← Chapters

ယဲ့ ကူဟန်။

Vol. 134 Ch. 1865

ယဲ့ ကူဟန်။

Vol. 134 Ch. 1865

အမျိုးသမီးသည် ထျန်ရွှမ်ဇီ အဖြစ်သို့ ပြောင်းလဲ သွားသော အခါ လူတိုင်း မျက်လုံး ပြူး ကုန်၏။

ကောင်းကင်ဘုံ သူတော်စင် ဘုရင်သည် ဤသို့ အမျိုးသမီး တစ်ဦး အဖြစ် အသွင် ယူလိမ့် မည်ဟု မျှော်လင့် မထား မိချေ။

“ ဒါ ... ဒါက ဘယ်လို ဖြစ်ရ တာလဲ။ ”

လင်းယွန်မှာ အံသြ သွား၏။ ထို့ကြောင့် ဤအမျိုးသမီးအား ရင်းနှီးနေ သည်ဟု ခံစား ရခြင်း ဖြစ်သည်။

သည်အမျိုးသမီးသည် သူ့ထံ၌ နတ်နဂါး အရိုး ရှိ-မရှိကို လဲကျ ဟန်ဆောင်ကာ စုံစမ်း ခဲ့သည်။ ချင်းကန်အား လိပ်နက် ပင်လယ် ကွေ့၌ စောင့်ရှောက် ပေး၏။

တစ်ဖက် လူ၏ စိတ်ကူးမှာ၊ ကြောက်စရာ ကောင်း သောကြောင့် ကျောရိုးများ အေးစက် လာ တော့သည်။

သူ မလုပ် ဝံတာ မရှိချေ။ ထိုစဉ်က အကယ် ၍သာ နတ်နဂါး အရိုးကို စမ်းမိ ခဲ့သော်၊ သူ့အား ထိုနေရာ ၌ပင် သတ်ပစ် မည်မှာ သေချာ၏။

( ဒါဆို အဖြူဝတ် လူရော။ )

ရုတ်တရက် ထိုသူအား သတိရ လာသည်။

“ တောက် ... ငါ့ နှလုံးသွေးကို သူ့လို ရွံရှာစရာ ကောင်းတဲ့၊ တစ်စုံ တစ်ယောက်က ထုတ်ယူ သွားတာလား။ ”

ကူကျွင့်မှ ဒေါသတကြီး ကျိန်ဆဲ လိုက်၏။ မိန်ဇီဟော်နှင့် အန်လျူယွင် ကလည်း ထိတ်လန့် သွားလေသည်။

ထိုအချိန်တွင် ပလွေ တီးမှုတ် နေသော မုရွယ်လင် နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ မျက်နှာ ဖြူဖျော့ သွား၏။

“ ဝှစ် ... ။ ”

ချက်ချင်း ပျံသန်း သွားကာ၊ လက်ဖဝါးကို သူမ ကျောပြင်၌ တင်ပြီး၊ နဂါးပြာ စွမ်းအင်များ ပေးပို့ လိုက်သည်။

သို့မှသာ အသက် ပြင်းပြင်း ရှူလျက် မုရွယ်လင် တစ်ယောက် ပြန်လည် သက်သာ လာတော့၏။

“ ကောင်းကင်ဘုံ သူတော်စင် ဘုရင်ပဲ၊ စောစောက ရိုင်းရိုင်း စိုင်းစိုင်း လုပ်မိတဲ့ အတွက် တောင်းပန် ပါတယ်၊ မသိလို့ မှားမိတာ ဖြစ်လို့၊ ဒါကို မေ့ထား နိုင်မယ် လို့လည်း၊ မျှော်လင့် ပါတယ်။ ”

နတ်ဖီးနစ် တောင်တန်း၏ အမည်ခံ သူတော်စင်က ဆိုးရွားသော အမူအရာဖြင့် တောင်းပန် လိုက်လေသည်။

နတ်ဖီးနစ် တောင်တွင် နက်ရှိုင်းသော အမွေများ ရှိပြီး၊ ကောင်းကင်ယံ ဂိုဏ်းထက် များစွာ အားကောင်း၏။

သို့သော် ထျန်ရွှမ်ဇီမှာ မဟာ သူတော်စင် တစ်ပါး ဖြစ်သည်။ ဆန္ဒ ရှိပါက သူ့အား လက် တစ်ချောင်းဖြင့် သတ်ပစ် နိုင်၏။

ထျန်ရွှမ်ဇီက ပန်းချီကား တစ်ချပ် ကဲ့သို့ လေထု အလယ်ရပ် နေသည်။ သူ၏ အလှသည် အစစ် အမှန် မဟုတ်ချေ။

“ အရေး မကြီး ပါဘူး၊ မသိလို့ မှားမိတဲ့ အတွက် ... အပြစ် မယူ ပါဘူး။ ”

ထျန်ရွှမ်ဇီက အပြစ် မမြင်ဘဲ၊ လက်ဝှေ့ ယမ်းကာ ကျွားချင်းယန်အား သူ့ထံ ခေါ်ယူ လိုက်သည်။

“ ဆရာ ... ဒီတပည့် အသုံး မကျတဲ့ အတွက် အပြစ် ပေးပါ။ ”

“ သူက ငါတောင် သတ်ဖို့ မလွယ် ခဲ့တဲ့ ... ၊ လူ ဆိုတာ မမေ့ ပါနဲ့ ... ။ ”

ထျန်ရွှမ်ဇီက သူ့ တပည့်အား အပြစ် မမြင်ခဲ့ဘဲ၊ အကြည့့်က လင်းယွန်ပေါ် ကျရောက် သွားပြီး၊

“ လူငယ်လေး ... ၊ ငါတို့ ပြန်ဆုံ ကြပြီနော်။ ”

-ဟု နှုတ်ဆက် လိုက်သည်။

လင်းယွန်က တုန်လှုပ်ခြင်း မရှိဘဲ၊ ထျန်ရွှမ်ဇီအား ပြန်ကြည့်၏။

“ ငါ ... မင်းကို နိဗ္ဗာန်ပွဲ ချန်ပီယံ ... ၊ ဒါမှမဟုတ် ပန်းသင်္ချိုင်း၊ ဘယ် အမည်ကို ခေါ်ရ မလဲ။ ”

ပန်းသင်္ချိုင်း ဟူသော အမည်ကြောင့် လူတိုင်း မျက်နှာ ပြောင်းသွား၏။ တစ်စုံ တစ်ယောက်မှ ပြောသော် ဂရုစိုက် မိမည် မဟုတ်ချေ။

ယခုမူ ထျန်ရွှမ်ဇီ ဖြစ်နေ သဖြင့်၊ အလေး အနက် ထားကာ၊ လင်းယွန်ထံ စိုက်ကြည့် လာ ကြသည်။

“ မင်း ငါ့ကို သတ်ချင် နေရင် ...၊ ငါက ပန်းသင်္ချိုင်း ဖြစ်ဖြစ်၊ နိဗ္ဗာန်ပွဲ ချန်ပီယံ ဖြစ်ဖြစ် အရေး မကြီး ပါဘူး။ ”

“ ဟုတ်တယ် ... မင်း ဘယ်သူ ဖြစ်ဖြစ် အရေး မကြီးတော့ ပါဘူး။ ”

ချန်ရွှမ်ဇီက အပြုံး မပျက်ဘဲ၊ လင်းယွန် အပေါ် ကြီးမားသော ဖိအားများ သက်ဆင်း စေလိုက်သည်။

“ ခရစ် ... ။ ”

ထိုဖိအားကြောင့် လင်းယွန် အရိုးများ အက်ကွဲကာ၊ မျက်နှာ ရှုံ့တွ သွားခဲ့ လေသည်။ နတ်လိပ် အသွင် ပြောင်းနည်း ပြိုကွဲ လာခြင်း ဖြစ်၏။

သို့တိုင် လင်းရှောင် အဖြစ်သာ ရှိနေသေး သဖြင့်၊ ထျန်ရွှမ်ဇီ၏ အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့ သွားသည်။

ပြီး လက်ဖဝါးဖြင့် ဖိချ လာ၏။ လင်းယွန်မှ သက်ပြင်းချ လိုက်သည်။ ယနေ့တွင် သူ မည်သူ ဖြစ်မည်ကို ထုတ်ဖော် ရပေ တော့မည်။

“ ဒီလောက် အထိ ... ၊ အပင်ပန်း ခံနေ စရာ မလို ပါဘူး၊ ငါက လင်းယွန်ပဲ။ ”

လင်းယွန်မှ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာလျက်၊ လေထု အလယ် တစ်ပါတ် လှည့်ကာ၊ ရေပြင်ပေါ် ပြန်၍ ဆင်းသက် လိုက်သည်။

လင်းရှောင် မှသည် လင်းယွန် ဖြစ်လာ တော့၏။ သူ၏ အဖြူရောင် ဝတ်ရုံက လေထဲ တဖျပ်ဖျပ် လွင့်လာ လေသည်။

နဖူး ပြင်ရှိ ခရမ်းရောင် ရွမ်းဗက်ပုံ အမှတ်အသားက မှော်ဆန်စွာ တောက်ပလျက် မာနကြီး လွန်းသော လူငယ် တစ်ဦး အသွင် ပေါ်လာသည်။

ဓား သေတ္တာနှင့် အပြာရောင် အဝတ် အစား မဟုတ် သည်မှလွဲ၍ ဤသို့သော ဖြစ်တည် မှုမျိုး ခွန်လွန်၌ တစ်ယောက် တည်းသာ ရှိသည်။

“ တကယ် ပဲကိုး ... ။ ”

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြ သွား ကြသည်။ အဆုံးတွင် လင်းယွန်၏ မျက်နှာအား လူတိုင်း နီးပါး မြင်ဖူးထား ကြ၏။

အရှေ့ဘက် ပျက်စီးမြေ၏ တိုက်ပွဲများ ပြီးနောက်၊ ‘ပန်းသင်္ချိုင်း’ ဟူသော အမည်နှင့် ပုံတူ ပန်းချီကားမှာ ပျံ့နှံ့ လာခဲ့သည်။

“ လင်းယွန်လား။ ”

ရှယွမ်ကွီမှ မယုံ နိုင်ဖွယ် ဖြစ်လာ၏။ ကျိလင်ဖုန်း သည်လည်း ချွင်းချက် မရှိချေ။ လင်းယွန်သည် ဒုက္ခိတ တစ်ဦး ဖြစ်သွားကာ ဇာတ်မြုပ် နေသည်ဟု သတင်းကြီး နေ၏။

သို့သော် လင်းရှောင် အဖြစ် သွားလာ လှုပ်ရှား နေပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ပထမ ရာထူးကို၊ ရယူ ပြခဲ့သည်။

“ ပန်းသင်္ချိုင်း ... ။ ”

အနန္တ လျှပ်စီး ဂိုဏ်းမှ ရီဖန်းနှင့်၊ နတ် တာအို ခန်းမ၏ လင်းချင်းယန်က တုန်လှုပ် လာ၏။

ဤလူငယ်သည် ကောင်းကင် ချပ်ဝတ် ပိုင်ဆိုင် ထားသော၊ သက်တံဓား သူတော်စင်၏ တပည့် ဖြစ်သည်။

ကျွားချင်းယန်ပင် တုန်လှုပ် သွားပြီး၊

“ လင်းယွန် ... မင်း အရမ်း ရဲရင့်တယ်။ ”

-ဟု အေးစက်စွာ မှတ်ချက်ပြု လိုက်၏။

“ ဘာလို့ မဝံ့ ရမှာလဲ၊ ငါက အပြစ်သား မဟုတ်ဘူး၊ မင်းကို စောစောက မသတ်နိုင် ခဲ့လို့၊ နောင်တ ရမိတယ်။ ”

လင်းယွန်က ပြန်ဖြေ၏။ သူ့စကားကြောင့် ကျွားချင်းယန် တစ်ယောက် ရင်ဘတ် အောင့် သွားသည်။

၎င်းဓားသည် သူ့ တစ်သက်တွင် အကြီးကျယ်ဆုံး အရှက်ရ စေသော ဓား ဖြစ်လာ ပေတော့မည်။

“ ဒါဆို ... မင်းက ချင်းယန်ကို ... ဒဏ်ရာ ရစေခဲ့ တာပေါ့၊ လင်းယွန် ... မင်းက တကယ် အံ့သြစရာ ပါပဲ၊ ငါ့ဆီ လာပါဦး။ ”

ထျန်ရွှမ်ဇီက လက်လှမ်း လိုက်ချိန်တွင်၊ မုရွယ်လင်က တံဆိပ် တစ်ခု ထုတ်ယူ လိုက်၏။ ထိုတံဆိပ်တွင် မွန်မြတ်ပြီး ထည်ဝါသော ရောင်ဝါ ပါရှိ နေသည်။

“ ဧကရာဇ် နဂါး အမိန့်။ ”

ဤသည်မှာ ဧကရီ၏ ကိုယ်ပွား ဖြစ်သဖြင့် ကျွားချင်းယန် တစ်ယောက် မျက်လုံး ပြူးသွား လေသည်။

“ နတ်နဂါး သံတမန်ကို ... နှုတ်ခွန်း ဆက်ပါတယ်၊ ချင်းယန် ... မြန်မြန်လေး ဂါရဝ ပြုပါ။ ”

ထျန်ရွှမ်ဇီက တည်ငြိမ် စွာပင် အသိ အမှတ် ပြုလာသည်။

“ ထျန်ရွှမ်ဇီ ဒီတံဆိပ်ကို ... မင်း သိတဲ့ အတွက်၊ လင်းယွန် အသက်ကို ဒီနေ့ ယူသွားလို့ မရဘူး။ ”

မုရွယ်လင်က ပုံမှန် လေသံဖြင့် လှမ်းပြော လိုက်သည်။

“ ဧကရာဇ် နဂါး အမိန့်နဲ့ ... နတ်နဂါး သံတမန်၊ ဒီကမ္ဘာ ပေါ်မှာ ဘယ်သူက မင်းကို မလေးစား ဝံ့ပဲ နေမလဲ။ ”

ထျန်ရွှမ်ဇီမှ ပြုံးလိုက်ပြီး၊

“ ငါက လင်းယွန်ကို ... ၊ သတ်ချင် နေတယ်လို့ လူတိုင်းက ထင်နေကြ ပါလား၊ သက်တံဓား သူတော်စင် အပါ အဝင် နတ်နဂါး သံတမန်တောင် ချွင်းချက် မရှိပဲ၊ ...

... ငါ သူ့အသက်ကို လိုချင် တယ်လို့၊ တစ်ခါမှ မပြောဖူး ပါဘူး၊ ငါ့ကို အထင် လွဲနေ ကြပြီ၊ ငါက လင်းယွန်ကို အင်ပါယာ၊ ...

... ခေါ်သွားပြီး၊ ဧကရီနဲ့ တွေ့ပေး ရုံပါ၊ သူ့ အသက်ကို လိုချင် တယ်လို့ ... ၊ တစ်ခါမှ မပြော ဖူး ပါဘူး။ ”

သူ့စကားကြောင့် မုရွယ်လင် တစ်ယောက် ချေပစရာ စကား လုံးများ ဆိတ်သုဉ်း ကုန်တော့ သည်။

“ ထျန်ရွှမ်ဇီ ... မင်းက အရှက် ကင်းမဲ့ လွန်းတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ် ဆယ်က ဓားဂိုဏ်း ရဲ့ ရွှေမျိုးဆက်ကို ပျက်ဆီးအောင်၊ မင်း အစီစဉ် ချခဲ့တယ်၊ ငါ့ရဲ့ စီနီယာ အစ်ကိုတောင် တိမ်လွှာ ဓားဂိုဏ်းမှာ၊ ...

... ပိတ်မိ ခဲ့ရတယ် မဟုတ်လား၊ ပြီးတော့ ငါ့ဆရာကို ကျင့်ကြံရာ ကနေ၊ ထွက်လာအောင် ထပ်လုပ်ခဲ့ သေးတယ်။ ”

လင်းယွန်က ရွံ့ရှာစွာ အော်ဟစ် လိုက်၏။

“ ဓားဂိုဏ်း ပျက်စီး တာနဲ့ ... ၊ စီနီယာ သက်တံဓား သူတော်စင် သေဆုံးမှုက သင်္ခါ ရပါ၊ ငါနဲ့ မဆိုင်ဘူး၊ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ဧကရာဇ် မရှိတာ ကြာပြီ၊ သက်တံဓားက ဧကရာဇ် နယ်ပယ်ကို၊ ...

... မတက်လှမ်း နိုင်တာ ကြောင့်၊ ငါက သူ့အစား ဧကရာဇ် အဆင့်ကို တက်ရောက် ပေးရ တော့မယ်၊ ဓားဂိုဏ်းနဲ့ သက်တံ ဓားကို မင်းရဲ့ စကား တစ်ခွန်း တည်းနဲ့၊ မကယ်တင် နိုင်ပါဘူး၊ ဒါကြောင့် နာခံမှု ရှိရှိနဲ့ လိုက်ခဲ့ပါ။ ”

“ ဟုတ်လား ... ဒါဆို ငါ့ကို လာခေါ်ပါ၊ အဲဒီတုန်းက ငရဲနတ်ဘုရား ဘိုးဘေးကို သတ်ခဲ့ သလိုမျိုး၊ ဒီနေ့ မင်းကို ပါးရိုက် သတ်ပြမယ်။ ”

လင်းယွန်မှ ခပ်တည်တည်ဖြင့် ပြန်ပြော လိုက်သည်။ ထိုစကားကြောင့် ထျန်ရွှမ်ဇီ ခမျာ တုန့်ဆိုင်း သွား၏။

“ မင်း ဒဏ်ရာ တွေက မပျောက် သေးဖူး မဟုတ်လား။ ”

လင်းယွန်က ထပ်ပြောသည်။ ဓား ဧကရာဇ်သည် ၎င်း သူတော်စင် သေွးကြောကို ဖျက်ဆီးကာ နှစ်ပေါင်း တစ်ရာကျော် ဆုတ်ယုတ် စေခဲ့သည်။

ထို့ကြောင့် ထျန်ရွှမ်ဇီ ဒဏ်ရာမှာ သူ့ထက် များစွာ ပြင်းထန် ချေ၏။

“ ငရဲ နတ်ဘုရား ဘိုးဘေးက ... ၊ ပေါ့လျော့မှုကြောင့်၊ မင်း သတ်တာကို ခံခဲ့ ရတာ ပါ၊ ဒီနည်းလမ်းနဲ့ ငါ့အပေါ် အလုပ် ဖြစ်မယ်လို့ ထင်လား။ ”

“ ဒါဆို ... ဘာလို့ လာမစမ်း ကြည့်ရ တာလဲ။ ”

လင်းယွန်က မကြောက်မရွံ့ ဖိတ်ခေါ် လိုက်၏။ အမှန်ပင် ကောင်းကင် ချပ်ဝတ်အား သူ အသက် မသွင်းနိုင် တော့ချေ။

သို့သော် တစ်ဖက် လူ သည်သာ တိုက်ခိုက်လာ ပါက အခြား အဓိပ္ပါယ် ဆောင် ပေမည်။

ယင်းက ထျန်ရွှမ်ဇီ အသက်ကို မယူနိုင် သော်မှ၊ သက်တမ်း တစ်ဝက် ထပ်မံ လျော့ချ ပစ်နိုင်မည်။

“ မဝံ့ဖူး ထင်လား။ ”

ထျန်ရွှမ်းဇီက အေးစက်စွာ ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းကာ သူတော်စင် ရောင်ဝါ ထုတ်လွှတ် လိုက်သည်။

မုရွယ်လင်က ဟန့်တားရန် ကြိုးစား လိုက်သော်လည်း သူမအား ဖယ်ထုတ်ခြင်း ခံလိုက် ရ၏။

ထျန်ရွှမ်ဇီ ပခုံးပေါ်ရှိ ခရမ်းရောင် ပန်းပွင့်သည်၊ မရေ မတွက် နိုင်သော ပွင့်ချပ် များ အဖြစ်၊ မိုင်ထောင်ချီ ပျံကျဲ လာ၏။

မုရွယ်လင်မှာ စိုးရိမ် သွားသည်။ ခန်းမ သခင်ဖြစ် လျှင်ပင်၊ ဤနယ်မြေကို ဖျက်ဆီး နိုင်မည် မဟုတ်ချေ။

“ ထျန်ရွှမ်ဇီ ... ၊ ငါ့ညီကို အနိုင် ကျင့်ချင် နေတာလား။ ”

ရုတ်တရက် အော်ငေါက်သံ တစ်သံ ပဲ့တင်ထပ် လာပြီး၊ ထျန်ရွှမ်ဇီ ဖန်တီး ထားသော ပန်းနယ်မြေ တုန်ယင် လာတော့၏။

သည့်နောက် အဖြူဝတ် လူရွယ် တစ်ဦး ပေါ်လာပြီး၊ အဆုံးမဲ့ ဓားရောင်ဝါများ ဆင်းသက် လာသည်။

ယင်းက အဖြူရောင် အလင်း ဓားများ သဖွယ်၊ ခရမ်းရောင် ပန်းနယ်မြေသို့ ကျရောက် သွား လေသည်။

အဖျက် စွမ်းအားမှာ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ လူတိုင်း၏ ဦးရေ ပြားများ ထုံကျင် လာ၏။

“ ခရစ် ... ။ ”

ပန်းနယ်မြေနှင့် အဖြူရောင် ဓားအလင်း နယ်မြေတို့ ရောနှော သွားကာ၊ အာကာပြင် အနှံ့ အက်ကွဲ ကုန် တော့သည်။

ပန်းနယ်မြေ အက်ကွဲ လာချိန်၌၊ အဖြူဝတ် လူရွယ်က လင်းယွန်အား ဓားနယ်မြေထဲ ပြန်၍ ဆွဲယူ လိုက်သည်။

“ သူက ငါ့ညီပဲ ... ထျန်ရွှမ်ဇီ။ ”

“ ဖောင်း ... ။ ”

ပန်းနယ်မြေကြီး ပေါက်ကွဲ သွားကာ၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လျက်၊ ထျန်ရွှမ်ဇီ မျက်နှာ ဖြူဖျော့ လာ၏။

ဤတွေ့ဆုံမှု အတွင်း သူ ရှုံးနိမ့် ခဲ့ရပြီး၊ ဓားရောင်ဝါကို မဖယ်ရှား နိုင်မိချေ။ ထို့ကြောင့် စိတ်မသက် မသာ ဖြစ်လာ၏။

လင်းယွန် ပြောခဲ့ သလိုပင်၊ သူ့ဒဏ်ရာ များမှာ မသက်သာ သေးချေ။ သို့တိုင် အဖြူဝတ် လူရွယ်ထံ အေးစက်စွာ ပြန်ကြည့်ပြီး၊

“ ယဲ့ ကူ ဟန် ... ။ ”

-ဟု အံကြိတ် ခေါ်ဆို လိုက် တော့သည်။

***

All Chapters