← Chapters

လောက နိယာမ နယ်ပယ်။

Vol. 133 Ch. 1857

လောက နိယာမ နယ်ပယ်။

Vol. 133 Ch. 1857

လင်းယွန် ထံမှ၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ရုတ်တရက် ပေါက်ဖွားလာ လေသည်။

ဒေါသ ထွက်နေ သော်လည်း၊ တည်ငြိမ် နေခဲ့၏။ ချန်ထုံ တစ်ယောက် မည်မျှ နှိပ်စက် ခံခဲ့ရ သည်ကို မြင်နိုင်သည်။

“ လင်းရှောင် ... ၊ ငါတို့နဲ့ အတူ လိုက်ခဲ့။ ”

လျူချန်မှ ပြောသည်။

“ သူက ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့်ပဲ၊ မင်း ဆန္ဒရှိတဲ့ အတိုင်း ခေါ်သွားလို့ မရဘူး။ ”

ကူကျွင့်မှ အမည်ခံ သူတော်စင် ရောင်ဝါကို ထုတ်လွှတ်ကာ ဟန့်တား ၏။

“ ဟား ဟား ဟား ... ၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့်က၊ ငါ့ မိသားစုရဲ့ အမွေ ဆက်ခံ သူကို သတ်ပစ်တယ်၊ ဒီအတွက် သူ လိုက်ဖို့ ဆန္ဒ မရှိရင်၊ သူ့ခေါင်းကို ဖြတ်ယူ ရလိမ့်မယ်။ ”

စကားဆုံး သည်နှင့် သူ့ဘေးရှိ အမည်ခံ သူတော်စင် နှစ်ပါး လှမ်းထွက် လာသည်။ ဤ အရာက မိန်ဇီဟော်နှင့် အန်းလျူယွင်အား ထိတ်လန့်သွား စေ၏။

ကူကျွင့်သည် တစ်ဦး ကိုသာ ပိတ်ဆို့ နိုင်မည်ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ သူတို့ သုံးဦးအား အလွယ် တကူ ဖမ်းယူ နိုင်မည်။

လျူချန် သည်လည်း ဘဝအဆင့် အထွတ် အထိပ် ဖြစ်သည်။ သူ့နားရှိ လူများတွင် မရဏ အဆင့် ကျွမ်းကျင်သူ ခုနစ်ဦး ပါ၏။

ဤမြင်ကွင်းက မြင့်မြတ်မြေ များကို မကျေမနပ် ဖြစ်စေသည်။ လျူ မိသားစုသည် အင်ပါယာ လက်အောက်သို့ ခိုဝင်ခဲ့ လျှင်ပင်၊ ရှေးဟောင်း သူတော်စင် မိသားစုများ ကြား၌ အဆင့် မမီ သေးချေ။

ထို့ကြောင့် သူတို့ ကဲ့သို့၊ မြင့်မြတ် မြေများ အပေါ် လျစ်လျူရှု ခြင်းသည်၊ ဒေါသ ထွက်စရာ ဖြစ်နေ၏။

ကောင်းကင် တာအို ဂိုဏ်း၏ ကျန်းယန်မှ၊

“ လျူ မိသားစုက နည်းနည်း ရိုင်းစိုင်း လွန်းတယ် မဟုတ်လား၊ လင်းရှောင်က လေဓား သခင်ကို တကယ် သတ်ခဲ့ ရင်တောင်၊ သေမိန့် ပေးလို့ မရပါဘူး။ ”

-ဟု ဦးစွာ စကား စလိုက်သည်။

“ ချန်ထုံမှာ ပြောစရာ စကားတွေ ... ရှိနေတယ် ဆိုတာ ရှင်းပါတယ်၊ ဘယ်သူ သိမလဲ လေဓား သခင်က လင်းရှောင်ကို လိုက်သတ် နေတာလည်း ဖြစ်နိုင် တာပဲ၊ ဒါကြောင့် မင်း ချန်ထုံကို မြန်မြန် နှုတ်ပိတ် လိုက်တာ မဟုတ်လား။ ”

“ မှန်တယ် ... ၊ လျူ မိသားစုက ဒီကောင်းကင် မြို့တော်မှာ ဘယ်အချိန် တုန်းက အခုလို ထင်ရာ စိုင်းခွင့် ရှိလာ ရတာလဲ။ ”

“ လေဓား သခင်က လင်းရှောင် ထံမှာ အကြိမ်ကြိမ် ရှုံးနိမ့်ပြီး၊ အသရေ ဖျက်ဖို့ ကောလ ဟာလတွေ ဖြန့်နေတာ လူတိုင်း သိတယ်၊ သူ သေတာ ဘာများ ဆန်းလဲ။ ”

“ သူက ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့် ဖြစ်လို့၊ မင်းမှာ ခေါ်သွား ပိုင်ခွင့် မရှိဘူး။ ”

အခြားသော အမည်ခံ သူတော်စင်များ မှလည်း ဝင်ပြော လာတော့သည်။ အဆုံးတွင် ကျေးဇူး အကြွေးကြောင့်၊ မျက်နှာလွှဲပြီး မနေနိုင်ချေ။

လျူချန်က အံ့အားသင့် သွားပြီး၊

“ မင်းတို့ တွေက ... ၊ လျူ မိသားစုရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကို၊ ဝင်စွက် ဖက်ချင် နေတာလား။ ”

-ဟု အံကြိတ်ကာ မေးလိုက်သည်။

အမည်ခံ သူတော်စင် များမှ ပြန် မဖြေချေ။ ထိုအချိန်တွင် ဟွမ်ရွှမ်ရီမှ ညွှန်ကြားချက် တစ်ခု ရရှိ လာသဖြင့်၊ နောက်ဆုတ် လိုက်၏။

“ ဒါက မင်ဂိုဏ်းနဲ့ မသက်ဆိုင်ဘူး။ ”

“ ဟုတ်တယ် လျူ မိသားစုက သူ့ကို သတ်ချင်ရင် ... ငါတို့က ဝင်စွက်ဖက်မှာ မဟုတ် ဘူး။ ”

အမည်ခံ သူတော်စင် မှလည်း ဟွမ်ရွှမ်ရီ စကား အပေါ်၊ အတည်ပြု ပေးလိုက်သည်။ လျူ မိသားစု၏ ဝါးခမောက် ဆောင်းထားသော အမည်ခံ သူတော်စင်က ပြုံးပြီး၊

“ ဒါဆို မြင့်မြတ်မြေ ငါးခုက လက်တွဲပြီး လျူမိသားစုကို အနိုင်ကျင့်ချင် နေတာပေါ့။ ”

-ဟု မေးခွန်း ထုတ်လာ၏။

ဤလူသည် လျူမိသားစုမှ ဖြစ်ပုံ မရချေ။ ထူးခြားသည်မှာ မြင့်မြတ်မြေ ငါးပါးမှ အမည်ခံ သူတော်စင်များ ကိုပင် ဂရုစိုက်ခြင်း မရှိဘဲ၊ လှောင်ပြောင် နေ ခဲ့၏။

“ ငါတို့ ... အနိုင် ကျင့်တော့ ဘာဖြစ်လဲ၊ မင်းရဲ့ လျူမိသားစုက ... အမည်ခံ သူတော်စင် နှစ်ပါး လွှတ်ပြီး၊ လင်းရှောင်ကို ငါတို့ ရှေ့မှာ သတ်ချင် နေတာလား။ ”

“ ဟုတ်တယ် မင်းတို့ ရှေ့မှာ သူ့ကို သတ်ပစ်မယ်။ ”

လူစိမ်းက ဝါးခမောက်အား ဖယ်ကာ ပြန်ပြော လာသည်။ သူ့အသွင် အပြင်ကြောင့်၊ လူတိုင်း မျက်နှာ ပျက်ကုန်၏။

“ ကျွား ချင်း ယန် ... ။ ”

ကူကျွင့်ပင် ထိတ်လန့် သွားသည်။ ကျွားချင်းယန်သည် ထန်ရွှမ်ဇီ၏ တပည့် အဖြစ် ကျော်ကြား လှ၏။

ကျန့်ကျင်းရှန်နှင့် မတွေ့မီ၊ သူတော်စင် နယ်ပယ်အောက် ပြိုင်ဘက်ကင်း လေသည်။ မင် ဂိုဏ်း၏ အမည်ခံ သူတော်စင်မှာ အံ့သြ သွား၏။

ဤလျူ မိသားစုသည် ကောင်းကင်ယံ ဂိုဏ်းနှင့် ပူးပေါင်း နေပြီး ဖြစ်သောကြောင့် လင်းယွန်မှ သတိထား လာသည်။

“ လျူမိသား စုက ကျွားချင်းယန်ကို ဖိတ်ကြားလိုက် တာလား၊ မင်းတို့ ငါ့ အသက်ကို ယူဖို့ ကြံစည် နေကြတာ ထင်တယ်။ ”

လျူချန်ကို ကြည့်ပြီး လင်းယွန်က ပြောလိုက်သည်။

“ ဘာလို့လဲ ... သွေးကြွေးကို သွေးနဲ့ ပေးဆပ်ရမယ်၊ အစ်ကိုကြီး ... ဒီကောင်ကို ငါ သတ်မယ်။ ”

“ မင်း ... ဘယ်လို သတ္တိ ရှိလဲ။ ”

အမည်ခံ သူတော်စင် (၅) ပါးမှ ဒေါသဖြင့် ကောင်းကင်ပေါ် ပျံတက် လိုက်ကြသည်။ လျူ မိသားစုသည် သူတို့အား မျက်လုံးထဲ ထည့် မထား ခဲ့ချေ။

“ လူကြီး မင်းတို့ ... ၊ ငါတို့ကို အနိုင် မကျင့်ပါနဲ့။ ”

ကျွားချင်းယန်က ခြေလှမ်း တစ်လှမ်း လှမ်းတက် လိုက်သည်နှင့်၊ သူ လွှတ်လိုက်သော ရောင်ဝါသည်၊ အမည်ခံ သူတော်စင် ငါးဦး၏ ရောင်ဝါကို ပိတ်ဆို့ နိုင်ခဲ့သည်။

“ မင်းတို့ ကစားချင် နေတာလား၊ ဒါဆို လာခဲ့။ ”

တစ်ယောက်တည်း ဖြစ်သော်လည်း၊ သူလွှတ်လိုက်သော ရောင်ဝါသည် ပြိုင်ဘက် ငါးဦးကို အလွယ်တကူ ထိန်းထား နိုင်သည်။

ကူကျွင့်မှ ကူညီချင်၏။ သို့သော် လျူ မိသားစု၏ အမည်ခံ သူတော်စင်က သူ့အား ကြည့်နေသည်။

မိန်ဇီဟော်မှာ စိတ်ပူ လာပြီး၊ ဘာလုပ် ရမည်မှန်း မသိ ဖြစ်နေ၏။

“ ဟား ဟား ဟား ၊ မင်းကို ဘယ်သူ ကယ်မလဲ ကြည့်ရအောင်။ ”

မရဏ အထွတ် အထိပ် ရောင်ဝါကို လွှတ်လျက်၊ လျူချန်မှ ဝင်ရောက် လာလေ သည်။

“ ဝှစ် ... ။ ”

လင်းယွန် မှလည်း စူးရှ တောက်ပသော ဓားရောင်ခြည် တစ်စင်း အလား ပြေးဝင် သွား တော့၏။

မိုးပြာ နဂါး ရည်ရွယ်ချက်သည် ဆဋ္ဌမ တန်းသို့ ရောက်ပြီးနောက်၊ ရွေ့လျားမှုမှာ ယခင် ကထက် ပိုမို မြန်ဆန် လာသည်။

နှစ်ယောက်အား မျက်နှာချင်းဆိုင် တိုးဝင် လာစဉ်၊ သတ်ဖြတ် လိုသော ဆန္ဒ များ ပြည့်နှက် နေသည့်၊ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။

( မြန်တယ်။ )

လင်းယွန်မှာ သူထက် မြန်၏။ သို့သော် သူဟူသည်၊ မရဏ အထွတ် အထိပ် အဆင့်သို့ ရောက် နေပြီ ဖြစ်သဖြင့်၊ လျူချန်မှ စိုးရိမ်ခြင်း မရှိချေ။

အနား မရောက်ခင် ဓားကို ဆွဲထုတ်ကာ၊ လင်းယွန်ထံ ထိုးသွင်း လိုက်၏။

“ သေ ... ။ ”

ဓားဖျားသည် လင်းယွန် လည်မျို ဆီသို့ ချိန်ရွယ်လျက်၊ ကြက်သွေးရောင် အဆင်းများ ဖြာထွက်လာ လေသည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ လုံးဝ မရှောင် ခဲ့ချေ။ သူ့ဓားဖျားကို လှမ်းဖမ်းရန် လက်ဆန့် ထုတ် လာသည်။

“ ဟား ဟား ဟား ... ။ ”

အဆိုပါ မြင်ကွင်းကြောင့် လှောင်ပြောင် ရယ်မောပြီး၊ နဂါး မူလအား လောင်းထည့် လိုက် သည်။ သို့သော် ဓား ဖျားသည် လင်းယွန် လက်နှင့် ထိတွေ့ ချိန်၌ သတ္တု တိုက်မိ သံသာ ကြားလိုက် ရ၏။

အံဩ သွားစဉ် ဓားမှာ၊ ကျိုးကျ သွား တော့သည်။ သည့်အပြင် လင်းယွန်၏ မျက်ဝန်း ထဲ၌၊ ကြောက်မက်ဖွယ် စစ်မြေပြင်ကို မြင်လိုက် ရ၏။

အရိုးစု များက တောင်လို ပုံနေပြီး၊ ရပ်နေသော မြေပြင်သည် သွေးပင်လယ် အဖြစ် ထင်ရှား လာတော့သည်။

ဤသည်မှာ လင်းယွန် သတ်ခဲ့သော လူများဖြင့်၊ ဖန်တီး ထားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ချေ၏။

ယင်းကို သတ်ဖြတ် လိုသော ဆန္ဒများ အတွင်း ပေါင်းစည်းခဲ့ ခြင်းကြောင့်၊ ထိတ်လန့် စရာ ကောင်းလာသည်။

“ မင်း ပြေးလို့ လွတ်နိုင်မယ် ထင်လား။ ”

ထိတ်လန့်စွာ အလိုလို နောက်ဆုတ် လိုက်မိ၏။ လင်းယွန်မှ ပြုံးလျက် လက်သီးနှင့် ထိုးချ လာသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

လေဟာနယ် ကမောက် ကမ ဖြစ်လာပြီး၊ လက်သီးက ရင်ဘတ်ပေါ် အတားအဆီး မဲ့စွာ ကျရောက် လာ၏။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေသည်။ ထိပ်တိုက် တွေ့ဆုံမှု အတွင်း လျူချန် ရှုံးနိမ့် သွားခြင်း မည်၏။

“ သခင်လေး ... ။ ”

လျူ မိသားစု၏ အမည်ခံ သူတော်စင်က ကူညီရန် ပြင်လိုက်သည်။ လေဓား သခင်ကို ဆုံးရှုံး ထားပြီး ဖြစ်၍၊ လျူချန်အား မတော် တဆ အဖြစ် မခံ နိုင်ချေ။

မဟုတ်သော် သူတို့၏ လျူမိသားစုသည် ကောင်းကင် မြို့တော်၌ ရယ်မောစရာ ဖြစ်သွား နိုင်ပေ၏။

“ မလာနဲ့ ... သူ့ကို ငါ့လက်နဲ့ သတ်မယ်။ ”

လျူချန်မှ ဟန့်တား လိုက်သည်။ လက်သီးချက်မှာ မပြင်းထန်ချေ။ အစောပိုင်း အချိန်၌ ရုတ်တရက် ဖြစ်သော ကြောင့်သာ၊ ထိတ်လန့် မိခြင်း ဖြစ်သည်။

“ မင်းလို နဂါး သွေးလွှတ် ကြောက ကြွက်စုတ် တစ်ကောင်ရဲ့ ... စွမ်းဆောင်ရည်ကို ထပ်ကြည့် ရအောင်။ ”

ဤတစ်ကြိမ်တွင် သူ့ ကျင့်ကြံမှုကို ထုတ်ဖော်ကာ၊ သတိကြီး စွာဖြင့်၊ လက်ဖဝါး တစ်ချက် ရိုက်ချ လိုက်သည်။

လင်းယွန်က သူ့အား အနား ရောက်သည် အထိ စောင့်ကာ၊ လက်ဖဝါးဖြင့် ပြန်ရိုက် လိုက် မိသည်။

“ ဖပ် ... ။ ”

လက်ဖဝါး နှစ်ဖက် ပူးကပ် သွား၏။ အများမျှော်လင့် ထား သကဲ့သို့၊ လင်းယွန်မှာ လွင့်စဉ် သွားခြင်း မရှိချေ။

ဆန့်ကျင် ဘက် အနေဖြင့်၊ ငေွရောင် အကြေးခွံများ ဖုံးလွှမ်းလျက် တောင် တစ်လုံး ကဲ့သို့။ တည်ငြိမ်စွာ ရပ်နေ ခဲ့သည်။

“ အနန္တ အကြေးခွံ ချပ်ဝတ်။ ”

လျူမိသားစုမှာ မျက်လုံးပြူး သွားသည်။

“ လင်းရှောင် ... မင်း ဘယ်လို သတ္တိ ရှိလဲ။ ”

လျူချန် တစ်ယောက် ဒေါသ ထွက်လာသည်။ ဤရတနာသည် လျူမိသားစု ပိုင် ရတာနာ ဖြစ်သည်။ လေဓား သခင် အတွက် ပေးထားခြင်း ဖြစ်၏။

“ အိုး ... သတိ ရပြီ၊ ဒီချပ်ဝတ်ကို မင်းညီ ဆီကနေ ငါ ယူလာတာ၊ တော်တော် အသုံး ဝင် ပါတယ်၊ မင်းညီ ကတော့ ဘဝကူ မကောင်း ခဲ့ဘူး၊ ဒီချပ်ဝတ်က သူ့ကို၊ ...

... ကာကွယ် ပေးနေလို့၊ အရိုးတွေ ချိုးပြီး၊ ရက်စက် လိုက်ရတယ်၊ သူ့ကို မသတ် ဖို့တောင် အကြိမ်ကြိမ် တောင်းပန် ခဲ့သေးတယ်။ ”

ထိုစကားကြောင့် လူတိုင်း စိတ်ထဲ၌ နာကျင်စွာ အော်ဟစ် ငိုယိုနေသော လေဓား သခင် ပုံရိပ် ထွက်ပေါ် လာ၏။

“ လင်း ရှောင် ... ။ ”

လျူချန် အသိ စိတ်များ ကမောက်ကမ ဖြစ်ကာ၊ မျက်လုံး သွေးကြောများ ပေါက်ပြဲ ကုန်သည်။

သွေးများ စီးကျလျက်၊ တည်ငြိမ်မှု ပျောက်ဆုံး သွား၏။ ထို့ကြောင့် အားနည်းချက် များ ပေါ်လာ တော့သည်။

“ ဝှစ် ... ။ ”

လင်းယွန်က အနန္တ အကြေးခွံ ချပ်ဝတ်ကို အသက် သွင်းကာ၊ ရောင်ဝါများ ပျိုကျ နေသည့် ထိုအားနည်းချက်ထံ ထိုးချ ပစ်လိုက်သည်။

ဤတစ်ကြိမ်တွင် လျူချန်မှာ တောင့်မခံ နိုင်တော့ဘဲ၊ မြေပြင်ပေါ် လွင့်စဉ် ပြုတ်ကျ သွား တော့သည်။

“ မင်းကို ငါသတ်မယ် ... ။ ”

ချက်ချင်း ကောင်းကင်ပေါ် ပျံတက် လာပြီး၊ သတ္တမမြောက် မရဏ ရောင်ဝါအား တပြိုင်နက် တည်း၊ ထုတ်လွှတ် လိုက်၏။

ထို့ကြောင့် လင်းယွန် ခမျာ နောက်ဆုတ် ပေးလိုက် ရသည်။ အနန္တ အကြေးခွံ ချပ်ဝတ်မှ ၎င်း၏ ဖိအားကို တောင်မခံ နိုင်ခဲ့ချေ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ခြေလှမ်း များစွာ ဆုတ်ခွာလျက် မျက်လုံး မှိတ်ချ လိုက်သည်။ ချန်ထုံ သေဆုံး သွားပုံက အမြင် အာရုံထဲ ပေါ်လာသည်။

လေဓား သခင် ဘဝမှာ အရေးပါ သကဲ့သို့၊ အခြား သူများ၏ အသက် သည်လည်း၊ အရေးပါ ချေပြီ။ ဤလောက၌ ထိုသို့သော အကြောင်း တရားသည် အမြဲ တည်ရှိ နေ၏။

နဂါးမြစ် လှိုင်းထန် လာပြီး၊ ကန့်သတ်ချက် ရောက်သွားသည်။ ထိုအချိန်တွင် ဒီမီဂေါ့ ဝိုင်၏ လက်ကျန် အာနိသင်က လျှံကျ လာ၏။

မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင်၊ ကောင်းကင်မှ ပျံသန်း လာသော လျူချန်အား မြင်လိုက် ရသည်။

“ ဖောက် ဖောက် ဖောက် ... ။ ”

တစ်ချိန်တည်း မှာပင်၊ သူ့ ခန္ဓာကိုယ် အတွင်းမှ၊ ပေါက်ကွဲသံ ခုနစ်ချက် ပဲ့တင်ထပ် လာတော့သည်။

ရောင်ဝါများ မြင့်တက် လာကာ၊ လောက နိယာမ နယ်ပယ်၊ သတ္တမ-ဘဝ အဆင့်သို့ ချက်ချင်း ရောက်ရှိ သွားခဲ့၏။

သည့်နောက် လက်ကို လျူချန်ထံ လှမ်း လိုက်ပြီး၊ ‘ဒီနေ့ မင်းကို ဘယ်သူမှ မကယ် နိုင် တော့ဘူး။’ -ဟု ကြေငြာ လိုက်တော့သည်။

***

All Chapters