မီးဗိုလ်ချုပ် သေဆုံးခြင်း။
Vol. 133 Ch. 1853
လက်ဖဝါး နှစ်ဖက် ထိတွေ့ ခါနီးတွင်၊ မီးဗိုလ်ချုပ် ထံမှ လူသတ် လိုသော အငွေ့ အသက်များ ပေါက်ကွဲ လာသည်။
ကျင့်ကြံမှုသည် ဘဝ-တတိယ အဆင့်တွင် ရှိသဖြင့်၊ လင်းယွန်ကို မသတ်နိုင် သော်မှ လက် အား ဖြတ်ပစ် နိုင်မည်ဟု ယုံကြည်၏။
လက်ဖဝါး တစ်ဖက်သည် မီးရောင်ဝါ များဖြင့် ဖုံးအုပ် ထားပြီး၊ ကျန် တစ်ဖက်မှာ ဓား ရောင်ဝါများ ဖြစ်သည်။
ဓားရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းချေ၏။ ပျံ့ကား လာသော အခါ၊ အငိုက် မိသူ များကို၊ အဝေးသို့ လွင့်စဉ် စေသည်။
“ လင်းရှောင်က ရဲရင့် လွန်းတယ်။ ”
“ နဂါး သွေးလွှတ်ကြောက တစ်စုံ တစ်ယောက်က၊ မရဏ အဆင့်က လူကို တိုက်ရဲ သလား။ ”
ရီဖန်း၊ ရန်ချီဟွာနှင့် အခြားသော မြင့်မြတ်မြေ၏ ပါရမီရှင် များမှာ၊ ထိုမြင်ကွင်းကို ကြည့်ပြီး၊ အံ့အားသင့် သွားကြသည်။
စွမ်းအင် လှိုင်းများ ငြိမ်သက် သွားပြီး၊ လက်ဖဝါးချင်း ကပ်နေ သေးသော ထိုနှစ်ဦးအား မြင်လိုက် ရ၏။
“ ဒါ ... ။ ”
လူတိုင်း အံသြသွား သကဲ့သို့ မီးဗိုလ်ချုပ် သည်လည်း ချွင်းချက် မရှိချေ။
“ မင်း ဘာတွေ ရခဲ့ တာလဲ ... ။ ”
ယင်းက မီးဗိုလ်ချုပ်အား မယုံနိုင် ဖြစ် စေသည်။ ခရမ်း-ရွှေရောင် နဂါး သရဖူ ထက်၊ ပို၍ ကောင်းမွန်သော အခွင့် အလမ်း ရရှိ ခဲ့ပုံ ပေပင်။
“ ဘာလို့ မှန်းဆ မကြည့် တာလဲ။ ”
လင်းယွန်မှ ပြန်ပြော၏။
“ ဟား ဟား ဟား ... ကောင်းပြီ၊ မင်း မျက်လုံး တွေကို ဖောက်ပြီး ... ၊ မင်း ကိုယ်တိုင် စကား ပြောချင် လာအောင် ငါလုပ် ပေးမယ်။ ”
မီး ဗိုလ်ချုပ်က ဒေါသကို ထိန်းပြီး၊ နဂါး မူလအား ဖြန့်ကျက် ပစ်သည်။ မရဏ တတိယ အဆင့် ရောင်ဝါမှာ၊ အထွတ် အထိပ်သို့၊ ရောက်ရှိ လာ၏။
ယင်းက လင်းယွန် အပေါ် ဖိအားများ ချက်ခြင်း တိုးလာ စေသည်။ ဓားရောင်ဝါတွင် အက်ကြောင်းများ ပေါ်လာပြီး၊ ခန္ဓာ ကိုယ်မှ ဓားမြည်သံ ထွက်လာ တော့သည်။
ဤသည်မှာ ကောင်းကင် အမိုးဓား၏ အဆင့်မြင့် ကျွမ်းကျင်မှု ဖြစ်လေသည်။ သို့မှသာ ပြိုကျ နေသော ဓားရောင်ဝါ တည်မြဲ သွား၏။
“ မင်း ဘယ်လောက် ကြာကြာ ထိန်းထား နိုင်လဲ ကြည့်ရအောင်။ ”
မီးဗိုလ်ချုပ်က လက်ဖဝါးကို တွန်းထုတ် ပစ်ကာ လင်းယွန်အား ပင်လယ် ရေမျက်နှာပြင် ပေါ်သို့ ဆင်းစေ လိုက်သည်။
“ ပြန်ယူစမ်း ... ။ ”
သို့သော် မီတာ သုံးသောင်း ရှည်သော နဂါးများကို ထုတ်ဖော်လျက် လင်းယွန်မှ ပြန်၍ တွန်းထုတ် လာ တော့သည်။
“ ဒါ ... ။ ”
ရှယွမ်ကွီနှင့် ကျိလင်ဖုန်းမှာ အံသြ သွား သည်။ အဆုံးတွင် နန်းတော် အတွင်း လင်းယွန် ကြာနေ ရသည့် အကြောင်းရင်းကို နားလည် လာ၏။
ဤသည်မှာ ဒဏ္ဍာ ရီလာ၊ ဒဿမ သွေးလွှတ်ကြော ဖြစ်ပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကန့်သတ်ချက် ဖြစ်သည်။
မီးဗိုလ်ချုပ် ခမျာ အံ့အားသင့် လျက်၊ နှုတ်ခမ်း ပေါ်ရှိ သွေးများကို သုတ်ကာ၊ ပြန်မော့ ကြည့် လိုက်သည်။
လက်ရှိ အချိန်တွင် လင်းယွန်သည်၊ ဘဝ ပထမ အဆင့်နှင့် ညီ၏။ ကောင်းကင် အမိုးဓား ဖြင့် အားဖြည့် ထားသောကြောင့်၊ သူ့ကဲ့သို့ မရဏ တတိယ အဆင့်မှ၊ တစ်စုံ တစ်ဦးကို ရင်ဆိုင် နိုင်စွမ်း ရှိနေ ချေပြီ။
မီးဗိုလ်ချုပ် ဟူသည်၊ သာမန် အဆင့် ကျွမ်းကျင်သူ တစ်ဦး မဟုတ် လေရာ၊ လင်းယွန် ခွန်အား အပေါ်၊ လူတိုင်း ထိတ်လန့် ကုန်၏။
“ ဝှစ် ... ။ ”
လင်းယွန်က မီးဗိုလ်ချုပ်ကို တွန်းထုတ် ပြီးနောက်၊ ပင်လယ် ရေမျက်နှာ ပြင်ပေါ် ဆင်း သက်လျက်၊ အသက် ပြင်းပြင်း ရှူသည်။
တိုက်ပွဲကြောင့် လက်ကျန် ဒီမီဂေါ့ ဝိုင်၏ အာနိသင်များ တဖြည်းဖြည်း ရုန်းကြွ လာခဲ့ပြီး၊ ကျင့်ကြံမှု အနည်းငယ် တိုးလာ တော့၏။
“ ကောင်းကင် ငရဲ တံဆိပ်။ ”
မီးလျှံများ တောက်လောင် နေသော မျက်ဝန်း များဖြင့်၊ မီး ဗိုလ်ချုပ်မှ ကောင်းကင် ပေါ်၊ ပျံတက် လာသည်။
သူ ဝတ်ထားသည့် ငရဲ လမင်း သူတော်စင် ချပ်ဝတ်တွင် သူတော်စင် ရူရ်များ ပွင့်လာ ခဲ့၏။ ရက်စက် ကြမ်းကြုတ်သော သားရဲကြီး နိုးကြား လာသကဲ့သို့ ရောင်ဝါ မြင့်တက် သွားသည်။
“ အကြွင်းမဲ့ ... နဂါး လက်ချောင်း။ ”
ညာဘက် လက်ကောက်ဝတ်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ၊ ခရမ်းရောင် အလင်းနှင့် ပစ်လွှတ် လေသည်။
“ ရွှပ် ... ။ ”
သွေးလ ဂိုဏ်း၏ လျှို့ဝှက် နည်းပညာ ဖြစ်သည့် အလင်းတန်း ထွက်လာသော အခါ၊ ပင်လယ် ရေပြင်မှာ၊ ပဲစေ့ တစ်စေ့လို ကွဲသွား တော့၏။
ယင်းသည် လင်းယွန်၏ နတ်ဘုရား ပုံရိပ်ယောင် ဓားနှင့် တူညီသည်။ လင်းယွန်မှ လက်ချောင်းများ တောက်ပြီး၊ ဓားအလင်း ထုတ်လွှတ် သကဲ့သို့၊ တစ်ဖက် လူမှ လည်း၊ လက်ကောက် ဝတ်ကို ညှစ်ကာ၊ စွမ်းအင် အလင်းဖြင့် ပစ်လွှတ် လာခြင်း ဖြစ်သည်။
လေထု ထဲတွင် လှည့်ပတ်လျက် ထိုအလင်းကို ရှောင်မိသည်။ သို့သော် အလင်း တန်းသည် ကောင်းကင်သို့ တက်သွား ပြီး၊ နဂါးများကို ထိမှန် ဖျက်ဆီး တော့၏။
ယင်းကြောင့် နဂါး သွေးလွှတ်ကြော (၁၀)ကြောဖြင့် ဖန်တီး ထားသော ဖြစ်စဉ်များ ယို့ယွင်းလျက်၊ လင်းယွန် ခမျာ ဖိနှိမ်ခံ လိုက်ရသည်။
အကြွင်း အကျန် ကြက်သွေးရောင် အလင်းတန်း များက၊ လေထုထဲ အချိန် အတော် ကြာအောင် တည်ရှိ နေသဖြင့်၊ အကျပ်ရိုက် သွား၏။
ကောင်းကင် ငရဲ တံဆိပ်နှင့်၊ အကြွင်း အကျန် နဂါး လက်ချောင်းမှာ၊ သွေးလ ဂိုဏ်း၏ လျှို့ဝှက် နည်းစနစ် ဖြစ်သည်။
ထို့ကြောင့် ရပ်ကြည့် နေသော သွေးလ ဂိုဏ်းမှ၊ အနက်ဝတ် အမည်ခံ သူတော်စင်ပင် အံ့အားသင့် သွား၏။
“ အခု ငါ့ အလှည့်ပဲ ... ။ ”
မီးဗိုလ်ချုပ်မှ အားယူ နေစဉ်၊ လင်းယွန် နောက်၌ ခရမ်းရောင် ပန်းတစ်ပွင့် ပေါ်လာပြီး၊ လက်မောင်း တစ်လျှောက် ပျော်ဝင် သွားကာ၊ လက်ညှိုး ထိပ်မှ ပြန်လည် ပြေးထွက် လာသည်။
“ ရွှပ် ... ။ ”
သို့သော် ပြန်ထွက် လာချိန်၌၊ စူးရှ ထက်မြသော ဓားတစ်လက် အလား၊ လျင်မြန် လွန်းချေ၏။ ထိုသို့ မပစ်ခင် မိုးပြာ နဂါး ဓား ဝိညာဉ် ကိုပါ၊ ပေါင်းထည့် ထားသည်။
ယင်းကြောင့် ဓားအရိုးဖြင့် ကျောရိုးပြု ထားသော မိုးပြာ နဂါးကြီး တစ်ကောင် အဖြစ် လေထု အလယ် အသွင် ပြောင်းသွား ခဲ့၏။
“ ဘုန်း ... ။ ”
အရာက မီးဗိုလ်ချုပ်အား အငိုက်မိ သွားစေသည်။ ပြင်းစွာသော ရိုက်ခတ်မှုကြောင့် ပင်လယ် ရေ မျက်နှာပြင်ပင် ချိုင့်ဝှမ်းကြီး အလား နိမ့်ဆင်း သွားတော့၏။
ရင်ဘတ် ပွင့်လျက် လွင့်စဉ် ပြုတ်ကျ သွားသည်။ ထိုမြင်ကွင်းက လူတိုင်းကို ဒွိဟ ဖြစ် လာစေသည်။
“ ဘုန်း သူတော်စင် ချပ်ဝတ်က မကာကွယ် နိုင်ဖူးလား။ ”
“ ဒါက ဘယ်လို လျှို့ဝှက် နည်းစနစ်လဲ၊ အချိန် တိုတို လေးနဲ့ ကြောက်စရာ ကောင်းတဲ့ စွမ်းအားကို၊ ချက်ချင်း ထုတ်ဖော် နိုင်တယ်။ ”
ငရဲ သူတော်စင် ချပ်ဝတ်မှ သူ့ကိုယ်သူ လျင်မြန်စွာ ပြန်လည် ပြုပြင် နေ သော်လည်း၊ ပျက်စီးမှုကို ဖုန်းကွယ်၍ မရ နိုင်ချေ။
“ ..... ။ ”
ထိုစဉ် ဓားမြည်သံ ထွက်ပေါ် လာသည်။ ပန်းသင်္ချိုင်းက ကောင်းကင်ပေါ် ပျံတက်လျက်၊ မီးဗိုလ်ချုပ်ထံ ထိုးဆင်း သွားခြင်း ဖြစ်၏။
“ ထန် ... ။ ”
မီးဗိုလ်ချုပ် ခမျာ ချက်ချင်း ရိုက်ဖယ် လိုက်ရသည်။ သို့သော် အသက်ရှူ မဝ သေးခင်၊ ပန်းသင်္ချိုင်းက လင်းယွန် လက်ထဲ ပြန်ရောက် သွားပြီး၊
“ မိုးပြာ နဂါး လက်သည်း။ ”
-ဟု အော်ဟစ်လျက်၊ ဓားအလင်းများ ပြေးထွက် လာတော့သည်။
မိုးပြာ နဂါး ရည်ရွယ်ချက်ကို ပန်းသင်္ချိုင်း အတွင်း လောင်းထည့် ထားရာ၊ ရွှေရောင် နဂါး လက်ကြီး အဖြစ် ပေါ်လာသည်။
ဤအရာက မီးဗိုလ်ချုပ်အား တုန်လှုပ် သွားစေ၏။ လက်နှစ်ဖက်ကို ဘေးသို့ ဆန့် ထုတ်ကာ၊ နက္ခတ်အား ချက်ချင်း ဆင့်ခေါ် လိုက်သည်။
“ ဟိတ် ... ။ ”
ယင်းမှာ သွေးလမင်း ဖြစ်ပြီး၊ လက်သီး ဆုပ်လျက်၊ ဝင်လာသော နဂါး လက်သည်းထံ ပြန်၍ ထိုးနှက် လိုက်သည်။
“ ဝုန်း ... ။ ”
“ ငါ့ကို ... ဖိအား ပေးနိုင်မယ် ထင်နေ ... ”
နဂါး လက်သည်း ကြီး၊ ကွဲကြေ သွားသည်နှင့် စကား ပြောရန် ကြိုးစား လိုက် သော်လည်း၊ လင်းယွန်မှ ခွင့် မပြုချေ။
ပန်းသင်္ချိုင်း ဓားကို နောက်တစ်ကြိမ် လွှဲခုတ်နေ ပြန်၏။ ဤတစ်ကြိမ်တွင် မိုးပြာ နဂါး အမြီး ဖြစ်သည်။
ပန်းချီကား သုံးချပ် ရုတ်ချည်း ပွင့်လာပြီး၊ ကြမ်းကြုတ်သော ရောင်ဝါများဖြင့်၊ သွေးလမင်း အပေါ်၊ ဖုံးလွှမ်း တော့၏။
ပထမ ပန်းချီကားမှာ အတောင်ပံ ပါသော နဂါး ဖြစ်ပြီး၊ ဒုတိယ ပုံသည် ခွန်ပန်နှင့် တတိယ ပုံက ဖီးနစ် မိစ္ဆာ ဖြစ်လေသည်။
“ ဝှီး ... ။ ”
သွေးလမင်းကို ချိုးနှိမ်ပြီး ဖြစ်သဖြင့်၊ ပေတစ်ရာခန့် ရှည်သော ဓား ရောင်ခြည်က၊ နဂါး အမြီး ပုံစံ လွတ်လွတ် ကျွတ်ကျွတ် ဝင်ရောက် သွားသည်။
“ ဖြောင်း ... ။ ”
“ ဝေါ့ ... ။ ”
နဂါး အမြီးက မီးဗိုလ်ချုပ် ပါးပြင်ကို ဖြတ်ရိုက် မိ၏။ ယင်းကြောင့် သွေး တစ်လုတ် အန်တော့သည်။
“ မိုးပြာ နဂါး လက်သည်း ... ။ ”
လင်းယွန်မှ နဂါး လက်သည်းအား ဒုတိယ အကြိမ် ထပ်မံ ထုတ်ဖော် ခဲ့သည်။
ကောင်းကင်မှ နဂါး လက်သည်းကြီး ကျလာသဖြင့်၊ လက်နှစ်ဖက်အား ကြက်ခြေခတ် သဏ္ဍာန် ပြန်လည် တွန်းဖယ် လိုက်၏။
“ ဟိတ် ... ။ ”
“ မိုးပြာ နဂါး လက်သည်း ... ။ ”
“ ဝုန်း ... ။ ”
“ နဂါး လက်သည်း ... ။ ”
သို့သော် လင်းယွန်မှာ ရပ် မသွားချေ။ ကောင်းကင်ပေါ် ခုန်တက်ပြီး၊ နဂါး လက်သည်း များ ဖြင့်သာ ဆက်ကာ-ဆက်ကာ ပစ်ခတ် နေခဲ့သည်။
၎င်းကို တားဆီး နေသော မီးဗိုလ်ချုပ်၏ လက်များ ထုံကျင် လာသည်။ နဂါး လက်သည်း (၉) ချက်ကို ဖယ်ရှား ပြီးနောက်၊ သွေးများ ပါးစပ်ထဲ ပြည့်လာ တော့၏။
“ ဝေါ့ ... ။ ”
အန်ချ လိုက်မှသာ အနည်းငယ် သက်သာသွားကာ၊ ယိမ်းထိုး နေသော ခြေလှမ်း များနှင့်၊
“ လူယုတ်မာ၊ ဒါ အကုန် ပဲလား။ ”
-ဟု ပြန်လည် အော်ငေါက် လိုက်သည်။
“ ကျန်သေးတယ် ... ။ ”
လင်းယွန်က လေထဲ ဂျွမ်း ပစ်လျက်၊ လှည့်ကြည့် လိုက်ပြီး၊ ဓားကို သူ့ရင်ဘတ် ထံသို့ ချိန်ရွယ် ထိုးချ လာသည်။
သို့သော် ဓားဖျားမှာ သူ့ ရင်ဘတ်နှင့် တစ်လက်မ အလို၌ ရပ်တန့် သွား၏။ အောင်နိုင် သူ အပြုံး မျိုးဖြင့်၊ လှောင်ပြောင် လိုက်သည်။
“ တူညီတဲ့ ကစားကွက် မျိုးနဲ့ အလုပ် ဖြစ်မယ် ထင်လား၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်က၊ ဒီလောက် မရိုးရှင်း ပါဘူး။ ”
“ သေချာလား ... ။ ”
သို့သော် တစ်ဖက်လူ ထံမှ ရက်စက်သော အပြုံး မျိုးဖြင့်၊ ရောင်ဝါ တစ်ခု ပွင့်ထွက် လာရာ၊ အန္တရာယ် အချက်ပေး ခေါင်းလောင်း သံများ မြည်ဟည်း လာသည်။
ဤမြင်ကွင်းသည် အနက်ဝတ် အမည်ခံ သူတော်စင်ကို ဒေါသ ထွက်သွား စေခဲ့၏။
“ ကောင်လေး ... ၊ မင်း သေချင် နေတာပဲ။ ”
လင်းယွန်ကို သတ်ကာ၊ မီး ဗိုလ်ချုပ်အား ကယ်တင်လို စိတ်ဖြင့်၊ ကောင်းကင်ပေါ် ချက်ချင်း ခုန်တက် လာသည်။
သူ့ ခွန်အားဖြင့် တိုက်ပွဲအား အချိန်မရွေး စွက်ဖက် ဟန့်တား နိုင်သောကြောင့်၊ စိတ်အေး လက်အေး ကြည့်နေ ခဲ့ခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
သို့သော် လက်ဖဝါး တစ်ဖက်က သူ့လမ်းအား ရုတ်တရက် ဝင်ရောက် လာသည်။ သူတော်စင် ရောင်ဝါ နှစ်ခု တိုက်မိ သွားပြီး၊ လိုရာသို့ မရောက် နိုင် တော့ချေ။
“ ဝုန်း ... ။ ”
လက်ဖဝါးချင်း ရိုက်မိကာ၊ ပေါက်ကွဲ သံကြီးနှင့် အတူ၊ နှစ်ဖက် စလုံး နောက်ဆုတ် ပေးလိုက် ရသည်။
ခေါင်းမော့ ကြည့်လိုက်သော အခါ၊ သူတောင်းစား အဖိုးကြီး တစ်ယောက်အား မြင်လိုက် ရ၏။
ဤသူတောင်းစား အဖိုးကြီးသည်၊ လင်းယွန်နောက် အမြဲ လိုက်နေသူ ဖြစ်ကြောင်း၊ လူတိုင်း သတိ ရလာ ကြသည်။
“ ဒီလို ခေတ် ကြီးမှာ ... ၊ ဘယ်သူက အမည်ခံ သူတော်စင် နယ်ပယ် ... မရောက်ပဲ နေမလဲ။ ”
ကူကျွင့်က မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။
“ အမည်ခံ သူတော်စင်။ ”
ဤမြင်ကွင်းက မြင့်မြတ်မြေ ခြောက်ပါးကို မျှော်လင့်ချက် အလင်းရောင်များ ဝင်ရောက်လာ စေခဲ့၏။
“ ခေါင်းဆောင် ... ၊ ငါ့ကို ကယ်ပါ ... ။ ”
ထိုအချိန်တွင် မီးဗိုလ်ချုပ်မှာ ထိတ်လန့် တကြား ဟစ်အော် လိုက်သည်။ ဓားမှာ ဦးခေါင်း ထံ ဝင်ရောက် လာပြီ ဖြစ်သည်။
အဖြစ် အပျက်မှာ၊ မြန်ဆန်လွန်း သဖြင့် မည်သူမျှ အချိန် မမီ တော့ချေ။ ကူကျွင့် မရှိခဲ့ လျှင်ပင်၊ ကယ်တင်ရန် နောက်ကျ သွားချေပြီ။
လင်းယွန်က ပန်းသင်္ချိုင်းကို လေထဲ လွှဲခုတ်ကာ၊ ဓားမှ သွေးစက် များအား ဖယ်ရှား လိုက်သည်။ ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။
***