သီချင်းနှင့် အက။
Vol. 134 Ch. 1863
မိန်ဇီဟော်နှင့် အန်းလျူယွင်အား ကျွားချင်းယန်မှ လက်လှိုင်းဖြင့် ဖယ်ထုတ် လိုက်ရာ၊ လင်းယွန် တစ်ဦးတည်း ရပ်လျက် ကျန်ရစ် ခဲ့သည်။
ပန်းသင်္ချိုင်း ဓားမှာ၊ လေထဲ ပျံဝဲလျက် အတူရှိ နေ၏။ ၎င်းမှ ဓား ရောင်ဝါများ ထုတ် လွှတ်ကာ၊ ကျွားချင်းယန်၏ အရှိန်အဝါကို တွန်းထုတ် နေသည်။
ထိုမြင်ကွင်းက ကျွားချင်းယန်အား၊ အနည်းငယ် တုန့်ဆိုင်း သွားစေ၏။ သူက လင်းယွန်ထံ ကြည့်ပြီး၊
“ မင်းက ... အဲဒီ လူနဲ့ ... ၊ တကယ့်ကို တူတာပဲ၊ တစ်နှစ် အတွင်း အရမ်း ကြီးပြင်း လာ တယ်၊ ကျန့်ကျင်းရှန် နီးနီးပဲ။ ”
-ဟု ဆိုလိုက်သည်။
“ ငါသာ သူဆိုရင် ... ၊ မင်း ငါ့ကို တိုက်ခိုက်ဝံ့ သလား။ ”
လင်းယွန်က ပြုံးပြီး မေးလိုက်၏။
“ မင်း ... ငါ့ကို ခြိမ်းခြောက် နေတာလား။ ”
လင်းယွန်သည် ကောင်းကင် ချပ်ဝတ်ဖြင့်၊ မဟာ သူတော်စင် တစ်ပါး ကိုပင် သတ်ပစ် ခဲ့ ဖူး၏။
ဤလင်းရှောင် သည်သာ၊ ထိုလင်းယွန် ဆိုသော်၊ မည်မျှ အန္တရာယ်များ မည်ကို၊ တွေးမိ စေသည်။ ငရဲ နတ်ဘုရား မိသားစု ဘိုးဘေးအား သတ်စဉ်က ကျွားချင်းယန် ကိုယ်တိုင် ရှိခဲ့၏။
“ ဒါဆို ... မင်း ဘာလို့ လာ မစမ်းကြည့် တာလဲ။ ”
လင်းယွန်မှ မျက်ခုံးပင့်ကာ ဖိတ်ခေါ် လိုက်သည်။ ယနေ့တွင် သူ မည်သူ မည်ဝါ ဖြစ်ကြောင်း ထုတ်ဖော် ရမည် ဆိုလျှင်ပင်၊ ကျွားချင်းယန်အား သတ်ရ ပေမည်။
မိုးပြာ နဂါး နေလ ထီးသည် ယခင် ကဲ့သို့ အသုံးပြု ရာတွင်၊ တန်ဖိုးတစ်ခု ပေးချေ နေစရာ မလို တော့ချေ။
နဂါး ဝိညာဉ်အား ထီးတွင် သန့်စင်ထား သဖြင့်၊ အသုံး ပြုရ လွယ်ကူ အားကောင်း လာ လေသည်။
“ဟဲဟဲ ... ။ ”
ကျွားချင်းယန်မှ ရယ်၏။
“ ငါ့ကို လှည့်စားလို့ ရမယ် ထင်နေလား၊ အနားကပ် စရာ မလိုဘဲ မင်းကို သတ်ဖို့၊ ငါ့မှာ နည်းလမ်း တစ်ရာ ရှိတယ်၊ ...
... ကောင်းကင် ကျမ်း- အပြန် အလှန် ချိတ်ဆက် နေသော စကြာဝဠာကြီး။ ”
ကျွားချင်းယန်မှ လက်ဝှေ့ ရမ်း လိုက်ပြီး၊ အမည်ခံ သူတော်စင် ငါးပါးအား၊ ဒဏ်ရာ ရရှိ စေသည့်၊ လှုပ်ရှားမှုကို ထုတ်ဖော် တော့၏။
ရုတ်တရက် ကောင်းကင်နှင့် မြေကြီး တုန်ခါလျက်၊ ဓားကဲ့သို့ ထက်ရှသော ပလွေသံ ထွက်ပေါ် လာသည်။
ပလွေသံသည် ကျွားချင်းယန် ဖန်တီး ထားသော၊ စွမ်းအင် စက်ဝန်းဘီး ခုနစ်လုံးကို ထိုးဖောက် ပစ်လိုက်၏။
“ ဝုန်း ... ။ ”
မိုင်ပေါင်း တစ်သောင်း အတွင်း ပင်လယ် ရေမျက်နှာပြင် ပေါက်ကွဲ ကုန်သည်။ ဤအရာ ကြောင့် ကျွားချင်းယန် ခမျာ ပါးစပ်မှ သွေးများ စီးကျ လာ၏။
စက်ဝန်းဘီး ခုနစ်လုံး၊ ပြိုပျက်လျက် သူ့အား လွင့်စဉ် ပြုတ်ကျ သွားစေသည်။
(စက်ဝန်းဘီး= ခွေးသွား စိတ်များ ပါရှိသော အသွင် သဏ္ဍာန်ရှိ၊ စွမ်းအင် စက်လုံး။ )
တစ်ဖက်တွင် ကူကျွင့်က စိတ်လှုပ်ရှား လာပြီး၊ ‘ဒါ သူတော်စင် အကြီးအကဲပဲ၊’ -ဟု ရေရွတ် လိုက်သည်။
“ ဧကရာဇ် အသံ ... ။ ”
ကျွားချင်းယန်မှ မသေချာ မရေရာသော မျက်ဝန်းဖြင့် ရေမျက်နှာ ပြင်ပေါ် ဖြည်းညှင်းစွာ ဆင်းသက် လိုက်သည်။
“ ကျွားချင်းယန် ... ၊ ငါ့ အစ်ကိုကြီးကို ထိခိုက်အောင် ဘယ်သူမှ လုပ်လို့ မရဖူး ဆိုတာ မှတ်ထားပါ။ ”
အနီဝတ် မိန်းကလေး တစ်ဦးက ကောင်းကင်မှ ဆင်းသက် လာပြီး၊ သူမ ဘေး၌ အဖြူဝတ် မိန်းကလေး တစ်ဦး ပလွေ ကိုင်လျက် လိုက်ပါ လာ၏။
အနီဝတ် မိန်းကလေး ဆင်းလာစဉ် ကမ္ဘာ ပေါ်ရှိ၊ အရာ အားလုံးသည် မှေးမှိန် ကုန်သည်။ သေမျိုး ကမ္ဘာနှင့် မသက် ဆိုင်သော အလှမျိုး ဖြစ်ချေ၏။
“ ဒါ ... ကောင်းကင် ရနံ့ သင်းသင်းရဲ့ သူတော်စင် အကြီး အကဲလား။ ”
မြင့်မြတ်သော ရောင်ဝါကို စွန့်ထုတ် ထားသည့်၊ မုရွယ်လင်အား ကြည့်ကာ၊ လူတိုင်း စိတ်လှုပ်ရှား သွားသည်။
“ သူက နတ်တောင်က လာတာ။ ”
မုရွယ်လင် ဟူသည် နတ်တောင်၏ ဒဏ္ဍာရီလာ မိန်းကလေး ဖြစ်၏။ လူတိုင်း သူမ အကြောင်းကို ကြားထား ဖူးချေပြီ။
မုရွယ်လင်က ဦးတည်ရာ တစ်ရပ်ထံ လှမ်းကြည့် လိုက်သည်။ ထိုအရပ်၌ ပုန်းကွယ် နေသော သူတော်စင် ရောင်ဝါ သုံးခု ရှိ၏။
“ ဝှစ် ... ။ ”
များမကြာခင် လျူမိသားစု သူတော်စင် သခင် သုံးပါး ကောင်းကင်မှ ဆင်းသက် လာပြီး၊ သူမနှင့် မျက်နှာချင်း ဆိုင်လေသည်။
ဤသည်မှာ ဆိပ်ခံ တံတားကို ကန့်သတ်ခဲ့သော နောက်ကွယ်မှ တန်ခိုးရှင်များ ဖြစ်ချေ၏။
မုရွယ်လင် မရောက်ရှိ သေး သဖြင့်၊ သူတို့ သုံးဦးသား ပုန်းကွယ် စောင့်မျှော် နေကြခြင်း ပေပင်။
“ သူတော်စင် အကြီးအကဲရဲ့ နာမည်ကို၊ ငါတို့ ကြားဖူးတာ ကြာပါပြီ၊ ဒါပေမယ့် ... ဒီနေ့ မင်းကို အပြစ်ပြု ရတော့မယ် ထင်တယ်။ ”
“ ချင်းဖုန်း ... ။ ”
“ စွေယွီ ... ။ ”
“ ဖုန်းယွမ် ... ။ ”
“ ကျေးဇူးပြုပြီး ... ငါတို့ကို အကြံပေးပါ။ ”
သူတော်စင် သုံးပါးက ၎င်းတို့၏ အမည် များကို ထုတ်ဖော် မိတ်ဆက်ကာ၊ မုရွယ်လင်ထံ ပြေးဝင် လာ၏။
၎င်းတို့ (၃)ဦးမှ ထွက်သော သူတော်စင် ရောင်ဝါသည်၊ ကောင်းကင်ကို ဖုံးလွှမ်း သွားပြီး၊ လူတိုင်း အပေါ် ဖိအားများ သက်ဆင်း စေသည်။
မုရွယ်လင် နဖူးမှ သူတော်စင် ရောင်ဝါ ပွင့်လျက်၊ ပလွေကို နှုတ်ခမ်း ဖျားဆီ ပြန်လည် တေ့ယူ လိုက်သည်။
ပလွေသံ ထွက်ပေါ် လာသော အခါ၊ မြင့်မားသော သစ်ပင်ကြီး တစ်ပင် ရုတ်တရက် ပေါ်လာ၏။ တစ်ချိန်တည်း မှာပင်၊ သူတော်စင် ရောင်ဝါ သည်လည်း မြင့်တက် လာသည်။
မျက်စိ တစ်မှိတ် အတွင်း၊ သစ်ပင်၌ အကိုင်း အခက်များ ပြန့်ကား လာကာ၊ ပေ တစ်ထောင် အထိ ကြီးထွား လာတော့၏။
သက်ကိုင်းများ ကြားမှ နေရောင်ခြည်များ ဖြာကျ နေသည်။ ထိုနေရောင်ခြည် များသည် သစ်သီး များနှင့် တူ၏။
တနည်း အားဖြင့်၊ နေမင်း ငယ်များ အဖြစ်လည်း တင်စား နိုင်သည်။ နေ(၁၈)လုံး ပြည့် သည်နှင့်၊ ပြိုးပြက်သော အလင်းများ ပျံ့ကား လာကာ၊ သူတော်စင် သခင် သုံးပါးကို၊ လွင့်ပျံ သွားစေ၏။
“ ကောင်းကင် ပိုးစာပင်။ ”
သူတော်စင် သခင် သုံးပါး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သို့သော် မုရွယ်လင် ကို ယနေ့ တိုက်ရန်၊ စိတ်ပိုင်းဖြတ် ထားတာကြောင့် ပြန်၍ အားယူ လိုက်သည်။
ယွဲ့ဝေဝေက လင်းယွန် အနား ရောက်လာ၏။
“ ဝေဝေ ... ဘယ်တုန်းက ရောက်နေ တာလဲ။ ”
“ တော်တော် ကြာပြီ၊ လေဓား သခင်က ကောလာဟလ တွေရဲ့ လက်သည်မှန်း သိတဲ့ အချိန်မှာ၊ အစ်ကိုကြီး လင်းရဲ့ ဒေါသ အရ ... ၊ သူ့ကို ခွင့်လွှတ် နိုင်မှာ မဟုတ် ဖူးလို့၊ တွက်ဆ မိပြီး၊ လာစောင့် နေတာ။ ”
“ သူတော်စင် အကြီးအကဲ အဆင်ပြေ ရဲ့လား။ ”
“ အဟဲ ... ၊ အစ်မက အရမ်း သန်မာတယ်၊ သူ့ အတွက် စိတ် မပူနဲ့။”
ထိုအချိန်တွင် ကျွားချင်းယန်က ပြုံးပြီး၊ သူတို့ စကားဝိုင်းအား နှောက်ယှက်လာ ခဲ့သည်။
“ မင်းကို အခု ဘယ်သူ ကယ်မလဲ ကြည့်ရအောင်။ ”
အတွေး တစ်ချက်ဖြင့် ကွဲအက် နေသော ဘီးများကို၊ ဖြည်းညှင်းစွာ ပြန်လည် ပေါင်းစပ် လိုက် တော့သည်။
လင်းယွန်က လှမ်းတက်ရန် ပြင်လိုက် ချိန်တွင် ယွဲ့ဝေဝေက သူ့အား ပြုံးပြီး တား၏။
“ အစ်ကိုကြီး လင်း၊ ဒီတစ်ခါတော့ ... မင်းရှေ့မှာ ရပ်ခွင့် ပေးပါ၊ ဝေဝေကို ကောင်းကင် လမ်းမှာ ကယ်ခဲ့တဲ့ အတွက်၊ လုပ်ပါ ရစေ။ ”
လင်းယွန်မှ ငြင်းချင် သော်လည်း၊ ယွဲ့ဝေဝေမှ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး၊ မျက်ရည်များ ဝဲလျက်၊
“ အစ်ကိုကြီး လင်း ... ။ ”
-ဟု ခေါ်လိုက် တော့သည်။
“ တစ်ခါ တည်းပါ၊ အစ်ကိုကြီး လင်း အတွက် ဝေဝေ ကပြ ချင်တယ်။ ”
“ ဒီမှာလား ... ။ ”
“ ဟုတ်တယ် ... ။ ”
ယွဲ့ဝေဝေက မျက်ရည် များဖြင့် ခေါင်းညိတ်သည်။ ကျွားချင်းယန်ကြောင့် အနန္တ အကြေးခွံ သံချပ်ဖြင့်၊ လွင့်စဉ် သွားခဲ့သော မြင်ကွင်းက၊ သူမ မျက်လုံး ထဲမှ မထွက်ချေ။
“ အစ်ကိုကြီး လင်း ... ၊ ငါ့အတွက် သီချင်း တီးပေး။ ”
“ ဘာ ... သီချင်းလဲ။ ”
“ ကိုးပါး ကောင်းကင် ချပ်ဝတ်။ ”
လင်းယွန်က စကား မပြော တော့ဘဲ၊ ကိုးပါး ကောင်းကင် ချပ်ဝတ်အား၊ နတ်ကျောက်စိမ်း ပလွေဖြင့်၊ တီးမှုတ် ပေးလိုက်သည်။
လူတိုင်း အတွက် စိတ်ဝင်စား စေသော တေးသံ ဖြစ်၏။ ယွဲ့ဝေဝေမှ မြေပြင်အား ခြေနှင့် ညင်သာစွာ ပုတ်လိုက်ပြီး၊ ကောင်းကင်ပေါ် လွင့်မျော သွားခဲ့သည်။
ကောင်းကင်ကြီး လင်းလက် လာချိန်၌၊ သူမ အပေါ်၊ ဖဲကြိုးများ အသွင် ရောင်ခြည်တော်များ ရွာချ ပေး လာသည်။
တစ်ချိန်တည်း မှာပင် သူမ နဖူးရှိ ရူရ်ပွင့် လာကာ၊ ချိတ်ပိတ် ထားသော စွမ်းအား တစ်ခု ဖြည်းညှင်းစွာ ထွက်လာ ခဲ့၏။
အဝေးမှ ကြည့်သော် သူမ အင်္ကျီမှ ဖဲကြိုးများမှာ သွေးနီရောင် ပင်လယ်ကြီးနှင့် တူနေ ချေပြီ။
သွေးပင်လယ် ပေါ်တွင် ရပ်လျက်၊ ကကြိုး အား စတင်လိုက် တော့၏။ ကောက်ကြောင်းမှာ လှပလွန်း သဖြင့်၊ ခိုင်းနှိုင်း ဖွဲ့ဆို စရာ စကားလုံး ပျောက်ဆုံး ကုန်သည်။
သို့သော် သူမ၏ အကြည့် များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ ပြည့်နှက်စွာ ပါဝင် နေ၏။ သူမက ကျွားချင်းယန်ထံ စိုက်ကြည့် နေခဲ့သည်။ ဤမြင်ကွင်းကြောင့် ကျွားချင်းယန် ခမျာမှာ၊ တုန်လှုပ် ချောက်ချား သွားပြီး၊
“ ကောင်းကင်ဘုံ ကိုးပါး ကကြိုး။ ”
-ဟု အော်ဟစ်လျက် နောက်တစ်လှမ်း ဆုတ်ခွာ သွား တော့သည်။
***