← Chapters

လူစိမ်း ... ။

Vol. 133 Ch. 1850

လူစိမ်း ... ။

Vol. 133 Ch. 1850

လူတိုင်း မိုးကြိုး လိပ်နက် သူတော်စင် နန်းတော်မှ ထွက်ခွာ ကုန်ကြသည်။ ထို့ကြောင့် ပင်လယ်ကွေ့ အပြင်၌၊ လူအများ အပြား (၁၅) ရက်တိုင်တိုင်၊ စုဝေး နေသည်။

အားလုံးမှာ လင်းယွန်ကို စောင့်နေခြင်း ဖြစ်၏။ ခရမ်း ရွှေရောင် နဂါး သရဖူ အပါအဝင် ရတနာ များ၏ (၇၀%) နီးပါး၊ ၎င်းလက်၌ ရှိသည်။

ဤအရာသည် မြင့်မြတ်မြေ များနှင့်၊ နတ်မိစ္ဆာ အဆင့်မှ ကျင့်ကြံသူ များကို မကျေ မနပ် ဖြစ်စေ၏။

ပင်လယ်ကွေ့ အပြင် ဘက်တွင် ကျင့်ကြံမှုအား ပြန်လည် ရရှိကြပြီ ဖြစ်ရာ၊ မကြေပွဲ နွှဲလို ကြခြင်း ပေပင်။

လူအုပ် ထဲတွင် နိဗ္ဗာန် အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ နေ သူများပင် ပါရှိသည်။ ရန်ချီဟွာ ကဲ့သို့ ပါရမီရှင် များမှာ၊ သက်ဆိုင်ရာ မြင့်မြတ်မြေများ အတွက်၊ အရေး ပါခြင်း မရှိ သော်လည်း၊ တစ်ချိန် တွင် တန်ခိုးရှင် ဖြစ်လာ ရန်၊ အခွင့် အလမ်း မြင့်မားဆဲ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အား ကာကွယ်ရန် နိဗ္ဗာန် အဆင့် သင်းထောက်များ စေလွှတ် ပေးသည်မှာ သဘာဝ ပေပင်။

အချို့တွင် အမည်ခံ သူတော်စင် များပင်၊ စေလွှတ် ထားသည်။ ဤနေရာရှိ ဖိအားသည် ကျင့်ကြံမှုကို ဖိနှိပ်ထား သဖြင့်၊ သူတို့ အတွက် များစွာ အကျိုးရှိ စေသည်။

သူတော်စင် နယ်ပယ်သို့ တက်လှမ်းရန်၊ အခွင့်အလမ်း ရရှိနိုင် ပေမည်။ သို့သော် အကျိုး အမြတ်နှင့် ဆုံးရှုံးမှုအား ချိန်ဆ ရပေမည်။

မဟုတ်သော် ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်နိုင်သည်။ လိပ်နက် ပင်လယ်ကွေ့ ဟူသည် သူတော်စင် တစ်ပါး ကိုပင်၊ အလွယ် တကူ သတ်ပစ် နိုင်သော ဒေသ ဖြစ်သည်။

သည်မတိုင်မီ လိပ်နက် အမွေမှာ၊ သတင်းကြီး ခဲ့ဖူး သဖြင့်၊ သူတော်စင် များစွာမှ၊ လာရောက် စူးစမ်း ဖူးသည်။

သို့သော် လူတိုင်း လက်ဗလာနှင့် ပြန်သွား ရပြီး၊ တဖြည်းဖြည်း မေ့သွား ကြ တော့သည်။

ထိုအကြောင်းကို ပြောရသော်၊ နိဗ္ဗာန် အဆင့်မှ လူတိုင်း၊ ခရမ်း-ရွှေရောင် နဂါး သရဖူ ဆောင်းထားသော လင်းယွန်အား ဆုံးရှုံး ခဲ့ရ သည်မှာ ရယ်စရာ ပေပင်။

“ (၁၅)ရက် ရှိပြီ ... ၊ ဒီကောင် ထွက် မလာ သေးဘူး။ ”

ဟွမ်ရွှမ်ရီမှာ မှိုင်းညို့သော အမူအရာဖြင့် လိပ်နက် ပင်လယ် ကွေ့အား ကြည့်လိုက်သည်။ မင် ဂိုဏ်းနှင့် လင်းယွန်တို့ အကြား ကမ္ဘာ မကြေ ရန်ငြိုးများ ရှိလာ ချေပြီ။

“ အဲ့ဒီ အထဲမှာ သေသွား တာလဲ ဖြစ်နိုင်တယ်။ ”

ရန်ချီဟွာမှ ပြောသည်။

“ အဲဒီ လိုတော့ မဖြစ်နိုင်ဘူး၊ နဂါး သွေးလွှတ်ကြော ပထမ အဆင့် ကံကြမ္မာက၊ အရမ်း အားကောင်းတယ်၊ သူ လွယ်လွယ် သေမှာ မဟုတ်ဘူး၊ ...

... ခရမ်း ရွှေရောင် နဂါး သရဖူရဲ့ ... ၊ တုံ့ပြန်မှု လောက် ကတော့ ... အချိန် ပေးရင် ပြန်ကောင်း လာနိုင် ပါတယ်။ ”

အနန္တ လျှပ်စီး ဂိုဏ်းမှ ရီဖန်းမှ ပြောသည်။

“ သူ့မှာ တခြား အခွင့် အရေးတွေ ရှိသေးတယ်။ ”

နတ်တာအို ခန်းမ၏ လင်းချင်းရန်က ပြော၏။ ထိုသို့ ပြောသော အခါတွင် ဟွမ်ရွှမ်ရီ မျက်ဝန်း၌၊ မနာလို စိတ်များ ပြည့်နှက် လာ တော့သည်။

တစ်ဖက် လူသည် အနည်းငယ် ကံကောင်း၏။ ခရမ်း-ရွှေရောင် နဂါး သရဖူ အပြင်၊ ရရှိ ထားသော အခွင့် အရေး များမှာ၊ မယုံ နိုင်ဖွယ် ဖြစ်သည်။

ရန်ချီဟွာမှာ ဤအရှုပ် အထွေး အတွင်း မပါဝင် လိုချေ။ သို့သော် ခရမ်း-ရွှေရောင် နဂါး သရဖူသည်၊ အုပ်စိုးရှင် သူတော်စင် ရတနာ ဖြစ် မည်ဟု၊ သတင်းများ ထွက်ပေါ် ခဲ့သည်။

ထို့ကြောင့် မိုးပြာ နဂါး မိသားစုဝင် ဖြစ်ပြီး၊ နတ်တောင်၏ တပည့်တစ်ဦး ဖြစ်သော်မှ၊ ထွက် သွားခွင့် မပြု နိုင်ချေ။

ကောင်းကင် မီးလျှံ ဂိုဏ်း၏ အမည်ခံ သူတော်စင် တစ်ပါး သည်ပင်၊ လမ်း၌ လာနေပြီ ဖြစ်သည်။

ဆိုလို သည်မှာ ခရမ်း ရွှေရောင် နဂါး သရဖူ၏ တန်ဖိုးသည်၊ သူ့ စိတ်ကူး စိတ်သန်း ထက် များစွာ၊ သာလွန် နေနိုင်၏။

ကျိလင်ဖုန်းနှင့် ရှယွမ်ကွီ မှလည်း၊ ရှုပ်ထွေးသော အမူ အရာဖြင့်၊ ကြည့်နေသည်။ ခရမ်း-ရွှေရောင် နဂါး သရဖူ၏ သတင်းကြောင့်၊ နတ်ဖီးနစ် တောင်နှင့် ကောင်းကင် တာအို ဂိုဏ်း သည်လည်း၊ တုန်လှုပ် သွား၏။

ထိုသတင်းသည် ဂိုဏ်းများ အတွင်း၊ အကြီးအကျယ် ရုတ်ရုတ် သဲသဲ ဖြစ်စေ ခဲ့သည်။ ယင်းကြောင့် သူတို့ နှစ်ဦးသည် လင်းယွန်နှင့် ရင်းနှီး သော်မှ၊ အမိန့်ကို နာခံ ရပေမည်။

“ လင်းရှောင်က ဒီတစ်ကြိမ်တော့ ... ပြဿနာ ကြီးကြီး မားမား တတ်ရပြီ၊ နဂါး သရဖူမှာ ဒီလို ကြီးမားတဲ့ သမိုင်းကြောင်း ရှိလိမ့် မယ်လို့၊ မထင် ထားမိဘူး။ ”

ရှယွမ်ကွီမှ အကူအညီ မဲ့သော လေသံဖြင့် ပြောလိုက်သည်။

“ ဒီလူရဲ့ ကံကြမ္မာက ကောင်းကင်ကို အံတု လွန်းပါတယ်၊ ဒါပေမယ့် ... ငါတို့ စိတ်ပူ နေစရာ မလို ပါဘူး၊ ခရမ်း-ရွှေရောင် နဂါး သရဖူကို အပ်လိုက်ရင်၊ သူ အသက်ရှင် မှာပါ။ ”

“ ဒါဆို ... ငါတို့က လုယက် တာနဲ့ မခြားတော့ ဖူးပေါ့။ ”

ရှယွမ်ကွီမှ ရှုံ့မဲ့စွာ ပြုံးလိုက်သည်။

“ သူ့လက်ထဲ ရှိနေတာ ကလည်း၊ အသုံး မဝင် ပါဘူး၊ မြင့်မြင့်မြေရဲ့ ... ရတာနာ တွေနဲ့ လဲလှယ်ပြီး၊ မျက်နှာ ရယူ တာက အကောင်း ဆုံးပဲ မဟုတ်လား။ ”

ကျိလင်ဖုန်းမှ ပြုံးကာ ဖြေသိမ့် လိုက်သည်။

“ ဒါပေမယ့် ... မင်ဂိုဏ်း အတွက်တော့ သဘောတူမယ် မထင်ဘူး။ ”

ရှယွမ်ကွီမှ ဟွမ်ရွှမ်ရီ တို့ထံ ကြည့်ကာ ပြောသည်။

“ လင်းရှောင်သာ မိုးပြာ နဂါးရဲ့ အဆက်အနွယ် တကယ် ဆိုရင်၊ ယွီဝမ်ရှုကို သတ် လိုက်လည်း ပြဿနာ မရှိ ပါဘူး၊ ...

... ငါ ဆိုရင်လည်း သူ့လိုပဲ လုပ်မိမှာ ... ၊ ဒါကိုမှ မင်ဂိုဏ်းက အရှက်မဲ့ နေကြ ရင်တော့၊ ငါ ရပ်ကြည့် နေမှာ မဟုတ်ဘူး။ ”

ကျိလင်ဖုန်းက လှောင်ပြုံး ပြုံးလိုက်၏။ သူသည် သူတော်စင် တပည့် မဟုတ် သော်မှ၊ ကျိ မျိုးနွယ်ဝင် ဖြစ်သည်။ ထို့ကြောင့် မင်ဂိုဏ်း အပေါ် စိန်ခေါ်ရန်၊ ယုံကြည်ချက် ရှိလေသည်။

လင်းရှောင်သည် နတ်ဖီးနစ် တောင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကာ၊ အရောင်း အဝယ် အချို့ပင် ပြုလုပ် ထားသည်။

“ ဟား ဟား ဟား ... ၊ အားလုံး ဒီမှာ စောင့်နေ ကြတာလား။ ”

ထိုအချိန်တွင် ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ် လာသည်။ မီး ဗိုလ်ချုပ် နှင့် အဖွဲ့ ဖြစ်၏။

ယင်းကြောင့် ကျိလင်ဖုန်းမှာ ရက်စက် ကြမ်းကြုတ်သော အကြည့်ဖြင့် မော့ကြည့်လိုက် မိသည်။

“ ဒီမိစ္ဆာ ခွေးတွေက ... ၊ ထွက်လာ ရဲလောက်အောင်၊ တကယ် သတ္တိရှိ နေတုန်းပဲ။ ”

“ သူတို့ နောက်မှာ ... လူစိမ်း တစ်ယောက် ပါလာတယ်။ ”

ရှယွမ်ကွီမှ သတိထား မိသွား၏။ ဗိုလ်ချုပ် သုံးပါး အပြင်၊ အနက်ဝတ် လူ တစ်ယောက် ရပ် နေခဲ့သည်။

သူ့မျက်နှာကို အဝတ် ပါးပြင်း ထောင်ပြီး၊ ဖုံးကွယ် ထား၏။ အငွေ့ အသက်တွင် သွေးရနံ့ များ လှိုင်လှိုင် ထွက်နေသည်။

“ သူတို့တွေ ... လိပ်နက် ပင်လယ်ကွေ့ ကနေ၊ အမြန် ထွက်သွား ခဲ့တာ ... ဒီလူကို သွား ခေါ်မို့ ဖြစ်မယ်။ ”

ရှယွမ်ကွီ စကားကြောင့် ကျိလင်ဖုန်းမှ ခေါင်းညိတ် လိုက်၏။ သို့သော် တစ်စုံ တစ်ရာ အား၊ တွေးမိ လာပြီး၊ သူ့မျက်နှာ ရုတ်တရက် ပြောင်းလဲ သွားတော့သည်။

***

All Chapters