← Chapters

ဘယ်သူက ပါရမီရှင်၊ မဟုတ် လို့လဲ။

Vol. 134 Ch. 1864

ဘယ်သူက ပါရမီရှင်၊ မဟုတ် လို့လဲ။

Vol. 134 Ch. 1864

လေများ တိုက်လာပြီး၊ အားကောင်းသော ရောင်ဝါများ လှိုင်းလုံးများ သဖွယ် တဟုန်ထိုး တက် လာသည်။

“ ခရစ် ... ။ ”

ကျွားချင်းယန်မှ ပြန်လည် တည်ဆောက် ထားသော စက်ဝန်း (၇)လုံး၌၊ အက်ကွဲကြောင်း များ ပေါ်လာ၏။

“ ကောင်းကင် ကျမ်း၊ — ရွှေဘီး တံခွန်။ ”

လှိုင်းလုံးများကို ဖယ်ရှားရန် လက်ဖဝါး တစ်ချက်နှင့်၊ ချက်ချင်း တွန်းထုတ် ပစ်လိုက်ရာ ပေ တစ်ရာ အချင်း ရှိသော ပလ္လင် တစ်လုံး ပျံထွက် လာသည်။

ပလ္လင် ပေါ်တွင် သူတော်စင် ရူရ်များ ရောယှက် နေ၏။ ပလ္လင်ရှေ့တွင် ရွှေရောင်ဘီး (၇)လုံး ရှိသည်။

ထိုစွမ်းအင် ဘီးများက၊ သွေးရောင် ပင်လယ်များကို ဖြတ်ကာ၊ ယွဲ့ဝေဝေထံ ပျံသန်း သွားတော့၏။

“ ဝှစ် ... ။ ”

ယွဲ့ဝေဝေ၏ ဖဲကြိုးနီများ ပျံထွက် လာပြီး၊ ရွှေဘီးအား ဟန့်တား လေသည်။ ကျွားချင်းယန် မှ ၎င်းနောက်မှ ချက်ချင်း လိုက်ပါ လာ၏။

ဆယ်နှစ်ကြာ ကျင့်ကြံမှု ဆုတ်ယုတ်သွား သော်လည်း အမြန်နှုန်မှာ မယုံနိုင်ဖွယ် ကောင်း နေဆဲ ဖြစ်သည်။

အမည်ခံ သူတော်စင် ငါးပါးကို၊ အနိုင်ယူ စဉ်ကကဲ့သို့၊ လွှမ်းမိုးနိုင်မှု မရှိတော့ သော်လည်း၊ အမည်ခံ သူတော်စင် ဖြစ်နေ သေး၏။

ဖဲကြိုးနီ နယ်မြေ အတွင်း ဝင်ရောက် လိုက်သော အခါ၊ ဖိအား တစ်ခုကို ခံစားလိုက် ရသည်။

ယင်းသည် တစ်ဖက် လူ၏ ခန္ဓာကိုယ်၌ စွမ်းအား တစ်ခု ချိပ်ပိတ် ထားခြင်း ဖြစ်ကြောင်း ကျွားချင်းယန် သိလိုက်၏။

“ ကောင်မလေး ... ၊ မင်းရဲ့ နောက်ခံက ဘာပဲ ဖြစ်နေ- ဖြစ်နေ၊ ဒီပြဿနာ ထဲကို မပါဝင် သင့်ဘူး၊ ထွက် သွား စမ်း ... ။ ”

ကျွားချင်းယန်က လက်ဝှေ့ ယမ်းကာ ဖိအားများကို ဖယ်ရှား လိုက်သည်။ ထို့နောက် ဖဲကြိုးနီ နယ်မြေကို ဖျက်ဆီး တော့၏။

ဖဲကြိုး နီများ ဆုပ်ဖြဲလျက်၊ မျက်လုံး တစ်မှိတ် အတွင်း၊ ယွဲ့ဝေဝေ ရှေ့ရောက်ရှိ သွား ခဲ့သည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်မှ အလင်းများ ဆင်းလာကာ၊ ယွဲ့ဝေဝေအား ထုပ်ပိုး လိုက်၏။

ယင်းက ဂီတဖြင့် ဖန်တီး ထားခဲ့သော ဖြစ်စဉ် တစ်ခု ဖြစ်ပြီး၊ အစွမ်းထက် လွန်းချေပြီ။ သူ၏ တိုက်ခိုက်မှု များအား၊ ချပ်ဝတ် တစ်ထည်လို တားဆီး ပေးခဲ့၏။

“ ဒါ ... ကိုးပါး ကောင်းကင် ချပ်ဝတ်နဲ့ ကောင်းကင်ဘုံ ကိုးပါး ကကြိုး မဟုတ်လား၊ တကယ့်ကို မယုံနိုင် စရာ ပါပဲ ... ဖြစ်စဉ်က လက်တွေ့ဆန် လိုက်တာ။ ”

ချပ်ဝတ် တစ်ထည်လုံး ပြီးမြောက် သွားသော အခါ၊ ယွဲ့ဝေဝေက ဖဲကြိုးနီ များဖြင့် ကျွားချင်းယန်အား ပြန်၍ တွန်းထုတ် ပစ်လိုက် တော့သည်။

ထို့နောက် လေထု အလယ် လျှောက်လှမ်း ပြီး၊ ကောင်းကင်၌ ကခုန်လာ လေသည်။ ကခုန် နေစဉ် သူမ ခန္ဓာကိုယ်မှ ငွေရောင် မီးလျှံများ တောက်လောင် နေ၏။

“ ငွေမီးတောက် သစ်ပင်။ ”

ညာလက်အား ဆန့်ထုတ် လိုက်သော အခါတွင်၊ မျက်ဝန်းများ၌ စူးရှသော တောက်ပမှု တစ်ခု ထွက်ပေါ် လာသည်။

ငွေရောင် မီးရှူး မီးပန်းများ အလား၊ ကောင်းကင် တခွင် ပွင့်လာ တော့၏။ ယင်းက လှပပြီး ချစ်စရာ ကောင်း ချေပြီ။

“ ခရစ် ... ။ ”

မီးတောက်က ကောင်းကင်ဘုံး ကိုးခုကို ခွဲပြီးနောက်၊ သူမ၏ နဖူးပေါ်ရှိ အမှတ်အသား ပို၍ အသက်ဝင် လာစေသည်။

ဤအရာက ကျွားချင်းယန်ကို မျက်နှာ ပြောင်းလဲ သွားစေ၏။ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုအား ချက်ချင်း ဖော်ဆောင် လိုက်သည်။

နက္ခတ် ကိုပင် ခေါ်ယူရန် ကြိုးစား လိုက်သည်။ သို့သော် အချည်းနှီး ပေပင်။ ယွဲ့ဝေဝေ၏ လက်ဖဝါးက သူ၏ သူတော်စင် ရောင်ဝါအား ကွဲအက် လာစေသည်။

“ ဝေါ့ ... ။ ”

ငွေရောင် မီးတောက် သစ်ပင်ကြီး ပေါ်လာ ချိန်၌၊ အရာ အားလုံး နှေးကွေးစွာ ရွေ့လျားကုန် တော့၏။

အချိန်နှင့် အာကာသပင် မလွတ်ချေ။ ပါးစပ်အပြည့် သွေးအန်ပြီး၊ ချက်ချင်း ဆုတ်ခွာ လိုက်မိ၏။

“ မကောင်း တော့ဘူး ... ။ ”

ကိုယ်တွင်း အင်္ဂါ များ၌၊ ပန်းများ ပွင့်လာ သည်။ ထိုပန်းများက လှပ သော်လည်း၊ အတွင်း အင်္ဂါ များအား၊ တရွေ့ရွေ့ တိုက်စား ချေ၏။

“ ဒါ ကောင်းကင် နတ်မိစ္ဆာ မျိုးနွယ်စုရဲ့ ထိပ်တန်း လျှို့ဝှက် နည်းစနစ် မဟုတ်လား။ ”

ကျွားချင်းယန် တစ်ယောက် အံ့ဩ လာသည်။ ယွဲ့ဝေဝေအား ကြည့်လျက် နောက်ခံ အပေါ် တွေးဆ မိပြီး၊ တုန်လှုပ် သွား၏။

ထိုအချိန်တွင် ယွဲ့ဝေဝေ ကကွက်မှာ၊ ပို၍ မြိုင်ဆိုင် လာသည်။ ထုတ်လွှတ်သော ရောင်ဝါ သည်ပင်၊ ပင်လယ်ပြင်ကို လှိုင်းထ စေ၏။

တစ်ဆက်တည်း မှာပင်၊ ယွဲ့ဝေဝေ ပေါင်းများစွာ ခွဲထွက် လာပြီး၊ (၁၀၀၀) ပြည့် ချိန်၌၊ အာကာပြင် ပုံပျက် သွားသည်။

“ ဒါ ... ။ ”

အမည်ခံ သူတော်စင် တစ်ပါး ပင်လျှင် ဤမျှလောက် ပုံရိပ်များ ဖြစ်လာအောင်၊ မလုပ် နိုင် သောကြောင့်၊ ကြည့်ရှုသူများ အားလုံး ထိတ်လန့် သွားကြသည်။

ကျွားချင်းယန် ခမျာ နဖူး၌ ချွေးများ ရွဲနစ်လာ တော့၏။ မျက်နှာ ဖြူဖျော့လျက် ကြိုးစား ရှောင်ရှား နေမိသည်။

သို့သော် လွတ်မြောက်ရန် လမ်း မမြင်ချေ။ နေရာတိုင်း၌ ယွဲ့ဝေဝေ ရှိနေသည်။

“ ကြာပန်း လေးလို ကခုန်ခြင်း ... ။ ”

မိန်ဇီဟော်မှာ အံ့ဩ တကြီး အော်ဟစ် လိုက်သည်။ အာကာပြင် အထပ်ထပ် လွှမ်းခြုံ လျက်၊ ယွဲ့ဝေဝေ အပေါ် အလင်း ချည်မျှဉ်များ ကျဆင်း နေ၏။

“ ဝေါ့ ... ။ ”

သူမ လက်ဖဝါးကြောင့် ကျွားချင်ယန်၏ စက်လုံး (၇)လုံး၊ လုံးဝ ကွဲကြေပြီး၊ သွေးအန် လိုက်ရ ပြန်သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ဒယိမ်း ဒယိုင်ဖြင့်၊ မီတာ ရာဂဏန်း အကွာသို့တိုင် ဆုတ်ခွာပြီး၊ မယုံ ကြည်နိုင်စွာ ပြန်ကြည့် မိ၏။

သို့သော် အရှုံးပေး လိုခြင်း မရှိဘဲ၊ အံကြိတ်လျက် ရှေ့သို့ လက်လှမ်း လိုက်သည်။ ယွဲ့ဝေဝေ စွမ်းအားသည် ကောင်းကင်ဘုံ ကကြိုးမှ လာခြင်း မဟုတ်ချေ။

“ ကောင်းကင် ကျမ်း — အပြန် အလှန် ချိတ်ဆက် နေသော စကြာဝဠာကြီး။ ”

လက်ဖဝါး ပေါ်တွင် စကြာဝဠာ ကြီး၏ ဖရိုဖရဲ စွမ်းအင်များ ပါဝင်သော ရောင်စုံ အလင်း ကိုးသွယ် တောက်ပ လာ၏။

“ ကျွားချင်းယန် ... မင်းတော့ သေပြီ။ ”

ထိုအချိန်တွင် ပြန်လည် ကောင်းမွန် လာခဲ့သည့်၊ နတ်ဖီးနစ် တောင်တန်းမှ အမည်ခံ သူတော်စင်က အော်ငေါက်လျက် တိုက်ပွဲ အတွင်း ဝင်ရောက် လာသည်။

“ ဟိတ် ... ။ ”

၎င်းနှင့်အတူ အမည်ခံ သူတော်စင် (၄)ပါး လိုက်ပါ လာသည်။ နက္ခတ်များ ထုတ်ဖော်လျက် ကျွားချင်းယန်ထံ အတူတကွ ရိုက်ချ လိုက်၏။

အမည်ခံ သူတော်စင် ငါးပါး ပေါင်းစည်း ထားသောကြောင့်၊ ကျွားချင်းယန် ခမျာ တောင့် မခံ နိုင်တော့ဘဲ၊ တုန်ယင်စွာ လဲကျ သွားသည်။ မျက်ဝန်း ထဲရှိ နေနှင့် လပင် ပျောက်ကွယ် သွား၏။

ထိုအချိန်တွင် ယွဲ့ဝေဝေ နဖူးရှိ ရောင်ဝါ သည်လည်း၊ မှိန်ဖျော့လျက် ပျော့ခွေ သွားတော့ သည်။

လင်းယွန်က ဝါးပလွေ တီးမှုတ် နေသည်ကို ရပ်ကာ၊ ကောင်းကင်ပေါ် ခုန်တက်ပြီး သူမအား၊ ဖမ်းယူ လိုက်သည်။

နဖူးရှိ တံဆိပ်မှာ ပြန်ပိတ် နေပြီ ဖြစ်သည်။ မြင့်မြတ်သော ရောင်ဝါများ မှိန်ဖျော့ လာသော ယွဲ့ဝေဝေက၊ လင်းယွန်ထံ မှီလိုက်သည်။

“ အစ်ကိုကြီး လင်း ... ငါ ပြီးပြီ။ ”

ထိုစကားကို အားတင်းကာ ပြောလျက်၊ မျက်လုံးများ မှိတ်ကျ သွားတော့သည်။ ယင်းက လင်းယွန်အား စိတ်ပူ စေပြီး၊ သွေးလည်ပတ် မှုအား စစ်ဆေး မိ၏။

တစ်ချိန်တည်း မှာပင်၊ ကောင်းကင်ရှိ တိုက်ပွဲကြီး သည်လည်း ပြီးဆုံး သွားခဲ့သည်။ ပိုးစာပင် ပေါ်တွင်၊ နေမင်းများ ထောင်ပေါင်း များစွာ သီးလာကာ၊ ရွှေကျီးကန်းများ ပျံသန်း နေကြ၏။

“ အ ... ။ ”

ထိုရွှေကျီးကန်း များကြောင့် သူတော်စင် သခင်သုံးပါး ခမျာ၊ ဒဏ်ရာ များဖြင့် ဖုံးလွှမ်းနေ တော့သည်။

“ တကယ်ပဲ ... သတင်းကြီး နေသလို၊ သူတော်စင် အကြီး အကဲက ... အစွမ်းထက် ပါ ပေတယ်၊ ငါတို့ ဒီနေ့ ပြန်လိုက် ပါဦးမယ်။ ”

သုံးပါး လုံးက ဆန္ဒ မရှိ သော်လည်း ဆုတ်ခွာရန် မှတပါး ရွေးချယ်စရာ မရှိ ခဲ့ချေ၊ မုရွယ်လင်က ပလေွကို သိမ်းလျက်၊ ပြန်ဆင်း လာ၏။

ရင်ခွင်ထဲ သတိလစ် သွားသော ယွဲ့ဝေဝေထံ ကြည့်ပြီး၊ လင်းယွန် တစ်ယောက် ကြေကွဲ နေမိ သည်။

“ ဝေဝေကို ထားခဲ့ရင်၊ မင်းကို ငါသတ်မယ်။ ”

မုရွယ်လင်က မြေပြင်ပေါ် ပြန်ရောက် သည်နှင့်၊ လင်းယွန်ကို ကြည့်ကာ၊ ကြိမ်းမောင်း လိုက် လေသည်။

“ သူ အဆင်ပြေ ရဲ့လား။ ”

လင်းယွန်က အားတင်းပြီး မေးသည်။

“ ဒါက ငါ့အဒေါ် သူ့အတွက် ထားခဲ့တဲ့ ကောင်းကင် နတ်မိစ္ဆာ အမွေပဲ၊ သူ အသုံးပြုဖို့ အချိန် မကျ သေးဘူး၊ ဒါကို အခု သူက အတင်း အကြပ် သုံးခဲ့တာ။ ”

မုရွယ်လင်က ဒေါသတကြီး ပြန်ဖြေ၏။

“ ငါ မယုံဘူး။ ”

ထိုအချိန်တွင် ကျွားချင်ယန်က မကျေ မနပ်ဖြင့် ဒေါသတကြီး အော်ဟစ် လာခဲ့သည်။ အမည်ခံ သူတော်စင် ငါးပါးကြောင့်၊ ဒူးတစ်ဖက် ထောက်လျက် အံကြိတ် နေရ၏။

“ မင်းတို့ ... ငါ့ကို တစ်ယောက်ချင်း တိုက်ရဲလား။ ”

“ ဟား ... ဟား ... ဟား ... အမည်ခံ သူတော်စင် တစ်ပါးက၊ ဘဝ အဆင့် ကျွမ်ကျင် သူကို တိုက်ခိုက် ခဲ့တဲ့ ... ၊ မင်းကိုယ် မင်းရော မရှက် ဖူးလား။ ”

ထိုစကားက ကျွားချင်းယန်အား ပြန်လည် ချေပရန် စကားလုံးများ ပျောက်ဆုံး သွားချေပြီ။ လင်းရှောင်ကို သတ်နိုင်က အဆင်ပြေ၏။

ယခုမူ ၎င်းအစား သူ့၌ ဒဏ်ရာ အပြင်းအထန် ရရှိကာ၊ လှောင်ပြောင် ခံနေ ရသည်။ သည်နေ့ ပြီးနောက် သူ့အမည်မှာ၊ ဟာသ တစ်ပုဒ် ဖြစ်လာ ပေမည်။

ဘဝ အဆင့်မှ တစ်စုံ တစ်ဦး၏ အသတ် ခံရလု နီးပါး ဖြစ်ခဲ့သော အမည်ခံ သူတော်စင် အဖြစ် သမိုင်း တွင်ပြီ ဖြစ်၏။

“ ရှေးဟောင်း အမွေ အနစ်တွေ ရှိတဲ့၊ မြင့်မြတ်မြေ တွေက အရေ အတွက်နဲ့ အခွင့်ရေး ယူနေ တာလား၊ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ဘယ်သူမှ မရှိ ဖူးလို့၊ ထင်နေ ကြလား၊ ဟား ဟား ဟား ... ။ ”

ထိုအချိန်တွင် အပြစ်တင် ရှုတ်ချသော လှောင်ပြောင် သံနှင့် အတူ၊ လှေငယ် တစ်စင်း ဖြည်းညှင်းစွာ ချဉ်းကပ် လာသည်။

လှေပေါ်တွင် လှပသော အမျိုးသမီး တစ်ဦးက၊ ဝိုင်ကို အရသာခံ သောက်နေ ခဲ့၏။ ၎င်းသည် သူ သိသော အမျိုးသမီး ဖြစ်သဖြင့်၊ လင်းယွန် မျက်နှာ ပြောင်းသွား ချေပြီ။

ဤအမျိုးသမီး ရောက်ရှိ လာခြင်းသည်၊ အဖြူဝတ် လူရွယ် ရှုံးနိမ့် သွားခြင်းဟု အဓိပ္ပါယ် ရပေမည်။

“ မင်းက ဘယ်သူလဲ၊ ထွက်သွားစမ်း ... ။ ”

နတ်ဖီးနစ် တောင်၏ အမည်ခံ သူတော်စင်က မျက်ခုံး ပင့်ကာ၊ လက်ဖဝါး တစ်ချက် လှမ်းရိုက် လိုက်သည်။

“ ဝုန်း ... ။ ”

သူတော်စင် လှိုင်းများ ပျံ့ကား လာပြီး၊ လှေကို ထိမှန် သွားလေသည်။ ငြိမ်သက် သွား ချိန်၌ အမျိုးသမီးအား အစအနပင် မမြင်ရ တော့ချေ။

“ ဘယ်ရောက် သွားလဲ။ ”

ပျက်စီး သွားသော လှေငယ် အပိုင်းအစ များသာ ပင်လယ်ပြင်၌ မေျာကျန်ရစ် ခဲ့သည်။ နတ်ဖီးနစ် တောင်၏ အမည်ခံ သူတော်စင် သာမက၊ လူတိုင်း ပဟေဋ္ဌိ ဖြစ်ကုန်၏။

“ ဝုန်း ... ။ ”

ထိုစဉ် ရေမျက်နှာပြင် ပေါက်ကွဲ လာပြီး၊ ဝိုင်အိုးကို ကိုင်လျက်၊ အမျိုးသမီးက ပြန်လည် ခုန်ထွက် လာတော့သည်။

“ ဝှစ် ... ။ ”

လေထု အလယ် တစ်ပါတ် လှည့်ကာ၊ မြင့်မြတ်မြေ၏ အမည်ခံ သူတော်စင် များထံ ငုံကြည့် လိုက် တော့၏။

“ ရှေးဟောင်း ပျက်သုဉ်း မြေကြီးကို ... မင်းတို့တွေ အနိုင် ကျင့်လို့ ရမယ် ထင်လား၊ ကောင်းကင်ယံ ဂိုဏ်းမှာ ဧကရာဇ် မရှိ ပေမယ့်၊ ဘယ်သူက ဉာဏ်ကြီးရှင် မဟုတ် လို့လဲ၊ ဟား ဟား ဟား ... ။ ”

အမျိုးသမီးက ကျယ်လောင်စွာ ရယ်မော လိုက်လေသည်။ ထိုအသံ လှိုင်းကြောင့် အမည်ခံ သူတော်စင်များ ထိတ်လန့် ကုန်၏။

မုရွယ်လင်က အသံလှိုင်းကို ချေဖျက်ရန်၊ တေးသွား တစ်ပုဒ်အား လျင်မြန်စွာ တီးမှုတ် လိုက် ရသည်။

ထိုစဉ် အမျိုးသမီး ထံမှ၊ ဆံပင် ရှည်များ လွင့်ဝဲကုန်ပြီး၊ သူမ ပခုံး ပေါ်ရှိ ခရမ်းရောင် ပန်း ပွင့်လာ တော့သည်။ ဤသည်မှာ ထျန်ရွှမ်ဇီ ဖြစ်ချေ၏။

***

All Chapters