ဝိုင် တစ်ခွက်။
Vol. 134 Ch. 1869
ဟွမ်ရွှမ်ရီ သေဆုံးကြောင်း သိရှိ သွားချိန်၌ လင်းယွန်မှာ ကောင်းကင် ရနံ့ သင်းသင်းသို့ ပြန် ၍ ရောက်ရှိ နေပြီ ဖြစ်သည်။
ကူကျွင့် အသွင် ခံယူလျက်၊ ဂိုဏ်းထဲ ဝင်လာပြီး၊ မုရွယ်လင်ထံ ဦးတည် လာခဲ့သည်။ မုရွယ်လင်မှ ကုလားထိုင် တစ်လုံးတွင် ထိုင်နေကာ၊ သူမ ဘေးတွင် ယွဲ့ဝေဝေ တစ်ယောက် အပ်ပျော် နေ၏။
“ သတိ မရ သေးဖူးလား။ ”
“ အနည်းဆုံး သုံးလမှ ခြောက်လ အထိ ကြာလိမ့်မယ်။ ”
မုရွယ်လင်မှ ပြန်ဖြေ၏။ ထိုစကားကြောင့် လင်းယွန်က ရှေ့ တစ်လှမ်း လှမ်းတက် သွားပြီး၊ ယွဲ့ဝေဝေထံ ကြည့်သည်။
“ သူ အဆင်ပြေ ရဲ့လား။ ”
“ အဆင် ပြေပါတယ် ... ၊ ဒါပေမယ့် နတ်တောင်ပေါ် ငါ ပြန်ခေါ် သွားရမယ်၊ ကောင်းကင် နတ်မိစ္ဆာ သွေးကို အမွေ ဆက်ခံဖို့ အချိန် ကျပြီ။ ”
“ ကောင်းကင် နတ်မိစ္ဆာ သွေးဆိုတာ ဘာလဲ။ ”
“ အပြင်မှာ စကား ပြောရအောင်။ ”
နှစ်ယောက်သား အခန်း ထဲမှ ထွက်ခွာပြီး နှင်းတောင်ထိပ် ပေါ်ရှိ ရေကန် ဆီသို့ လျှောက် လှမ်း လာသည်။
“ နတ်ဆိုး သားရဲနဲ့ ... နတ်မိစ္ဆာ မိသားစု ဘာကွာလဲ သိလား။ ”
“ သိတယ် ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊
“ နတ်ဆိုး သားရဲ တေွနဲ့ ... နတ်မိစ္ဆာ မျိုးနွယ်စု တွေက တူညီသော ဗီဇတွေ ပိုင်ဆိုင် ထားကြတယ်၊ ဆင့်ကဲ ပြောင်းလဲ လာပြီး၊ အဆုံးမှာ ရွေးချယ် စရာ နှစ်ခု ရလာမယ်။ ”
-ဟု ပြောလိုက်သည်။
“ ဟုတ်တယ် အဆုံးမှာ သားရဲ အဖြစ် ရွေးချယ်ခဲ့တဲ့ လူတွေက နတ်ဆိုးတွေ ဖြစ်လာ ပြီး၊ လူအဖြစ် ရွေးချယ် ခဲ့တဲ့ သားရဲ တွေ ကတော့ နတ်မိစ္ဆာ ဖြစ်လာတယ်။ ”
... ဒါကြောင့် နတ်မိစ္ဆာ မိသားစု တွေက လူသား တေွထက်၊ ပိုမို လှပ ကြတယ်၊ တစ်ဖက် မှာတော့ နတ်ဆိုး အဖြစ် ခံယူ သွားတဲ့၊ သားရဲ တွေကတော့ သူတို့ရဲ့ အသွေး အသားတွေ ပိုပြီး၊ သန့်စင် လာတယ်၊ ...
... နတ်မိစ္ဆာ တွေကတော့ အဆုံးမှာ၊ ကောင်းကင် နတ်မိစ္ဆာ ဖြစ်လာကုန် ကြတယ်၊ သူ တို့ရဲ့ မျိုးဆက် သွေးက တန်ခိုး ကြီးပြီး၊ ဒါကို ခံယူဖို့ နတ်ဘုရား သွေးနဲ့ ရှေးကျသော အခမ်း အနား တစ်ခုကို ပြုလုပ် ပေးရတယ်။ ”
မုရွယ်လင်မှ ဖြည့်စွက် ရှင်းပြ လာသည်။
“ ယွဲ့ဝေဝေ အတွက် ကတော့ သတင်း ကောင်း မဟုတ်ဘူး၊ ဒါကြောင့် နတ်တောင်ပေါ် ကနေ၊ သူ ဒုတိယ အကြိမ် ထွက်ပြေး လာတာ၊
... နတ်မိစ္ဆာ သွေးကို၊ ဆက်ခံ ခြင်းက မင်းသား တစ်ပါး ထီးနန်းကို ဆက်ခံ ပုံနဲ့၊ တူ တယ်၊ ဒါက သူမ အတွက် အရမ်း ခက်ခဲတယ်၊ မင်း မသိတဲ့ အရာတွေ အများကြီး ရှိတယ်။ ”
ထိုစကားကို ကြားသော အခါ၊ လင်းယွန်မှ တိတ်ဆိတ် သွား၏။ ယွဲ့ဝေဝေ အကြောင်း သူ အနည်း ငယ်သာ သိသည်။
နတ်မိစ္ဆာ မိသားစုသည် ကောင်းကင် နတ်မိစ္တာ ကုန်းမြေဟု ခေါ်သော နယ်မြေကြီး တစ်ခုတွင် ခွန်လွန်နှင့် အဆက် ဖြတ်ကာ နေထိုင် ခဲ့သည်။
“ နဂါးပြာ မှတ်တမ်းက ... သူတော်စင် အကြီးအကဲ လက်ထဲမှာ ရှိတယ် ဆိုတဲ့၊ ကောလ ဟာလတွေ ကြားတယ်၊ ဧကရီ နဂါး အမိန့် ကြားက ဆက်နွယ်မှုကို သိချင် ပါတယ်။ ”
ယွဲ့ဝေဝေ အိပ်ပျော် သွား ပြီးနောက်၊ မုရွယ်လင် သဘော ထားသည်၊ မကျေနပ်မှု အဖြစ်သို့ ပြောင်းလဲ သွားသည်။
သူ့အပေါ် ကောင်းကောင်း ဆက်ဆံ ခဲ့သည်မှာ၊ ယွဲ့ဝေဝေကြောင့် ဖြစ်မှန်း လင်းယွန် သိသည်။
“ နဂါးပြာ မှတ်တမ်းက နတ်နဂါး အင်ပါယာနဲ့ မဆိုင်ဘူး၊ ဘိုးဘေး နတ်ဘုရားက သူ မသွားခင် ... ၊ နဂါးပြာ မှတ်တမ်းကို နတ် တောင်မှာ လာထား ခဲ့တယ်၊ အင်ပါယာကို လွှဲအပ် ရမယ်လို့၊ လုံးဝ မမှာ ခဲ့ဘူး။ ”
“ ဘာ လို့ လဲ ... ။ ”
“ ငါ့စကားကို အရင် နားထောင်ပါ၊ မေးခွန်းတွေ ဖြတ်ဖြတ် မမေးနဲ့၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်က၊ နတ်ဘုရား တိုက်ပွဲ ကနေ စလို့ အမှောင်ခေတ် ရောက် လာတဲ့ အထိ၊ ကမ္ဘာ ကြီးကို၊ ...
... စိတ် မဝင်စား ခဲ့ဘူး၊ ဒါပေမယ့် တောင်တန်း သခင်က ဘိုးဘေး နတ်ဘုရားနဲ့ အသိ အကျွမ်း တွေပဲ၊ ဒါကြောင့် နဂါးပြာ မှတ်တမ်းကို ထိန်းသိမ်း ပေးဖို့ လက်ခံ လိုက်တာ။ ”
ဤသို့ ဆိုက ကောင်းကင် ရနံ့ သင်းသင်းသည်၊ နဂါးပြာ မှတ်တမ်းကို ဂရု မစိုက်ဟု အဓိပ္ပါယ် ရ၏။ ဘိုးဘေး နတ်ဘုရား ကြောင့်သာ လက်ခံ ထားခြင်း ပေပင်။
“ နဂါးပြာ မှတ်တမ်းက ... ၊ နတ်နဂါး ခေတ်ရဲ့ ကံကြမ္မာ အပေါ် ... ကိုယ်စား ပြုတယ်၊ ဘိုးဘေး နတ်ဘုရားက၊ အဲဒီ မှတ်တမ်းနဲ့ အတူ၊ ရတနာတွေ ချန်ထား ခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှ မယူနိုင် ကြဘူး၊ ...
... အသန်မာဆုံး တောင်ပိုင်း ဧကရာဇ် တောင်မှ၊ လက်ဗလာနဲ့ နတ်တောင် ပေါ် ကနေ ထွက်သွား ရတယ်၊ ဒါက လွန်ခဲ့တဲ့ သုံးနှစ် လောက် အထိ ပါပဲ ... ။ ””
“ လွန်ခဲ့တဲ့ သုံးနှစ်က ... ဘာဖြစ် သွားလို့လဲ။ ”
လွန်ခဲ့သော သုံးနှစ် ဟူသည်၊ ဆုစီယာနှင့် လမ်းခွဲကာ၊ တိမ်လွှာ ဓားဂိုဏ်းမှ ထွက်ခွာ လာခဲ့ ချိန် ဖြစ်သည်။
“ လွန်ခဲ့တဲ့ သုံးနှစ် တုန်းက ... အမျိုး သမီး တစ်ဦး နတ်တောင်ပေါ် လာပြီး ဧကရာဇ် ကိုးပါး တောင် မအောင်မြင် ခဲ့တဲ့ စမ်းသပ် မှုကို၊ ဖြေဆို အောင်မြင် သွားတယ်၊ ဒါကြောင့် ဘိုးဘေး နတ်ဘုရားရဲ့ မှာကြားချက် အတိုင်း၊ တောင်ပေါ် ကနေ ငါဆင်း လာရ တာပဲ။ ”
“ ဘယ် သူ လဲ ... ။ ”
“ သူ့ကို မင်း သိပါတယ်။ ”
မုရွယ်လင်မှ သူ့အား ပြန်လှည့် ကြည့်ကာ၊
“ မင်း တစ်ချိန်လုံး ... တွေးနေတဲ့၊ လူပဲ။ ”
-ဟု ဆိုလာ သဖြင့်၊ ရုတ်တရက် လင်းယွန် တစ်ယောက် အသက်ရှူ ကြပ်သွား တော့သည်။
သူမသည် တင်းမာခြင်း မရှိ သော်လည်း ကြောက်စရာ ကောင်းသော ဖိအားများ ပေး၏။ ယခင် ဤသို့ တစ်ကြိမ်မျှ မခံစား ဖူးချေ။
“ ဆု စီ ယာ ... ။ ”
“ မှန်တယ် ... ၊ အဲဒီ လူက နဝမမြောက် သမီးတော် ဆုစီယာပဲ၊ စမ်းသပ်မှုကို ဖြတ်ကျော် ပြီး၊ နတ်တောင်ရဲ့ နတ်သမီး လေးနဲ့ တိုက်ခိုက် ခဲ့တယ်။ ”
“ ဝေဝေ ... ။ ”
လင်းယွန်မှ ဖြတ်ခနဲ မြင်ယောင် လာ၏။ ယွဲ့ဝေဝေသည် ဆုစီယာအား ရှေးမစွ တည်း ကပင် သိသည်။
ထို့ကြောင့် နတ်ဖီးနစ် တောင်မှ၊ ကျိ သမီးတော် ရောက်လာစဉ်၊ ခွန်လွန်၏ အလှ တရား သုံးပါး အကြောင်း၊ သူ့အား ပြောပြ ခဲ့ဖူးသည်။
ကျိသမီးတော်၊ မိုချင်းချင်းနှင့် နောက်ဆုံး တစ်ဦးမှာ ဆုစီယာ ဖြစ်၏။
(မိုချင်းချင်း အမည်အား ရှေ့ အခန်းတွင် (Mu Qian Qian)ဟုရေးထား သဖြင့်၊ မုချင်းချင်း ဟု ပြန်ဆို ခJhသည်။
သို့သော် လက်ရှိ အခန်း၌ (Mo Qian Qian) အဖြစ်ရေးသား ထားသဖြင့်၊ မိုချင်းချင်း ဟုသာ ဆက်၍ ပြန်ဆို သွားပါမည်။ )
“ ဒါက သူတို့ နှစ်ဦးရဲ့ ... ပထမဆုံး အကြိမ် တွေ့ဆုံ မှုမျိုး မဟုတ်ဘူး။ ”
သူမ စကားကြောင့် လင်းယွန် နှလုံးသား အတွင်း၌ လှိုင်းထန် လာသည်။ ထိုနှစ်ဦးသည် ယခင်က ဆုံခဲ့ ဖူးကြ သည်လော။
ခွန်လွန်၌ မဆုံ ဖူးချေ။ ယင်းသို့ ဆိုသော် ပယင်း ကမ္ဘာကို ရည်ရွယ် နေခြင်း ဖြစ်ပေမည်။
“ ဒါပေမယ့် သူတို့ နှစ်ယောက် ... ဆုံဖူး တာကို၊ တကယ် မသိ ခဲ့ဘူး၊ ဝေဝေက တစ်ခါမှ မပြော ဖူးဘူး ... ။ ”
“ သူ ပြောခဲ့ ပါတယ်၊ မင်း မေ့သွား လို့ပါ၊ သူက မင်းကို ဘယ်တော့မှ စိတ်မဆိုး ပါဖူးလို့၊ ငါ့ရှေ့တင် ပြောခဲ့ တာပဲ။ ”
“ လမင်း ကြင်ဖော် ရေကန် ... ။ ”
ရုတ်တရက် ထိုစဉ်က ယွဲ့ဝေဝေကို သူ မကြည့်ဝံ့ ခဲ့သည်အား၊ ပြန် သတိရ လာသည်။ အသက် ပြင်းပြင်း ရှူလျက်၊ စိတ်တည်ငြိမ် အောင် ချိန်ညှိ ယူလိုက် ရသည်။
“ မင်းကို ဒါတွေ ပြောဖို့ စိတ်ကူး မရှိဘူး၊ ဒါပေမယ့် ဒီနေ့ မင်းကို အကုန် ထုတ်ပြော မိပြီ၊ အနာဂါတ်မှာ သူ့ နှလုံးသားကို ဒဏ်ရာတွေ မပေး ပါနဲ့။ ”
မုရွယ်လင်က ကျဆင်း လာသော နှင်းပွင့် များကို ဆုပ်ကိုင် လိုက်ရာ၊ ရေကန် တစ်ခုလုံး ချက်ချင်း အေးခဲ သွားတော့သည်။
“ မင်း ... ၊ သူ့ကို နှစ်ကြိမ် တိတိ နာကျင်အောင် လုပ်ထား ပြီးပြီ တတိယ အကြိမ် ဆိုတာမျိုး၊ ငါ အဖြစ် ခံတော့မှာ မဟုတ်ဘူး။ ”
အေးခဲ နေသော ရေပြင်ကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် အသက် ခိုးရှူလျက် တည်ငြိမ်အောင် ထိန်းထား လိုက်ရသည်။
“ ဝေဝေ ... နိုးလာခဲ့ ရင်တောင်၊ ငါမင်းကို အသိ ပေးတော့မှာ မဟုတ်ဘူး... ၊ အချစ် ဆိုတာ ဘာလဲ။ ”
မုရွယ်လင် မေးခွန်းကြောင့် ခါးသက် သော အပြုံး မျိုးဖြင့် မည်သို့ ပြန်ဖြေ ရမည်မှန်း မသိ တော့ချေ။
သူသည် အမြဲ တစေ အခြားလူ များကို အဓိပ္ပာယ် ဖွင့်ဆို တတ်သူ ဖြစ်သည်။ ‘ချစ်ခြင်း၌ ဤသို့ ပိတ်မိ နေလိမ့် မည်ဟု မထင် ထားချေ။
“ ဘဝ သုံးပါး သစ်ပင် အောက်မှာ ကတိ ပေးထား ပြီးပြီ ဆိုတော့ သူ့ကို နာကျင် စေမှာ မဟုတ် ပါဘူး၊ ငါ အသက်ရှင် နေသရွေ့ သူ့နောက် အမြဲ လိုက်နေ မှာပါ။ ”
လင်းယွန်မှ ကတိ ပေးသည်။ ဤသို့ဖြင့် နှစ်ယောက်သား အချိန် အကြာကြီး တိတ်ဆိတ် စွာ ရပ်နေခဲ့ မိသည်။
အဆုံးတွင် လင်းယွန်က သည်းမခံ နိုင်တော့ဘဲ။
“ သူတော်စင် အကြီး အကဲ ... ၊ မင်းက ငါ့ကို ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်ပေါ် ခေါ် သွားချင် လို့လား။ ”
-ဟု ထုတ်မေး လိုက်၏။
“ မ ဟုတ် ဘူး ... ။ ”
မုရွယ်လင်က ခေါင်းယမ်း လိုက်သည်။
“ အဲဒီ တုန်းက လူတိုင်းကို ဒွိဟ ဖြစ်လာအောင်၊ တမင် ရည်ရွယ်ပြီး၊ ငါ ပြောခဲ့ တာပါ၊ မင်း သွားစရာ မလို ပါဘူး။ ”
“ ဘာ လို့ လဲ ... ။ ”
လင်းယွန်မှ မေးသည်။
“ မင်းက ဘာလို့ ... ၊ နတ်တောင်ပေါ် လာချင် နေရ တာလဲ၊ ငါ့လို လူ တစ်ယောက် ဖြစ်ချင် လို့လား။ ”
မုရွယ်လင်က ရုတ်တရက် အထီးကျန် နေသော အသွင်ဖြင့်၊ ပြန်မေး လာ၏။ သူမသည် ကမ္ဘာကြီးနှင့် အဆက်ပြတ် နေကြောင်း နားလည် လာသည်။
“ ဒီမှာ သုံးရက်လောက် နေပြီးရင် ... ထွက်သွား တောမ့ယ်။ ”
လင်းယွန်က ရေကန်ဘေး၌ ထိုင်ချ လိုက်တော့၏။ ထိုသုံးရက် အတွင်း မိုးကြိုးဓား ပညာ ရပ်ကို လေ့ကျင့် ခဲ့သည်။
အားလပ်ချိန် များ၌ ယွဲ့ဝေဝေထံ သွားကြည့်ကာ၊ လိပ်နက် သူတော်စင် ကျမ်း ဖတ်လျက်၊ တိတ်ဆိတ်စွာ ထိုင်နေ ခဲ့သည်။
တစ်ရက်တွင် ရေကန် အလယ်၌ လေ့ကျင့်နေစဉ်၊ ပန်းသင်္ချိုင်း ဓားမှ မိုးကြိုး မြွေများ ခုန်ထွက် လာသည်။
လိပ်နက် တံဆိပ်ကို ထုတ်ဖော်ကာ၊ ပန်းသင်္ချိုင်း ဓားဖြင့် မိုးကြိုး မြွေတံဆိပ် အဖြစ် ဖန်တီး လိုက်ခြင်း ဖြစ်၏။
မိုးကြိုးဓား ပညာ ရပ်ကို နှစ်ပိုင်း ခွဲထား၏။ တစ်မျိုးသည် အစွမ်းထက်သော ကာကွယ်မှုဖြစ် သည်။
အလင်းရောင်က လိပ်ခွံဒိုင်း သဖွယ်၊ သူ့အပေါ် ချက်ချင်း ဖုံးအုပ်လျက်၊ သူတော်စင် ရူရ်များ ပါရှိသော မိုးကြိုး မြွေ ကိုးကောင် အဖြစ်၊ ထင်ရှား လာသည်။
လိပ်နက်နှင့် မိုးကြိုး မြွေတို့ ပေါင်းစည်း လိုက်သော အခါ၊ အလယ် အလတ် ကျွမ်းကျင်မှု အဆင့် ရောက်ရှိ သွား၏။
ဤဓားပညာသည် နက်နဲ လှသဖြင့်၊ ကောင်းစွာ ဆုပ်ကိုင် နိုင်ခြင်း မရှိ သေးချေ။ ချို့ယွင်းချက် ရှိနေရာ တိုက်ပွဲ များ၌ အသုံး ပြုရန်၊ အဆင့် မမီ သေးချေ။
ဓားကို သိမ်းပြီး ကျောက်စားပွဲ ဆီသို့ ပြန်လည် လျှောက်လှမ်း လာစဉ်၊ မုရွယ်လင် တစ်ယောက်၊ အိမ်ထဲမှ လှမ်းထွက် လာ သည်အား၊ မြင်လိုက် ရသည်။
“ သူတော်စင် အကြီးအကဲ ... တစ်ခွက်လောက် သောက်ရအောင်။ ”
မုရွယ်လင်မှ အံ့သြ နေစဉ် လင်းယွန်က ဆက်ပြော သည်။
“ ကောင်းကင် ရနံ့ သင်းသင်းကို ... ၊ ရောက်လာတဲ့ အချိန် တုန်းက၊ သူတော်စင် အကြီးအကဲ ငါ့ကို၊ ဝိုင်တစ်လုံး ပေးခဲ့တာ မှတ်မိ သေးတယ်၊ ငါ ဒီနေ့ ထွက်သွား တော့မှာမို့၊ ...
... အကြီး အကဲ အတွက်၊ ဝိုင် တစ်ခွက် ပြန်ပေး ပါရစေ၊ ဒီကာလတွေမှာ ငါ့ကို ဂရုစိုက် ပေးလို့ ကျေးဇူး တင်ပါတယ်။ ”
“ ဒီမီဂေါ့ ဝိုင် ... ။ ”
ရွှေရောင် အရည် များကို၊ ခွက် ထဲသို့ လောင်းထည့် နေသည်အား မြင်လိုက် ရချိန်၌၊ မုရွယ်လင် တစ်ယောက် စိတ် လှုပ်ရှားစွာ အော်ဟစ် လိုက်မိ တော့သည်။
***