← Chapters

လက်နက် တပ်ဆင်ခြင်း။

Vol. 133 Ch. 1849

လက်နက် တပ်ဆင်ခြင်း။

Vol. 133 Ch. 1849

သူ မည်သူ မည်ဝါ ဖြစ်သည်ကို၊ မြင်လိုက် ရသဖြင့်၊ မိန်ဇီဟော်မှာ မျက်လုံးပြူး နေခဲ့သည်။ လင်းယွန်က တံဆိပ် တစ်ခု ဖန်တီးကာ၊ လင်းရှောင် အသွင် ပြန်ပြောင်း လိုက်၏။

ဤသည်မှာ လိပ်နက် သူတော်စင် ကျမ်း၌ ပါရှိသော၊ လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်မှန်း ကူကျွင့် သိလိုက် လေသည်။

(၈၉) ပါးသော အသွင် ပြောင်းခြင်းနှင့် ဆပ်စပ် နေ၏။ ၎င်းပညာ ရပ်မှာ ပျောက်ဆုံး နေသည်မှာ ကြာပြီ ဖြစ်သည်။

အရှေ့ပင်လယ် ၌ပင်၊ မည်သူမျှ နား မလည်နိုင် တော့ချေ။ ကောင်းကင် မူလ ကြေးမုံ အား၊ လိမ်ညာရန် ဤနည်းစနစ်ကို သုံးဝံ့သော လင်းယွန်မှာ၊ မည်မျှ ရဲရင့်ကြောင်း မြင်သာ၏။

မိန်ဇီဟော်က မျက်လုံးများ ပွတ်သပ် လျက်၊

“ ငါ အမြင် မှားသွား တာလား။ ”

-ဟု ရေရွတ် နေခဲ့သည်။

“ မင်း ... မမှား ပါဘူး။ ”

လင်းယွန်မှ ဝန်ခံ လိုက်သည်။ တစ်ဖက် လူသည် မည်သည့် အရာ အတွက် ရောက်လာ မှန်း မသိ သော်လည်း၊ ကြွားဝါ သည်မှ လွဲ၍ ယုံကြည် သင့်သူ ဖြစ်ကြောင်း သိခဲ့သည်။

“ မင်းက ... တကယ် နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ပန်းသင်္ချိုင်း လား။ ”

“ ဟုတ်တယ် ... ။ ”

“ အင်ပါရီယန်နဲ့ ... ပင်မ နတ်ဘုရား ချန်ပီယံ လင်းယွန် ဆိုတာလည်း ... မင်း ပေါ့ပဲ ... ။ ”

“ အင်း ... ။ ”

“ ဒါဆို ရှေးဟောင်း စစ်မြေပြင်မှာ ... သူတော်စင် သခင်ကို သတ်ခဲ့တာ ... မင်းပဲပေါ့။ ”

“ အင်း ... ။ ”

မိန်ဇီဟော် ခမျာ အချိန် အတော်ကြာ ငြိမ်သက် သွား ပြီးနောက်၊

“ နေဦး နယ်ပယ် သုံးခု လုံးမှာ၊ မင်းက ပထမ ရသွား တာပဲ ... ၊ နိဗ္ဗာန် ပွဲ မှာလည်း ချန်ပီယံ၊ ဒါက ... မင်းအစ်ကို ကျန့်ကျင်းရှန် ထက် မနိမ့်ကျ ပါဘူး။ ”

လင်းယွန်က မိန်ဇီဟော် ပြောသမျှ နားထောင် နေမိ၏။ နဝမမြောက် ကောင်းကင် လမ်းမှ တက်ပြီး၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း၌၊ သူ ပုန်းအောင်း ခဲ့ရသည်။

သို့တိုင် နဝမမြောက် ချန်ပီယံ ပန်းသင်္ချိုင်း ဟူသော သူ့ အမည်မှာ၊ ခွန်လွန်၌ ကျော်ကြား နေ ခဲ့သည်။

“ ဆက်ပြော ပါဦး ... ။ ”

လင်းယွန်မှ မေးဆတ် ပြ လိုက်၏။ ထို့ကြောင့် မိန်ဇီဟော် ခမျာ အံ့အားသင့် သွားပြီး၊

“ အစ်ကိုလင်း၊ မင်းရဲ့ လျှို့ဝှက် ချက်ကို ငါထုတ်ဖော်မှာ ကြောက်နေ တာလား ... ၊ ငါ့ကို အထင် မသေး ပါနဲ့၊ ငါက သူရဲကောင်း တွေကို လေးစား တဲ့ သူပါ၊ ...

... ဆရာ သခင် အတွက် ... အသက်ကို ရင်းပြီး၊ မဟာ သူတော်စင် တစ်ပါးကို တိုက်ခိုက် ခဲ့လို့၊ လူငယ်တိုင်းက မင်း အပေါ် လေးစား ပြီး သားပါ၊ အမှန်ဆို ငါလည်း မင်းကို တွေ့ချင် နေတာ ကြာပြီ၊ ...

... ပြီးတော့ မင်းရဲ့ အကူ အညီကို ... ၊ တကယ် လိုအပ် တာမို့၊ လိပ်နက် ပင်လယ် ကွေ့ ကို၊ လိုက်လာ ခဲ့တာ၊ အခုတော့ ... မင်းက ပန်း သင်္ချိုင်းမို့ ပိုကောင်း သွားတယ်။ ”

မိန်ဇီဟော်မှာ စိတ်လှုပ်ရှား လာ၏။ ပန်းသင်္ချိုင်း သေပြီ၊ သို့မဟုတ် ပုန်းအောင်း သွား ပြီဟု၊ လူတိုင်းမှ ထင်ခဲ့ ကြသည်။

သို့သော် လင်းရှောင် အဖြစ် လူကြား သူကြားထဲ၊ ထင်ထင် ပေါ်ပေါ် သွားလာ နေခဲ့ပြီး၊ နဂါး သွေးလွှတ်ကြော ပထမ နေရာ ကိုပင် ရယူသွားသည်။

ထိုအကြောင်း သိရှိ သွားသော်၊ လူတိုင်း ထိတ်လန့် ကုန်မည်မှာ သေချာ၏။ မည်သို့ပင် ဆိုစေ ကာမူ၊ သူ့၌ မကောင်းသော ရည်ရွယ်ချက် မရှိချေ။

တစ်ဖက် လူသည် လမ်းခရီး၌ သူ့အား အကြိမ် ပေါင်းများစွာ ကယ်တင် ခဲ့၏။ ဒီမီဂေါ့ ဝိုင် ကိုပင်၊ တစ်ခွက် တိုက်ကျွေး ထားသည်။

“ ငါ မင်းကို ယုံတယ်။ ”

လင်းယွန်မှ ခေါင်းညိတ် ပြပြီး၊ ကူကျွင့်ဘက် လှည့်ကြည့် ကာ၊

“ ပြန်ကောင်း လာပြီလား၊ ဒီမီဂေါ့ ဝိုင်က တကယ့်ကို ထူးခြား ပုံပဲ။ ”

-ဟု နှုတ်ဆက် လိုက်တော့သည်။

မိုးကြိုး လိပ်နက် သံကြိုး သန့်စင်ရန် နှလုံးသွေး တစ်စက်ကို ၎င်းမှ ပေးလှူ ခဲ့သည်။ မသက်သာ သော် သူ့ အပြစ် မကင်းချေ။

“ အဆင် ပြေတယ် ... ၊ ဒါပေမယ့် ဒီခရီးမှာ မင်းရဲ့ အကျိုး အမြတ်က ... ၊ ငါတို့ သုံးယောက် ပေါင်း တာထက် သာလွန် နေတယ်။ ”

လင်းယွန် အသက် ရှင်လျက် ထွက်လာ ခြင်းသည်၊ ဒဏ္ဍာရီလာ ဒသမ သွေးလွှတ်ကြော သို့ ရောက်ရှိ ခဲ့ကြောင်း၊ သက်သေ ဖြစ်၏။

ယင်းသည် အမည်ခံ သူတော်စင် တစ်ပါး ဖြစ်ခြင်းထက်၊ များစွာ သာလွန် ချေသည်။ ၎င်း အတွက် သူတော်စင် နယ်ပယ် ဟူသည်၊ နှစ် တစ်ရာ အတွင်း ရောက်လာ နိုင်မည်။

ခွန်လွန်၌ အမည်ခံ သူတော်စင်များ မရေမတွက် နိုင်အောင် ရှိသော်လည်း၊ ဒသမ သွေးလွှတ်ကြော ရောက်ရှိ သူမှာ၊ လက်ချိုး ရေတွက်၍ ရသည်။

လင်းယွန်မှ ပြုံးပြ လိုက်၏။ အဆုံးတွင် သူသည် ကြီးမားသော အကျိုးအမြတ် ရရှိထား သည်ကို၊ ငြင်း၍ မရချေ။

ကောင်းကင် အမိုးဓားကို အပြည့်အဝ ကျွမ်းကျင် သွားပြီ ဖြစ်သည်။ ဆဌမတန်း မိုးပြာ နဂါး ရည်ရွယ်ချက်နှင့်၊ မီတာ (၃၀၀၀၀) ရှိသော သွေး လွှတ်ကြောများ ပိုင်ဆိုင် ထားသည်။

နဂါး ရူရ် သည်လည်း၊ (၁၈၀,၀၀၀) အထိ ရှိလာသည်။ ထို့ပြင် လိုအပ် ခဲ့သော် မိုးပြာ နဂါး နတ်ခန္ဓာအား အချိန် အနည်းငယ်ကြာ၊ အသက်သွင်း နိုင်မည်။

“ ဒီမှာ ... အနန္တ အကြေးခွံ ချပ်ဝတ်၊ အမှတ် အသားကို ငါ ဖျက်ပြီးပြီ။ ”

ကူကျွင့်မှ ချပ်ဝတ်ကို ကမ်းပေး လာ၏။ စိတ်လှုပ်ရှား စွာ ယူကြည့် လိုက်သည်။ လေဓား သခင်သည် ဤချပ်ဝတ်ဖြင့်၊ မောက်မာ ဝင့်ကြွား ခဲ့ဖူး၏။

ထိုစဉ်က ၎င်းတွင် အုပ်စိုးရှင် လက်ရာ တစ်ပါးသာ ထပ်မံ ရှိခဲ့ ပါက၊ သူ့အား သတ်နိုင် ပေမည်။

“ အကြီးအကဲ ကူ ... ကျေးဇူးတင် ပါတယ်၊ ဒါကို ... အရင် သန့်စင် လိုက်ဦးမယ်၊ ပြီးမှ သွား ကြ တာပေါ့။ ”

လင်းယွန်မှ ပြုံးကာ အကြံပြု လိုက်သည်။

“ ကောင်းပြီ ... ၊ အခု ပင်လယ်ကွေ့ တစ်ခုလုံး ဖြစ်စဉ်တွေ ... ပျိုကျ နေလောက်ပြီ၊ ဒီနန်းတော် တောင် ပျောက်ကွယ် တော့မယ့် အရိပ် အယောင် ပြနေတယ်၊ ...

... ငါ့ အထင်တော့ ဟိုနှစ်ယောက် ကြယ်ရောင် ကောင်းကင် လျှို့ဝှက် နယ်မြေ ထဲမှာ၊ တိုက်နေ ကြပြီ ထင်တယ်။ ”

ကူကျွင့်မှ ခေါင်းညိတ်ကာ ရှင်းပြသည်။

“ နားလည် ပြီ ... ။ ”

လင်းယွန်က စကား ထပ် မပြော တော့ဘဲ၊ အနန္တ အကြေးခွံ ချပ်ဝတ်အား၊ စတင် သန့်စင် တော့၏။

ဤသည်မှာ နဂါး မိသားစု၏ ရတနာ ဖြစ်သည်။ မိုးပြာ နဂါး ခန္ဓာနှင့် နဂါးပြာ ခန္ဓာ ကြောင့်၊ ၎င်းအား ရင်းနှီးမှု အချို့ ခံစား ရ၏။

များမကြာခင် သူ့ကိုယ်သူ လက်နက်များ အပြည့်အဝ တပ်ဆင်ပြီး ဖြစ်သည်။ ပန်းသင်္ချိုင်း၊ အနက်ရောင် မိုးကြိုး သံကြိုး၊ အနန္တ အကြေးခွံ ချပ်ဝတ်နှင့်၊ မိုးကြိုး နတ်မိစ္ဆာ ပုတီးစေ့တို့ ပေပင်။

ယင်းသည် ဘုန်း သူတော်စင် လက်ရာများ ဖြစ်နေ သဖြင့်၊ သာမာန် သူတော်စင် တစ်ပါးပင် ပိုင်ဆိုင် ထားနိုင်မည် မဟုတ်ချေ။

သို့သော် သူတော်စင် အများ စုသည်၊ ၎င်းတို့၏ သွေးသား စွမ်းအင်ကို ရာစုနှစ် များစွာ ကျွေးမွေး ထားသော ရတနာ တစ်ပါးခန့် ရှိကြ လေသည်။

ထို့ကြောင့် အဆိုပါ ရတနာ များသည်၊ သာမန် ဘုန်း သူတော်စင် လက်ရာ များထက် ပို၍ အစွမ်းထက် ချေ၏။

***

All Chapters