← Chapters

သူ ထွက်လာပြီ။

Vol. 133 Ch. 1852

သူ ထွက်လာပြီ။

Vol. 133 Ch. 1852

လူတိုင်း ထိတ်လန့် တုန်လှုပ် နေခဲ့ ကြပြီး နိဗ္ဗာန် အဆင့် ကျွမ်းကျင်သူ များက ဦးစွာ သတိ ဝင်လာသည်။

“ မြန်မြန် ထွက်သွား ... ၊ ငါတို့ ဟန့်တား ပေးထားမယ်။ ”

နိဗ္ဗာန် အဆင့် ကျွမ်းကျင်သူ ငါးဦးက ၎င်းတို့ဂိုဏ်း၏ လူငယ် များကို ထွက်ပြေးရန် အခွင့် အလမ်း ဖန်တီး ပေးလာ ကြသည်။

“ ဂျွတ် ... ။ ”

သွေးလ ဂိုဏ်း၏ အမည်ခံ သူတော်စင်က၊ ကောင်းကင် မီးလျှံ ဂိုဏ်းမှ ကျွမ်းကျင် သူအား၊ လည်ပင်း လိမ်ချိုး လိုက်သည်။

“ မင်းတို့ လွတ်မြောက် နိုင်မယ် ထင်လား။ ”

ကြက်သွေးရောင် အခိုး အငွေ့ များက၊ သူ့လက်ဖဝါး ပြင်၌ စုရုံး လာပြီး၊ နိဗ္ဗာန် အဆင့် ပညာရှင် ငါးဦးထံ ရိုက်ချ လိုက်လေသည်။

“ အွတ် ... ။ ”

“ ဝေါ့ ... ။ ”

ထိုလက်ဖဝါးမှာ ပြင်းထန် သောကြောင့် လူတိုင်း သွေး တစ်လုတ် အန်လျက်၊ လွင့်စဉ် သွားသည်။

အမည်ခံ သူတော်စင်သည်၊ သူတော်စင် တစ်ပါး၏ ခွန်အားမျိုး ဖြစ်သဖြင့်၊ နိဗ္ဗာန် အဆင့် ပညာရှင် မည်မျှ ရှိစေကာမူ၊ အသုံး မဝင်ချေ။

အရည် အသွေးတွင် သိသိ သာသာ ကွာဟချက် ရှိနေ၏။ ထို့ကြောင့် အရေ အတွက် ဖြင့်၊ ညှိယူ၍ မရ သည်မှာ သဘာဝ ပေပင်။

“ ဝှစ် ... ။ ”

မီး ဗိုလ်ချုပ်က ကောင်းကင်ပေါ် ပျံတက် လာချိန်၌၊ အောင်းဖန်နှင့် ရန်ချန်းမင် ကလည်း၊ လက်ဖဝါးကို တွန်းထုတ် လိုက်ကြသည်။

“ အားလုံး ရပ်စမ်း ... ။ ”

ကြက်သွေးရောင် လမင်း တစ်စင်း မီးဗိုလ်ချုပ် နောက်၌ ပေါ်လာပြီး၊ လူတိုင်းအား မမြင် နိုင်သော စွမ်းအား တစ်ခုဖြင့်၊ ကန့်သတ် လိုက်တော့သည်။

ယင်းကြောင့် ရှယွမ်ကွီနှင့် ကျိလင်ဖုန်းမှာ ပါးစပ် ထဲမှ သွေးများ စီးထွက် လာပြီး၊ မျက်နှာ ဖြူဖျော့ သွား၏။

ပင်လယ် ရေမျက်နှာပြင် ပေါ်သို့ ဆင်းသက်ကာ မီး ဗိုလ်ချုပ်ထံ မော့ကြည့်လိုက် မိကြသည်။

တစ်ဖက် လူသည်၊ ပင်လယ် ကွေ့မှ လွန်မြောက် သည်နှင့်၊ တောင်ပေါ် လွှတ်တင် လိုက်သော ကျားအလား၊ ကြောက်စရာ ကောင်းလှ၏။

ငရဲ လမင်း သူတော်စင် ချပ်ဝတ် ပံပို့ ပေးမှုနှင့်၊ မရဏ-တတိယ အဆင့် ခွန်အားမှာ သူတို့အား တားဆီးရန် လုံလောက် ခဲ့သည်။

အောင်းဖန်နှင့် ရန်ချန်းမင် မှလည်း ကူညီပေး၏။ မီး ဗိုလ်ချုပ်က ကောင်းကင်မှ ဆင်းသက် လာပြီး၊

“ လိပ်နက် ပင်လယ် ကွေ့မှာ ... ၊ မင်းတို့ ရခဲ့တဲ့ ရတနာတေွ အားလုံး ထုတ်လိုက် ... ။ ”

-ဟု အမိန့်ပေး လိုက်တော့သည်။

ယင်းကို မျှော်လင့် မထား သောကြောင့် လူတိုင်း တိတ်ဆိတ် သွား၏။ လင်းယွန် ထံမှ လုယူရန် စောင့်မျှော် နေစဉ်၊ ပြန်၍ လုယက်ခြင်း ခံရ ချေပြီ။

ထို့ကြောင့် လူတိုင်း ထိတ်လန့် စွာဖြင့်၊ ရတနာများ ထုတ်ပေး လိုက်ကြသည်။ ရွေးချယ် စရာ မရှိချေ။ ဗိုလ်ချုပ် သုံးပါးက ရတနာ များကို၊ ထပ်မံ မွှေနှောက် တော့၏။

“ ဒါက ... ငါ့ ကျိမိသားစုရဲ့ ဖီးနစ်သွေး ဓားမော့ပဲ၊ လိပ်နက် ပင်လယ်ကွေ့က ရတဲ့ ရတနာ မဟုတ်ဘူး။ ”

ကျိလင်ဖုန်းက အောင်းဖန်အား စိုက်ကြည့်ပြီး၊ သူ့ ဓားမော့ကို ပြန်ယူ သည် ။

“ မင်း ... ဘယ်က ရရ အရေး မကြီးဘူး။ ”

အောင်းဖန်က လှောင်ပြုံးဖြင့် ဓားမော့ကို သိမ်းလိုက်၏။ ကျိလင်ဖုန်း တစ်ယောက် ဒေါသ မီးများ တောက်လောင် လာစဉ်၊

‘စိတ်လျော့ ...။’

-ဟူသော ရှယွမ်ကွီ၏ တားမြစ်သံ နားထဲဝင် လာ၏။

သွေးလ ဂိုဏ်း၏ အမည်ခံ သူတော်စင်မှာ၊ လှုပ်ရှားခြင်း မရှိ သော်လည်း၊ သူ့ ရောင်ဝါဖြင့် ဒေသ တစ်ခု လုံးကို လွှမ်းခြုံပြီး၊ လူတိုင်းအား စောင့်ကြည့် နေခဲ့သည်။

ဆန္ဒ ရှိပါက နိဗ္ဗာန် အထွတ် အထိပ်သို့ ရောက်ရှိ နေသော ဒဏ်ရာရ ပညာရှင် ငါးဦး အပါ အဝင်၊ လူတိုင်းကို သတ်ပစ် နိုင်၏။

အောင်းဖန်နှင့် ရန်ချန်းမင်က လိုက်လံ သိမ်းဆည်းပြီး အပြုံး များဖြင့်၊ မီး ဗိုလ်ချုပ်ထံ ပြန်သွား ကြသည်။

“ အစ်ကိုကြီး၊ မင်း ပြောတာ မှန်တယ်၊ ဒီလူတွေက ငါတို့ အတွက် ရှာဖွေ ပေးခဲ့ တာပဲ၊ အခုတော လိပ်နက် ပင်လယ်ကွေ့က ရတဲ့ ရတနာ အားလုံး ငါတို့ ပိုင်ပြီ။ ”

“ ဘာဆက် လုပ်မလဲ ... ၊ ထွက်သွား တော့ မလား။ ”

ရန်ချန်းမင်က မေး၏။

“ ငါးကြီးကြီး တစ်ကောင် ထွက် မလာ သေးဘူး။ ”

မီး ဗိုလ်ချုပ်မှ ပြန်ဖြေ လိုက်သည်။ မြင့်မြတ်မြေ (၅)ပါးမှ၊ အမည်ခံ သူတော်စင်များ ရောက်ရှိရန် တစ်ရက် သို့မဟုတ် နှစ်ရက် ကြာဦးမည် ဖြစ်၏။

“ တစ်ယောက် ယောက် ထွက်လာပြီ။ ”

ထိုအချိန်တွင် တစ်စုံ တစ်ဦး၏ အော်ဟစ်သံ ကြားလိုက် ရသည်။

အံ့အား သင့်ဖွယ် အရှိန် အဟုန်ဖြင့် လူရိပ်များ လိပ်နက် ပင်လယ်ကွေ့မှ ပျံထွက် လာသည်။

“ သူ ... ထွက် လာ ပြီ။ ”

အဖြူဝတ် လူငယ်မှာ သူတို့ စောင့်မျှော် နေသော လင်းရှောင် ဖြစ်သဖြင့်၊ လူတိုင်း၏ မျက်နှာ၌ အရှက်နှင့် ဒေါသများ ရောနှော လာခဲ့သည်။

ခရမ်း-ရွှေရောင် နဂါး သရဖူကို လုယူရန်၊ ဤနေရာ၌ လဝက်ကြာ စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်းယွန် မတိုင်မီ၊ သွေးလ ဂိုဏ်း၏ အကျဉ်းသားများ ဖြစ်လာခဲ့ ကြပြီး၊ ရတနာများ လုယူ ခံလိုက် ရ၏။

လင်းယွန်က ရှယွမ်ကွီနှင့် ကျိလင်ဖုန်းထံ ပျံသန်း ဆင်းသက် လာသည်။ လူတိုင်း ဒဏ်ရာ အပြင်းအထန် ရနေသည်ကို၊ သတိ ထားမိ၏။

“ ဘာဖြစ် နေတာလဲ ... ။ ”

အန်းလျူယွင်မှ မေးသည်။ ရှယွမ်ကွီက ကူကယ်ရာ မဲ့သော အသွင်ဖြင့် အဝေးတွင် ထိုင်နေသော ပုံရိပ် များထံ ညွှန်ပြပြီး၊

“ သွေးလ ဂိုဏ်းရဲ့ အမည်ခံ သူတော်စင်။ ”

-ဟု ရှုံ့မဲ့စွာ ပြန်ဖြေ၏။

သို့သော် လင်းယွန်မှ စိတ် လှုပ်ရှားခြင်း မရှိဘဲ၊ မျှော်ကြည့် လိုက်သည်။ မိန်ဇီဟော်နှင့် အန်းလျူယွင် သည်လည်း အလားတူ ဖြစ်၏။

သူတောင်းစား အဖိုးအိုက ရယ်မော လိုသော အမူ အရာဖြင့် လှမ်းကြည့် လာသည်။

“ ညီအစ်ကို လင်း၊ မင်း ... ချက်ခြင်း ထွက်သွားတော့ ... ၊ သူက ငါတို့ကို ဘာမှ လုပ်ရဲမှာ မဟုတ် ပါဘူး။ ”

ကျိလင်ဖုန်းက သတိပေး လိုက်သည်။

“ ရပ်စမ်း အမည်ခံ သူတော်စင် ရှေ့ကနေ ထွက်သွားဖို့ ကြိုးစား ရအောင် ... ၊ မင်းတို့ကိုယ် မင်းတို့ ဘယ်သူလို့ ထင်နေလဲ။ ”

ဟွမ်ရွှမ်ရီ အော်ငေါက် လိုက်သည်။ သူ့မျက်နှာ သည်ပင် ကြောက်စိတ်ကြောင့် ဖြူဖျော့ နေ၏။

“ ငါတို့ကို ချမ်းသာ ပေးနိုင်မယ့် ... သူ့ကိုတော့ လွယ်လွယ်နဲ့ ... ပေး မသေမှာ၊ ငါ ကြောက်မိတယ်။ ”

-ဟု ဆက်ပြော လိုက်သည်။ သို့သော် လင်းယွန်က သူ့အား ဂရု မစိုက်ချေ။ လျစ်လျူ ရှုကာ၊

“ ဒီမှာ အားလုံးက ငါ့ကို စောင့်နေ ကြတာလား။ ”

-ဟု ဝေ့ကြည့်ကာ မေးလိုက်သည်။

သူ့ မေးခွန်းကြောင့် လူတိုင်း မျက်နှာ ပြောင်းလဲ သွားပြီး၊ မျက်လုံးချင်း အဆုံ မခံဝံ့ တော့ချေ။

သူတို့သည် လူမိုက်များ မဟုတ် သဖြင့်၊ အဖြစ်အပျက် များကို အန်းလျူယွင်မှ ချက်ချင်း သိမြင် သွားကာ၊ ဒေါသ ထွက်လာ၏။

လင်းယွန်မှ မအံ့သြချေ။ ယင်းကို မျှော်လင့် ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဝိုင်ခန်း အတွင်း အချိန် အတော်ကြာ ပြင်ဆင် ခဲ့ခြင်း ဖြစ်၏။

သို့သော် ထိုတွက်ဆမှုများ ထဲတွင် သွေးလဂိုဏ်း မပါချေ။

“ နိဗ္ဗာန်ပွဲ ချန်ပီယံ၊ နောက်ဆုံးတော့ မင်း ထွက်လာပြီ။ ”

မီးဗိုလ်ချုပ်က လူသတ် လိုသော အငွေ့ အသက်ကို ထုတ်ဖော်လျက်၊ ထရပ် လာတော့ သည်။ ပြီး လင်းယွန်ထံ စိုက်ကြည့် လိုက်၏။

“ လိပ်နက် ပင်လယ် ကွေ့မှာ ... မင်း သင်ခန်းစာ မယူနိုင် ခဲ့ဖူး ထင်တယ်။ ”

လင်းယွန်မှ အေးစက်စွာ ပြုံးပြီး တုန့်ပြန် လိုက်လေသည်။

“ ခရမ်း ရွှေရောင် နဂါး သရဖူ ရှိရုံနဲ့၊ ငါ ကြောက်မယ်များ ထင်နေလား၊ အဲဒီ တုန်းက ငါ့ ခွန်အားကို ကန့်သတ်ခံ ထားရ လို့သာ၊ မင်း ကံကောင်း သွားတယ် မှတ်ပါ။ ”

မီးဗိုလ်ချုပ်က လင်းယွန်ကို လှောင်ပြုံးဖြင့် ပြန်လည် ပြောဆို လာ၏။ လင်းရှောင် ဟူသည် ပုရွက်ဆိတ် တစ်ကောင် မျှသာ ဖြစ်သည်။

“ မင်းရဲ့ မျက်လုံးတွေက စိတ်ရှုပ်စရာပဲ၊ သူတို့ကို ဖောက်ထုတ် ပြီးရင် ... ၊ မင်းရဲ့ မာနကို ဆက်ထိန်း ထားနိုင် မလား ဆိုတာ ငါ သိချင်တယ်။ ”

စကားဆုံး သည်နှင့် မီးဗိုလ်ချုပ်က မရဏ-တတိယ အဆင့် ရောင်ဝါအား ထုတ်ဖော်လျက် ပြေးဝင် လာသည်။

လင်းယွန် တစ်ယောက် ကြောက်မက်ဖွယ် သေခြင်းမျိုး ကြုံတွေ့ရ တော့မည်ဟု ဟွမ်ရွှမ်ရီ မှ ယူဆကာ ပြုံးလိုက် မိသည်။

ရန်ချီဟွာ၊ ရီဖန်းနှင့် အခြားသော လူများကလည်း၊ ရှုပ်ထွေးသည့် အမူ အရာဖြင့်၊ ကြည့်နေ မိကြသည်။

သူတို့ အမြင်၌ လင်းယွန် တစ်ယောက် ဤကပ်ဘေးမှ လွတ် မြောက်စရာ အကြောင်း မရှိချေ။ သို့သော် ယင်းမှာ သူတို့ အမြင် ဖြစ်၏။

လင်းယွန်က ခေါင်း မော့ပြီး၊ မီးဗိုလ်ချုပ်ထံ ကြည့်လိုက်သည်။ နဝမ သွေးလွှတ်ကြော ၌သာ ဆိုက၊ မရဏ-တတိယ အဆင့် မဆိုနှင့်၊ ဘဝ အထွတ် အထိပ်မှ တစ်စုံ တစ်ဦး ဖြင့်ပင် ဒုက္ခ ဖြစ်နိုင်သည်။ ယခုမူ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ခရမ်း-ရွှေရောင် အလင်းများ ထွန်းလင်း လာပြီး၊ ခြေလှမ်း သုံးလှမ်း လှမ်းတက် လိုက် လေသည်။

အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလှ ချေ၏။ ထို့ကြောင့် မီးဗိုလ်ချုပ်၏ တိုက်ခိုက်မှုမှာ လွဲသွား တော့သည်။

( လခွမ်း ... မြန်လိုက်တာ။ )

လင်းယွန်၏ နောက် ဆက်တွဲ ပုံရိပ်များ ကိုသာ ဖမ်းမိ လိုက်သဖြင့်၊ မီး ဗိုလ်ချုပ် ခမျာ အံ့အားသင့် သွားသည်။

“ ငါ မယုံဘူး ... ။ ”

ထိတ်လန့် တုန်လှုပ် သွား သော်လည်း၊ မရဏ-တတိယ အဆင့် ခွန်အားဖြင့်၊ ရှုံးစရာ အကြောင်း မရှိဟု ယုံကြည်၏။

“ ဝှစ် ... ။ ”

လက်ဖဝါး တစ်ဖက်လုံး ကြက်သွေးရောင် တောက်ပ လာကာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

သွေး လမင်းက သူ့နောက်တွင် ဖြစ်တည် လာပြီး၊ ခွန်အား အပြည့် အဝ ထုတ်ဖော် လိုက် လေသည်။

ထို့ကြောင့် လင်းယွန် ခမျာ၊ ရင်ဆိုင် ရုံမှ တပါး အခြား မရှိ တော့ချေ။ မျက်လုံး မှေးစင်း လျက်၊ လက်ဖဝါးကို ပြန်၍ ဆန့်ထုတ် လိုက်သည်။

“ ဟား ဟား ဟား ... ကောင်းပြီ ... ၊ မင်းရဲ့ လက် တစ်ဖက်ကို၊ အရင် ဖြတ်လိုက်မယ်။ ”

ဤမြင်ကွင်းကြောင့် မီး ဗိုလ်ချုပ်က အထင်သေး စွာဖြင့်၊ လှောင်ပြောင် ရယ်မော လိုက်တော့သည်။

***

All Chapters