← Chapters

မင်း ... ကြောက်နေလား။

Vol. 133 Ch. 1859

မင်း ... ကြောက်နေလား။

Vol. 133 Ch. 1859

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ။ ”

လျူချန်မှာ တည်ငြိမ်မှု ပျောက်ဆုံး သွား လေသည်။ လက်များကို အားပြုလျက် အလျင် အမြန် နောက်ဆုတ်ရန် ကြိုးစား၏။

နှလုံးသား၌ အကြောက် တရားများ ဝင်လာပြီ ဖြစ်သည်။

“ လင်းရှောင် ... ။ ”

ကူကျွင့်ကို တိုက်ခိုက် နေသော အမည်ခံ သူတော်စင်၏ မျက်လုံး၌ သွေးနီးရောင် ပြောင်း လဲ လာ၏။

အမည်ခံ သူတော်စင် ငါးပါးဖြင့် ရင်ဆိုင် နေရသော ကျွားချင်းယန် သည်ပင် အနည်းငယ် မှင်တတ် သွားခဲ့သည်။

“ ထွက် သွား ... ။ ”

သို့သော် ကျွားချင်းယန်မှ အသိစိတ် ပြန်ဝင်လာပြီး၊ လက်ဖဝါး၌ ရောင်စဉ် ခုနစ်သွယ် တောက်ပလျက် ရိုက်ချ လိုက်၏။

သူ့မျက်ဝန်း၌ ချက်ချင်း နေနှင့်လ ထွက်ပေါ် လာသည်။

“ ကောင်းကင် ကျမ်း- အပြန် အလှန် ချိတ်ဆက် နေသော စကြာဝဠာကြီး ... ။ ”

သည့်နောက် ဝိုင်ရံ ပိတ်ဆို့ ထားသည့် အမည်ခံ သူတော်စင် ငါးဦး ခမျာ လွင့်စဉ်သွား တော့၏။

“ ဝုန်း ... ။ ”

စကြာဝဠာ ကြီး၏ ဖရိုဖရဲ စွမ်းအင်များ ထွက်ပေါ် လာပြီး၊ အနားရှိ ပင်လယ် ရေမျက်နှာ ပြင် တစ်ခုလုံး ပေါက်ကွဲလျက်၊ ဆိပ်ခံ တံတား ပျက်စီး သွားလေသည်။

ယင်းက ကောင်းကင်ကြီး ပြိုကျသည် ထက်ပင် ကြောက်စရာ ကောင်းနေ၏။ အမည်ခံ သူတော်စင် ငါးဦးလုံး ဒဏ်ရာ ကုန်သည်။

ဤသည်မှာ သူတော်စင်များ အောက် အသန်မာဆုံး ဟူသော ကျွားချင်းယန် ခွန်အား ပေပင်။

“ နိဗ္ဗာန်ပွဲ ချန်ပီယံ ငါ့ကို မှတ်မိလား။ ”

ဒဏ်ရာရ ကုန်သော အမည်ခံ သူတော်စင် (၅)ပါးကို လျစ်လျူရှုလျက်၊ ကျွားချင်းယန်မှ လင်းယွန် လှည့်ကြည့် လိုက်သည်။

လင်းယွန်က လေထဲ လွင့်မျော နေသော ကျောက်တုံး တစ်တုံး ပေါ်တွင် ရပ်နား လိုက်၏။ အစောပိုင်း ပေါက်ကွဲမှု လှိုင်းကို မရှောင် နိုင်ခဲ့ သည့် အတွက်၊ ဒဏ်ရာ အနည်းငယ် ရထား လေသည်။

လျူချန် နောက်သို့ ချက်ချင်း မလိုက် နိုင်တော့ဘဲ၊ အန်းလျူယွင်အား လှည့်ပတ် ရှာဖွေ လိုက် မိသည်။

ကူကျွင့် နောက်၌ အန်းလျူယွင်နှင့် မိန်ဇီဟော် တို့မှာ၊ အန္တရာယ် ကင်းနေကြောင်း မြင်လိုက် မှသာ၊ စိတ် သက်သာရာ ရသွား၏။

ထို့နောက် ကျွားချင်းယန်အား အေးစက်စွာ ပြန်ကြည့် လိုက်မိသည်။ ဤလူကို မမှတ်မိ စရာ အကြောင်း မရှိချေ။

လွန်ခဲ့သည့် အနှစ် နှစ်ဆယ် လုံးလုံး ဓားဂိုဏ်း တပည့် မည်မျှ သူ့လက်၌ သေဆုံး ခဲ့ရ သည်ကို၊ ရေတွက် မရချေ။ သွေ့ရော် ကျွန်း ပြင်ပ၌ သူ့အား သတ်ရန် ကြိုးစား ခဲ့ဖူးသည်။

ယခု ရုပ်ဖျက်ထား သည့်တိုင်၊ အလွတ် မပေးဘဲ၊ လေဓား သခင်ဖြင့် ပူးပေါင်း ကြံစည် နေပြန်၏။

“ မသိဘူး ... ၊ သူတော်စင် နယ်ပယ် အောက်မှာ ပြိုင်ဘက်ကင်း ဆိုတာတော့ ... ငါ ကြားဖူးတယ်၊ ဒါပေမယ့် ...

... ကျန့်ကျင်းရှန်က မင်းကို သုံးကြိမ် တိုင်တိုင်၊ ပါးရိုက် ခဲ့တယ် မဟုတ်လား၊ ဒီဘွဲ့က အခု မင်းနဲ့ မထိုက်တန် တော့ပါဘူး။ ”

လင်းယွန်မှ သတိ ထားပြီး ပြန်ပြော၏။ ထိုစကားကြောင့် လူတိုင်း ထိတ်လန့် သွားကြ သည်။ ဤသည်မှာ ကျွားချင်းယန်၏ ဒဏ်ရာ ပေပင်။ တုတ်ဖြင့် မဆွ သင့်ဟု ထင်၏။

ကျွားချင်းယန် မှာမူ၊ နဝေ တိန်တောင် ဖြစ်သွားသည်။ လင်းယွန် အဖြစ် အတည် မပြု နိုင်ခဲ့ချေ။ သို့သော် ယင်းက အရေး မကြီးဟု မြင်သည်။

“ သေမင်းနဲ့ ရင်ဆိုင် နေရ တာတောင် ခေါင်းမာ နေပါလား၊ မင်းကို သတ်ဖို့ လက်ညှိုး တစ်ချောင်းပဲ လိုတယ်။ ”

ကျွားချင်က သတ်လိုသော ဆန္ဒများ ထုတ်ဖော် ပြသကာ လှုပ်ရှားရန် ပြင်လိုက်စဉ်၊ မျက်မှောင် ကြုတ်သွား တော့သည်။

ရုတ်တရက် အန္တရာယ် ပေးနိုင်သော ရောင်ဝါကို ခံစား လိုက်ရ သောကြောင့် ဖြစ်၏။ ချက်ချင်းပင် လှည့်ပြီး၊ လက်ဖဝါးဖြင့် ရိုက်ချ လိုက်ရသည်။

“ ထန် ထန် ... ။ ”

လက်ဖဝါးမှာ ပန်းသင်္ချိုင်း ဓားပေါ်၊ ထိမှန် သွားသည်။ မီးပွားများ ပွင့်လာပြီး၊ နောက်ပြန် ဆုတ် သွားတော့၏။

“ ထန် ထန် ... ။ ”

ယင်းသည် အလုံးဆုံ ဆုတ်ခွာ ခြင်းမျိုး မဟုတ်ဘဲ၊ အကြိမ် ပေါင်းများစွာ ခုတ်ပိုင်းရန် အားယူ လိုက်ခြင်းသာ ဖြစ်လေသည်။

ဤသို့ဖြင့် ပန်းသင်္ချိုင်း ဓားမှ၊ ဓား ရည်ရွယ်ချက်များ ကုန်ဆုံးရန်၊ လက်ဖဝါးဖြင့် အကြိမ်ကြိမ် ရိုက်ဖယ် နေခဲ့ ရသည်။

လူတိုင်း အတွက် မယုံနိုင် စရာ မြင်ကွင်း ဖြစ်၏။ လင်းရှောင်မှ ဤမျှ ပြတ်သားစွာ တိုက် လိမ့်မည်ဟု မထင်မိ သည်မှာ၊ အမှန် ပေပင်။

လင်းယွန်က သူ့လက်ကို ညင်သာစွာ မြှောက်လိုက်သော အခါတွင်၊ ပြန့်ကျဲ နေသည့် ဓား ရည်ရွယ်ချက်များ၊ ပြန်လည် စုရုံး ရောက်ရှိ လာသည်။

“ ဒါ ... ကောင်းကင် အမိုး ဓားရဲ့ အဆင့်မြင့် ကျွမ်းကျင်မှုပဲ။ ”

ကောင်းကင် တာအို ဂိုဏ်း၏ အမည်ခံ သူတော်စင်က လင်းယွန် ဓားကို ကြည့်ကာ၊ ထုတ်ပြော လိုက်သည်။

ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များက လင်းယွန် ရင်ဘတ် ဆီသို့ စီဆင်း ဝင်လျက်၊ သူ့ ခန္ဓာ ကိုယ်ကို အားဖြည့် ပေးနေသည်။

ဤသည်မှာ ကောင်းကင် အမိုးဓား၏ လုပ်ဆောင်ချက် ဖြစ်၏။ ဝိညာဉ် စွမ်းအင်ကို ဓား ရည်ရွယ်ချက် အဖြစ်၊ ပြောင်းလဲ ပေးပေမည်။

လက်ညှိုးကို လက်မနှင့် ထိန်းချုပ် လိုက်သော အခါ၊ ဓား ရည်ရွယ်ချက်များ ချက်ချင်း စုစည်း လာသည်။

“ ဝှစ် ... ။ ”

တောက်ထုတ် လိုက်ချိန်၌ အဆိုပါ ဓား ရည်ရွယ်ချက် များက ပန်းသင်္ချိုင်း ဓားအတွင်း ပေါင်းစပ်ကာ၊ ပျံထွက် သွားလေသည်။

“ ရွှေရောင် ကောင်းကင်ကြီး ... ။ ”

ကျွားချင်ယန် နောက်၌ ရွှေရောင် စက်လုံး တစ်လုံး ပေါ်လာပြီး၊ ဝင်လာသော ပန်းသင်္ချိုင်း အား ဟန်တား တော့၏။

“ ဝုန်း ... ။ ”

နောက်ထပ် ပေါက်ကွဲမှု တစ်ကြိမ် ထပ်မံ ဖြစ်ပွားကာ၊ ပန်းသင်္ချိုင်း ဓားက အဝေး လွင့်စဉ် သွားသည်။

ဤတစ်ကြိမ် ကျွားချင်းယန် သည်လည်း မသက်သာ လှချေ။ လက်ဖဝါး၌ သွေးများ စီးကျ နေပြီး၊ နောက်ပြန် ဆုတ်သွားသည်။

လင်းယွန်မှာ ပန်းသင်္ချိုင်းကို ကိုင်လျက် ရေမျက်နှာ ပြင်ပေါ် ခြေဖျား ပုတ်ပြီး၊ ထွက်ပြေး သွားတော့သည်။

“ ပြေးစမ်း ... မင်း လွတ်နိုင် မလား ငါကြည့်မယ်။ ”

ထိုမြင်ကွင်းကြောင့် ကျွားချင်းယန် တစ်ယောက် ဒေါသဖြင့် အော်ဟစ် လိုက် တော့သည်။

အမည်ခံ သူတော်စင် ဖြစ်ချိန်မှ စကာ၊ ဒဏ်ရာ မရ ဖူးချေ။ ရမည့် ရချိန်၌ ဂျူနီယာ တစ်ဦး လက်၌ ဖြစ်သောကြောင့် ရှက်စရာ ကောင်း၏။

“ ဝှစ် ... ။ ”

ချက်ချင်း လင်းယွန်နောက် ပြေးလိုက် သွားမိသည်။ ခွန်အား အရ၊ လင်းယွန်နှင့် သူ့ ကြား အကွာ အဝေးကို ပိတ်မိ၏။

သို့သော် လင်းယွန်က ပြေးနေရာမှ ရုတ်တရက် ရပ်ကာ၊ လှည့်ကြည့် လာသည်။ သူ့ လက်ထဲ လူ တစ်ယောက်ကို ကိုင်ထား၏။

ထိုလူမှာ လျူချန် ဖြစ်သည်။ ဓား ရည်ရွယ်ချက်သည် သူတော်စင် တံဆိပ်ကို ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ချေ။

ယင်းကြောင့် အသက် မသေဘဲ၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ထားခြင်း ဖြစ်သည်။ လူတိုင်း မျက်လုံး ပြူး ကုန်၏။

လင်းယွန်မှ ထွက်ပြေးရန် ရွေးချယ်ခြင်း မဟုတ်ချေ။ ၎င်းသည် လျူချန်အား ဖမ်းဆီးရန် ပြေးလွှား ခဲ့ခြင်းသာ ဖြစ်၏။

“ ကျွားချင်းယန် ... သူ့ခေါင်း ပြတ်တာ မမြင်ချင်ရင် ထိန်းထိန်း သိမ်းသိမ်း ပြုမူပါ။ ”

လင်းယွန်မှ ခံစားချက်မဲ့စွာ ခြိမ်းခြောက် လိုက်လေသည်။

“ အစ်ကို ကျွား ... ၊ ငါ့ကို ကယ်ပါ။ ”

လျူချန်မှ လေသံ ယဲ့ယဲ့ မျှသာ ထွက်နိုင် တော့သည်။ ကျွားချင်းယန်မှာ ခဏ ရပ်လိုက်ပြီး အနည်းငယ် တွေဝေ သွား၏။

“ လင်းရှောင် ... ၊ မင်းက ငါနဲ့ ကစားချင် တာလား၊ မိုက် လိုက် တာ ... ။ ”

သူက လှည့်၍ အန်းလျူယွင် ဆီသို့ ဦးတည်သွား ခဲ့သည်။ သို့သော် ရည်ရွယ်ချက် မပြည့်ချေ။ လင်းယွန်က သူ့ထက် မြန်၏။

“ ရွှပ် ... ။ ”

လျူချန် လည်ပင်းပေါ် ပွတ်ဆွဲ ပစ်လိုက်သည်။ ထို့ကြောင့် သဘာဝ အတိုင်း ကျွားချင်းယန်မှ လှည့်ပြန် ကြည့်မိ၏။

“ လင်းရှောင် ... မင်း လူယုတ်မာ။ ”

ကျွားချင်းယန်မှာ အော်ငေါက်လျက်၊ ဆင်ခြင်တုံ တရား ဆုံးရှုံး သွားသည်။

“ ဒီနေ့ မင်းကို ငါ သတ်ပစ် မယ်လို့ ... ကတိ ပေးတယ်။ ”

လင်းယွန်မှ စကားဖြင့် တုန့်ပြန်ခြင်း မပြု တော့ဘဲ၊ လျူချန် ဦးခေါင်းဖြင့်၊ ပစ်ပေါက် လိုက် လေသည်။

“ ခွပ် ... ။ ”

ဒေါသ ထွက်နေ သဖြင့်၊ ကျွားချင်းယန်မှ လက်သီးဖြင့် ထိုးခွဲ ပစ်လိုက်၏။

ဦးခေါင်းမဲ့ နေသော လျူချန် ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်နေစဉ်၊ ဦးခေါင်း သည်လည်း အပိုင်း အစများ ဖြစ်ကုန်၏။

အမည်ခံ သူတော်စင် ရောင်ဝါအား ကောင်းကင် အပြည့် ဖြန့်ကျက် လိုက်ကာ၊ လင်းယွန် အပေါ် သိုင်းခြုံ ပစ်သည်။

သူလှမ်း လိုက်သော ခြေလှမ်း တိုင်းက၊ ပင်လယ်ရေ မျက်နှာ ပြင်တွင်၊ ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ် လာစေသည်။

သို့တိုင် လင်းယွန်မှာ ငြိမ်သက်စွာ ကြည့်နေဆဲ ဖြစ်၏။ ကျွားချင်းယန်၏ အမည်ခံ သူတော်စင် ရောင်ဝါသည်၊ သူ့ အပေါ် သက်ရောက်မှု မရှိ သလို ပေပင်။

( ဘယ်လို ဓားမျိုး လိုချင်လဲ။ )

ရုတ်တရက် မိုးကြိုး လိပ်နက် ဧကရာဇ် အသံက၊ သူ့နား၌ ပြန်လည် ကြားယောင် လာ ၏။ စိတ်ဝိညာဉ်ကို တိုက်ရိုက် မေးနေခြင်း ဖြစ်သည်။

( အမည်ခံ သူတော်စင် တစ်ပါးက ... ၊ မင်းကို သတ်ချင်တယ် ဆိုရင် ... မင်း ဘာလုပ် မလဲ။ )

( ဓားနဲ့ ... ပြန်ခုတ်မယ်။ )

( မင်း ခုတ်လိုက်လို့ ... ၊ နောက်ကို ပြန်လှည့် မရ တော့ရင် ... ဘယ်လို လုပ်မလဲ။ )

( မလှည့်ဘူး ... ဓားရှိတယ်။ )

( မင်း ... ကြောက်နေလား။ )

( ဘာလို့ ကြောက်ရ မှာလဲ ... ။ )

( ဒါဆို နောင်တ ရမှာလား။ )

( နောင်တလား ... ။ )

“ ရွှပ် ... ။ ”

စိတ်မေး စိတ်ဖြေ ပြုလုပ် ပြီးနောက်၊ ကျွားချင်းယန်ထံ မျက်နှာ မူကာ၊ ဓားဖြင့် ပိုင်းချ ပစ်လိုက်သည်။

( ငါ့မှာ နောင်တ မရှိဘူး။ )

ကမ္ဘာကြီး တစ်ခုလုံး မှောင်မိုက် သွားပြီး၊ ဓားသည်သာ တစ်ခု တည်းသော အလင်း၏ ရင်းမြစ် ဖြစ်လာသည်။

ထိုဓား အလင်းသည် ကျွားချင်းယန်၏ နှလုံးသားကို ဖြတ်သွား တော့၏။ ယင်းသည် ရင်သပ် ရှုမောဖွယ် ကောင်းလှ လေသည်။

( ဒါကြောင့် ပိုးစုန်းကြူး တွေရဲ့ ... အလင်းက၊ နေနဲ့ လကို ယှဉ်နိုင်လား ဆိုတဲ့ မေးခွန်းကို ဆရာကြီး မဖြေခဲ့ တာကိုး။ )

“ ဝေါ့ ... ။ ”

လင်းယွန်က ဖြူဖျော့ နေသော မျက်နှာဖြင့် ပြုံးလျက်၊ ပါးစပ် အပြည့် သွေးများ ထွေးထုတ် ပစ်လိုက်သည်။

သူ့ဓားသည် ကျွားချင်းယန် နှလုံးထံ ဖြတ်ဝင်သွား သကဲ့သို့၊ ၎င်း၏ လက်ဖဝါး မှာ လည်း၊ သူ့ရင်ဘတ်ပေါ် ကျရောက် ခဲ့သည်။

အနန္တ အကြေးခွံ ချပ်ဝတ် ဖြင့်ပင်၊ ကြောက်မက်ဖွယ် ကောင်းသော လက်ဖဝါး ရာကြီး ထင်ကျန် စေ၏။

သူ့အောက် ရေပြင်၌ အနီရောင်များ ချက်ချင်း ပျံ့ကျဲသွား လေသည်။ ထိုအချိန်တွင် ကျွားချင်းယန်က သူ့ရင်ဘတ် ထဲရှိ ဓားကို အံ့အားသင့်စွာ ငုံ့ကြည့် နေ၏။

လင်းယွန်ကို လွင့်စဉ်အောင် လုပ်ပြီး နောက်တွင်ပင်၊ ဓားမှာ မယုံနိုင်ဖွယ် စွမ်းအား များ ထွက်လာ နိုင်ဆဲ ဖြစ်သည်။

ယင်းက နှလုံးအား ဖောက်ပြီး၊ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း တိုင်းကို ဖျက်ဆီး နေသည်။ ထို့ကြောင့် ပင်လယ် ရေမျက်နှာပြင်ပေါ် ပြုတ်ကျ သွားတော့၏။

***

All Chapters