← Chapters

စီနီယာ အစ်ကို ... ။

Vol. 134 Ch. 1867

စီနီယာ အစ်ကို ... ။

Vol. 134 Ch. 1867

လင်းယွန်အား ကောင်းကင် အလွှာ (၃၆)လွှာမှ တဆင့်၊ ခေါ်ဆောင် လာကာ၊ လူသူ ကင်းရှင်းသော တောင်တစ်လုံး ပေါ်၊ ပြန်လည် ဆင်းသက် လိုက်သည်။

ယဲ့ကူဟန်က လင်းယွန် ပုခုံးကို ကိုင် လိုက်ပြီး၊

“ မလှုပ်နဲ့ ... ၊ မင်းကို ငါ ကြည့်ပါရစေ။ ”

-ဟု ဆိုကာ၊ စစ်ဆေး တော့သည်။

“ မဆိုးဘူး ... ၊ မဆိုးဘူး ... ၊ မင်း ဒီပုံစံနဲ့ အရမ်း ကြည့် ကောင်းတယ်။ ”

အဖိုးတန် ရတနာ တစ်ပါး ကဲ့သို့ မသက် မသာ ဖြစ်လာ စေသည် အထိ၊ မျက်လုံးမှေးစင်း လျက်၊ စစ်ဆေး နေခဲ့သည်။

“ လာပါဦး ... ထိုင် ... ၊ မင်း ငါ့ကို သိချင်တာ မှန်သမျှ မေးလို့ ရတယ်။ ”

ထိုစိတ်မသက် မသာ ဖြစ်မှုကို၊ ယဲ့ကူဟန်မှ သတိ ပြုမိပြီး မြေပြင်ပေါ် ထိုင်ချကာ၊ ပြုံးလျက် ဆိုလိုက် တော့သည်။

“ လိပ်နက် သင်္ဘောငယ် ပေါ်မှာ ... ၊ ကျွန်တော် ရှိနေ တုန်းက၊ အစ်ကိုကြီး အနားမှာ ရှိနေ တာလား။ ”

“ ဟုတ်တယ် ... ၊ ဒါပေမယ့် အဲဒီ တုန်းက မင်းရဲ့ အထောက် အထားကို၊ အတည် မပြုနိုင် သေးဘူး၊ ပြီးတော့ ... ဒီကောင်က သူ့ကိုယ်သူ အမျိုးသမီး တစ်ဦး အဖြစ်၊ အသွင် ယူထား လိမ့်မယ် လို့လည်း၊ တကယ် မထင် မိဘူး။ ”

ထိုစကားကြောင့် လင်းယွန် ကျောရိုးများ အေးစက် သွားသည်။ ထျန်ရွှမ်ဇီ နည်းလမ်းမှာ ရွံရှာဖွယ် ကောင်းချေ၏။

“ မင်းက ... အလောင်း ကောင်ကို သတ်ပြီး သူ့ရဲ့ သူတော်စင် မူလ ထုတ်ယူ လိုက်တော့၊ ငါ ဆက်ပြီး ပုန်း မနေနိုင် တော့ဘူး၊ ဒါက ငါ့ ဓားနဲ့ တောင်၊ တော်တော် ဖယ်ခဲ့ ရတယ်။ ”

မိစ္ဆာ ရောင်ဝါအား ရည်ရွယ်ခြင်း ဖြစ်၏။ ထိုစကားကြောင့် လင်းယွန် နှုတ်ခမ်းများ တုန်ခါ သွားသည်။

၎င်းကို ပိုင်ဆိုင်ထား ပါက၊ သူ့အတွက် ကံဆိုး နိုင်ကြောင်း နားလည် မိ၏။ ကံကောင်း သွားခြင်း ဖြစ်ခေျပြီ။

“ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး။ ”

“ အဆင် ပြေပါတယ်။ ”

“ ဒါနဲ့ အစ်ကိုကြီး၊ ငါတို့ ဆရာ ဘယ်လို နေလဲ သိလား။ ”

လင်းယွန်မှ ရုတ်တရက် မေးလိုက်သည်။ သက်ပြင်း ချလျက် ယဲ့ကူဟန်မှ လင်းယွန်အား ပြန်ကြည့်ကာ၊

“ ငါတို့ ဆရာက ... ဧကရာဇ် ကိုးပါးကို ယှဉ်နိုင်ဖို့ ရည်မှန်း ထားတယ်၊ ဒီလိုမှ မဟုတ်ရင် သူ့ကိုယ်သူ ဒီလို အဆုံးထိ ရောက်စေမှာ မဟုတ်ဘူး၊ လောလော ဆယ်၊ ...

... အဲဒါကို စိတ်ပူ မနေ ပါနဲ့၊ မင်းကိုယ် မင်းလည်း အပြစ်တင် နေစရာ မလို ပါဘူး၊ ဒါက ငါတို့ ဆရာ ကိုယ်တိုင် ရွေးတဲ့ လမ်းပဲ။ ”

အဓိပ္ပါယ်မှာ ခရမ်းငယ် ပြောသည့် စကားများ အတိုင်း ပေပင်။ လွယ်ကူသည့် လမ်း မဟုတ် သဖြင့်၊ သက်တမ်း ကုန်ဆုံး လာခြင်း ဖြစ်ချေ၏။

ဧကရာဇ် ကိုးပါး ဟူသည်၊ ဒဏ္ဍာရီ ပုဂ္ဂိုလ်များ ဖြစ်ပြီး၊ တောင်ပိုင်း ဧကရာဇ်သည် ထိုအဆင့် ကိုပင် သာလွန်သူ ဖြစ်သည်။

ထို့ကြောင့် ဆရာ သခင် အတွက် မည်မျှ ခက်ခဲ မည်ကို မြင်နိုင်၏။

“ ဒါ့ပေမယ့် ဆရာ အတွက် အဆင်ပြေ ပါတယ်၊ သက်တမ်း ကုန်ဆုံးဖို့ နီးလာ လေလေ၊ အခွင့် အလမ်း ပိုများ လေလေပဲ။ ”

ယဲ့ကူဟန်၏ မျက်လုံးများ တည်ငြိမ် လာသည်။

“ နောက်ဆုံးတော့ ... ငါတို့ ဆရာက ဧကရာဇ် နယ်ပယ် အောက်မှာ၊ အသန်မာ ဆုံးပဲ မဟုတ်လား၊ အဲဒီ အဆင့် ကနေ ရုန်းထွက် နိုင်မယ်လို့ ယုံကြည် တယ်။ ”

“ ဒါပေမယ့် ထျန်ရွှမ်ဇီ ကတော့ တစ်နှစ် အတွင်း၊ အရှေ့ဘက် ပျက်စီးမြေ တစ်ခု လုံးကို စိန်ခေါ်တော့ မယ်လို့ ကြေညာ ခဲ့တယ်။ ”

စိုးရိမ် စိတ်ဖြင့် လင်းယွန်မှ ထုတ်ဖော် သတိ ပေးလိုက်သည်။

“ ထျန်ရွှမ်ဇီက သန်မာ ပါတယ်၊ ငါ သူတော်စင် သခင် ဖြစ်တဲ့ အချိန်မှာ၊ သူက မဟာ သူတော်စင် ဖြစ်နေပြီ။ ”

ယဲ့ကူဟန်မှ ပြုံးသည်။

“ ဒါပေမယ့် ... စိတ် မပူပါနဲ့ ... ၊ သူက ဒဏ်ရာ ရနေပြီ၊ ချက်ချင်း ပြန်လာ နိုင်ဦးမှာ မဟုတ်ဘူး၊ စောစောက ငါ သင်ခန်းစာ ပေး လိုက်တာ တွေ့တယ် မဟုတ်လား၊ ...

... တစ်နှစ် အတွင်းလား ... ဒါက အနာဂတ်ပဲ၊ မသေချာ ပါဘူး၊ သူ မလာခင် ကောင်းကင်ယံ ဂိုဏ်းကို၊ ငါ ခရီး ထွက်သင့်ရင် ထွက်ရမယ်၊ ဒါမှ မဟုတ် သူ သေရင်လည်း သေသွား နိုင်ပါတယ်။ ”

ယဲ့ကူဟန် စကားကြောင့် လင်းယွန်မှ ပြုံးလာ မိသည်။ သူ့အစ်ကိုသည် အကောင်းမြင် သမား တစ်ဦး ဖြစ်ချေပြီ။

“ စီနီယာ အစ်ကို၊ မင်းက ကောင်းကင် တာအို ဂိုဏ်းမှာ ... သူတော်စင် အကြီး အကဲ ဘယ်လိုလုပ် ဖြစ်လာ တာလဲ။ ”

လင်းယွန်မှ စိတ်ဝင် တစား မေးမိသည်။

“ ငါက ဗဟို လွင်ပြင် ဒေသရဲ့ ... ယဲ့ မျိုးနွယ်စု ကနေ ဆင်းသက်လာ သူပဲ၊ ဆရာက တပည့် အဖြစ် ခေါ်သွား လို့သာ ဓားဂိုဏ်းထဲ ရောက်သွားတာ၊ ...

... တကယ်တော့ ယဲ့ မျိုးနွယ်စုက ဓားဂိုဏ်းထက် ကောင်းကင် တာအိုဂိုဏ်း အပေါ်၊ ပိုရင်းနှီး ကြတယ်၊ ...

... ကောင်းကင် တာအို ဂိုဏ်း ကတော့ အရမ်း ရှုပ်ထွေးတယ်၊ အဲဒါကို ခဏ ထားလိုက် ရအောင်၊ မင်းကို ငါ မေးစရာ တစ်ခု ရှိတယ်၊ မင်းမှာ ရွေးချယ်ခွင့် နှစ်ခု ရှိမယ်၊ ...

... ကောင်းကင် တာအို ဂိုဏ်းနဲ့ ... ၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်၊ မင်းကို သွားချင်လဲ။ ”

“ ကောင်းကင် တာအို ဂိုဏ်း။ ”

လင်းယွန်မှ မဆိုင်းမတွ ပြန်ဖြေ မိ၏။

“ အဲဒီ သူတော်စင် အကြီး အကဲရဲ့ ... ၊ နောက်ခံက မရိုး ရှင်းဘူး၊ နဂါးပြာ မှတ်တမ်းက၊ သူ့လက်ထဲမှာ ရှိတယ်၊ ဧကရီ ကိုယ်တိုင် သူ့ကို နတ်တောင် ကနေ၊ ဖိတ်ခေါ် ခဲ့တာ ဖြစ်ဖို့ များတယ်။ ”

“ ကျွန်တော် သိပါတယ်။ ”

လင်းယွန်မှ သိပြီး ဖြစ်၏။ သို့သော် မုရွယ်လင်သည် အရာရာ အလေး အနက် ထား လွန်းသဖြင့်၊ မကြိုက် လှချေ။

အရေးကြီးဆုံး အချက်မှာ၊ လမင်း ကြင်ဖော် ရေကန်၌၊ သူမ မျက်နှာအား၊ အခြား အမျိုးသမီး များနှင့် အတူ၊ မြင်မိ ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ရှင်းယန်၊ ဆုစီယာ၊ ယွဲ့ဝေဝေ၊ အန်းလျူယွင်နှင့် မုရွယ်လင် ဖြစ်၏။ ယင်းသည် သူမအား ရှောင်ရှား လိုခဲ့သည့် အကြောင်းရင်း ဖြစ်လေသည်။

ယဲ့ကူဟန်က လင်းယွန် မျက်နှာရှိ၊ အပြောင်းအလဲ များကို သဘာဝ ကျကျ သတိ ပြုမိသည်။ ထို့ကြောင့် ပြုံးလျက်၊

“ နောက်ကွယ်မှာ ဇာတ်လမ်း တစ်ပုဒ် ရှိနေပုံပဲ။ ”

-ဟု သုံးသပ် လိုက်သည်။

“ ဘာမှ ... မဟုတ် ပါဘူး။ ”

စိတ် တည်ငြိမ်မှုကို အတတ် နိုင်ဆုံး ထိန်းကာ၊ လင်းယွန်မှ ငြင်းသည်။ ယင်းကြောင့် ယဲ့ကူဟန်မှ ဆက် မမေး တော့ချေ။

“ ကောင်းကင် တာအို ဂိုဏ်းကို ... မင်း လာချင်ရင်၊ နည်းနည်းတော့ ဒုက္ခ ဖြစ်လိမ့်မယ်။ ”

“ ကိုယ်ပိုင် လက္ခဏာကို ဖုံးကွယ် ထားရမှာ မဟုတ်လား။ ”

“ မှန် တယ် ... ။ ”

ယဲ့ကူဟန်မှ ခေါင်းညိတ်ကာ ပြုံးသည်။

“ ညီလေး၊ မင်းက အရည် အချင်း ရှိရုံသာ မကဘူး၊ ဉာဏ်လည်း ကောင်းတာပဲ ... ၊ နှစ်လ နေရင်၊ ကောင်းကင် တာအို ဂိုဏ်းကို လာခဲ့ပါ၊ ငါစောင့် နေမယ်။ ”

“ ကျွန်တော် ... ဘယ်သူ့ အသွင် ယူရ မှာလဲ။ ”

လင်းယွန်မှ အရေးကြီး သည်ကို မေးလိုက်၏။

“ အချိန် တန်ရင် ... သိလိမ့်မယ်။ ”

သို့သော် ယဲ့ကူဟန်က လျှို့ဝှက်သော အပြုံးဖြင့် အဖြေ မပေး ခဲ့ချေ။ ထို့နောက် သက်ပြင်း ချကာ၊

“ အမှန်တိုင်း ပြောရရင်၊ ငါ မင်းကို ကောင်းကင် ရနံ့ သင်းသင်းရဲ့ တောင်ပေါ် သွားစေချင်တယ်၊ နတ်တောင် ဆိုတာ လျှို့ဝှက် ဆန်းကြယ်ပြီး၊ ဘယ်သူမှ မဝင် ရဲဘူး။ ”

“ ကောင်းကင် တာအို ဂိုဏ်း ကရော၊ ဘာဖြစ် နေလို့လဲ။ ”

“ အရှေ့ဘက် ပျက်စီး မြေမှာ ... ၊ အမှောင်ခေတ်ကို ဖြတ်သန်း လာခဲ့တဲ့၊ မြင့်မြတ် မြေ (၆)ပါး ရှိတယ်၊ ဒါကြောင့် မြင့်မြတ် မြေတွေ အတွင်းမှာ၊ ရှုပ်ထွေးတဲ့ အရာတွေ ရှိလာတယ်၊ ...

... ဓားဂိုဏ်းလို မရိုးရှင်း တော့ဘူး ... ၊ ဒါပေမယ့် အနှစ် တစ်သိန်း ဆိုတဲ့ အခြေခံ အုတ်မြစ် ကြောင့်၊ ဓားဂိုဏ်းထက် သာတဲ့ ပါရမီရှင် တွေတော့ ရှိနေ တုန်းပါပဲ။ ”

ယဲ့ကူဟန်သည် ကောင်းကင် တာအို ဂိုဏ်း အပေါ်၊ ကြိုက်ပုံ မရဘဲ၊ အကြောင်း အရာ ကိုပင် များများ စားစား၊ မပြောပြ တော့ချေ။

ဗဟို လွင်ပြင်ရှိ၊ သူ၏ ယဲ့ မျိုးနွယ်စု ကြောင့်သာ၊ ကောင်းကင် တာအို ဂိုဏ်း၌၊ နေ- နေရပုံ ပေပင်။

“ ဒါပေမယ့် ... သူတို့ ထဲက ဘယ်သူမှ မင်းကို မမီ ပါဘူး။ ”

အဝေးကို ငေးနေသော ယဲ့ကူဟန်က လင်းယွန်ထံ ပြန်ကြည့်ကာ ပြုံးပြီး ပြောလာ လေသည်။

“ ခိုင်မာတဲ့ အုတ်မြစ် ကြောင့်သာ ... ၊ မြင့်မားတဲ့ ကျင့်ကြံမှုမျိုး ရှိနေ ကြတာ၊ သူတို့ရဲ့ စွမ်းဆောင် ရည်က၊ မင်းနဲ့ ယှဉ်ရင် သုည ပါပဲ။ ”

အဆိုပါ နှိုင်းယှဉ်ချက် စကားကြောင့် အနေခက် စွာဖြင့်၊ လင်းယွန်က နှာခေါင်း ပွတ် လိုက် မိလေသည်။

“ ရှက် မနေနဲ့ ... မင်းက သက်တံဓား သူတော်စင်ရဲ့ တပည့် ဖြစ်ပြီး ... ၊ နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံပဲ၊ ကောင်းကင် တာအို ဂိုဏ်း ကိုသာ၊ ...

... ရောက်လာရင် ... ၊ သက်တံဓား သူတော်စင် တပည့်က၊ ဘာလဲ ဆိုတာ၊ လူတိုင်း သိသွား ကြလိမ့်မယ်။ ”

စကားဆုံး သည်နှင့် ယဲ့ကူဟန်က ဝိညာဉ် သစ်သီး တစ်လုံးကို ထုတ်ယူပြီး၊ ကိုက်စားလိုက် တော့သည်။

“ ရွှေခေတ် ပြန်လာ တော့မယ် ဆိုတဲ့ ... ခံစားချက်မျိုး ငါတို့ ရထားတယ်၊ ဧကရာဇ် (၉) ပါးရဲ့ ဒဏ္ဍာရီက၊ နှစ်ပေါင်း သုံးထောင် ကျော်နေပြီ၊ အဲဒီ ကာလတွေ အတွင်းမှာ၊ ...

... ပါရမီရှင် များစွာ ရှိခဲ့ ဖူးတယ် ... ၊ ဒါပေမယ့် ဘယ်သူမှ ဧကရာဇ် ကိုးပါး အဆင့် မရောက် ခဲ့ကြဘူး။ ”

ယဲ့ကူဟန်က သစ်သီးကို တဂျွတ်ဂျွတ် ဝါးလျက်၊

“ မင်း ကတော့ ... ရွှေခေတ် ရောက်လာရင် အားလုံး အထက်မှာ၊ တောက်ပ နေလိမ့် မယ်လို့ ငါ ယုံကြည်တယ်။ ”

-ဟု သုံးသပ် လာ၏။

“ ကျွန်တော် ... ခွန်လွန်ရဲ့ ထိပ်ဆုံးကို တက်ပြီး၊ ဒီကမ္ဘာ ပေါ်မှာ၊ နတ်ဘုရားတွေ ရှိ-မရှိ ကြည့်ချင်တယ် ... ။ ”

လင်းယွန်မှ ချက်ချင်း ပြောလိုက်သည်။

“ ဟား ဟား ဟား ... ၊ ငါ မင်းကို အထင် သေးမိ နေပုံပဲ၊ မင်းက ဓားနတ်ဘုရား လမ်းကို လျှောက်ချင် နေကိုး။ ”

ထိုစကားကို လင်းယွန်က မငြင်းချေ။

“ ရော့ ... ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု အတွက် လက်ဆောင်ပဲ၊ အလော တကြီး လာခဲ့ ရတာမို့၊ ဘာမှ ပြင်ဆင် မလာဘူး ... ၊ ဒီလိပ်နက် သူတော်စင် ကျမ်း တစ်ဝက်ကို ယူထားလိုက်။ ”

လိပ်နက် သူတော်စင် ကျမ်းသည်၊ လျှို့ဝှက် ပညာရပ် များစွာ ပါဝင်သော၊ နောက်ဆုံး အမွေ ဖြစ်သည်။

တစ်စုံ တစ်ယောက်သည် သူတော်စင် နယ်ပယ်၌ ရှိပါက၊ ဤကျမ်း အားကိုးဖြင့် ဂိုဏ်း တစ်ဂိုဏ်းကို ထူထောင် နိုင်မည်။

“ အဲဒီကောင်က တစ်ပိုင်း ရပြီး၊ ကျန် တစ်ပိုင်းကို ငါ ရတယ်၊ ကန့်သတ်ချက် ကြောင့် ငါတို့က အများကြီး မလှုပ်ရှား ဝံ့ ကြဘူး၊ ...

... ဒါပေမယ့် ငါ့ကို ပိတ်မိလု နီးပါး ဖြစ်အောင် လုပ်နိုင် ခဲ့လို့၊ သူက ငါ့ထက် ပို သန်မာ တာတော့ အမှန်ပဲ။ ”

လိပ်နက် သူတော်စင် ကျမ်းသည် ရှေးဟောင်း စာအုပ် တစ်အုပ် ဖြစ်သည်။ အထူး သားရဲ သားရေ များဖြင့် ပြုလုပ် ထားပြီး၊ ရုပ်ပုံ ကားချပ် များစွာနှင့်၊ အချက် အလက် များစွာ ပါရှိသည်။

ထို့ကြောင့် အလွန် အဖိုး တန်သော အရာ တစ်ခု ဖြစ်လေရာ၊ ပေါ့ပေါ့ တန်တန် လက်ခံယူ လိုခြင်း မရှိချေ။

“ အစ်ကိုကြီး ... လက် မခံဝံ့ ပါဘူး၊ ဒါက တန်ဖိုးကြီး လွန်းတယ်။ ”

“ ငါ အကုန် ဖတ်ပြီးပြီ၊ မင်းလည်း ဖတ်ကြည့်ပြီး ... ၊ အဲဒီ အဘိုးကြီးကို ပေးလိုက်ပေါ့၊ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ ... ဒီထဲက လျှို့ဝှက် ပညာရပ် တွေကို၊ လေ့ကျင့် လို့လည်း မရသေး ပါဘူး၊ ဒါကြောင့် မင်း အတွက် ကြည့်ရုံနဲ့ ... လုံလောက် ပါတယ်။ ”

ယဲ့ကူဟန် စကားကြောင့် လင်းယွန်က ခေါင်းညိတ်ကာ လက်ခံ လိုက် တော့သည်။

“ ကောင်းပြီ ... ငါတို့ စကား ဝိုင်းကို ဒီမှာပဲ အဆုံးသတ် လိုက်ရအောင်။ ”

ယဲ့ကူဟန်က အပြုံးဖြင့် မတ်တပ် ထရပ် လိုက်သည်။

“ မင်း ကိစ္စတေွ ပြီးရင် ... ငါ့ကို လာရှာ၊ ဆရာက အရိယာ ဓားသုတ္တန် မင်းကို သင်ပေးဖို့၊ တောင်းဆို ထားတယ်၊ မင်း အခု ဘယ်အဆင့် ရောက်နေ ပြီလဲ။ ”

“ သတ္တမ အဆင့် ... ။ ”

လင်းယွန် အဖြေကြောင့် ယဲ့ကူဟန် ခမျာ၊ အံ့အားသင့် သွား၏။

“ အံ့သြ စရာပဲ၊ မင်းရဲ့ လက်ရှိ အဟုန် အရဆို၊ နိဗ္ဗာန်အဆင့် ရောက်တဲ့ အခါ၊ တော်ဝင် ဓားကျမ်းကို လေ့ကျင့် နိုင်လိမ့်မယ်။ ”

ယင်းသည် ဓားဂိုဏ်း၏ အပြင်းထန် ဆုံးသော စွမ်းအင် ကျင့်ကြံမှု နည်းစနစ် ဖြစ် သဖြင့်၊ လင်းယွန် တစ်ယောက် ဝမ်းမြောက် သွားသည်။

“ အခု အပျော်လွန် မနေနဲ့ ... ၊ အရိယာ ဓားသုတ္တန်က လေ့ကျင့် ခက်တယ်၊ ကဲ ... အခု ငါ မင်းကို ကောင်းကင် မြို့တော် အထိ၊ ပြန်ပို့ ပေးမယ်။ ”

စကားဆုံး သည်နှင့် ပခုံးအား ဆုပ်ကိုင်ကာ၊ ကောင်းကင် (၃၆)လွှာကို ခွဲလျက်၊ ပြန်လည် ခေါ်ဆောင် လာခဲ့သည်။

***

All Chapters