အနက်ဝတ် လူငယ် ... ။
Vol. 134 Ch. 1868
လင်းယွန်အား ကောင်းကင် မြို့တော် အပြင်ဘက်ရှိ ကျွန်းတစ်ခု ထံသို့၊ ရဲကူဟန်မှ လိုက်လံ ပိုဆောင် ပေးခဲ့၏။
သူ့၌ မမေးရ သေးသော မေးခွန်း များစွာ ရှိနေသေးသည်။ သို့သော် အစ်ကို ကြီးမှ အလျင် လိုနေ သဖြင့်၊ မမေး လိုက်ရချေ။
ကောင်းကင် မြို့တော်အား ကြည့်ကာ၊ ချက်ချင်း မဝင် သေးဘဲ၊
“ ငါ့မှာ ဘာတွေ ရှိသေးလဲ ကြည့်ရအောင်။ ”
-ဟု ထိုင်ချ လိုက်၏။
လိပ်နက် အမည်ခံ သူတော်စင် အမြုတေ နှစ်ဆယ် နီးပါး၊ လိပ်နက် သူတော်စင် အမြုတေ ဆယ့်ရှစ် လုံးနှင့်၊ ဒီမီဂေါ့ ဝိုင် သုံးပုံ နှစ်ပုံ နီးပါး ကျန်ရှိ နေသေးသည်။
ရတနာ များမှာ၊ လိပ်နက် သူတော်စင် သံကြိုး၊ ခရမ်း-ရွှေရောင် နဂါး သရဖူ၊ ပျက်စီး နေသော အနန္တ အကြေးခွံ ချပ်ဝတ်နှင့်၊ လိပ်နက် သူတော်စင် ကျမ်း တစ်ဝက်တို့ ဖြစ်၏။
ဤတစ်ကြိမ် ရိတ်သိမ်းမှု ဟူသည် အရှေ့ဘက် ပျက်စီးမြေမှ ရရှိထား သည်ထက်၊ များစွာ ပိုချေပြီ။
၎င်းအပြင် လိပ်နက် ရေဝဲ အတွင်းမှ သူတော်စင် ရှေးဟောင်း ပစ္စည်းနှင့် လျှို့ဝှက် ရတနာ များလည်း ရရှိ ထားသည်။
သို့သော် သူ့တွင် ဘုန်းသူတော်စင် လက်ရာများ အပြည့်အ၀ ပိုင်ဆိုင်ထား သဖြင့်၊ ၎င်းတို့အား စိတ် မဝင်စား တော့ချေ။
အချို့မှာ နဝမ အဆင့် သူတော်စင် ပစ္စည်းများ ဖြစ်နေ သော်လည်း၊ သူ၏ ဘုန်း သူတော်စင် လက်ရာထက် နိမ့်ကျ နေဆဲ ဖြစ်၏။
သူတော်စင် ရတနာ ဟူသည်၊ လောက နိယာမ နယ်ပယ် အတွက်၊ အသင့် လျော်ဆုံး လက်နက်များ ဖြစ်ပြီး၊ အမည်ခံ သူတော်စင် တစ်ပါး အတွက်ပင်၊ လုံလောက် ချေသည်။
ဘုန်း သူတော်စင် လက်ရာများ ကိုမူ၊ သူတော်စင် များမှသာ စွမ်းအား အပြည့် ထုတ် နိုင်ကြ၏။
ထို့နောက် ကျွားချင်ယန်နှင့် တိုက်ပွဲမှ နားလည်ထား သမျှကို ချေဖျက်ရန် အတွက် တရားထိုင် လိုက်သည်။
အသက်နှင့် သေခြင်း ဆိုင်ရာ အတွေ့ အကြုံများကြောင့်၊ ဓား ရည်ရွယ်ချက်မှာ အဆင့် သစ် ရောက်ရှိ လာခဲ့၏။
အဆုံးတွင် အမည်ခံ သူတော်စင်နှင့် တိုက်ခြင်း ကဲ့သို့သော တိုက်ပွဲမျိုး၊ အမြဲ ရနိုင် မည် မဟုတ်ချေ။
ဤအရာက သူ့ထက်၊ အင်အား ကြီးမားသော ရန်သူ များကို၊ ကြောက်ရွံ့မှု ပြေပျောက် စေခဲ့သည်။
“ ကောင်းကင် အမိုးဓား အထက်မှာ ဘာရှိလဲ။ ”
ကောင်းကင် အမိုးဓားကို အပြည့်အ၀ ကျွမ်းကျင်လာ သဖြင့်၊ ပဉ္စမတန်း ဓား ရည်ရွယ် ချက်အား၊ စတင် စဉ်းစား လာခဲ့သည်။
ခဏ အကြာတွင် ဘဝ လမ်းကြောင်း ခုနစ်သွယ်ကို ဖွင့်လျက်၊ ခရမ်းရောင် နန်းတော် ထဲသို့၊ ဝင်ရောက်ခွင့် ပြုလိုက်၏။
ဘဝ၏ စွမ်းအား အောက်တွင်၊ သူ၏ နဂါးမူလ စွမ်းအင်မှာ၊ မြင့်တက် လာခဲ့သည်။ အစွမ်း ထက်သော နဂါး မူလများ သူ့ခန္ဓာ ကိုယ်၌ ပြည့်နှက် လာ၏။
လောက နိယာမ နယ်ပယ်သည် နဂါး မူလအား၊ သန့်စင်ခြင်း နယ်ပယ် ဖြစ်လေသည်။ အဆုံးတွင် နဂါး မူလသည် နိဗ္ဗာန် ရောင်ဝါ အဖြစ်သို့ ပြောင်းလဲ သွားပေ လိမ့်မည်။
နိဗ္ဗာန် ရောင်ဝါ (၉)ပါး ရရှိ ပြီးနောက်၊ အမည်ခံ သူတော်စင် နယ်ပယ် ရောက်ရှိ လာ နိုင်သည်။ အချိန် အတော်ကြာ ပြီးနောက်၊ မျက်လုံးများ ပြန်ဖွင့် လာ၏။
“ လောက နိယာမ နယ်ပယ်ကို ... ၊ ဘုရင်တွေလို့ ခေါ်တာ မစမ်း ပါဘူး၊ သေမျိုး ဘဝရဲ့ နောက်ဆုံး ခြေလှမ်းပဲ၊ ဘာပဲ ဖြစ်ဖြစ် ကောင်းကင် တာအို ဂိုဏ်းကို သွားရမယ်။ ”
ခွန်လွန်သို့ ရောက်နေ သည်မှာ၊ လေးနှစ် ရှိလာပြီ ဖြစ်သည်။ လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၌ တစ်နှစ်နှင့် ဓားဂိုဏ်းတွင် နှစ်နှစ် နေခဲ့၏။
ကျန်တစ်နှစ်သည် ဓားဂိုဏ်းမှ ထွက်လာ ခဲ့သော ခရီးကြမ်း ဖြစ်သည်။ (၄) နှစ် အတွင်း၊ ကြက်ပေါက် ကလေး မှသည် ဘုရင် တစ်ပါး အထိ ကြီးပြင်း လာခဲ့၏။
သက်ပြင်း တစ်ချက် ရှူလျက်၊ လိပ်နက် သူတော်စင် ကျမ်းအား ထုတ်ယူ လိုက်သည်။ ကျင့်ကြံမှု နည်းစနစ်နှင့် လျှို့ဝှက် နည်းစနစ် များကို တစ်ချက် မျှသာ ဖတ်ပြီး၊ ဓား ပညာ ရပ်ထံ အာရုံစိုက် မိသည်။
ဓားရေးများ အနက်၊ မိုးကြိုးဓား ပညာ ရပ်သည် သူနှင့် လိုက်ဖက် ပေ၏။ ဤသည်မှာ တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်ပြီး၊ အခြားသော ဓားရေးများနှင့် လုံးဝ ကွဲပြား ချေပြီ။
လိပ်နက် များကို မွန်မြတ်သော သားရဲများ အဖြစ် သတ်မှတ်ပြီး၊ ရှေးဦး ခေတ်၌ လူများစွာမှ နတ်ဘုရား အဖြစ်၊ အသိ အမှတ် ပြုသည်။
၎င်းတို့မှာ သက်တမ်း ရှည်ကြာကာ၊ အားကောင်းသော ခုခံ ကာကွယ်မှုနှင့် ခွန်အား များ ရှိလေသည်။
အမြီးရှိ မိုးကြိုး မြွေပွေးနှင့် ပတ်သက် ၍မူ၊ ဆင့်ကဲ ဖြစ်စဉ် များကြောင့်၊ ဦးခေါင်း (၉)လုံး အထိ၊ ကြီးထွား လာနိုင်မည်။
“ စိတ်ဝင်စားဖို့ ကောင်းတယ် ... ဓား ရည်ရွယ်ချက်နဲ့ တံဆိပ် ဖွဲ့ပြီး ... ချိတ်ပိတ်လို့ ရတယ်လား၊ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ”
ဤဓားပညာ ရပ်သည်၊ အခြားသော ဓားပညာရပ် များနှင့် တူညီသည့် စွမ်းရည် အဆင့် ၌သာ ရှိသည်။
သို့သော် ကိုယ်ပိုင် ဓားပညာ တစ်ရပ်ကို ဖန်တီးရန်၊ ကြံရွယ် နေသော သူ့အတွက် ၎င်းက အမြင်ကျယ် စေ၏။
“ ငါ ကြိုးစား ကြည့်ရမယ်၊ မိုးကြိုး လိပ်နက် တံဆိပ်နဲ့ ... မိုးကြိုးမြွေ တံဆိပ် ... ။ ”
ချက်ချင်းပင် မတူညီသော တံဆိပ် ပုံစံ နှစ်မျိုးကို ဖန်တီး ပစ်သည်။ မိုးကြိုးမြွေ ပုံစံတွင် ပါရှိသော လျှပ်စီးသည် မိုးပြာ နဂါးနှင့် ကွဲပြား ချေ၏။
ယန်နှင့် ယင်အား တစ်လှည့်စီ လည်ပတ်ကာ၊ လျှပ်စီး အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။
တံဆိပ်ကို ပြန်သိမ်းပြီး၊ ဓား ထုတ်လျက်၊ စတင် လေ့ကျင့် မိသည်။ ကနဦး ကျွမ်းကျင်မှု ရရှိရန်၊ အချိန် သုံးရက် ယူခဲ့ ရ၏။
လုပ် စရာများ ရှိနေ သောကြောင့်၊ ရပ်နား လိုက်သည်။
“ ကောင်းကင် မြို့တော်ကို ... သွားရမဲ့ အချိန် ကျပြီ။ ”
ဓားကို သိမ်းပြီး၊ အဝေးရှိ ကြီးမားသော မြို့တော် ကြီးထံ လှမ်းကြည့် လိုက်တော့သည်။ နတ်လိပ် အသွင် ပြောင်းနည်းဖြင့် ရုပ်ဖျက်ကာ၊ မြို့ထဲ ဝင်ရောက် လာမိ၏။
မြို့တော် အတွင်း လေထု၌၊ လွန်ခဲ့သော သုံးရက်က တိုက်ပွဲ အပေါ်၊ ဆွေးနွေး သံများဖြင့် ညံနေ ချေပြီ။
“ လင်းရှောင်က ... လင်းယွန်ပဲ၊ ရဲရင့် လွန်းတယ်၊ ကောင်းကင် မြို့တော်ကို လာပြီး၊ နိဗ္ဗာန်ပွဲ တက်ခဲ့တယ်၊ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် မှာပါ၊ ပထမ နေရာ ရယူသွားတယ်၊ မယုံ နိုင်စရာပဲ။ ”
“ ဟုတ်တယ် လျူမိသားစုက သူတော်စင် သခင်တွေ လွှတ်ခဲ့ တာတောင်၊ ဘာမှ မလုပ်နိုင် ခဲ့ဘူး။ ”
“ လျူ ဘိုးဘေးက ကိုယ်တိုင် လာမို့ပဲ၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ခန်းမ သခင်က သူ့ကို တားဆီး ခဲ့တယ်လို့ ကြားတယ်။ ”
လမ်း တလျှောက် သူ့ အကြောင်း ပြောနေကြ သည်ကို ကြားနိုင်သည်။ မီးဗိုလ်ချုပ် ကို သတ်ပြီး၊ မြင့်မြတ် မြေများ အပေါ်၊ အနိုင် ယူခဲ့ သည်အား၊ လူတိုင်း သိ၏။
တည်းခိုခန်း တစ်ခုမှ အဖြတ်တွင် အဲဟူ ကစားနေသည့် အသံကို ကြားလိုက် ရသည်။ ဤလူသည် မိန်ဇီဟော် ဖြစ်နိုင်၏။
ထင်ထားသည့် မတိုင်း၊ ပြတင်းပေါက်မှ နေ၍ မိန်ဇီဟော်က သူ့ထံ ပြုံးကြည့် နေသည်။ ဘဝနှင့် သေခြင်းကို အတူတကွ ဖြတ်ကျော်ခဲ့ ပြီးနောက်၊ ထိုအပြုံး တစ်ပွင့် ဖြင့်ပင်၊ စကား များစွာ ပြောဖြစ် ခဲ့ကြသည်။
သည့်နောက် မိန်ဇီဟော်က အဲဟူကို ရပ်ကာ၊ ဝိုင်ခွက်အား အစေခံ ထံမှ လှမ်းယူပြီး၊
“ ပျင်းစရာ ကောင်းလိုက်တာ။ ”
-ဟု ညည်းတွား လိုက်၏။
“ သခင်ငယ် ... ၊ သုံးရက် လုံးလုံး ... ဒီတူရိယာ ကိုပဲ တီးနေတာ ... ၊ အခုမှ ဘာလို့ ရုတ်တရက် ပျင်းလာ ရတာလဲ။ ”
အစေခံ တစ်ယောက်မှ ပြုံးကာ မေးသည်။
“ ငါ တွေ့ချင်တဲ့ ... လူကို တွေ့ပြီလေ။ ”
“ ပန်းသင်္ချိုင်း ... ။ ”
သူ့ စကားကြောင့် အစေခံ (၉) ဦးက ပြတင်းပေါက်ထံ အပြေး သွားပြီး၊ ငုံ့ကြည့်လိုက် လေသည်။ သို့သော် မည်သူမျှ ရှိ မနေ ခဲ့ချေ။
“ သခင်ငယ် ... အခု ငါတို့ ထွက်သွားလို့ ရပြီလား၊ အင်ပါယာ နယ်နိမိတ်မှာ ပရမ်းပတာ ဖြစ်နေပြီး၊ ဒါကြောင့် စစ်တပ်ကို ဦးဆောင်ဖို့ ထိပ်တန်း အရာရှိ တစ်ဦး၊ လွှတ်လိုက်တယ် ကြားတယ်၊ ...
... အလယ်ပိုင်း လွင်ပြင်မှာ ရှိတဲ့ မျိုးနွယ်စု တွေလည်း ... တောင်ပိုင်း နယ်စပ်ကို လာနေပြီ၊ ငါတို့ သွားမှ ဖြစ်တော့မယ်။ ”
အစေခံ တစ်ယောက်က သတင်းပို့သည်။
“ တောင်ပိုင်း နယ်စပ်က အဆိပ် ရှိတဲ့ အင်းဆက် တွေကို သုံးပြီး၊ အလောင်း တွေကို ဆွေ့ဆွေ့ခုန် လာအောင်၊ သန့်စင် အသုံးပြု နိုင် တယ်လို့၊ ...
... နာမည် ကြီးပါတယ်၊ ဘယ်အဆင့် ပုဂ္ဂိုလ်ကများ ... စစ်တပ်ကို ဦးဆောင် ပေးမလဲ သိချင်တယ်။ ”
မိန်ဇီဟော်က လှောင်ပြောင် လိုသော အသွင်ဖြင့်၊ စုံစမ်း လိုက်၏။
“ နဝမမြောက် သမီးတော် ... ။ ”
“ နဝမမြောက် မင်းသမီး တော်လား၊ လွင့်မျော နေတဲ့ ရေခွက် ဆိုတဲ့ ... အဲဒီ ကတုံးနဲ့ မတွေ့ တာတောင်၊ တော်တော် ကြာနေပြီ၊ အခု ငါ့မှာ ဝိုင်တွေ အများကြီး ရထားတယ်၊ ဒါက ဝိုင်းဖွဲ့ဖို့၊ လုံလောက် မှာပါ၊ သွားကြ ရအောင်။ ”
မိန်ဇီဟော်က ပြုံးပြီး ဦးဆောင် ထွက်ခွာ လာခဲ့သည်။
“ သခင်ငယ် ... ၊ မင်းရဲ့ အစီအစဉ် အကြောင်း ပန်းသင်္ချိုင်းကို ပြောပြီး ပြီလား။ ”
အစေခံ တစ်ယောက်မှ မေး၏။
“ လိပ်နက် ပင်လယ် ကွေ့က ... ၊ အရမ်း အန္တရာယ် များတယ်၊ ပြောဖို့ အခွင့် အရေး မရ ခဲ့ဘူး၊ အနာဂတ်မှာ ပြောခွင့် ရမှာပါ။ ”
လိပ်နက် ပင်လယ်ကွေ့၌ လင်းယွန်၏ အကူအညီကို ရယူ နေခဲ့ ရသည်။ ၎င်းကို ပြောပြ ကြည့်ရန် အချိန် မရှိ ခဲ့ချေ။
ထိုအချိန်တွင် ဟွမ်ရွှမ်ရီမှာ မင်ဂိုဏ်းတွင် တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေခဲ့ သည်။
နေ-လ သူတော်စင် ကျမ်းကို၊ လေ့ကျင့် နေခြင်း ဖြစ်၏။ မျက်စိကွယ် ပြီးနောက် ၎င်းကို လေ့ကျင့်ရ ပိုမို လွယ်ကူ လာသည်။
ဒဏ္ဍာရီ ဆန်သော နတ်နေ-လ မျက်ဝန်း တစ်စုံ ကိုပင်၊ စိတ်ကူးယဉ် လာနိုင်၏။
“ နိဗ္ဗာန် အဆင့် ရောက်သွားရင်၊ နေလ မျက်လုံးကို ငါ ရရှိ နိုင်မယ်၊ ဒါဆို အသွင်ပြောင်း ခြင်း ပုံစံ (၃)မျိုး ဆေးလုံး ကိုလည်း၊ အသုံးပြု နိုင်ပြီ၊ ဒါက အမည်ခံ သူတော်စင် နယ်ပယ် ရောက်တာနဲ့၊ ငါ့ကို ပြိုင်ဘက်ကင်း စေမယ်။ ”
စားပွဲ ပေါ်ရှိ ကျောက်စိမ်း ပုလင်းကို ကြည့်ကာ ပြုံးလိုက်၏။ လိပ်နက် နယ်မြေမှ ၎င်းအား ရရှိ ခဲ့ခြင်း ဖြစ်သည်။
ဤဆေးသည် နိဗ္ဗာန် အဆင့် အထွတ် အထိပ်သို့ ရောက်အောင် စွမ်းဆောင် ပေးနိုင် သည်ဟု၊ ကောလ ဟာလများ ရှိ၏။
လက်ရှိ အချိန်၌ ဤဆေးလုံး ဖော်စပ် နည်းမှာ ပျောက်ဆုံး ခဲ့ပြီ ဖြစ်သည်။ မည်သူမျှ မဖော်စပ် နိုင်တော့ချေ။
“ ဟမ့် ... ၊ အဲဒီ အချိန်မှာ မင်း အသက်ကို ငါယူမယ်။ ”
လင်းရှောင်သည် ထိုလူ ဖြစ်နေ လိမ့်မည်ဟု၊ မထင်ထားချေ။
“ ဒီကောင်က ကံကောင်း လွန်းတယ်၊ ထျန်ရွှမ်ဇီတောင် သူ့ကို သတ်ခွင့် မရ ခဲ့ဘူး၊ ဘာပဲ ဖြစ်ဖြစ် တစ်နေ့တော့ ငါလုပ်မယ်။ ”
သူ့ စကားဆုံး သည်နှင့် ဓားရောင်ခြည် တစ်စင်း၊ အခန်းထဲ ဝင်လာပြီး၊ အမြင် အာရုံများ ချာချာလည် သွားတော့သည်။
လည်ပင်းမှ သွေးများ ပန်းထွက် လာစဉ်၊ အနက်ရောင် ခေါင်းစွပ်ဖြင့် လူငယ်တစ်ယောက် လှမ်းဝင် လာ၏။
ထိုလူက ကျောက်စိမ်း ပုလင်းကို ကောက်ယူကာ၊ ပြန်လည် ထွက်ခွာ သွားတော့ သည်။
***