မင်းရော ဘယ်လို ထင်လဲ။
Vol. 134 Ch. 1866
“ ယဲ့ကူဟန်။” -ဟူသော အမည်ကြောင့် မြင့်မြတ်မြေ (၅) ပါးက၊ အဖြူဝတ် လူရွယ်ထံ အမြန် လှည့်ကြည့် လိုက်သည်။
ဤသည်မှာ ဓားသမား တစ်ဦး ဖြစ်ပြီး၊ အသူရာ ဓားသူတော်စင် အဖြစ်၊ လူ သိများ ပေ၏။
သက်တံဓား သူတော်စင်၏ ပထမဆုံး တပည့် ဖြစ်ပြီး၊ ဗဟိုလွင်ပြင် ဒေသရှိ အသူရာ မြစ်ကမ်းတွင် ဉာဏ်အလင်း ရရှိ ခဲ့သည်။
အရှေ့ဘက် ပျက်စီးမြေ၌ ယဲ့ကူဟန် ဟူက မသိချေ။ အသူရာ ဓားသူတော်စင် ဟုသာ သိကြ သည်။
သက်တံဓား လိုပင်၊ အရှေ့ဘက် ပျက်စီး မြေ၏ ဓားသူတော်စင် သုံးပါး အနက်မှ တစ်ပါး မဟုတ် သော်လည်း၊ အသက် အငယ်ဆုံး ဓား သူတော်စင် အဖြစ်၊ ဂုဏ်သိက္ခာ ကြီးမား လေသည်။
ထို့ကြောင့် သူ့အား ယဲ့ကူဟန်ဟု မည်သူမျှ မခေါ် ရဲချေ။ ထျန်ရွှမ်ဇီမှာ ချွင်းချက် ဖြစ်ခဲ့သည်။
“ သူတော်စင် အကြီး အကဲကို ... နှုတ်ခွန်း ဆက်ပါတယ်။ ”
ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များနှင့်၊ အမည်ခံ သူတော်စင်က ရိုသေစွာ ဦးညွှတ် လိုက် ကြသည်။
“ စီနီယာ အသူရာ ဓားသူတော်စင်ကို နှုတ်ခွန်း ဆက်ပါတယ်။ ”
အခြားသော မြင့်မြတ်မြေ များမှလည်း လျင်မြန်စွာ ဦးညွှတ် လာသည်။ ယဲ့ကူဟန်က ပြုံးလျက် ခေါင်းညိတ်ကာ၊
“ ထျန်ရွှမ်ဇီ ... မင်းကိုယ်မင်း မိန်းမ တစ်ယောက်လို အသွင်ဆောင် ရတာ မရှက် ဖူးလား၊ မင်းမှာ ဒီလိုမျိုး ခံစားချက် ရှိနေမှန်း၊ ငါတကယ် မသိ ခဲ့ဘူး။ ”
-ဟု လှောင်ပြောင် လိုက်သည်။
သို့သော် ထျန်ရွှမ်ဇီက ၎င်းကို စိတ် မ၀င်စားဘဲ၊
“ မင်းက သူ့ကို ကောင်းကင် တာအို ဂိုဏ်းဆီ ခေါ်သွားချင် တာလား။ ”
-ဟု ပြန်မေး လာ၏။
“ ဘယ်ပြော နိုင်မလဲ ... ။ ”
ယဲ့ကူဟန်က ပြုံးလိုက်ပြီး၊
“ သူ့ကို ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင် ပေါ်ကို၊ ပို့ပေး လို့လည်း ရပါတယ်၊ ဒါပေမယ့် ... ငါ့ရဲ့ ကောင်းကင် တာအိုဂိုဏ်း ဆိုရင်လည်း၊ မဆိုး ပါဘူး၊ မင်းရော ဘယ်လို မြင်လဲ။ ”
“ မင်းရဲ့ ... နံစော် နေတဲ့ ... ၊ စိတ်ဓာတ်က လုံးဝ ပြောင်းလဲ မသွား ပါလား၊ မင်း မျက်နှာကို ငါ တကယ် စုပ်ဖြဲပစ် ချင်တယ်။ ”
ထိုစကားကို ပြောပြီးနောက် ထျန်ရွှမ်ဇီ ပါးစပ်မှ သွေးများ ထွက်ကျ လာကာ၊ မျက်နှာ ဖြူဖျော့ သွားသည်။
အဆိုပါ မြင်ကွင်းကြောင့် ထျန်ရွှမ်ဇီအား စုံစမ်းရန် အတွေးများ ပေါ်လာသည်။ သို့သော် လင်းယွန် ရှိနေ သဖြင့်၊ စွန့်လွှတ် လိုက်ရ၏။
“ မင်း ဒဏ်ရာက မသက်သာ သေးဘဲ၊ ကြွက်တွင်း ထဲက ထွက်လာ ရဲတာကို၊ ငါ အံ့သြ မိတယ်၊ မင်း အခု ထွက်သွားပါ၊ ဆက်နေ ဦးမယ် ဆိုရင် ... ငါ့ကိုယ်ငါ ထိန်း မထား နိုင်မှာ ကြောက် မိတယ်။ ”
“ မင်းကိုတော့ သတ်နိုင်ပါ သေးတယ်။ ”
စကားဆုံး သည်နှင့် ထျန်ရွှမ်ဇီက ယဲ့ကူဟန်ရှေ့ ရောက် လာသည်။ ဤအရာက ယဲ့ကူဟန်အား သတိ ဝင်လာ စေ၏။
လင်းယွန်အား ဖြည်းညှင်းစွာ တွန်းထုတ် လိုက်ပြီး၊ တိုက်ခိုက်မှုများကို ရှောင်တိမ်း နေမိ တော့သည်။
ဆယ်ကြိမ် ပြည့်ပြီးနောက်၊ ပန်းနယ်မြေ ပြန်လည် ဖွဲ့တည် လိုက်ကာ၊ ထျန်ရွှမ်ဇီ ရောင်ဝါ တဖန် မြင့်တက် လာ၏။
“ ခရစ် ... ။ ”
လက်ဝှေ့ယမ်း လိုက်သော အခါတွင်၊ ရေမျက်နှာ ပြင်က ကြောက်မက်ဖွယ် ကောင်း လောက်အောင် နိမ့်ဆင်း သွားပြီး၊ ကောင်းကင် အက်ကွဲ လာလေသည်။
ခြေတလှမ်း လှမ်းလိုက် ရုံနှင့် ပင်လယ် အတွင်းရှိ လှိုင်းလုံးများ ချက်ခြင်း ရပ်တန့် ကုန် တော့သည်။
အရေး အကြီး ဆုံးမှာ ယဲ့ကူဟန်ဖြင့် တိုက်ခိုက်နေ သော်လည်း၊ ပန်းချီကား ထဲတွင် ရှိနေ သည်ဟု ခံစားရ စေခြင်း ဖြစ်၏။ လက်ရှိ ကမ္ဘာနှင့် ကွဲလွဲ နေပုံ ရသည်။ ဆိုလိုသည်မှာ ယဲ့ကူဟန်သည် ပန်ချီကား တစ်ချပ်ဖြင့် တိုက်ခိုက်နေ သကဲ့သို့၊ မြင်မိ၏။
“ ကြီးကျယ် ခမ်းနားတဲ့ ကောင်းကင်ဘုံ။ ”
ဟောက်သံနှင့် အတူ၊ ထျန်ရွှမ်ဇီက လက်ဖဝါး တစ်ချက် ထုတ်ဖော် လာခဲ့သည်။ သူတော်စင် ရောင်ဝါများ တဟုန်းဟုန်း တောက်လောင် လာ၏။
ပတ်ဝန်းကျင် လေဟာနယ်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် ကုန်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး၊ ယဲ့ကူဟန်မှ ပြုံး၏။
“ မင်း အလေး အနက် ထားနေ ပြီလား။ ”
-ဟု ဆိုကာ၊ ထျန်ရွှမ်ဇီ ဟန့်တားရန် လက်ဖဝါး မြှောက်လိုက်သည်။ ပေ တစ်သောင်း ရှည်သော အနက်ရောင် ဓားတစ်လက် သူ့နောက်၌ ပေါ်လာ ခဲ့၏။
“ ငရဲ ဓား ... ။ ”
အနက်ရောင် ဓားမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ ရေတံခွန် ကဲ့သို့ သွန်းလောင်း ပေးလာသည်။
ဤဓား ပေါ်လာသော အခါ၊ ထျန်ရွှမ်ဇီ လက်ဖဝါးက များစွာ နှေးကွေး သွားတော့၏။ ဓားက ထျန်ရွှမ်ဇီ၏ ခရမ်းရောင် ပန်းနယ်မြေကို ဖြတ်ရန် ကြံရွယ် လေသည်။
“ ဟိတ် ... ။ ”
အနည်းငယ် ဖလှယ် မိ ပြီးနောက် နှစ်ယောက်သား ချက်ချင် ပြန်၍ ဆုတ်ခွာ လိုက် ကြသည်။
ယဲ့ကူဟန်က ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ဓား အလင်းဖြင့် ထျန်ရွှမ်ဇီထံ ပစ်သွင်း လိုက်သည်။
“ ရွှပ် ... ။ ”
ကောင်းကင် (၃၆) လွှာမှ ဓားတစ်လက် ထိုးဆင်း လာကာ၊ ခန္ဓာ ကိုယ်ထဲ တိုးလျိုပေါက် ဖောက်ဝင် သွား၏။
သို့သော် ဓားအလင်းမှာ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ လေထု အလယ် ပျံဝဲ နေသော ထျန်ရွှမ်ဇီက ပြုံးပြီး၊
“ ယဲ့ကူဟန် ... မင်းက နှစ်တွေ ဒီလောက် ကြာတောင်၊ တိုးတက်မှု မရှိ ပါလား၊ ငါ့ မှာသာ ဒဏ်ရာ ရ မထားရင်၊ မင်းကို သတ်ပစ်ဖို့ ဘယ် နှစ်ကြိမ်လောက် လှုပ်ရှားရမယ် ထင်လဲ။ ”
-ဟု ပြန်မေး လာသည်။
“ ဒါဆို ... လာခဲ့ ပါဦး၊ ငါ မင်းကို ကောင်းကင် တာအို ဂိုဏ်းမှာ စောင့်နေမယ်။ ”
ယဲ့ကူဟန်မှ မျက်ခုံးပင့်ကာ ဖိတ်ခေါ် လိုက်သည်။
“ စိတ်မပူ ပါနဲ့ ... ငါ လာခဲ့ မှာပါ ... ၊ ကောင်းကင် တာအို ဂိုဏ်း အပြင်၊ မြင့်မြတ်မြေ (၆)ပါး လုံးကို၊ ငါ သိမ်း ယူမယ်၊ တစ်နှစ် အတွင်း။ ”
ယဲ့ကူဟန်၏ ဓားကို ခံယူ ပြီးနောက် ထွက်သွားရန် ထျန်ရွှမ်ဇီက ပြတ်ပြတ် သားသား ဆုံးဖြတ် ခဲ့သည်။
လက်ကို ဝှေ့ယမ်း လိုက် သည်နှင့်၊ သူတော်စင် မူလ များက၊ ဆေးရည်များ အလား၊ သူ့အား ဗဟို ပြုလျက် စီးမျော လာကာ၊ ပန်ချီကား အသွင် ဖြစ်တည် လာသည်။
ထို့နောက် ကျွားချင်ယန်အား ပန်းချီကား ထဲသို့ ဆွဲသွင်း ကာ၊ ပေျာက်ကွယ် သွားတော့၏။ ကျွားချင်ယန်နှင့် ထျန်ရွှမ်ဇီ မရောက်ရှိ သကဲ့သို့ အငွေ့ အသက်များ လုံးဝ ပျောက်ကွယ် သွားလေသည်။
လူတိုင်း၏ ဦးခေါင်း အထက်တွင် ပျံဝဲ နေသော ဖိအားများ လျော့ပါးကာ၊ ပင်လယ် ရေ မျက်နှာပြင် ငြိမ်သက် လာ၏။
ထွက်သွားကြောင်း သေချာ သဖြင့်၊ မြင့်မြတ်မြေ၏ အမည်ခံ သူတော်စင် များက သက်ပြင်းချ လိုက်သည်။
ထျန်ရွှမ်ဇီ ဟူသည် ထောင်စုနှစ် အတွင်း အသန်မာဆုံး ပါရမီရှင် တစ်ပါးအဖြစ် သတ်မှတ် ကြသည်မှာ ချဲ့ကားနေခြင်း မဟုတ်မှန်း နားလည် လာသည်။
“ ဒီကောင်မှာ ... နား မလည်နိုင် စရာတွေ ပိုများ လာပြီ။ ”
တစ်ဖက်တွင် ယဲ့ကူဟန် မှာမူ၊ စိတ် သက်သာရာ မရ ခဲ့ချေ။ ယင်းအစား ပို၍ ခေါင်းကြီး လာသည်။
“ ညီလေး ... အဆင်ပြေ ရဲ့လား။ ”
သို့သော် လင်းယွန်ထံ လှည့်ကြည့် လိုက်ချိန်၌ အပြုံး တစ်ပွင့် ဆင်မြန်းထား တော့၏။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်မှ ရှင်းလင်းစွာ အသိ မကပ်နိုင် သေးချေ။ စီနီယာ အစ်ကိုသည် ဤမျှ ငယ်ရွယ် နေလိမ့် မည်ဟု မထင် သည်မှာ အမှန် ပေပင်။
ထျန်ရွှမ်ဇီနှင့် သက်တူ ရွယ်တူ ဖြစ်ပုံ ရချေပြီ။ သူတို့၏ စကားဝိုင်းကို အခြေခံပြီး၊ မျိုးဆက် တူများ ဖြစ်နိုင်၏။
သူတော်စင် တစ်ပါးသည် ၎င်းတို့ သူတော်စင် ဖြစ်ချိန်က၊ ရုပ်ရည် မျိုးအား ဆန္ဒရှိ သရွေ့၊ ထိန်းထား နိုင်မည်။
“ အသူရာ ဓားသူတော်စင်ရဲ့၊ အကူအညီ အတွက် ကျေးဇူးတင် ပါတယ်။ ”
ယွဲ့ဝေဝေနှင့် မုရွယ်လင် ရောက်လာပြီး၊ ကျေးဇူးတင် စကား ဆိုသည်။
“ အဆင် ပြေပါတယ် ... ၊ ငါတို့က မိသားစု တစ်ခု တည်းကပဲ၊ ဒီလောက်ထိ ယဉ်ကျေး နေဖို့ မလို ပါဘူး။ ”
ယဲ့ကူးဟန်မှ ပြုံးကာ တုန့်ပြန် သည်။ သူ့လေသံသည် အတော်ပင် ပေါ့ပေါ့ ပါးပါး နိုင် ချေ၏။
“ အသူရာ ဓား သူတော်စင် ... မင်း ငါတို့နဲ့ အတူ၊ ကောင်းကင် ရနံ့ သင်းသင်းကို၊ လိုက်လာ ချင်လား၊ ဒါမှ မဟုတ် သူ့ကိုပဲ၊ ငါနဲ့ အတူ ခေါ်သွား စေချင်လား။ ”
မုရွယ်လင်က လင်းယွန်ထံ ကြည့်ကာ၊ မရွှင်မပျဖြင့် မေးသည်။ အဆိုပါ မေးခွန်းကြောင့် ယဲ့ကူဟန်မှ မုရွယ်လင်ကို အံ့ဩစွာ ကြည့်ပြီး၊ အမူအရာ ပြောင်းသွား၏။
“ အလျင်လို စရာ မလို ပါဘူး၊ ငါ့ညီကို ပြောစရာ စကား နည်းနည်း ရှိနေလို့ ... ၊ ပြီးရင် မင်းဆီကို လာပို့ ပေးပါ့မယ်။ ”
-ဟု ပြောပြီး လင်းယွန်အား ဖမ်းကိုင်ကာ၊ ကောင်းကင်ပေါ် ခုန်တက် ပျောက်ကွယ် သွားတော့သည်။
ကောင်းကင် တာအို ဂိုဏ်း၏ အဖွဲ့ ဝင်များမှာ၊ သူတော်စင် အကြီးအကဲ ရောက်လာ သဖြင့်၊ ခရမ်း-ရွှေရောင် နဂါး သရဖူ အကြောင်း ပြောပြချင် ခဲ့ သော်လည်း လက်လျော့ လိုက်ရသည်။
“ သူတော်စင် အကြီး အကဲက၊ လင်းယွန်ကို ငါတို့ ကောင်းကင် တာအို ဂိုဏ်းဆီ ... တကယ် ခေါ်လာ မှာလား၊ ခန်းဆောင် သခင်။ ”
ရှယွမ်ကွီက အမည်ခံ သူတော်စင်အား စိတ်လှုပ်ရှားစွာ လှည့်မေးသည်။ ကျန်းယန်က၊
“ ကောင်းကင် တာအို ဂိုဏ်းက ... ၊ ထျန်ရွှမ်ဇီကို မကြောက် ပါဘူး၊ ဒါပေမယ့် ... လူ တွေရဲ့ နှလုံးသားကို၊ မစမ်း ကြည့်တာ ...
... အကောင်း ဆုံးပဲ ယွမ်ကွီ၊ သူ့ရဲ့ ကောင်းကင် ချပ်ဝတ်ကြောင့် ... နတ်တောင် ကသာ အကောင်းဆုံး ပါပဲ။ ”
ထိုစကားကြောင့် ရှယွမ်ကွီမှာ စိတ်ပျက် သွားသည်။ လင်းယွန်သာ ဂိုဏ်းသို့ ရောက်ရှိခဲ့ ပါက၊ ကောင်းကင် တာအို ဂိုဏ်းသည် ကျိန်းသေပေါက် စည်ကား နေပေမည်။
သို့သော် ယခု ထိုသို့သော် မြင်ကွင်းမျိုး မြင်ခွင့် မရှိ တော့ချေ။ နှမျော စရာ ကောင်းပေ ၏။
အဝေး တစ်နေရာမှ ရပ်ကြည့် နေသော အန်းလျူယွင်က သက်ပြင်း ချလိုက်သည်။ သူမ အနားရှိ မိန်ဇီဟော်က။
“ တကယ်ပဲ သူက လင်းယွန်ရဲ့ ... ၊ စီနီယာ အစ်ကိုကြီးလား၊ အနည်း ဆုံးတော့ သက်တံဓား သူတော်စင်က၊ ဓားသူတော်စင် လေးပါးလောက် မွေးထုတ် ပေးနိုင် တော့မှာပဲ။ ”
တစ်ဖက်တွင် ကူကျွင့်က ထျန်ရွှမ်ဇီ ထွက်သွားရာ အရပ်ထံ ကြည့်ပြီး၊
“ ငါ့ နှလုံးသွေး အတွက်၊ ဆုံးရှုံးမှုက ကြီး ပါတယ်၊ ဒါနဲ့ ... လိပ်နက် သူတော်စင် ကျမ်းကို ဘယ်သူ ရသွား မယ်လို့၊ မင်းတို့ ထင်လဲ။ ”
-ဟု မေးခွန်း ထုတ်လာ တော့၏။
မူလက ထျန်ရွှမ်ဇီသည် ထိုအမျိုးသမီး ဖြစ်မှန်း သိလိုက်ရ သဖြင့်၊ လိပ်နက် သူတော်စင် ကျမ်းအား သူမ ရမည်မှာ၊ သေချာ ခဲ့သည်။
သို့သော် ယဲ့ကူဟန် ထပ်ရောက် လာချိန်၌ အထက်ပါ သေချာမှု အပေါ်၊ မေးခွန်း ထုတ်စရာ ဖြစ်လာ ခဲ့သည်။
၎င်းတို့ နှစ်ဦး ရောက်ရှိ လာခြင်းသည်၊ လျူချန် သေဆုံးမှုနှင့်၊ ခရမ်း-ရွှေရောင် နဂါး သရဖူ ကိုပင်၊ လုံးဝ မေ့လျော့ သွားစေ၏။
***