← Chapters

ရဲရင့် လွန်းတယ် ... ။

Vol. 133 Ch. 1851

ရဲရင့် လွန်းတယ် ... ။

Vol. 133 Ch. 1851

သွေးလ ဂိုဏ်းသည် အရှေ့ဘက် ပျက်စီးမြေသာ မက၊ ခွန်လွန်ဘုံ တစ်ခု လုံး၏ ရန်သူ ဖြစ်သည်။

နတ်မိစ္ဆာ တံခါးဝ သည်ပင်၊ နတ်မိစ္ဆာ ဧကရာဇ်မှ တည်ထောင် ထားခဲ့ခြင်း ဖြစ်သဖြင့်၊ ခွန်လွန်၌ အနည်းငယ် ယှဉ်တွဲ နေနိုင်၏။

၎င်းသည် အင်ပါယာနှင့် ခွဲထွက် နေသော်လည်း၊ အရံ အင်အား အဖြစ် သတ်မှတ် နိုင်ဆဲ ဖြစ်သည်။

သွေးလဂိုဏ်း မှာမူ၊ မတူချေ။ ခွန်လွန်၏ ရန်သူများနှင့် ကာလ အတန်ကြာ ပူးပေါင်း ခဲ့ပြီး လှည့်စားရန် ကြံရွယ် နေကြောင်း၊ ကောလ ဟာလများ ထွက်ပေါ် နေသည်။

ထိုအချိန်က သွေးလ ဘုရင်သည်၊ သူ့ လက်တံကို ခွန်လွန် အနှံ့ တပ်ဖြန့်ထား နိုင်ပြီး၊ အုပ်စိုး ခဲ့ဖူး၏။

“ မီးဗိုလ်ချုပ် ... ၊ မင်းလို မိစ္ဆာ ခွေး တစ်ကောင်က ဒီကို လာဖို့ သတ္တိ ရှိတယ် လား၊ သေမှာ မကြောက် ဖူးလား။ ”

ကောင်းကင် မီးလျှံ ဂိုဏ်း၏ ရန်ချီဟွာက၊ အေးစက်စွာ အော်ဟစ် လိုက်သည်။ သူ သာမက အခြားသော ပါရမီရှင်များ သည်လည်း၊ မကျေ မနပ် ဖြစ်လာ ကြ၏။

အဆုံးတွင် မီးဗိုလ်ချုပ်သည် ငရဲ လမင်း သူတော်စင် ချပ်ဝတ်ဖြင့်၊ သူတို့အား မောက်မာ စွာ ပြုမူ ခဲ့ဖူးသည်။

“ ဟား ... ဟား ... ဟား ... ၊ ငါ ဘာလို့ မလာရဲ ရမှာလဲ ... ၊ မြင့်မြတ် မြေရဲ့ ... ပါရမီရှင် တွေလို့ ခေါ်တဲ့ မင်းတို့တွေ ကရော၊ ရှုံးသွား ပေမယ့်၊ ...

... ဒီကနေ ခရမ်း ရွှေရောင် နဂါး သရဖူကို ပြန်လု ယူဖို့ ... ၊ စောင့်နေ ကြတာ မဟုတ်လား၊ ဒါကိုရော ရှက်ရမှန်း၊ သိကြ ရဲ့လား။ ”

ထိုစကားကြောင့် လူတိုင်း မျက်နှာ ပျက်သွားသည်။

“ မင်း ဘယ်လိုတောင် ပါးစပ် သရမ်း လိုက်လဲ၊ ခရမ်း-ရွှေရောင် နဂါး သရဖူ ဆိုတာ အစွမ်းထက် ရတနာပဲ၊ လင်းရှောင် ထိန်းသိမ်း နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက် ယောက်သာ လုယူ သွားရင်၊ ...

... အကျိုးဆက်က ဆိုးရွား သွားမယ်၊ ဒီအတွက် ထိန်းသိမ်း ပေးမို့ပဲ၊ ငါတို့ကို မင်းနဲ့ အဆင့်တူ မထင် လိုက်နဲ့၊ ပြီးတော့ ထိုက်သင့်တဲ့ တန်ဖိုးနဲ့ ... ပြန်လဲ ပေးမှာပါ။ ”

သို့သော် မီးဗိုလ်ချုပ်က လှောင်ပြောင် သရော် လိုသော အပြုံးဖြင့်၊

“ မင်းတို့ရဲ့ မြင့်မြတ်မြေ တွေက ... လုံခြုံအောင် သိမ်းပေး နိုင်တယ် ဆိုရင် ... ၊ ငါ့ သွေးလ ဂိုဏ်းလည်း ဘာလို့ မလုပ်နိုင် ရမှာလဲ၊ ဒါမှ မဟုတ်၊ ...

... ငါ့ သွေးလ ဂိုဏ်းရဲ့ ... ကမ်းလှမ်းချက် တွေက၊ မင်းတို့လောက် ... တန်ဖိုး မရှိ ဖူးများ ထင်နေလား။ ”

-ဟု ပြန်လည် အော်ဟစ် လိုက်၏။

“ သူ့လို လူနဲ့ ... အချိန် မဖြုန်း ကြနဲ့ ... ၊ ဒီကောင်က မိစ္ဆာပဲ၊ လိပ်နက် ပင်လယ်ကွေ့မှာ၊ လူတွေ အများကြီး သတ်ခဲ့တယ်၊ သူ့ကို ဖမ်းနိုင် တဲ့ လူတိုင်း၊ အင်ပါယာရဲ့ ဆုကြေး ရမယ်။ ”

“ ဟုတ်တယ် ... ၊ နတ်ဆိုးရဲ့ ခွေးတွေ အားလုံးကို သတ်ပစ် သင့်တယ်။ ”

ကောင်းကင် မီးလျှံ ဂိုဏ်းမှ၊ မီးခိုးရောင် ဝတ်ဆင် ထားသည့်၊ လူငယ် တစ်ယောက်က၊ ရှေ့လှမ်း တက်လာ ခဲ့သည်။

“ ဟိတ် ... ။ ”

ဘဝ-ပဉ္စမ အဆင့် ကျင့်ကြံမှုအား ထုတ်ဖော်ကာ၊ မီးဗိုလ်ချုပ်ထံ ပြေးဝင် လိုက် တော့၏။

လိပ်နက် ပင်လယ်ကွေ့တွင်၊ ၎င်းအား ကြောက်ကောင်း ကြောက်နေနိုင် သော်လည်း၊ အပြင်၌ ထိုသို့ မဟုတ်ချေ။

မျက်စိ တစ်မှိတ် အတွင်း မီးဗိုလ်ချုပ် ရှေ့ ပေါ်လာပြီး မီး ရည်ရွယ်ချက်အား၊ ထုတ်လွှတ် လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော မီးပင်လယ်ကြီး လူတိုင်း အထက် ကောင်းကင်၌ ချက်ချင်း ပေါ်လာ၏။

မီးဗိုလ်ချုပ်မှာ တစ်ဖက်လူ ချဉ်းကပ် လာသည်ကို ကြည့်လျက်၊ မီး ရည်ရွယ်ချက်နှင့် ငရဲ လမင်း ချပ်ဝတ်ကို အသက် သွင်းသည်။

မီးခိုးရောင် ဝတ် လူငယ်မှာ၊ မီးတောင် အတွင်း ပြုတ်ကျသွား သကဲ့သို့၊ ခံစား လိုက်ရ သည်။

“ ဖပ် ... ။ ”

လက်ဖဝါးက မီးဗိုလ်ချုပ် ရင်ဘတ်ပေါ် ထိမှန်သွား သော်လည်း၊ မီးပင်လယ် အတွင်း စီးဝင် သွားသော မီးပွား တစ်စ အလား၊ ပျောက်ကွယ် သွား ခဲ့သည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

မီးခိုးရောင် ဝတ် လူငယ်မှာ ထိတ်လန့် သွား၏။

“ ဟား ဟား ဟား ... ။ ”

မီးဗိုလ်ချုပ်မှ ရယ်မောလျက်၊ ၎င်း၏ လက်ကောက် ဝတ်အား ဆုပ်ကိုင် လိုက်သည်။

“ သေစမ်း ... ။ ”

မီးခိုးရောင် ဝတ် လူငယ်မှာ၊ အော်ငေါက်လျက်၊ ဖမ်းဆုပ် မှုအား ရှောင်တိမ်း ပြီး၊ ထပ်မံ ရိုက်ချ တော့သည်။

“ မုဖုန်း ပြန်လာခဲ့ ... ။ ”

ကောင်းကင် မီးလျှံ ဂိုဏ်းမှ၊ အထွတ် အထိပ် နိဗ္ဗာန် အဆင့်ရောက်၊ အကြီးအကဲက အော်ခေါ် လိုက် လေသည်။

“ မင်း ... နာခံမှု ရှိသင့်တယ်။ ”

မီး ဗိုလ်ချုပ်၏ ညာလက်တွင် ကြက်သွေးရောင် အဆင်းများ ရစ်သိုင်း လာပြီး၊ သူ့ လက်ကောက် ဝတ်အား ပြုံးကာ၊ ဆုပ်ကိုင် လိုက်၏။

“ ဖောက် ... ။ ”

ထို့နောက် မီးခိုးရောင် ဝတ် လူငယ်၏ နှလုံးသားကို၊ ဆက်ခနဲ နှိုက်ယူ လိုက်တော့ သည်။

သွေးများ ပန်းထွက်ကာ၊ ချက်ချင်း သေဆုံးသွား၏။ ဤအရာက လူတိုင်းကို မှင်တတ် သွားစေ ခဲ့သည်။

အဘယ်ကြောင့် ဆိုသော်၊ မီးဗိုလ်ချုပ်သည် လိပ်နက် ပင်လယ် ကွေ့တွင် ရှိစဉ် ကထက် ပို၍ သန်မာ နေသောကြောင့် ဖြစ်၏။

“ မရဏ အဆင့် ... ။ ”

လူတိုင်း အသိ ဝင်လာသည်။

“ မင်း ... ဘယ်လို သတ္တိ ရှိလဲ ... ။ ”

ဝင်ရောက် ဟန့်တား ခဲ့သော၊ အကြီး အကဲ ခမျာ ဒေါသ ထွက်လာပြီး၊ ရောင်ဝါကို ချက်ချင်း ထုတ်ဖော် လိုက်၏။

နိဗ္ဗာန် အထွတ် အထိပ်သို့ ရောက်ရှိ လာသော အခါ၊ အနီး ဝန်းကျင်ရှိ လူ များစွာက နောက်ဆုတ် ပေးလိုက် ရသည်။

“ ကောင်းပြီ လာခဲ့ ... ဟား ဟား ဟား ... ။ ”

မီးဗိုလ်ချုပ်မှ ရယ်မောပြီး ထိုအကြီး အကဲနှင့်၊ မျက်နှာချင်း ဆိုင် လက်ဖဝါးခြင်း ရိုက်ချပစ် လိုက်သည်။

“ ဖပ် ... ။ ”

လက်ဖဝါး နှစ်ဖက် ပူးကပ် သွားပြီး၊ မီးဗိုလ်ချုပ်၏ နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ မျက်ဝန်းက သွေးနီရောင် ပြောင်းသွား၏။

ငရဲ လမင်း သူတော်စင် ချပ်ဝတ်ရှိ၊ ရူရ်များပင် ပွင့်လာခဲ့သည်။ သို့သော် ခြေ တစ်လှမ်းမျှ၊ ပြန် မဆုတ်ချေ။

ဘုန်း သူတော်စင် သတ္တု ဝိညာဉ်ကို ချပ်ဝတ်မှ၊ ပိုင်ဆိုင် ထားပုံ ရလေသည်။ အထွတ် အထိပ် နိဗ္ဗာန် အဆင့် ကျွမ်းကျင်သူ ထံမှ ခွန်အားကို တောင့်ခံ ပေးထား နိုင်၏။

“ ထွက် သွား ... ။ ”

ကောင်းကင် မီးလျှံ ဂိုဏ်း၏ ထိုအကြီး အကဲက၊ ဒေါသ ထွက်လာပြီး၊ မီး ဗိုလ်ချုပ်ကို အားကုန် တွန်းထုတ် တော့သည်။

“ ဟား ... ဟား ... ဟား ... ။ ”

မီးဗိုလ်ချုပ်က နောက်ပြန် ဆုတ်ခွာကာ၊

“ အထွတ် အထိပ် နိဗ္ဗာန် အဆင့် ... ၊ မျှော်လင့်ထား သလို ပါပဲ၊ ငါ့ကို ရိုက်နှက် နိုင်လု နီးနီးပဲ။ ”

-မြေပြင်ပေါ် ဆင်းသက် လျက်မှ ပြောလိုက်၏။

“ အကြီးအကဲ မု၊ သတိ ထားပါ။ ”

ရှယွမ်ကွီမှ သတိ ဝင်ပေးသည်။

“ ဒါက ... ငါ့ကောင်းကင် မီးလျှံ ဂိုဏ်းရဲ့ ပြဿနာပဲ၊ မင်းရဲ့ ကောင်းကင် တာအို ဂိုဏ်းနဲ့ ဘာမှ မဆိုင်ဘူး၊ ပါးစပ် ပိတ်ထား ... ။ ”

အကြီး အကဲမုက ရှယွမ်ကွီကို လှည့်ကြည့်ကာ၊ အော်ငေါက် လိုက်လေသည်။

“ အဘိုးကြီး၊ မင်းက တကယ် မာနကြီး တာပဲ၊ ကြည့်ရတာ ကောင်းကင်တာအို ဂိုဏ်းက ကောင်းကင် မီးလျှံ ဂိုဏ်းထက်၊ အမြင် ပိုရှိ ပုံရတယ်။ ”

သူတို့စကား ဝိုင်းကြောင့်၊ မီးဗိုလ်ချုပ်က နှုတ်ခမ်းပေါ်ရှိ သွေးစ များကို လက်ခုံဖြင့် သုတ် လိုက်ပြီး ပြုံးလျက် ပြောလာသည်။

“ လောလော ဆယ် ... မင်း အရင် သေလိုက်ဦး။ ”

အကြီးအကဲ မု၏ အကြည့်များ အေးစက် သွားကာ၊ မီးဗိုလ်ချုပ် ရှေ့သို့ ချက်ချင်း ရောက်ရှိ သွား၏။

တစ်ဖက် လူ၌၊ ဘုန်း သူတော်စင် ချပ်ဝတ် ရှိသော်လည်း၊ အထွတ် အထိပ် နိဗ္ဗာန် အဆင့်၏ ခွန်အားကို ခံယူရန် မဖြစ် နိုင်ချေ။

“ ဝှစ် ... ။ ”

သို့သော် အနက်ရောင် အဝတ် ပါးပြင်းနှင့် လူက ရှေ့လှမ်း တက်လာပြီး၊ သူ့ လည်ပင်းအား ရုတ်ချည်း ဖမ်းဆုပ် တော့သည်။

“ ဖောင်း ... ဖောင်း ... ဖောင်း ... ။ ”

ထို့ကြောင့် ကြက်ကလေး-ငှက်ကလေး အလား၊ လေထဲ မြှောက်ချီခြင်း ခံလိုက် ရ၏။ အဝတ် ပါးပြင်း ပေါက်ကွဲ ပြေလျော့ သွားပြီး၊ အဖိုးအို တစ်ဦး အသွင် ပေါ်လာသည်။

၎င်းမှ သူတော်စင် ရောင်ဝါများ ထွက်ပေါ် နေခဲ့သည်။ လည်ပင်း ဖမ်းဆုပ် ခံလိုက် ရသော ကောင်းကင် မီးလျှံ ဂိုဏ်း၏ အကြီးအကဲ ခမျာ ထိတ်လန့် သွား၏။

“ အမည်ခံ သူတော်စင် ... ။ ”

မြင့်မြတ်မြေ အသီးသီးမှ ပါရမီရှင်များ နောက်တစ်လှမ်း ဆုတ်လိုက် မိသည်။ သွေးလ ဂိုဏ်းသည်၊ အမှန်ပင် အမည်ခံ သူတော်စင် တစ်ပါးအား စေလွှတ် ခဲ့ချေပြီ။

ရှေး မစွတည်း ကပင်၊ သူတို့အား ခြုံခို တိုက်ခိုက် လုယက် ယူငင်ရန် ကြံရွယ် ထား ပုံရ လေသည်။

သူတို့ မြင့်မြတ်မြေ များ၏ အမည်ခံ သူတော်စင် များမှာ၊ လမ်းတွင်သာ ရှိနေသေး သည်။ ဤနေရာသို့ ရောက်ရန်၊ တစ်ရက်-နှစ်ရက်ခန့် လိုနေ သေး၏။

တစ်ဖက်တွင် သွေးလ ဂိုဏ်းသည်၊ မြင့်မြတ်မြေ (၆)ပါးအား မထီမဲ့မြင် ပြုလွန်းရာ ရောက်လေသည်။ ရဲရင့် လွန်းချေ၏။

***

All Chapters