖဝါး ထဲသို့ သွန်းလောင်း ပစ်လိုက်ရာ၊ သံကြိုးများမှာ ပေ တစ်ရာ အထိ ချက်ချင်း ကြီးထွား လာ၏။

“ ဟား ဟား ဟား ... ၊ ဒီထက် ပိုပြီး ရက်စက်ရမယ်။ ”

မျက်နှာ နီရဲလျက်၊ ရူးသွပ်မှု အရိပ် အမြွက်များ ထင်ဟပ် လာသည်။ ဓားပင်လယ် အတွင်းမှ ရွှေ လူသားက ၎င်း၏ လက်များကို ကောင်းကင်ပေါ် မြှောက်လိုက်၏။

မိုးပြာ နဂါး ဓားဝိညာဉ်က၊ လိပ်နက် သံကြိုးဖြင့် ပေါင်းစပ်ပြီး၊ လျှပ်စီး မြွေများ ထပ်မံ ကြီးထွား ကုန်သည်။

၎င်းသည် ကန့်သတ်ချက်ကို ရုတ်သိမ်း လိုက်သကဲ့သို့၊ အရွယ် အစားမှာ ပေ (၁၀၀၀) ကျော် သွား၏။

လက်ဖဝါး၌ လိပ်ရူရ် ပေါ်လာ ပြီးနောက်၊ ကြည်လင် နေသော လိပ်ခွံ အလွှာ တစ်ခုက သူ့ ခန္ဓာ ကိုယ်ကို ဖုံးအုပ် ထားသည်။

အလေးချိန် တိုးလာ သောကြောင့် ခြေဖဝါး အောက် မြေပြင် သည်လည်း အက်ကွဲ သွား၏။ အံ့သြ စရာ ပေပင်။

နောက်အခိုက် အတန့်တွင် သဲများနှင့် ကျောက်တုံးများက မုန်တိုင်း အလား ပျံသန်း သွားကြသည်။

“ ကာကွယ် ရေး လိပ်နက် အလွှာနဲ့ တိုက်ပွဲဝင် လျှပ်စီး မြွေ ... ၊ ဒါ မိုးကြိုး နက်လိပ် တေွရဲ့ အစစ်အမှန် ခွန်အားပဲ။ ”

ဝမ်းသာ အားရ ထအော် လိုက်သည်။

“ ပြန်လာ ... ။ ”

ပေတစ်ထောင် ကျော်သော လျှပ်စီး စပါးအုံးမြွေ များက လက်ဖဝါး ထဲသို့ ပြန်ဝင် လာ တော့သည်။

သူ့အပေါ်ရှိ လိပ်နက် သူတော်စင် ရူရ် သည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွား ခဲ့၏။

ဤသည်မှာ တိုက်ခိုက်ရေးနှင့် ခုခံ ကာကွယ်ရေး နှစ်မျိုးလုံး အသုံးပြု နိုင်သည့် ရတနာ တစ်ပါး ဖြစ်သည်။

“ လျှို့ဝှက် နည်းပညာကို လေ့ကျင့် ပြီးရင် အပြင် ထွက်ရမယ်။ ”

ရေရွတ် လိုက်ပြီး သူ့အတွေး များကို ရုတ်သိမ်း ပစ်သည်။ ကျန့်ချင်းခုန် တစ်ယောက် ဝိညာဉ် နတ်မိစ္ဆာ မိသားစု အပေါ် အသုံး ပြု ခဲ့သော ငရဲ သံကြိုး ချပ်ပိတ်ခြင်းအား ကျွမ်းကျင် လိုသည်။

ထိုစဉ်က အရှေ့ဘက် စစ်မြေပြင်၌ ငွေမျက်လုံး အလောင်းကောင်၏ စွမ်းအားကို ငရဲ သံကြိုး ပညာရပ်ဖြင့် ချိတ်ပိတ် ခဲ့သည်။

ယင်းသည် နှစ်တစ်သိန်း ကြာ တည်မြဲ နိုင်လေရာ၊ စိတ်ထဲ မှတ်မှတ် ထင်ထင် ရှိနေခဲ့ မိသည်။

မိုးကြိုး လိပ်နက် ဧကရာဇ်နှင့် စကား ပြောဆို ခြင်းသည် သူ့အတွက် အရေးပေါ် သတိ ပေးချက်များ ရရှိ လာစေ၏။

လက်ရှိတွင် ခွန်လွန်မှာ ငြိမ်းချမ်း နေပုံ ရသော်လည်း၊ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စု အား၊ အနှေးနှင့် အမြန် ဆိုသလို ရင်ဆိုင် ရပေမည်။

ဝိုင်ခန်းတွင် ကူကျွင့်၊ မိန်ဇီဟော်နှင့် အန်းလျူယွင်က ဒီမီဂေါ့ ဝိုင်ကို သန့်စင်ကာ၊ အကျိုး ကျေးဇူး များစွာ ရရှိ ခဲ့သည်။

အထူး သဖြင့် ကူကျွင့် ဖြစ်၏။ လင်းယွန် ထက်ပင် သာလွန်သော အကျိုး ကျေးဇူးများ ရရှိ ခဲ့သည်။ ဒီမီဂေါ့ ဝိုင်သည် ကျင့်ကြံမှု မြင့်မား လေလေ၊ ပို အကျိုး ရှိလေ ဖြစ်၏။

နှလုံးသွေး နှစ်စက်ကို ဆုံးရှုံး ပြီးနောက် တွင်ပင်၊ ပထမဆုံး နိုးထ နိုင်သည်။ ထို့ကြောင့် အနန္တ အကြေးခွံ ချပ်ဝတ် ပေါ်တွင်၊ ရေးထွင်း ထားသော တံဆိပ်ကို ဖျက်နေ မိ၏။

တစ်ချိန် တည်း မှာပင်၊ လင်းယွန် ပိုင်ဆိုင်သော ဘုန်း သူတော်စင် လက်ရာ အရေ အတွက်မှာ၊ များလွန်းလှ သောကြောင့် ကူကျွင့် ခမျာ ကျောရိုးများ အေးစက် သွားသည်။

ထိုအရည် အချင်း မျိုးသည်၊ နတ်နဂါး ခေတ်၏ အသန်မာဆုံး လူငယ်များ ဖြစ်သည့် သန့်ရှင်းသော သားတော်၊ သမီးတော် အား ယှဉ်နိုင်၏။

အောက်တန်း နယ်မြေမှ လာသောကြောင့် လက်ရှိ ခွန်အားမှာ အနည်းငယ် အားနည်း နေ သေး၏။ သို့သော် အလား အလာမှာ၊ အကန့် အသတ် မရှိချေ။

မည်သူမျှ မလျှောက်လှမ်း နိုင်သော ဓားနတ်ဘုရား လမ်းစဉ်ကို ကိုယ်တိုင် ဖန်တီး လျှောက်လှမ်း နေလိုသည်။

တွေးကြည့် လိုက်ရုံနှင့် စိတ်လှုပ်ရှား ကောင်း၏။ သို့သော် ဓားဘုရား တစ်ပါး ဖြစ်လာ လျှင်ပင်၊ ၎င်းသည် လူယုတ်မာ တစ်ယောက် ဖြစ်သည် ဟူသော အချက်ကို ပြောင်းလဲ နိုင်မည် မဟုတ်ချေ။

“ လူယုတ်မာ ဓားနတ်ဘုရား ... ဟုတ်တယ် မင်းက လူယုတ်မာ ဓားနတ်ဘုရားပဲ။ ”

ထိုအတွေးက သူ့အား ကေျနပ်စေ သဖြင့် ပြုံးပြီး ဝိုင် တစ်ခွက်ကို သောက်ယူ လိုက်တော့ သည်။

လိပ်နက် သူတော်စင် ဝိုင်များသည် သူ သောက်ဖူးသော အခြား ဝိုင်များနှင့် မတူဘဲ အရသာ ရှိလှ၏။

“ အကြီးအကဲ ကူ ... ၊ မင်း ဒဏ်ရာ အခြေ အနေ ဘယ်လိုလဲ။ ”

အန်းလျူယွင်မှ မျက်လုံး ဖွင့်လာပြီး၊ မေးသည်။ ဒီမီဂေါ့ ဝိုင်ကို သောက် ပြီးနောက်၊ သူမ၏ အသား အရေမှာ၊ ပို၍ ကြည့်လင် လာခဲ့၏။

“ မဆိုး ပါဘူး ... ဒီမီဂေါ့ ဝိုင်က တော်တော် ထိရောက်တယ်။ ”

“ အမည်ခံ သူတော်စင် နယ်မြေကို ရောက် ပြီလား။ ”

“ အင်း ... ။ ”

ကူကျွင့်မှ ပြုံးလိုက်သည်။

“ အမည်ခံ သူတော်စင် နယ်မြေမှာ ... ၊ အဆင့် ကိုးဆင့် ရှိတယ် ... ၊ ဒီမီဂေါ့ ဝိုင်ကြောင့် အဆင့် နည်းနည်းတောင် တက်နိုင် ခဲ့ပြီ။ ”

“ ဟုတ်လား ... ဘယ်အဆင့် ရောက်ခဲ့လဲ။ ”

ကူကျွင့်က ထိုမေးခွန်းကို စောင့်နေခြင်း ဖြစ်ပြီး၊ ပြုံးလျက် လက် လေးချောင်း ထောင်ပြ လိုက် လေသည်။

ယင်းကြောင့် အန်းလျူယွင် ခမျာ အံ့အားသင့် သွားပြီး၊

“ အကြီးအကဲ ကူ ... ဂုဏ်ယူ ပါတယ်။ ”

-ဟု ချီးကျူး စကားဆို လိုက်တော့၏။

“ သူဌေးအန်း ရော ... ။ ”

“ လျူယွင်က ... အကြီးအကဲ ကူနဲ့ ယှဉ်လို့ မရ ပါဘူး၊ အထွတ် အထိပ် အဆင့်ပဲ ရောက်ခဲ့ ပါတယ်။ ”

“ သူဌေး အန်း စိတ်ပျက် မနေ ပါနဲ့ ... ၊ ဒီမီဂေါ့ ဝိုင်က ကြာရှည် ခံပါတယ်၊ ပြန် သွားတဲ့ အခါ၊ မရဏ အဆင့်ကို ဖြတ်ကျော်ပြီး၊ နှစ်ဝက် အတွင်း နိဗ္ဗာန် အဆင့်ကို ရောက်ပါ လိမ့်မယ်။ ”

ထိုအချိန်တွင် မိန်ဇီဟော် မျက်ဝန်းများ ပွင့်လာသည်။ သူတို့ နှစ်ဦးနှင့် မတူဘဲ၊ ၎င်းသည် နဂါး သွေးလွှတ် ကြော၌ ရှိနေဆဲ ဖြစ်၏။

သို့သော် လူတိုင်းကို လွှမ်းမိုး နိုင်သည့် ရောင်ဝါဖြင့်၊ ကွဲပြား ခြားနားသော ခံစားချက် အချို့ ပေးစွမ်း နေသည်။

“ တေရ သမ (၁၃) သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်။ ”

ကူကျွင့်၏ စူးစမ်းနေသော မျက်ဝန်းကို မိန်ဇီဟော်က ခေါင်းယမ်းပြ လိုက်လေသည်။

“ အမည်ခံ ကောင်းကင် ဝိညာဉ် ရေးရာ ဆရာ သခင်။ ”

ထိုအဖြေကြောင့် ကူကျွင့် ခမျာ အသက် ရှူ ကြပ်သွားပြီး ရှုပ်ထွေး လာသည်။ ဂီတ မိသားစု ဆယ်ပါးသည် မျှော်မှန်း ထားသည်ထက် ကြောက်စရာ ကောင်းနေ၏။

အမည်ခံ ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်သည်၊ အမည်ခံ သူတော်စင် တစ်ပါး၏ စိတ် စွမ်းအင်နှင့် ညီမျှသည်။

ခွန်အား အရာ ၌မူ မယှဉ် နိုင်ချေ။ မဟာ သူတော်စင် အသံကို၊ သူတော်စင် ဘုရင် အသံ အဖြစ်၊ မြှင့်တင်ရန် လိုသည်။

သို့မှသာ သူသည် စစ်မှန်သော အမည်ခံ သူတော်စင် တစ်ပါး အဖြစ်၊ သတ်မှတ် နိုင်မည် ဖြစ်သည်။

ဂီတ မျိုးနွယ်စု ဆယ်ပါးတွင်၊ အရင်း အမြစ်များ ပြတ်တောက်မှု မရှိခဲ့ သောကြောင့် မွေးရာပါ မြင့်မြတ်မှုမျိုး မိန်ဇီဟော်၌ ရှိ၏။

ဒီမီဂေါ့ ဝိုင်သည် သူ့ အလား အလာနှင့် စုဆောင်း ထားမှုကို၊ တူးဖော် လိုက်ရုံ မျှသာ ဖြစ်လေသည်။

“ ဂုဏ်ယူ ပါတယ် အစ်ကို မိန် ... ။ ”

အန်းလျူယွင်မှ ပြုံးကာ ဆိုသည်။

“ အနာဂတ်မှာ သခင်လေး မိန်ကိုပဲ ဒုက္ခ ပေးရ တော့မယ် ထင်တယ်။ ”

“ ဟား ဟား ဟား ... ၊ ဒါက အသေးအဖွဲ ကိစ္စ လေးပါ၊ နောက်ဆုံး အနေနဲ့ ... ဒီမီဂေါ့ ဝိုင် အတွက်၊ အစ်ကို လင်းကို ကျေးဇူး တင်ရမယ်၊ ဒါပေမယ့် တကယ် ဂုဏ်ယူ စရာက ... ။ ”

“ ဘာလဲ ... ။ ”

ကူကျွင့်မှ ပြုံးပြီး မေးဆတ် ပြလိုက်သည်။

“ စိတ် အခြေ အနေ ... ။ ”

မိန်ဇီဟော်က လေးနက်သော အသွင်ဖြင့် ပြန်ဖြေကာ၊ သက်ပြင်းချ လိုက်သည်။ သူသည် သန်မာ သော်လည်း အစွမ်း မထက်ချေ။

အန္တရာယ်နှင့် ရင်ဆိုင် ရချိန်၌ စွမ်းအားကို အပြည့် အ၀ ထုတ်လွှတ် နိုင်သူ များ သည်သာ အစွမ်းထက် သည်ဟု ယူဆ နိုင်၏။

ဘေးကင်း စေရန်နှင့် အကျပ် အတည်း များမှ လွတ်မြောက်ရန် လင်းယွန် ထံမှ အကြိမ် များစွာ အကူအညီ ယူခဲ့ ရသည်။

“ ဘဝနဲ့ သေခြင်း ဆိုတာကို ... ငါ ကောင်းကောင်း နားမလည် ခဲ့ဘူး၊ ဒီခရီးမှာ ငါ ပြန်လည် မွေးဖွား ခဲ့ပြီ၊ အတွေ့ အကြုံ ကောင်းကောင်း ရလိုက် တာပဲ။ ”

“ ဟား ဟား ဟား ... လက်တစ်ဖက် နတ်မိစ္ဆာက အရမ်းကြီး နှိမ့်ချ ပြနေ ပါလား၊ အံ့သြ စရာ ပါပဲ၊ အရင်က မင်း ဘယ်လောက် ဝင့်ကြွား ခဲ့လဲ ... ငါ မမေ့ သေးဘူး။ ”

ကူကျွင့်က ရယ်မောလျက် ပြောဆို ခဲ့ခြင်း အပေါ်၊ မိန်ဇီဟော်မှ ငြင်းခုံခြင်း မရှိ တော့ချေ။ လက်တစ်ဖက် နတ်မိစ္ဆာ ဟူသော ဘွဲ့ကိုပင် လျစ်လျူရှု ခဲ့သည်။

ထိုအချိန်တွင် ရေကန် ပေါက်ကွဲပြီး လူတစ်ဦး ပြေးထွက် လာကာ၊ ၎င်းတို့ သုံးဦး ရှေ့၌ ပေါ်လာ တော့၏။

“ သခင်လေး ... ဒီပုံစံနဲ့ ပိုမိုက်တယ်။ ”

ရုတ်တရက် အံ့အားသင့် နေရာမှ အန်းလျူယွင်မှာ ပြုံးရွှင် သွားသည်။ မိန်ဇီဟော် အတွက်မူ၊ စကား မပြော နိုင်အောင် မှင်တတ် သွား၏။

“ ပန်း ... ပန်း ... ။ ”

သူ့ထံ လက်ညှိုး ညွှန်လျက် စကားထစ် နေသော မိန်ဇီဟော်ကြောင့် လင်းရှောင် အဖြစ် ပြောင်းလဲရန် မေ့လျော့ သွားခဲ့မှန်း လင်းယွန် သိလိုက် လေသည်။

***

All Chapters