← Chapters

သဘော တူညီချက်။

Vol. 133 Ch. 1854

သဘော တူညီချက်။

Vol. 133 Ch. 1854

မီးဗိုလ်ချုပ် အလောင်းက ပင်လယ်ထဲ ပြုတ်ကျ သွားသည်။ ၎င်းသည် အရှေ့ဘက် ပျက်စီး မြေတွင် ကျော်ကြားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။

သို့သော် သူ့ဘဝ နေဝင် ချိန်သည် ရေပွက်ငယ် တစ်ခု ထပွက်ခြင်း ကဲ့သို့ ပျောက် ဆုံးသွား ချေပြီ။

တစ်ဖက်တွင် ပြိုင်ဘက်မှာ ခွန်အားကို အပြည့်အဝ ထုတ်စရာ မလိုခဲ့ သောကြောင့်၊ လင်းယွန်မှ မကျေနပ် ဖြစ်နေ ခဲ့သည်။

အနက်ရောင် ဝတ်ထားသည့် အမည်ခံ သူတော်စင်က ထိုမြင်ကွင်းကြောင့် ဒေါသထွက် လာတော့၏။ ကူကျွင့်က သူ့ရှေ့တွင် ရပ်နေ သဖြင့်၊ အရေး ယူ၍ မရချေ။

“ ကူကျွင့် သူ့ကို ခွင့်မလွှတ်နဲ့ ... ။ ”

ထိုစကားကြောင့် အနက်ဝတ် အမည်ခံ သူတော်စင်က တုံ့ဆိုင်း စွာဖြင့် ထွက်ခွာရန် ရေွးချယ် လိုက်သည်။

ကူကျွင့်မှ မတား ခဲ့ချေ။ တစ်ဖက်တွင် လင်းယွန်က ချက်ချင်း တင်ပျဉ်ခွေ ချိတ်ထိုင် ကာ၊ အသက် ရှုလျက် သွေး လည်ပတ်မှုကို ချိန်ညှိ လိုက်မိသည်။

တိုက်ပွဲတွင် ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ သောကြောင့့်၊ လက်ကျန် ဒီမီဂေါ့ ဝိုင်ကို သန့်စင် ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်၏။

ဝိုင် သုံးခွက်ဖြင့် မပေါက်ကွဲ ခဲ့သည်မှာ ကံကောင်း လေသည်။ ခန္ဓာ ကိုယ်ရှိ စုဆောင်း ထားသော စွမ်းအင်မှာ၊ သူ ထင်ထား သည်ထက် ပို၍ များပြားပြီး၊ မီးဗိုလ်ချုပ်နှင့် တိုက်ပွဲ ကပင်၊ ဆယ်ပုံ တစ်ပုံ မျှသာ လေျာ့ပါး စေသည်။

မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင် အခြားသော မြင့်မြတ် မြေမှ ပါရမီရှင် များက သူ့ကို ကြည့်နေ၏။

မင်ဂိုဏ်းမှာ အဆိုးဆုံး ဖြစ်သည်။ ရှုပ်ထေွးသော အမူအရာ များဖြင့် ဒေါသ အငွေ့ အသက်များ လောင်မြိုက် နေခဲ့၏။

ထို့ကြောင့် အန်းလျူယွင်ထံ လှည့်ကြည့် လိုက်ပြီး၊

“ ဘာဖြစ် နေကြ တာလဲ ... ။ ”

-ဟု မေးလိုက် မိသည်။

“ လေ ဗိုလ်ချုပ်နဲ့ လျှပ်စီး ဗိုလ်ချုပ်ကို အကြီးအကဲ ကူက သတ်ပစ် လိုက်တယ်၊ သူတို့ နှစ်ဦးက ဒီမှာ ရှိတဲ့ ... လူတွေဆီ ကနေ ရတနာတွေ သိမ်းယူ ထားတယ်။ ”

“ ဒါများ ... မင်းပဲ ဖြေရှင်း လိုက်ပါ။ ”

လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်ပြော လိုက်သည်။

“ မရဘူး ... လိပ်နက် နန်းတော်က ... ၊ ရရှိခဲ့တဲ့ ပစ္စည်းတွေ အပြင်၊ သူတို့ပိုင် ရတနာ တွေလည်း ပါနေတယ် ... ။ ”

“ ဘာတွေ မို့လဲ ... ။ ”

“ သခင်လေး ကျိလင်ဖုန်းရဲ့ ဖီးနစ်သွေး ဓားမော့။ ”

အန်းလျူယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။ နောက်ဆုံးတွင် ဖြစ်ပျက် နေသည် များကို လင်းယွန်မှ နားလည် သွား၏။

ဗိုလ်ချုပ် နှစ်ပါး ထံမှ၊ သိုလှောင်အိတ်ကို သိမ်းဆည်း ထားမည် ဆိုသော်၊ ဖီးနစ်သွေး ဓား မော့သည် ချွင်းချက် ဖြစ်လာ နိုင်မည်။

ထို့ကြောင့် အန်းလျူယွင်မှ မည်သည့် အရာကို သိမ်းယူပြီး၊ မည်သည့် အရာ များအား ပြန်ပေး ရမည်ကို၊ ဆုံးဖြတ် စေလိုပုံ ရ၏။

“ သခင်လေး ... ငါတို့ ဘာလုပ် သင့်တယ်လို့ ထင်လဲ၊ အရင်က သူတို့ကို မကျေ မနပ် ဖြစ်စေခဲ့ ပြီးပြီ။ ”

“ အကုန် ပြန်ပေး လိုက်ပါ။ ”

လင်းယွန်မှ မဆိုင်း မတွ ပြန်ပြော လိုက်သည်။ ဤသည်မှာ ကြင်နာ၍ မဟုတ်ချေ။ ထိုရတနာ များသည် သူ့ အာရုံကို ဖမ်းစား နိုင်ခြင်း မရှိ သောကြောင့် ဖြစ်၏။

ရတနာများ ပြန်လည် ရရှိ သဖြင့် မြင့်မြတ်မြေ၏ ပါရမီရှင် များက အမူအရာများ ပြေလျော့ ကုန်သည်။

သို့သော် အလုံးစုံ မယုံရဲချေ။ ဤ လင်းရှောင်သည် သူတော်စင် နန်းတော်၌ သူ့ လမ်းတွင် ရပ်နေသူ များကို သတ်ပစ် ခဲ့၏။ မြင့်မြတ်မြေသော ဘာသော ညာသော ခွဲခြားခြင်း မရှိ ခဲ့ချေ။

“ ကျေးဇူးပဲ ... ငါ မင်းကို အကြွေး တင်သွားပြီ၊ ဟား ဟား ဟား ... ။ ”

ကျိလင်ဖုန်းက ရိုးရှင်းစွာ ဆိုလိုက်သည်။ ဖီးနစ်သွေး ဓားမော့သည် သူ့အတွက် များစွာ အဓိပ္ပါယ် ရှိ၏။

တစ်ဖက်တွင်၊ ကောင်းကင် မီးလျှံ ဂိုဏ်း၊ နတ်တာအို ခန်းမနှင့် အနန္တ လျှပ်စီး ဂိုဏ်း၏ တပည့် များမှာ တွင်းတူးပြီး၊ ပုန်းချင် နေကြသည်။

ခရမ်း-ရွှေရောင် နဂါး သရဖူကို လုယူရန် လင်းယွန်အား လဝက် တိုင်တိုင် စောင့်ဆိုင်းခဲ့ ကြခြင်း ဖြစ်၏။

သို့သော် သွေးလ ဂိုဏ်းမှ သူတို့ ရတနာ များကို လုယူ ခဲ့ပြီး၊ ၎င်းအား ပြန်လည် သိမ်းယူ နိုင်ရန်၊ တစ်ဖက်လူ အပေါ် လုံးဝ မှီခို နေခဲ့ ရသည်။

ဤသည်မှာ ကမ္ဘာ ပေါ်ရှိ အကြီးကျယ် ဆုံးသော ဟာသ တစ်ပုဒ် ဖြစ်လာ ချေပြီ။ အချိန် အတော် ကြာသည် အထိ၊ တိတ်ဆိတ် သွား ပြီးနောက်၊ ရန်ချီဟွာက လက်ဝှေ့ယမ်းကာ၊

“ ကျေးဇူး တင်ပါတယ်။ ”

-ဟု ဆိုလိုက်သည်။

“ ညီအစ်ကို လင်း ... ၊ ငါ့ ဂိုဏ်းသား နှစ်ယောက် သေဆုံး သွားတဲ့ ... အကြွေးကို မင်းက လက်စားချေ လိုက်ပြီ။ ”

“ ရပါတယ်၊ ဒါက ငါ့ အတွက် ဘာမှ မဟုတ်ပါဘူး။ ”

လင်းယွန်မှ ဂရုမစိုက်ဘဲ ခေါင်းညိတ် လိုက်၏။

“ ဘာပဲ ဖြစ်ဖြစ် ... ၊ ကောင်းကင် မီးလျှံ ဂိုဏ်းက မင်း အပေါ် အကြွေး တင်သွား ပါပြီ၊ ငါ့ ဂိုဏ်းရဲ့ အမည်ခံ သူတော်စင် ရောက်လာတဲ့ အခါ၊ အမှန် အတိုင်း ပြောပြ ပေးပါ့မယ်။ ”

ရန်ချီဟွာမှ ဆက်ပြော၏။ လင်းယွန်၏ တုံ့ပြန်မှုကို မြင်သော အခါ မှသာ လူတိုင်းက သက်ပြင်း ချလျက်၊ ကျေးဇူး တင်ကြောင်း ပုံစံဖြင့် လက်ဝှေ့ယမ်း ပြလာ ကြသည်။

“ ဒီလောက်လည်း ... မဟုတ် ပါဘူး၊ ဒါတွေက ငါတို့နဲ့ ပစ္စည်း တွေပဲ၊ သူက ပိုင်ရှင် တွေဆီ ပြန်ပေး ရမှာပေါ့။ ”

ထိုအချိန်တွင် ဟွမ်ရွှမ်ရီမှ ခုန်ထွက် လာပြီး၊ ရှုပ်ထွေးသော အမူ အရာဖြင့်၊ ပြောလာ ခဲ့သည်။ အဆိုပါ စကား အပေါ်၊ လူတိုင်းမှ သဘော မတူချေ။

“ ပြီးတော့ သူ ... ။ ”

ဟွမ်ရွှမ်ရီက ကူကျွင့်အား လှည့်ကာ လက်ညှိုး ထိုးပြ လိုက်သည်။

“ သူက ငါ့တို့ကို ... ၊ အရှက် တကွဲ ဖြစ်စေ ခဲ့တဲ့ သွေးလ ဂိုဏ်းရဲ့၊ အမည်ခံ သူတော်စင်ကို လွှတ်ပေး ခဲ့တယ်၊ အဲ့ဒီ အမည်ခံ သူတော်စင် ကသာ ကောလာ ဟလတွေ ဖြန့်လိုက်ရင်၊ မြင့်မြတ်မြေ (၆)ပါးလုံး အရှက်ရ လိမ့်မယ်။ ”

ထို့နောက် ဟွမ်ရွှမ်ရီက စကားကို ဆက် မပြော သေးဘဲ၊ ကူကျွင့်ထံ လက်ညိုး ထိုးကာ အေးစက် စွာဖြင့်၊

“ မင်းမှာ အပြစ် ရှိတယ်။ ”

-ဟု စွပ်စွဲ လိုက်တော့သည်။

ကူကျွင့်မှာ ဟွမ်ရွှမ်ရီအား ပါးရိုက် သတ် လိုသော ကြောင့် ချက်ချင်းပင် ခြေလှမ်း ပြင် လိုက်မိသည်။

“ မင်း ... ငါ့ကို ထိဝံ့ သလား ... ။ ”

ဟွမ်ရွှမ်ရီက အေးစက်စွာ ငေါက် လိုက်၏။

“ သွေးလ ဂိုဏ်းရဲ့ အမည်ခံ သူတော်စင် ကိုတော့ အနိုင် မယူ နိုင်ဘဲ၊ ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားချင် နေတာလား။ ”

“ ဒါဆို ... ငါက အပြစ် သားပေါ့။ ”

ကူကျွင့်မှ အသိ ဝင် လာပြီး၊ ကိုယ်ရှိန် သပ်လိုက်သည်။

“ မင်းကိုယ်မင်း အသိဆုံး ဖြစ်မှာပါ။ ”

“ ဟား ဟား ဟား ... ။ ”

ကူကျွင့်မှ ဒေါသတကြီး ရယ်သည်။ မင်ဂိုဏ်းသည် ဤမျှ အရှက်ကင်းမဲ့ လိမ့်မည်ဟု မမျှော်လင့် ထား သောကြောင့်၊ လူတိုင်း အံ့အားသင် ကုန်၏။

“ မင်း ... ။ ”

ဟွမ်ရွှမ်ရီက မရပ် သေးဘဲ၊ လင်းယွန် ဘက်လှည့်ပြီး၊

“ စီနီယာ အစ်ကို ယွီဝမ်ရှုက ... ၊ ဒီခရီးစဉ် ပြီးရင် ... ၊ သူတော်စင် တပည့် တစ်ဦး ဖြစ်လာမဲ့ ပါရမီရှင်ပဲ၊ ဒါကြောင့် ... မင်ဂိုဏ်းရဲ့ သူတော်စင် တပည့်ကို သတ်တာက မင်းအတွက်၊ ခွင့်မလွှတ် နိုင်တဲ့ အပြစ်သားပဲ။ ”

“ ဟား ဟား ဟား ... ၊ မင်းရဲ့ စီနီယာ အစ်ကိုက ထောင်စုနှစ်ရဲ့ ပါရမီရှင် တစ်ယောက် လို့ ... ဘာလို့ မပြော တာလဲ၊ သူ့ဆရာက မဟာ သူတော်စင်လား၊ သူတော်စင် သခင်လား။ ”

ရန်ချီဟွာမှာ မကျေမနပ် ဖြစ်လာပြီး၊ သူ့စကားကို ဆက်ပြော လိုက်သည်။

“ ညီအစ်ကို ဟွမ်၊ မင်ဂိုဏ်းနဲ့ လင်းရှောင် ကြား၊ ကောင်းကင် မီးလျှံ ဂိုဏ်းကို ဆွဲ မထည့် ပါနဲ့၊ လင်းရှောင်နဲ့ အကြီးအကဲ ကူသာ မရှိရင်၊ ဒီနေ့ ငါတို့ ဘယ်လောက်ထိ၊ အရှက် ခွဲ ခံရမယ် ဆိုတာ ဘယ်သူမှ မသိဘူ။ ”

“ အဲဒါတော့ ဟုတ်တယ်၊ သူတို့က ငါတို့ အသက်ကို ကယ်ခြင်း မဟုတ် ပေမယ့်၊ အနည်း ဆုံးတော့ ဂုဏ်သိက္ခာ တစ်ဝက်ကို ကယ်တင် ပေးခဲ့ ပါတယ်။ ”

ရီဖန်း မှလည်း ကြားဝင် ထောက်ခံ လာသည်။

“ ညီအစ်ကိုရီ ပြောတာ မှန်တယ်၊ ခရမ်း ရွှေရောင် နဂါး သရဖူက ... သူ့ကိစ္စ ဖြစ်သွားပြီ၊ ဒီနေ့ ပြဿနာ အတွက် လင်းရှောင်ကို ငါတို့ အကြွေး ပြန်ဆပ် ရမယ်၊ နောက်ပြီး ...

... လင်းရှောင်နဲ့ ... မင်းရဲ့ စီနီယာ အစ်ကို ရန်ပွဲမှာ၊ ငါတို့ အားလုံး ရှိနေတယ် ... ၊ ဘယ်သူ အမှန်- ဘယ်သူ အမှား၊ ငါတို့ အကုန် သိ ပါတယ်။ ”

ရှယွမ်ကွီမှ ဝင်ပြော လာပြန်သည်။

“ ဟွမ်ရွှမ်ရီ ငါ မှတ်မိ သေးတယ်၊ လင်းရှောင်က ... မင်း မျက်လုံး တွေကို၊ ခွေး မျက်လုံးလို့ ပြောခဲ့တာ၊ ဒါက မှန်နေ တာပဲ၊ မင်းက တကယ့်ကို အရှက်မဲ့ လွန်းတယ်၊ ...

... အခုမှ အကြီးအကဲ ကူကို ... ၊ အပြစ်သားလေး ဘာလေးနဲ့ ... စောစောက မီးဗိုလ်ချုပ် ရှေ့မှာ မင်းဘယ်ရောက် နေလဲ၊ ရှင်းရှင်း ပြောရရင် မင်းက အမှိုက်ပဲ၊ မင်းနဲ့ စကား ပြောဖို့၊ ...

... မတ်တပ် ရပ်နေ ရတာ ကိုက၊ ရွံစရာ ကောင်းနေပြီ၊ ငါတို့ ထဲက ဘယ်သူ မဆို မင်းကို လက်ညိုး တစ်ချောင်းနဲ့ နှိပ်စက် နိုင်တယ်၊ မင်းကိုယ်မင်း ငါတို့နဲ့ အဆင့် တူများ ထင်နေလား။ ”

“ ကျိလင်ဖုန်း ... ၊ မင်း လွန်မလာနဲ့။ ”

“ ငါ လွန်တော့ ဘာလုပ် ချင်လဲ ... ၊ မင်းရုပ်ကို မြင်နေရတာ ကိုက ရွံစရာ ကောင်း လွန်းတယ်၊ အကြီးအကဲ ကူက အမည်ခံ သူတော်စင်မို့ ...

... မင်းလို ခွေးရူးကို မသတ်တာ ... ၊ ငါကတော့ မတူဖူး၊ မင်းနဲ့ ငါက မျိုးဆက် အတူ တူပဲ၊ ဆက်ပြီး ဟောင်နေ ဦးမယ် ဆိုရင် ငါ့ကို ရက်စက်တယ် မပြောနဲ့။ ”

ကျိလင်ဖုန်း စကားကြောင့် ဟွမ်ရွှမ်ရီ တစ်ယောက် ထိတ်လန့် သွားပြီး၊ ချက်ချင်း နောက်ဆုတ် လိုက်မိသည်။

ထိုအချိန်တွင် မင်ဂိုဏ်း၏ အထွတ် အထိပ် နိဗ္ဗာန် အဆင့် အကြီးအကဲက လှမ်းတက် လာပြီး၊

“ ဟွမ်ရွှမ်ရီ စကားက နည်းနည်း လွန်ပေမယ့် အဓိပ္ပါယ် ရှိပါတယ်၊ အစ တည်းက ဒီရတနာ တွေက ငါတို့ အပိုင်ပဲ၊ သူက ငါတို့ဆီ ပြန်ပေး ရမှာပေါ့၊ ...

... ခရမ်း ရွှေရောင် နဂါး သရဖူ အတွက်၊ မပြော လိုတော့ ပေမယ့်၊ မင်ဂိုဏ်းရဲ့ တပည့်ကို သတ်လိုက်တဲ့ အပြစ် အရ၊ သူ့ အသက်ကို ပြန်ယူ ရမယ်။ ”

“ လင်းရှောင် ... ၊ ခရမ်း ရွှေရောင် နဂါး သရဖူကို ငါ့ဆီ ပေးပါ၊ ငါ ခန်းမ သခင်ဆီ အပ် လိုက်မယ်၊ မင်း လက်ထဲမှာ ဆိုရင်၊ အင်ပါယာ က သေချာပေါက် တောင်းဆို လိမ့်မယ်၊ ငါတို့ ဆုံးဖြတ် နိုင်တဲ့ အရာ မဟုတ်ဘူး။ ”

ကူကျွင့်က လင်းယွန် တစ်ယောက် အရှုပ်အထွေးမှ ရုန်းထွက် နိုင်စေရန် ဝင်ပြော ပေးလာသည်။

ရှယွမ်ကွီက ခေါင်းညိတ် လိုက်၏။ ယင်းသည် ကျိုးကြောင်း ဆီလျော်သည်။ ခရမ်း ရွှေရောင် နဂါး သရဖူသည်၊ တစ်ခု တည်းသာ ရှိသော ရတနာ ဖြစ်သဖြင့်၊ မည်သူ မဆို ၎င်းကို ကိုင်ဆောင် နိုင်မည် မဟုတ်ချေ။

“ မှန်တယ် ... ဒီရတနာရဲ့ ပိုင်ဆိုင်မှုကို ဆွေးနွေး နေတုန်း၊ ကောင်းကင် ရနံ့ သင်းသင်း လက်မှာ ထားတာ အကောင်းဆုံး ပါပဲ။ ”

ရှယွမ်ကွီ၏ သဘောတူ ညီချက်ကြောင့် လူတိုင်း တိတ်ဆိတ် သွားသည်။ ဤစကားသည် သူတို့၏ သဘောထားကို ကိုယ်စားပြု ချေ၏။

နောက်ဆုံးတွင် ကောင်းကင် တာအို ဂိုဏ်းသည်၊ မြင့်မြတ်မြေ ခြောက်ပါး၏ အကြီး အကဲ ဖြစ်ပြီး၊ ကြီးမြတ်သော ဂုဏ်သိက္ခာမျိုး ပိုင်ဆိုင် ထားလေသည်။

အရေး အကြီးဆုံးမှာ၊ ကျိုးကြောင်း ဆီလျော်သည်။ နဂါး သရဖူ အတွက်၊ မြင့်မြတ် မြေများ အချင်းချင်း၊ တိုက်ပွဲ မစတင် လိုချေ။

မင်ဂိုဏ်းမှာ မျက်နှာ ပျက်သွား၏။ မြင့်မြတ်မြေ များသည် လင်းရှောင် ဘက်၌ အတူ တကွ ရပ်တည် နေချေပြီ။

ထိုအချိန်တွင် မိုးပုက်စက်ဝိုင်း အစပ်မှ အလင်း တန်းများ မြင့်တက် လွင့်ပျံ လာသည်။ အရှိန် အဟုန်ဖြင့် ခရီးပြင်း နှင်လာသော အမည်ခံ သူတော်စင်များ ဖြစ်ချေ၏။

***

All Chapters