← Chapters

ခွင့် မလွှတ် နိုင်သော အပြစ်သား။

Vol. 133 Ch. 1856

ခွင့် မလွှတ် နိုင်သော အပြစ်သား။

Vol. 133 Ch. 1856

အပြန် လမ်းတွင် လျှို့ဝှက် မဟာမိတ် အဖွဲ့၏ စစ်သင်္ဘော ပေါ်တွင်၊ မြင့်မြတ် မြေ၏ အမည်ခံ သူတော်စင်များ စုရုံး လိုက်ပါ လာ၏။

အမှန်တိုင်း ဝန်ခံ ရသော်၊ ဤလူ များနှင့်၊ အတူ မသွား ချင်ချေ။ လမ်း တစ်ဝက်၌ ခိုးထွက် ရန် အခွင့် အရေး ရှာလို ခဲ့သည်။

အဆုံးတွင် ကောင်းကင် ရနံ့ သင်းသင်း ထံသို့ မပြန်လို တော့ချေ။ သို့သော် လူတိုင်းက ကောင်းကင် မြို့တော်သို့၊ သူ့အား လိုက်ပါ ပို့ဆောင် နေ၏။

ကောင်းကင် တာအို ဂိုဏ်းသို့ ထွက်ခွာရန် အချိန် ကျပြီ ဖြစ်သဖြင့်၊ ဤအရာက သဘာဝ အတိုင်း ဒုက္ခ ဖြစ်စေ ခဲ့သည်။

“ မင်း ဘာလို့ ခရမ်း ရွှေရောင် နဂါး သရဖူးကို မပေးသေး တာလဲ။ ”

လေးယောက် တစ်ခန်းထဲ နေခွင့် ရသဖြင့်၊ ကူကျွင့်မှ ထုတ်မေး လာသည်။

“ မင်း ကိုယ်တိုင် သိမ်းထားဖို့ စီစဉ် နေတယ်လို့ မပြောနဲ့။ ”

သို့တိုင် လင်းယွန်မှ စကား တစ်ခွန်းမျှ ပြန်မပြောချေ။ ကူကျွင့် ကသာ စကားဆက် ပြော လိုက်ရသည်။

“ သူတော်စင် အကြီး အကဲကို ... ၊ ပေးထားဖို့ အကြံ ပေးချင်တယ် ... ၊ သူ့ဆီမှာ ဆိုရင် ဘယ်သူမှ စိတ်ကူး ဝံ့မှာ မဟုတ်ဘူး။ ”

လင်းယွန်က ပြတင်းပေါက်မှ ငေးနေ၏။ သူတော်စင် စစ်သင်္ဘော ကြီးသည် ကောင်းကင် သတ္တမ အလွှာကို ဖြတ်၍ အရှိန် ပြင်းပြင်းနှင့် ခရီးနှင် နေသည်။

“ ငါ ထွက်သွားဖို့ အခွင့်အလမ်း ရှာရမယ်။ ”

“ မလွယ်မှာ ကြောက်တယ်၊ ဒါက ကောင်းကင် သတ္တမ အလွှာပဲ၊ လောက နိယာမ နယ်ပယ်တောင်၊ ဒီဝန်းကျင်မှာ ကြာကြာ မနေ နိုင်ဘူး၊ ပြီးတော့ မင်းကို တစ်စုံ တစ်ယောက် မြင်သွားရင်၊ ဒုက္ခ ရောက်လိမ့်မယ်။ ”

“ သခင်လေး လင်း ... ဘာတွေ စိုးရိမ် နေတာလဲ။ ”

ယင်းသည် ခရမ်း ရွှေရောင် နဂါး သရဖူ အတွက် မဟုတ်ကြောင်း အန်းလျူယွင်မှ သိ၏။ လင်းယွန်မှ ခေါင်းညိတ်လျက်၊

“ ကြယ်ရောင်စုံ ကောင်းကင် လျှို့ဝှက် နယ်မြေမှာ လူနှစ်ယောက် ရှိသေးတာ မှတ်မိ လား၊ ပြီးတော့ လေဓား သခင်ရဲ့၊ လျူမိသားစု ကလည်း ငြိမ်နေမှာ မဟုတ်ဘူး။ ”

လေဓားသခင်သည် ယွီဝမ်ရှုနှင့် မတူချေ။ ယွီဝမ်ရှုသည် အမည်ခံ သူတော်စင် တစ်ပါး၏ တပည့် မျှသာ ဖြစ်သည်။

လေဓား သခင် မှာမူ၊ လျူမိသားစု အမွေ ဆက်ခံမည့် သခင်ငယ် ဖြစ်၏။ ဧကရီ ထံမှ ဘွဲ့ တံဆိပ်ပင် ရရှိ ထားသည်။

ကောင်းကင် မြို့တော်၌ လျူ မိသားစု ဟူသည်၊ ရှေးဟောင်း သူတော်စင် စာရင်းဝင်၏။ ထို့ကြောင့် ၎င်းတို့၏ ဆက်ခံ သူသည် လိပ်နက် ပင်လယ်ကွေ့၌ သေဆုံး သွားကြောင်း သေချာပေါက် သတင်း ရရှိ ပေမည်။

“ သိပ်လည်း စိုးရိမ် မနေပါနဲ့၊ လေဓား သခင်ကို မင်းသတ် လိုက်တာ ဘယ်သူမှ မမြင် ကြပါဘူး။ ”

“ စိတ်မပူ ပါဘူး၊ စိတ်ထဲ ထည့်တွက် နေမှတော့ အဲဒီတုန်းက သူ့ကို သတ်ဝံ့ ပါမလား၊ သူတို့ အစား ငါတို့ ဆုံခဲ့တဲ့ နှစ်ယောက်ကို စိတ်ပူ နေတာ။ ”

သူတော်စင် စစ်သင်္ဘော ပေါ်တွင်၊ မကောင်းသော ခံစားချက်များ ရရှိ နေသည်။ ယင်းနှာ မည်သည့် အရပ်မှ လာမှန်း မသိချေ။

ဖြစ်နိုင်သည့် အချက် အလတ် အားလုံးကို တွက်ထုတ် ကြည့်ရာ၊ ကြယ်ရောင် ကောင်းကင် လျှို့ဝှက် နယ်မြေထဲ ဝင်သွားသော နှစ်ဦးသာ မြင်သည်။

“ အဲဒီ အမျိုး သမီးက တကယ့်ကို ကြောက်စရာ ကောင်းတယ်၊ လိပ်နက် အမွေနဲ့ ပတ်သတ်ပြီး၊ အဲဒီ နေရာကို သူက ငါ့နီးနီး နားလည် နေတယ်။ ”

ကူကျွင့်မှ ကြောက်လန့် တကြား ပြောလာသည်။

“ လောလောဆယ် သူတို့ကို ... ခဏ မေ့ထားရအောင်၊ ဆိပ်ခံ တံတားကို ရောက်ရင် လူတိုင်း ရှေ့ကနေ ထွက်ဖို့၊ နည်းလမ်း ရှာရမယ်။ ”

တစ်ယောက်တည်း ဆိုက ခြေရာ ဖျောက်ထားရန် လွယ်ကူ ပေမည်။ ထို့နောက် အခန်း အတွင်း ပြန်လည် တိတ်ဆိတ် သွား တော့၏။

လင်းယွန်က သူ့ ခွန်အား အပေါ် ပြန်၍ သုံးသပ် နေမိသည်။ မီး ဗိုလ်ချုပ်နှင့် တိုက်ပွဲတွင် အကြမ်းဖျင်း တိုင်းတာ နိုင်၏။

မည်သည့် ပြင်ပ အင်အား ကိုမှ မသုံးဘဲ၊ မရဏ-တတိယ အဆင့် ကျွမ်းကျင်သူ များအား သတ်နိုင်ပြီး၊ စတုတ္ထနှင့် ပဉ္စမ အဆင့်ပေါ်၊ ရင်ဆိုင် နိုင်မည်။

ဒသမ သွေးလွှတ် ကြောကြောင့် နဂါး သွေးလွှတ်ကြော အရှည်မှာ၊ မီတာ (၃၀၀၀၀) သို့ ရောက်ရှိ ထားသည်။

ထို့အပြင် ဒီမီဂေါ့ ဝိုင် (၃) ခွက်သည်၊ သူ ဆန္ဒရှိသည့် အချိန်၌၊ လောက နိယာမ နယ်ပယ် သို့ တက်ရောက် နိုင်အောင် ကူညီ နိုင်၏။

အထူး သဖြင့် နဂါး ဒုက္ခသည် သူ့အား မသတ်နိုင် တော့ချေ။ ချောမွေ့စွာ ဖြတ်ကျော် နိုင်ပေမည်။

ဤအရာကို တွေးတောလျက် သူ့အတွက် ခါးသီးသော အချိန်များ ကုန်လွန် သွားသည်ကို နားလည် လိုက်သည်။

သူ့ ကိုယ်သူ အသေးစိတ် ပြန်လည် စစ်ဆေးကြည့်ရာ၊ မိုးကြိုး လိပ်နက် ဧကရာဇ်၏ စမ်းသပ်မှု အတွင်း၊ အချိန်နှင့် အာကာသ တာအို အပိုင်းအစ အချို့ ကျန်ရှိ နေသည်။

“ သခင်လေး ငါတို့ ရောက်ပြီ။ ”

နာရီဝက် အကြာတွင် အန်လျူယွင်က သူ့အား သတိပေး လာသည်။ အဓိက ပြည်နယ် လေးခုနှင့် သက်ဆိုင် သော ဆိပ်ခံ တံတား လေးစင်းဖြင့်၊ ကောင်းကင် မြို့တော်ကို ချိတ်ဆက် ပေးထား၏။

ဆိပ်ခံ တံတား ဆိုသော်လည်း၊ ကျွန်း တစ်ကျွန်းထက် မသေးငယ်ဘဲ၊ အရွယ်အစားမှာ သာမန် မြို့များ ထက်ပင် ကြီးမား လေသည်။

“ သွား ရ အောင်။ ”

လင်းယွန်က ထရပ်ကာ ပြောလိုက်သည်။ စစ်သင်္ဘော ပေါ်မှ ဆင်း ချိန်၌၊ လူသူ ကင်းရှင်း နေကြောင်း သတိ ထားမိ၏။

“ သခင်လေး ... တစ်ခုခုတော့ မှားနေပြီ။ ”

အန်းလျူယွင်မှ တိုးတိုး ပြောသည်။ လင်းယွန်က ခေါင်းညိတ် လိုက်၏။ မိန်ဇီဟော် နှင့် ကူကျွင့်မှာ အသက် ပြင်းပြင်း ရှူမိသည်။

ဆိုလို သည်မှာ တစ်စုံ တစ်ဦးသည် ဆိပ်ခံ တံတား တစ်ခုလုံးကို ကန့်သတ်နယ်မြေ အဖြစ် ပိတ်ဆို့ ထားချေပြီ။ ကောင်းကင် မြို့တော်၌ တစ်စုံ တစ်ရာ ဖြစ်ပျက် ခဲ့ပုံ ရ၏။

မြင့်မြတ်မြေ များ၏ အမည်ခံ သူတော်စင် များပင် ဆိပ်ခံ တံတားကို ကြည့်ကာ၊ အံ့သြသွား ကြသည်။

“ တစ်ယောက်မှ မရှိဘူး။ ”

“ ထူးဆန်းတယ် ... ၊ မြေပြင် မှာတောင် ခြေရာတွေ မရှိဘူး၊ ဒီနေ့ တစ်နေ့လုံး ဘယ်သူမှ မလာ ခဲ့ဖူးလား။ ”

လူတိုင်း သို့လော၊ သို့လော ဖြစ်နေစဉ်၊

“ အားလုံးပဲ ထိတ်လန့် မနေ ပါနဲ့ ... ၊ ဒီနေရာကို ကန်သတ် နယ်မြေ အဖြစ် လွန်ခဲ့တဲ့ (၆)နာရီ လောက်ကမှ ပြောင်းလဲ လိုက်တာပါ၊ ငါတို့က နိဗ္ဗာန်ပွဲ ချန်ပီယံကို မေးစရာလေး ရှိလို့ပါ။ ”

-ဟု ဆိုလျက် လူတစ်စု ပေါ်လာသည်။

အဖွဲ့ကို ဦးဆောင် သူသည် အပြာဝတ် လူငယ် တစ်ဦး ဖြစ်ပြီး၊ သူ့ ရောင်ဝါမှာ၊ မရဏ အဆင့် အထွတ် အထိပ် ဖြစ်သည်။

အမည်ခံ သူတော်စင် နှစ်ပါးက ဘေးတွင် ရပ်နေပြီး၊ မရဏ အဆင့် ကျွမ်းကျင်သူ အများ အပြား ပါဝင် နေ၏။

“ လျူ မိသားစု ကပဲ။ ”

“ ဒီမှာ ဘာလုပ်ဖို့ ကြိုးစား နေကြ တာလဲ၊ ဒီလို ဖွဲ့စည်းမှုမျိုးနဲ့ လာရအောင် လင်းရှောင်က သူတို့ကို ဘာလုပ် ခဲ့လို့လဲ။ ”

“ အဖွဲ့ ခေါင်းဆောင်က လေဓား သခင်ရဲ့ အစ်ကို လျူချန်ပဲ၊ တစ်ခုခုတော့ ဖြစ် သွားတာ သေချာ နေပြီ။

လျူချန်နှင့် အဖွဲမှာ ချက်ချင်း အနား ရောက်လာ ကြပြီး၊

“ လင်းရှောင် ... ၊ မင်း ငါ့ညီကို သတ်ခဲ့ သလား။ ”

-ဟု မေးမြန်း လာ၏။

သူ့ စကားကြောင့် ချက်ချင်းပင် ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ လေဓား သခင် ဟူသည် ကောင်းကင် မြို့တော်၏၊ သခင် လေးပါး အနက်မှ တစ်ပါး ဖြစ်၏။

“ လျူချန် ... ၊ လင်းရှောင်က လေဓား သခင်နဲ့ ရန်ငြိုး ရှိတိုင်း ... ၊ ဒီလို အဓိပ္ပါယ် မဲ့တဲ့ စွပ်စွဲ မှုမျိုး မလုပ် ပါနဲ့၊ သက်သေ ပြပါ။ ”

အန်းလျူယွင်မှ ဝင်ပြောသည်။

“ သက်သေ ပြရမှာလား။ ”

လျူချန်က သတ်ဖြတ် လိုသော အပြုံးဖြင့်၊

“ ခေါ်လာခဲ့ ... ။ ”

-ဟု အမိန့်ပေး လိုက်သည်။

ချက်ချင်း ထိတ်လန့်စရာ ကောင်းသော ဒဏ်ရာ များဖြင့် လူ တစ်ယောက်အား တွဲထုတ် လာသည်။

ယင်းမှာ သူတို့နှင့် အတူတူ လိပ်နက် သင်္ဘောငယ် ပေါ်တွင် လိုက်ပါ လာခဲ့သော ချန်ထုံ ဖြစ်သည်။

လျူချန်က လက်ဝှေ့ ယမ်းပြီး ချန်ထုံ ဆံပင်ကို ဆွဲကာ ခေါင်းကို မော့စေ လိုက်၏။

“ ချန်ထုံ ... ၊ အဲဒီ တုန်းက မင်း မြင်ခဲ့တာ တွေကို လူတိုင်း သိအောင် ပြောပြ လိုက် ... ။ ”

ချန်ထုံမှာ နာကျင် ကိုက်ခဲ နေသော အသွင်ဖြင့်၊ လင်းယွန်အား ကြည့်ကာ၊

“ ညီအစ်လင်း ... ၊ ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပါ၊ ... ငါ့ ညီနှစ်ယောက် ကိုလည်း သူ ဖမ်းထားတယ်။ ”

-ဟု အော်ပြော လာသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။

“ သူ့ကို လွှတ်လိုက်ပါ၊ လေဓား သခင်ကို ငါသတ်တယ်၊ ဒီကိစ္စမှာ တခြား သူတွေနဲ့ မဆိုင် ဘူး။ ”

“ ဟား ဟား ဟား ... ၊ မင်း တကယ် သတ္တိ ရှိတယ်။ ”

လျူချန်မှ ရယ်မော လိုက်ပြီး၊ ချန်ထုံ လည်ပင်းကို ဆုပ်ကိုင်ကာ၊ ညှစ်သတ် ပစ်လိုက် တော့သည်။

“ မင်းက ... သူနဲ့ သိနေ မှတော့ ကြံရာပါပဲ ဖြစ်မယ်၊ ငါ ခွင့်မလွှတ် နိုင်ဘူး။ ”

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေပြီး၊ အလို အလျောက် ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ မိစေသည်။

တစ်ဖက်တွင် လင်းယွန် နှလုံးသား၌ ဒေါသများ တောက်လောင် လာကာ၊ သတ်ဖြတ် လိုသော ဆန္ဒများ ပြည့်နှက် သွားတော့၏။

***

All Chapters