← Chapters

ငါ့မှာ ဓား ရှိတယ်။

Vol. 133 Ch. 1858

ငါ့မှာ ဓား ရှိတယ်။

Vol. 133 Ch. 1858

ဘဝ အထွတ် အထိပ် အဆင့် ရောက်ရှိ ပြီးနောက်၊ မရဏ အထွတ် အထိပ်မှ တစ်စုံ တစ်ဦးကို၊ ဒဏ်ရာ ရအောင် လုပ်နိုင် ခဲ့သည်။

“ မဟုတ်ဘူး ... ၊ မင်း ... ။ ”

လင်းယွန်က ဆက်လိုက်ရန် ပြင်သော အခါ၊ လျူ မိသားစု၏ အမည်ခံ သူတော်စင်က တိုက်ပွဲ အတွင်း ခုန်ဝင် လာသည်။

“ ငါက မင်းရဲ့ ပြိုင်ဘက်ပဲ။ ”

သို့သော် တစ်ချိန်လုံး စောင့်ကြည့် နေသော ကူကျွင့်က၊ ၎င်းရှေ့ ဖြတ်ခနဲ ပြေးဝင်ကာ၊ ဟန်တား တော့သည်။

“ ဖပ် ... ။ ”

နှစ်ယောက်သား လက်ဖဝါးချင်း ရိုက်မိ သွားပြီး၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ထင် လာ၏။

ကူကျွင့်က လေထဲ ပျံဝဲလျက်၊ သူ ပြိုင်ဘက်မှာ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ သွားသည်။

“ အမည်ခံ သူတော်စင်ကို တား ... ။ ”

အန်းလျူယွင်မှ ခဏတာ မှင်တတ် နေရာမှ ဆုံးဖြတ် ချက်ကို ချလိုက်သည်။ ကျန် အမည်ခံ သူတော်စင်အား ဟန့်တား နိုင်က လင်းယွန် ဘေးကင်းမည် ဖြစ်သည်။

မိန်ဇီဟော်နှင့် သူမ၏ အင်အားသည် အမည်ခံ သူတော်စင် များကို ရင်ဆိုင်ရန် အလွန် အားနည်း နေသေး၏။ ထို့ကြောင့် အန္တရာယ် ရှိချေပြီ။

“ သခင် ငယ်ကို ကာကွယ်ပါ။ ”

မရဏ အဆင့် ကျွမ်းကျင်သူ ခုနစ်ဦးက ချက်ချင်း ထွက်ပေါ် လာသည်။ သေခြင်း အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေသည့် မီးခိုးဝတ် အဘိုးအို တစ်ဦး၊ ဦးစွာ ရောက်လာ၏။

“ ကောင်းကင် ငရဲ လက်ဝါး။ ”

မရဏ အငွေ့ အသက်များ၊ ဖုံးအုပ် ထားသော ဆယ်ပေခန့် ရှည်သည့် လက်ဖဝါး တစ်ဖက်၊ ပျံထွက် လာသည်။

ကျန်ခြောက်ဦးက ပြေးလမ်း များကို ပိတ်ဆို့ရန် ရည်ရွယ်၏။ သို့သော် လင်းယွန်က အင်္ကျီ လက်ကို ဝှေ့ယမ်း လိုက်သည်။

ဆဋ္ဌမတန်း မိုးပြာ နဂါး ရည်ရွယ်ချက် ပါဝင်သော နဂါးရူရ် (၁၈၀,၀၀၀)က မိုးပြာ နဂါး အဖြစ် ထင်ရှား လာသည်။

“ ခရစ် ... ။ ”

နဂါးနှင့် လက်ဖဝါး တိုက်မိသော အခါ အနက်ရောင် လက်ဖဝါးကြီး အလွယ် တကူ ကြေမွ သွား၏။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ... နဂါးလဲ။ ”

လင်းရှောင် ဟူသည် နဂါး မိသားစုဝင် ဖြစ်သည်ကို လူတိုင်း သိသော်မှ၊ အာမေဋိတ် သံများ ထွက်ပေါ် လာခဲ့သည်။

လင်းယွန်က ထိုအချင်းအရာ များကို သဘာဝ အတိုင်း ဂရု မစိုက် အားချေ။ နဂါး လက်သည်းကို မရဏ အဆင့် ကျွမ်းကျင်သူ (၆)ဦးထံ လှည့်ကာ ကုပ်စွဲ လိုက်၏။

“ နဂါး ထွက်သက် ... ။ ”

မိုးခြိမ်းသံ များနှင့် အတူ၊ နဂါး ဟောက်သံများ ညံလာပြီး၊ နဂါး လက်တစ်ဖက် ပြုတ်ကျ လာသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အလွန် လျင်မြန်သော အဟုန်ဖြင့် မီးခိုးရောင်ဝတ် အဘိုးအို အပါအဝင် (၆)ဦးလုံး ဆုတ်ခွာ သွားကြသည်။

ခုနစ် ဦးသား နက္ခတ်များ ဆင့်ခေါ်လျက်၊ နဂါး မူလအား ဖြန့်ကျက် လိုက် သော်လည်း နဂါး လက်သည်း ထိမှန် လာသည်။

ထို့ကြောင့် မြေပေါ် ပြုတ်ကျ ကုန်ကာ၊ ခုနစ်ယောက်လုံး ပါးစပ်မှ သွေးများ စီးထွက် လာတော့သည်။

“ ဝှစ် ... ။ ”

လင်းယွန်က လျူချန်ရှေ့ ပြေးတက် သွားသည်။ သူတော်စင် ဆေးလုံး တစ်လုံးကို မျိုချရုံသာ ရှိသေးသော လျူချန် ခမျာ ကျိန်ဆဲ ပြီး၊ အမြန် ရှောင်ထွက် လိုက်ရ၏။

( တိရစ္ဆာန် မသား ... အရမ်း မြန်တယ်။ )

သို့သော် ရှောင်လွှဲ၍ မရချေ။ ပြတ်ပြတ် သားသားပင် ပြန်လှည့်ပြီး လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။

ဤလက်ဖဝါးသည် လင်းယွန် ကိုသာ ထိမှန်ပါက၊ ဘဝ အထွတ် အထိပ် ရောက်နေ လျှင်ပင်၊ ဒဏ်ရာ ရရှိသွား နိုင်မည်။

သို့သော် လင်းယွန်၌ အနန္တ အကြေးခွံ ချပ်ဝတ် ရှိနေ သဖြင့်၊ လက်ဖဝါးက သံတောင် ကြီးပေါ်၊ ကျရောက် သွားသလို၊ ခံစား လိုက်ရ လေသည်။

လင်းယွန် အပေါ်၊ ဒဏ်ရာ တစ်စုံ တစ်ရာ မပေး နိုင်သည့် အပြင်၊ လက်မောင်း တစ်ဖက် လုံး၊ နာကျင် ကိုက်ခဲမှုကို ခံစား လာခဲ့ ရ၏။

“ အနန္တ အကြေးခွံ ချပ်ဝတ် ... ။ ”

လျူ မိသားစု၏ ဘုန်း သူတော်စင် ရတနာသည် ရန်သူ့ အတွက် အထောက် အပံ့ ဖြစ်သွား လေသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

သူပြန် မဆုတ် နိုင်ခင် လက်သီးများ ရင်ဘတ်ပေါ် ကျရောက် လာပြီး၊ သွေးအန်လျက် အဝေးသို့ လွင့်စဉ် သွားတော့သည်။

မြေပြင်ပေါ် ပြုတ်ကျ သွား သည်နှင့် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပြန်ကြည့် လိုက်မိသည်။

ထို့ကြောင့် လင်းယွန်က ဘယ်ဘက် လက်အား နောက်ပြန် ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် လိုက်သည်အား မြင်လိုက် ရ၏။

“ အစ်ကို ကျွား ... ငါ့ကို ကယ်ပါဦး။ ”

ကျွားချင်းယန်မှ ကြာမြင့်စွာ တည်းက လင်းယွန် ဖန်တီး ခဲ့သော ဖြစ်စဉ်ကို အာရုံစိုက် မိပြီး ဖြစ်သည်။

သို့သော် မျက်စိ တမှိတ် အတွင်း၊ လျူချန် တစ်ယောက် ကန့်သတ်ချက်သို့ ရောက်ရှိ သွား လိမ့်မည် ဟုလည်း၊ မထင် ခဲ့ချေ။

“ ကျွားချင်းယန် ဒီမှာနေ ... ။ ”

ကူညီချင် သော်လည်း နတ်ဖီးနစ် တောင်တန်းမှ အမည်ခံ သူတော်စင်က တားဆီး လာသည်။

“ မင်း သေချင် နေတာပဲ။ ”

ကျွားချင်းယန် မျက်ဝန်း၌ နေနှင့်လ ပေါ်လာပြီး၊ ဒေါသ တကြီး လက်လှိုင်းဖြင့် ဖယ်ထုတ် လိုက်၏။

“ ဝှစ် ... ။ ”

သို့သော် အခြားသော အမည်ခံ သူတော်စင် လေးပါးက သူ့လမ်းအား ချက်ချင်း ပိတ်ဆို့လာ ပြန်သည်။

လူတိုင်း တိုက်ပွဲကို ငေးကြည့် နေမိ၏။ ဤသည်မှာ သူတော်စင် နယ်ပယ် အောက် အပြင်း ထန်ဆုံး ကျွမ်းကျင် သူများ ပေပင်။

“ ဒါက ... ၊ ကြောက်စရာ ကောင်း လွန်းတယ်၊ အမည်ခံ သူတော်စင်တွေ အများ ကြီးပဲ၊ ပုံမှန်ဆို သူတို့ကို မြင်ဖို့တောင် ခက်တယ်။ ”

ထိုအချိန်တွင် လင်းယွန်က လျူချန်ကို အေးစက်စွာ လှည့်ကြည့်ပြီး၊ ဓားဖြင့် ပစ်ပေါက် လိုက်သည်။

“ ဝှစ် ... ။ ”

ပန်းသင်္ချိုင်း ဓားက ဓားအိမ်မှ ပျံထွက် လာကာ၊ လျူချန် ဆီသို့ ပျံသန်း သွားတော့ သည်။

လျူချန်မှာ မျက်လုံးပြူး သွားသည်။ ဤတိုက်ခိုက်မှုကို ရှောင်ရှားလို သော်လည်း နောက်ကျ သွား၏။

မျက်ခုံး အလယ် တည့်တည့် ဆီသို့၊ ဓားဖျားက ဝင်ရောက် လာသော်လည်း၊ သွေး အစား မီးပွားများ ပွင့်ကုန်သည်။

ယင်းက သူတော်စင် တံဆိပ် တစ်ခု ဖြစ်နေ၏။ လင်းယွန် တစ်ယောက် မျက်မှောင် ကြုတ်သွား မိသည်။

တန်ခိုးကြီးသော သူတော်စင် ရောင်ဝါများ ပေါက်ကွဲလျက် ပန်းသင်္ချိုင်းဓား ကန်ထွက် လာ လေသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

လျူချန် မျက်နှာမှာ အလွန် ထိတ်လန့် သွားပြီး ဖြူဖျော့ နေသော အသွင်ဖြင့်၊ ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်သည်။

“ ငါ မသေ ဖူးလား ... ၊ တကယ့်ကို အံ့သြစရာပဲ၊ သေတော့မယ် ထင်ထားတာ၊ ဟား ဟား ဟား ။ ”

နဖူးကို ပြန်စမ်းပြီး၊ လှောင်ပြုံးဖြင့် ပြောလိုက်သည်။ ဤသည်မှာ သူ ဘေးကင်း စေရန် အတွက်၊ သူတော်စင် လျူ၏ တံဆိပ် ဖြစ်၏။

အားကောင်းပြီး သူ ထိန်းချုပ် နိုင်သော အရာမျိုး မဟုတ်ချေ။ အသက် အန္တရာယ် ကြုံမှ သာလျှင်၊ ပေါ်လာ ပေလိမ့်မည်။

“ သူတော်စင် သခင်ရဲ့ တံဆိပ် ... ။ ”

“ ဒီအတွက် ... သူတော်စင် လျူ တစ်ယောက်၊ ဆယ်နှစ် အတွင်း အထွတ် အထိပ် အခြေ အနေမျိုး ရှိတော့မှာ မဟုတ်ဘူး။ ”

“ လေဓား သခင်ကို ဆုံးရှုံး လိုက်ရတဲ့ အတွက်၊ ဒီတံဆိပ်ကို မဖြစ် မနေ သူ သုံးရမှာ ပါပဲ၊ အခုတော့ လင်းရှောင် အတွက် ခက်ပြီ။ ”

လျူချန် နဖူး ပေါ်ရှိ၊ သူတော်စင် တံဆိပ်ထံ မြင်ပြီး၊ လူတိုင်း ဆွေးနွေး လာကြသည်။

“ ထန် ထန် ထန် ... ။ ”

လင်းယွန်က အဝေးမှ နေ၍၊ ပန်းသင်္ချိုင်း ဓားကို ထိန်းချုပ်ပြီး၊ ဓားချက် (၁၈)ချက် လွှတ် ထုတ်လိုက် သော်လည်း၊ ခြွင်းချက် မရှိ ကန်ထွက် ကုန်သည်။

ထိုကာလ အတွင်း လျူချန် အသား အရေမှာ သွေးရောင် ပြန်လွှမ်း လာပြီး၊

“ လင်းရှောင်၊ မင်းကိုယ်မင်း ဘယ်လို လွတ်မြောက် အောင် လုပ်ရ မလဲ စဉ်းစားတာ ပိုကောင်းမယ်၊ မင်း ငါ့ကို သတ်လို မရဘူး။ ”

-ဟု ပြောလိုက် တော့သည်။

ထိုသို့ ပြောလိုက်သော အခါတွင်၊ နောက်ထပ် ဓားတစ်ချက် သူ့နဖူး ပေါ်သို့ ထပ်မံ ကျရောက် လာသည်။

ဘုန်း သတ္တု ဝိညာဉ်၏ စွမ်းအားက ချွန်ထက်သော အပ်တစ်ချောင်း အလား သူ့ မျက်ခုံးထံ ထိုးဖောက်နေ သဖြင့်၊ နာကျင်စွာ အော်ငေါက် ပစ်လိုက်သည်။

“ နောက်ထပ် ဘုန်း သူတော်စင် လက်ရာလား။ ”

လူတိုင်း စိတ်လှုပ်ရှား လာသည်။

“ သူ့ကို တား ... ။ ”

လျူချန်က စိတ်တည်ငြိမ်မှု ပျောက်ဆုံး သွားကာ၊ ကျယ်လောင်စွာ အမိန့်ပေး လိုက် တော့၏။

“ ဟိတ် ... ။ ”

“ ရပ်စမ်း ... ။ ”

မရဏ အဆင့် ကျွမ်းကျင်သူ ခုနစ်ဦးက ချက်ချင်း ခုန်လွှား ဝင်ရောက် လာ၏။ သို့သော် ၎င်းတို့အား လျစ်လျူရှုပြီး၊ လျူချန် ကိုသာ မရေ မတွက် နိုင်သော တိုက်ခိုက်မှုများ ဆက်၍ လုပ်ဆောင် နေမိသည်။

ဒဏ်ရာ မရ ရှိသေး သော်လည်း၊ ရင်တ ထိတ်ထိတ်ဖြင့် နာကျင်မှုကို ခံစား လာရသည်။ သူတော်စင် တံဆိပ် သည်လည်း၊ တဖြည်းဖြည်း မှေးမှိန်လာ ခဲ့၏။

“ မင်းကို မသတ်နိုင် ဖူးလို့ ... ၊ ဘယ်သူ ပြောလဲ။ ”

လင်းယွန်က လက်ဟန်ဖြင့် ဓားအား ပြန်လည် ခေါ်ယူလျက်၊ ချက်ချင်း နောက်ပြန် လှည့်ကာ ခုတ်ချ လိုက်သည်။

“ ခရစ် ... ။ ”

ဘုန်း ဝိညာဉ်တော် များကို အသက် သွင်းထား သောကြောင့်၊ မီးခိုးရောင် ဝတ် အဘိုးအိုထံ ရိပ်ခနဲ ဝင်သွား တော့၏။

သွေးရူး သွေးတန်းဖြင့် ယိမ်းထိုး နေသော သူ့ခန္ဓာ ကိုယ်ကြီးအား ပြန်မြင် လိုက်ရ သဖြင့်၊ အဘိုးအိုမှာ အံ့သြ သွားသည်။

သူ ဦးခေါင်း ပြတ်သွားပြီး ဖြစ်၏။ ကျန်ရှိနေသော ကျွမ်းကျင်သူ ခြောက်ဦး ခမျာ၊ အလိုလို နောက်ဆုတ် လိုက်မိသည်။

ထိုစဉ် လင်းယွန်မှာ နှစ်ကိုယ် ခွဲလျက် ဓားအလင်း နှစ်ချက်ကို ထုတ်လွှတ် လိုက်သည်။ အာကာပြင် လေးပိုင်း ကွဲလွဲလျက်၊ (+) လက္ခဏာ အသွင်၊ သူတို့ထံ လွင့်လာ၏။

သွေးများ ပန်းထွက် လာပြီး၊ မရေ မတွက် နိုင်သော အစိတ် အပိုင်းများ အဖြစ် ပြောင်းလဲ ကုန်တော့သည်။

တစ်ယောက်မှ တစ်လက်မပင် အကောင်းတိုင်း၊ မကျန် တော့ချေ။ ဤအရာက ဆိပ်ခံ တံတားကို အသားစ များဖြင့်၊ ဖုံးလွှမ်း လာစေသည်။

“ ဒါ ... ။ ”

လင်းယွန် နောက်တွင် သွေးမိုးရွာ နေသည်ကို မြင်လိုက် ရချိန်၌ လျူချန်မှာ မျက်နှာ ဖြူဖျော့ လာသည်။

တစ်ဖက် လူသည် ဤမျှ ရက်စက် ကြမ်းကြုတ်သူ ဖြစ်နေ လိမ့်မည်ဟု လုံးဝ မထင်ထား မိချေ။

ကြည့်နေဆဲ မှာပင်၊ ဓား ရည်ရွယ်ချက် ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ ကောင်းကင် အမိုး ဓား၏ အပြည့် အ၀ ကျွမ်းကျင်မှု ထွက်ပေါ် လာ၏။

ကောင်းကင်ကြီး (၃၆) လွှာက မျက်စိ တစ်မှိတ် အတွင်း ပြိုကျ သွားသည်။ ထို့နောက် ပန်းသင်္ချိုင်း ဓားဖြင့်၊ လျူချန် နဖူးသို့ ချိန်ရွယ် လိုက်၏။

ပန်းသင်္ချိုင်း ဓား ထိုးညွှန် ထားရာ၊ လမ်းကြောင်းရှိ လေထုမှာ၊ တုန်ခါလျက် လှိုင်း အဖြစ်၊ ပျံ့ကား သွားတော့သည်။

***

All Chapters