← Chapters

မိုးပြာ နဂါး ဘယ်မှာလဲ။

Vol. 133 Ch. 1861

မိုးပြာ နဂါး ဘယ်မှာလဲ။

Vol. 133 Ch. 1861

“ ဒီဆိတ်အို ကြီးကို ... ၊ ငါ တားထားမယ်၊ မင်း သွားပြီးတော့ ... အဲဒီ ကောင်ရဲ့ အသက်ကို ယူလိုက်။ ”

မင်ဂိုဏ်း၏ အမည်ခံ သူတော်စင်က လျူမိသားစု အမည်ခံ သူတော်စင်အား ပြော လိုက်သည်။

ပြီးသည်နှင့် ၎င်း၏ နက္ခတ်ကို ချက်ချင်း ထုတ်ကာ ကူကျွင့်ထံ ပြေးဝင် သွား၏။ နက္ခတ် မှာ တောက်လောင် နေသော နေမင်းကြီးနှင့် လတစ်စင်း ဖြစ်သည်။

နေနှင့် လက၊ ‘မင်’ ဟူသော စကားလုံး အဖြစ် ပေါင်းစည်း သွားစေသော စွမ်းအားများ ထုတ်ကာ၊ ကူကျွင့်ထံ ပျံသန်း သွားစေ၏။

ကူကျွင့်က ရုန်းထွက် လို သော်လည်း၊ မအောင်မြင်ချေ။ မည်မျှ ကြိုးစား စေကာမူ၊ ထို မင်၏ ချုပ်နှောင်ခြင်း ခံထား ရတော့သည်။

“ ထွက်သွား ... ။ ”

လျူမိသားစု အမည်ခံ သူတော်စင်က၊ လင်းယွန်နှင့် အန်းလျူယွင် ထံသို့၊ သူ့လက်ဖဝါး ကို တွန်းထုတ် လိုက်သည်။

ထိုလက်ဖဝါးသည် သူတို့ နှစ်ဦး လုံးကို သတ်ရန် လုံလောက် သဖြင့်၊ လူတိုင်းက စိတ် လှုပ်ရှား လာ၏။

“ ဒင် ... ။ ”

ထိုအချိန်တွင် ဗျက်စောင်းသံ ထွက်ပေါ် လာသည်။ မိန်ဇီဟော်၏ လက်ချောင်း များမှာ၊ မုန်တိုင်း အလား၊ ပြေးလွှား နေ၏။

ကြက်သွေးရောင် ဂီတ သံစဉ် (၇)လုံး ထွက်ပေါ် လာခြင်း ပေပင်။ မှတ်စု တစ်ခုက အမည်ခံ သူတော်စင်၏ လက်ဖဝါးထံ ဦးစွာ ပြေးဝင် သွား၏။

“ ဝုန်း ... ။ ”

ယင်းကြောင့် လက်ဖဝါးမှာ၊ တုန့်ဆိုင်း သွားစဉ်၊ နောက်ထပ် မှတ်စု တစ်ခုက လုံးဝ ကွဲကြေအောင် ဖျက်ဆီး ပစ်လိုက်၏။

“ ဝုန်း ... ။ ”

လျူမိသားစု အမည်ခံ သူတော်စင်မှ၊ ချက်ချင်း ဆုတ်ခွာ လိုက်သော်လည်း၊ တတိယ မှတ်စုက ကျရောက် ထိမှန် လေသည်။

ခန္ဓာကိုယ် ပေါ်တွင် ဆိုးရွားသော အငွေ့ အသက်များ ကျန်ရစ် စေသော ဒဏ်ရာများ ရရှိ လာတော့၏။

“ အမည်ခံ ကျွမ်းကျင် ပညာရှင်။ ”

လျူမိသားစု အမည်ခံ သူတော်စင်မှာ ထိတ်လန့် စွာဖြင့်၊ မိန်ဇီဟော်အား ကြည့်လိုက် မိသည်။

“ အမည်ခံ သူတော်စင် ... ။ ”

မြင့်မြတ်မြေ၏ ပါရမီရှင် များက ထိုမြင်ကွင်းကြောင့် အံ့အားသင့် ကုန်ကြ၏။ ဂီတ တာအို၏ အမည်ခံ ကျွမ်းကျင် ပညာရှင် များသည် အမည်ခံ သူတော်စင် နယ်ပယ်ဖြင့် ယှဉ်နိုင်သည်။

“ လင်းရှောင် ... မင်း ဒဏ်ရာ တွေကိုပဲ ကုသဖို့ အာရုံစိုက်ပါ။ ”

“ ဒင် ... ။ ”

မိန်ဇီဟော်က ပြုံးပြီး၊ မာနကြီးစွာ ဆိုလိုက်သည်။ ဗျပ်ဆောင်းကို နောက်တစ်ကြိမ် ခတ်လိုက် ချိန်၌၊ ဂီတ မှတ်စုများ လွင့်ထွက် သွားပြီး၊ နဖူး ပေါ်ရှိ မီးငှက် တံဆိပ် ပွင့် လာသည်။

“ ဝုန်း ... ။ ”

ပင်လယ် ရေမျက်နှာပြင်မှ ပေ ရာဂဏန်း အထိ၊ မြင့်မားသော လှိုင်းလုံးပေါင်း များစွာ လျှံ တက် လာတော့၏။

ထိုဖိအား တစ်ခုတည်း ကပင်၊ လျူ မိသားစု၏ အမည်ခံ သူတော်စင်ကို ဆုတ်ခွာ သွားစေသည်။

“ ကောင်းကင် လောင်မြိုက်ခြင်း မီးလျှံ။ ”

မျက်ဝန်းများ ကြက်သွေးရောင် ပြောင်းလဲ လာ၏။ ညာလက်ကို ခတ်ထုတ် လိုက်သည်နှင့်၊ မီးငှက် တစ်ကောင် ပြေးထွက် သွားသည်။

လျူမိသားစု အမည်ခံ သူတော်စင်သည်၊ ဆယ်မိုင် အကွာသို့ ဆုတ်ခွာပြီး၊ မိန်ဇီဟော်အား ပြန်ကြည့် သည်။

“ ဝှစ် ... ။ ”

မိန်ဇီဟော်က ပြုံးလျက် ကောင်းကင်ပေါ် ခုန်တက်ကာ၊ ပလွေအား ပြောင်းလဲ ထုတ်ယူ ပြီး၊ မီးငှက်ပေါ် ဆင်းသက် လိုက်၏။

“ လူမိုက်ကောင် ... မင်း စောစော တည်းက ဘာလို့ မကူညီ ရတာလဲ။ ”

ကူကျွင့်မှ ကျိန်ဆဲ လိုက်သော်လည်း၊ စိတ်သက်သာရ ရကာ၊ သက်ပြင်း မှုတ်ထုတ် လိုက်မိသည်။

မိန်ဇီဟော်က ပြုံးပြီး ပြန်မဖြေချေ။ လျူ မိသားစု အမည်ခံ သူတော်စင်အား ရောင်ဝါဖြင့် ဆက်လက် ဖိနှိပ် နေခဲ့သည်။

ထို့ကြောင့် အန်းလျူယွင်မှာ သက်တောင့် သက်သာ ဖြစ်လာပြီး၊ စိတ်ချ လက်ချ ကုသရေး အပေါ် အာရုံစိုက် နိုင်လာ၏။

များမကြာခင် လင်းယွန် ခန္ဓာကိုယ် အတွင်းမှ၊ နဂါး အကြေးခွံ (၁၀)ခု တိုးထွက် လာ ခဲ့သည်။ နဂါးပြာ အရိုး မှလည်း၊ ပြင်းစွာသော ငေါက်သံ ပြုလာ၏။

မျက်လုံးများ ပြန်ဖွင့် ချိန်၌ အညိုရောင် သွေးခဲများ ဒဏ်ရာမှ စိမ့်ထွက် လာပြီး၊ နှလုံး ခုန်နှုန်း၊ ပုံမှန် ပြန်ဖြစ် သွားသည်။

ကျိုးနေသော နံရိုးများ အားလုံး ချက်ချင်း ပြန်လည် ကောင်းမွန် လာတော့၏။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

မြင်လိုက် ရသော မြင်ကွင်းက လူတိုင်းကို အံ့သြသွား စေသည်။ တစ်မိနစ် အတွင်း ဒဏ်ရာ များမှ၊ ပြန်ကောင်းမွန် လာခြင်း ဖြစ်၏။

“ လျူယွင် ... အခု ငါ အဆင်ပြေပြီ။ ”

စကားဆုံး သည်နှင့် ကောင်းကင်ပေါ် ခုန်တက်ကာ၊ မင်ဂိုဏ်း၏ အမည်ခံ သူတော်စင် ထံ ပျံသန်း သွားတော့သည်။ ဘေးတွင် ချထား ခဲ့သော ပန်းသင်္ချိုင်း ဓားကလည်း သူ့နှင့် အတူ လိုက်ပါ ပျံသန်း နေ၏။

လင်းယွန်က ပန်းသင်္ချိုင်းကို လှည့်ကြည့် လိုက်ပြီး၊ ‘ပန်းသင်္ချိုင်း၊ မင်း ပြိုင်ချင်လား။’ -ဟု မေးသည်။

ဓားက ခေါင်းညိတ်ပြ သလိုမျိုး တုန်ယင်ပြ လာ၏။

“ ကောင်းပြီ ... ဒါဆို ဘယ်သူ အရင် ရောက်မလဲ ပြိုင်ရအောင်။ ”

လင်းယွန်က ပြုံးပြီး သူ့အရှိန်အား တွန်းထုတ် လိုက်သည်။ ပြန်လှည့် ကြည့်လိုက် ချိန်၌၊ ဓားမှာ သူ့နောက် ကပ်ပါ နေဆဲ ဖြစ်၏။

ခေါင်း ပြန်လှည့်ကာ၊ မင်ဂိုဏ်း၏ အမည်ခံ သူတော်စင်ထံ ကြည့်လျက်၊

“ မင်းက ငါ့ဘဝကို လိုချင် နေတဲ့၊ အရှုံး သမား တစ်ယောက်ပဲ၊ ဒါဆို မင်း ဘယ်လောက် အရည်အချင်း ရှိလဲ ကြည့်ရအောင်။ ”

အရှုံး သမား ဟူသည် လိပ်နက် ပင်လယ်ကွေ့တွင် ကူကျွင့်ကြောင့် ဒဏ်ရာ ရရှိခဲ့ ခြင်းကို ဆိုလို လိုက်ခြင်း ဖြစ်၏။

ဒဏ်ရာကို ဆားပွတ် ခံလိုက် ရ သဖြင့်၊ မင်ဂိုဏ်းမှ အမည်ခံ သူတော်စင်က၊ ‘လင်းရှောင် မင်း ဘယ်လောက် သတ္တိ ရှိလဲ။’ -ဟု မေးမြန်း လာတော့သည်။

“ ဟား ဟား ဟား ... သိချင်လား ... ၊ ဒါဆို ငါလာပြီ။ ”

လင်းယွန်မှ ရယ်သည်။ ဤသည်မှာ ရူးသွပ်လွန်း ချေ၏။ ၎င်းမတိုင်မီ ကျွားချင်းယန် ကြောင့်၊ သူ့တွင် ဒဏ်ရာ အပြင်း အထန် ရရှိ ထားသည်။

ယခု နောက်ထပ် အမည်ခံ သူတော်စင် တစ်ပါးနှင့် ထပ်မံ ရင်ဆိုင်ရန် ကြံရွယ် နေပြန် ၏။ အနန္တ အကြေးခွံ ချပ်ဝတ် ပျက်စီး သွားပြီ ဖြစ်ရာ၊ ဤလုပ်ရပ်မှ မိုက်မဲလွန်း ချေပြီ။

လင်းယွန် ယုံကြည်မှု၊ မည်သည့် အရပ်မှ လာမှန်း သိချင်ကုန်၏။ ရှယွမ်ကွီက နှုတ်ခမ်းကို လျှာဖြင့် သပ်လျက်မှ၊

“ ဒီကောင် ရူးနေပြီ။ ”

-ဟု ဝေဖန် လိုက်သည်။

“ ဒီကောင်က အရူးပဲ ... ။ ”

ကျိလင်ဖုန်း မှလည်း ထိတ်လန့် သွား၏။ မျိုးဆက်တူ အတွင်း၌၊ ဤမျှ ရဲရင့်သော လူငယ် မျိုး မမြင် ဖူးချေ။

သူ ဟူသည် နတ်ဖီးနစ် တောင်၏ ပါရမီရှင် တစ်ပါး ဖြစ်သဖြင့်၊ မာနကြီး လွန်း၏။ သို့သော် ပြိုင်ဘက်မှာ မြင့်မားသော ကျင့်ကြံမှု ရှိနေ ပါက၊ တွေဝေ မိပေမည်။

“ ဖယ် စမ်း ... ။ ”

မင်ဂိုဏ်းမှ အမည်ခံ သူတော်စင်က ကူကျွင့်အား တွန်းဖယ်ပြီး၊ အနားသို့ ချဉ်းကပ် လာသော လင်းယွန်ထံ မော့ကြည့်ကာ ပြုံး၏။

သူ့ အကြည့် များမှာ၊ အကြေးခွံ လစ်ဟာ နေသော လင်းယွန်၏ ရင်ဘတ် ပေါ်တွင် စွဲမြဲနေ ခဲ့သည်။

သို့သော် လင်းယွန်မှ ရုတ်တရက် ရပ်လိုက်ပြီး၊ ညာလက်ကို ဖွင့်ကာ ဆန့်ထုတ် ပစ်လိုက်၏။

ခန္ဓာကိုယ် အတွင်း၊ အမြစ်တွယ် နေသည့်၊ မိုးကြိုး လိပ်နက် ဧကရာဇ်၏ လျှပ်စီး မီးလျှံ ကိုး ပါးက၊ လက်ဖဝါး ပေါ်၌၊ စုရုံးသွား လေသည်။

ထို့နောက်တွင် သံကြိုး ကိုးချောင်း အဖြစ်၊ ပြောင်းလဲ သွားကာ၊ လျှပ်စီးများ လက်လာပြီး၊ ကောင်းကင် တခွင်၊ မှောင်ကျ သွား၏။

ဤအခိုက် အတန့်တွင် လင်းယွန်သည် မိုးကြိုး နတ်ဘုရား ပေပင်။

“ မိုးကြိုး အားလုံး၊ ငါ့အမိန့်ကို နာခံပါ။ ”

“ ဂျိန်း ... ။ ”

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

သံကြိုး (၉)ချောင်း၌ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လျက်၊ မင်ဂိုဏ်း၏ အမည်ခံ သူတော်စင်ထံ ပျံသန်း ထိမှန် သွားလေသည်။

“ ဝေါ့ ... ။ ”

အမည်ခံ သူတော်စင်မှာ၊ သွေးအန်လျက် မီတာ ရာဂဏန်း အကွာသို့ လွင့်စဉ် သွားတော့ ၏။

“ မင်း ... ။ ”

ဟန်ချက် မထိန်း နိုင်ခံ၊ လျှပ်စီး မြွေ (၉) ကောင်က ထပ်မံ ရောက်ရှိ လာသဖြင့်၊ အပြေး အလွှား ရှောင်တိမ်း လိုက်ရ ပြန်သည်။

များမကြာခင် ဒဏ်ရာများ ပြည့်နှက် လာတော့သည်။ ထိုအချိန်က သူ ခံစား ရသော ကောင်းကင် ဒုက္ခမျိုးကို၊ လင်းယွန်မှ တစ်ဖက် လူအပေါ် ပြန်လည် သက်ရောက် စေခြင်း ဖြစ်၏။

“ ဟား ဟား ဟား ... ၊ လာဦးမယ်။ ”

လင်းယွန်က လက်သီးကို ဆုပ်လိုက်ပြီး လျှပ်စီး မြွေ(၉)ကောင်အား ပြန်လည် သိမ်းယူ လိုက်သည်။

ပြီးနောက် ပန်းသင်္ချိုင်းထံ လက် နှစ်ချောင်းဖြင့် ညွှန်ပြပြီး၊ အမည်ခံ သူတော်စင် ထံ ဦးတည် လိုက်၏။

“ ရွှပ် ... ။ ”

“ ထန် ... ။ ”

ပန်းသင်္ချိုင်းက မြှားတစ်စင်း အလား၊ ပြေးဝင် သွားသည်။ သို့သော် မင်ဂိုဏ်း၏ အမည်ခံ သူတော်စင်က ရိုက်ဖယ် ပစ်၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ထို့နောက် ဆယ်မိုင် အကွာထိ ဆုတ်ခွာ သွားပြီး၊ ခန္ဓာကိုယ် အတွင်းမှ၊ လျှပ်စီး စွမ်းအင် များကို၊ နှိမ်နင်းရန် ကြိုးစား တော့သည်။

“ ဝှစ် ... ။ ”

တစ်ဖက်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားပေါ် ခုန်တက်ကာ ရပ်လျက်၊

“ လေ ... ၊ ငါ့ အမိန့် အတိုင်း လာပါ။ ”

-ဟု အမိန့်ပေး လိုက်သည်။ လေပြင်းများ တိုက်ခတ် လာ၏။

“ မိုး ကြိုး ... ။ ”

တိမ်များ ချက်ချင်း အလိမ့်လိမ့် တက်လာကာ၊ လျှပ်စီးများ ခတ်လျက် မိုးခြိမ်း သံများ မြည်ဟည်း လာခဲ့သည်။

မိုးပြာ နဂါး ရည်ရွယ်ချက်သည် ဆဌမ အဆင့်သို့ ရောက်ပြီ ဖြစ်သဖြင့်၊ လေနှင့် လျှပ်စီး အား၊ အမိန့်ပေး နိုင်၏။

ဤအခင်း အကျင်း အရ၊ အန္တရာယ် အငွေ့ အသက်ကို၊ မင်ဂိုဏ်း၏ အမည်ခံ သူတော်စင်မှ၊ ခံစား လာရသည်။

ထို့ကြောင့် နောက်ဆုတ် လို၏။ အဆိုပါ အတွေးပင်၊ နောက်ကျ နေသေးသည်။ သူ့ခန္ဓာ ကိုယ်မှာ အဝေးသို့ ရောက်ရှိ သွားပြီ ဖြစ်၏။

“ ဝှစ် ... ။ ”

“ ဘယ်လိုတောင် ... ၊ စိတ် ပျက်စရာ ကောင်း လိုက်လဲ ... ၊ ငါ့ ဘာမှတောင် မလုပ် ရသေး ဖူးလေ။ ”

မှုန်နေအောင် ထွက်ပြေး သွားသော၊ အရိပ်ကို ကြည့်ကာ၊ လင်းယွန်မှ လှောင်ပြောင် ညည်းတွား လိုက် လေသည်။

“ အဲဒီ လူတွေက ... ၊ တကယ့် ချန်ပီယံ တွေပဲ၊ ကျင့်ကြံ ဖို့ထက် ပြေးဖို့ပဲ၊ သူတို့ ဂိုဏ်းက သင်ပေး ထားတာလား။ ”

ကျိလင်ဖုန်းမှ နှာခေါင်းရှုံ့ လိုက်သည်။ ယွီဝမ်ရှု တစ်ယောက် တစ်ချိန်က ထွက်ပြေးရန် ကြိုးစား ခဲ့သည့် ပုံရိပ် များကို၊ သတိ ပြန်ရ သွားခြင်း ဖြစ်၏။

“ မိုးပြာ နဂါး ... မင်း ဘယ်မှာလဲ။ ”

“ ဂျိန်း ... ။ ”

လင်းယွန် ခေါ်သံကြောင့်၊ မိုးကြို တိမ်တိုက်များ ထဲမှ၊ နဂါးကြီး တစ်ကောင် ပျံဝဲ လျက်၊ သူ ရှိနေကြောင်း ပြသ လာသည်။

မိန်ဇီဟော်နှင့် တိုက်ခိုက် နေသော လျူမိသားစု အမည်ခံ သူတော်စင်မှာ ခေါင်းမော့ ကြည့်လိုက် မိ၏။

“ ပြီးပြည့် စုံသော ကောင်းကင် အမိုးဓား။ ”

လင်းယွန်က လက်ညှိုးကို တောက်ထုတ် လိုက်သော အခါ၊ ထိုနဂါးကြီးက ဓားတစ်လက် အသွင်၊ ကောင်းကင်မှ ဆင်းသက် လာတော့ သည်။

***

All Chapters