← Chapters

ပိုးစုန်းကြူး နတ်ဓား။

Vol. 134 Ch. 1870

ပိုးစုန်းကြူး နတ်ဓား။

Vol. 134 Ch. 1870

ထိတ်လန့် တုန်လှုပ် နေသော မုရွယ်လင် မျက်နှာကို၊ ပထမ ဦးဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ် သောကြောင့်၊ လင်းယွန်မှ ဂုဏ်ယူစွာ ပြုံးလိုက်သည်။

“ သူတော်စင် အကြီး အကဲက တကယ့်ကို အမြင် ရှိပါ ပေတယ်။ ”

ဒီမီဂေါ့ ဝိုင်ကို သောက်ခြင်းသည်၊ သူ့ အတွက် အသုံး မဝင် သေးမှန်း သိထား သဖြင့်၊ လင်းယွန်က ထောင်စုနှစ် မီးလျှံအား ပြောင်းလဲ ငှဲ့ယူ လျက်မှ၊

“ သူတော်စင် အကြီး အကဲ ကျေးဇူး ပြုပြီး။ ”

-ဟု ဆိုကာ သောက်ချ လိုက်သည်။

မုရွယ်လင် သည်လည်း ဟန်ဆောင် မနေ တော့ဘဲ၊ မော့ချ လိုက်သည်။ တစ်ဖက် လူသည် ဤအရာကို လိပ်နက် ပင်လယ် ကွေ့မှ ရရှိ လာခဲ့ပုံ ရ၏။

မျက်နှာ နီမြန်းလျက်၊ ကျင့်ကြံမှု လှုပ်ခတ်လာ သောကြောင့်၊ အနည်းငယ် မူးဝေ သွား ခဲ့သည်။ မျက်လုံး မှိတ်လိုက်ပြီး၊ နားထင် နှစ်ဖက်ကို ညင်သာစွာ နှိပ်နယ် ပေးမိ၏။

“ သူတော်စင် အကြီး အကဲ အဆင်ပြေ ရဲ့လား ... ။ ”

မုရွယ်လင်မှ ပြန် မဖြေ ခဲ့ချေ။ အချိန် အတော် ငြိမ်သက် သွားပြီး၊ မျက်လုံးများ ပြန်ပွင့် လာချိန်၌၊ တန်ခိုး ကြီးသော သူတော်စင် ရောင်ဝါများ လွင့်ထွက် လာ၏။

လင်းယွန်မှ လက် နှစ်ဖက်ကို ကြက်ခြေခတ် အသွင် ကာဆီးလိုက် သော်လည်း၊ ရောင်ဝါက သူ့အား တွန်းဖယ် နေဆဲ ဖြစ်သည်။

“ ဝိုင်အတွက် ကျေးဇူး တင်ပါတယ်၊ ငါ အခု သူတော်စင် နယ်ပယ်ကို ဖြတ်ကျော်ဖို့ ... လုပ်ရ တော့မယ်။ ”

လင်းယွန် တစ်ယောက်၊ ရပ်ခြေ ငြိမ်သွား ချိန်၌၊ မုရွယ်လင်မှာ အသံ ချန်ထားပြီး၊ ရေကန် အလယ်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် သက်ပြင်းချ လိုက်သည်။ သူသည် ဒီမီဂေါ့ ဝိုင်ဖြင့် လောက နိယာမ နယ်ပယ်ကို၊ တက်လှမ်း ထား သကဲ့သို့၊ ကူကျွင့် သည်လည်း အမည်ခံ သူတော်စင် စတုတ္ထ အဆင့်ထိ၊ ရောက်ရှိ ခဲ့သည်။

သို့သော် မုရွယ်လင်အား မြင်ချိန်၌၊ သူ သောက်သုံး ခဲ့သော ဒီမီဂေါ့ ဝိုင် သုံးခွက်သည်၊ မြောင်းထဲ လောင်းချလိုက် ခြင်းနှင့် အလား သဏ္ဍာန် တူကြောင်း၊ သိရှိ လိုက်၏။

“ သွားရမယ့် အချိန် ကျပြီ။ ”

သက်ပြင်း ချလျက် ယွဲ့ဝေဝေထံ လျှောက်လှမ်း လာကာ၊ စာတစ်ဆောင် ချန်ထား လိုက်သည်။ ပြီးနောက် ကူကျွင့်ထံ ဦးတည် မိ၏။

“ မင်း ပြန်လာဖို့ တကယ် သတ္တိ ရှိတာပဲ။ ”

“ ငါ မင်းကို ... လက်ဆောင် ပေးဖို့ လာတာပါ။ ”

လင်းယွန်က ပြုံးသည်။ ထိုအပြုံးကြောင့် ကူကျွင့်မှာ သတိ အနေ အထားသို့ ပြောင်းယူ လိုက်သည်။

“ မင်း အကြံ အစည် တွေကို ရုတ်သိမ်း လိုက်ပါ၊ ငါ့အာရုံကို ဆွဲဆောင် နိုင်တဲ့ ရတနာ မျိုး ... ၊ မင်းမှာ မရှိဘူး။ ”

သက်တော်စောင့် ငှားရမ်း မည်ကို စိုးထိတ်နေ ပုံရ၏။ ၎င်းအမူ အရာကြောင့် လင်းယွန်မှ တွေဝေ သွားသည်။

လိပ်နက် ပင်လယ်ကွေ့တွင် ကူကျွင့်သည် သူ့အနား တစ်ချိန်လုံး ရှိနေ ခဲ့သည်။ မည်သည့် အမွေ ကိုမျှ မရ ခဲ့သည်မှာ သေချာ၏။

ဤသို့ ဆိုက သည်အဖိုးကြီး လေသံနှင့် ခံယူချက် အဘယ့်ကြောင့် ပြောင်းလဲ လာရ သည်ကို၊ အဖြေရှာ နေမိသည်။

လိပ်နက် သူတော်စင် ကျောက်တိုင်။ ရုတ်တရက် တောင်ဝှေး အဖြစ် သန့်စင် ထား ခဲ့သော အရာကို၊ ပြန်သတိရ လာ၏။

“ သေချာလား ဒီမှာ ဘာလဲ ကြည့်လိုက်။ ”

ကူကျွင့်က စိတ်မဝင် စားသည့် အမူအရာဖြင့်၊ စာအုပ်ကို ဆွဲယူ လိုက်သည်။

“ ဒါ ... ဒါ လိပ်နက် သူတော်စင် ကျမ်းပဲ၊ နေဦး ဘာလို့ တစ်ပိုင်းပဲ ရှိရ တာလဲ ... ကျန်တဲ့ တစ်ပိုင်းက ဘယ်မှာလဲ။ ”

“ ထျန်ရွှမ်ဇီ ဆီ သွားမေး ... ။ ”

“ တိတ် စမ်း ... ။ ”

ကူကျွင့်မှာ စိတ်လှုပ်ရှား နေရာမှ၊ ကြောက်လန့် သွားခဲ့သည်။ သို့သော် မကြာခင် အံကြိတ်လျက်၊

“ ငါ့ နှလုံး သွေးကို ... ယူခဲ့တဲ့ အတွက်၊ သူ့ကို ခွင့် မလွှတ်ဘူး၊ တစ်နေ့ ကောင်းကင်ယံ ဂိုဏ်းကို ငါ သွားမယ်၊ အရှေ့ဘက် ပျက်စီး မြေ ကို သိမ်းယူချင် တာလား၊ ဟား ဟား ဟား အိမ်မက် မက်နေလိုက်။ ”

“ တကယ် ... သွားမှာလား။ ”

လင်းယွန်မှ ရယ်မော လိုသော အပြုံးဖြင့် ပြန်မေး လိုက်သည်။

“ တကယ်ပေါ့ ... ။ ”

ကူကျွင့်မှ ချက်ချင်း ခေါင်းညိတ်၏။

“ ကောင်းပြီ ... ဒါဆို၊ ဒီမိုးကြိုး သူတော်စင်ကျမ်းကို၊ မင်း ဆီမှာ ထားခဲ့မယ် နောင်တချိန် ကျန်တဲ့ တစ်ဝက်ကို ပြန်ယူပြီး၊ ပေါင်းစည် ဖို့က မင်း တာဝန် ဖြစ်သွားပြီ။ ”

“ လူယုတ်မာ ... အခု ပြန်ယူ သွား ... ။ ”

“ ဟား ဟား ဟား ... ၊ ကောင်းပြီ မင်းရဲ့ အကူအညီ မပါဘဲ ... ဒီမီဂေါ့ ဝိုင် မရနိုင် သလို၊ ငါ့ရဲ့ ရုပ်ခန္ဓာ ကိုလည်း၊ သန့်စင် နိုင်မှာ မဟုတ် ဘူး၊ ဒီအတွက် ဒါကို ယူလိုက်ပါ။ ”

သို့မှသာ ကူကျွင့်က ပြုံးရယ်လျက်၊

“ ဒါဆို အားနာ မနေ တော့ဘူး ... ၊ ဒါနဲ့ ... မင်း ငါ့ကို ဒီမီဂေါ့ဝိုင် နည်းနည်းလောက် ထပ် ပေး ပါလား၊ ငါ သူတော်စင် ဖြစ်လာတဲ့ အခါ ထျန်ရွှမ်ဇီကို ကူတိုက် ပေးမယ်။ ”

“ မစဉ်းစာနဲ့ ... ။ ”

လင်းယွန်မှ ငြင်းဆန် လိုက်သည်။ ဝိုင်များ အကုန် ပေးခဲ့ လျှင်ပင်၊ ကူကျွင့်မှာ သူတော်စင် နယ်ပယ် ရောက်နိုင် ဦးမည် မဟုတ်ချေ။

သူတော်စင် ဖြစ်လာ လျှင်ပင်၊ ၎င်း၏ ဗီဇအရ၊ ထျန်ရွှမ်ဇီအား ရှာဝံ့ လိမ့်မည် မဟုတ် ကြောင်း ပြော နိုင်သည်။

“ သွား ပြီ ... ။ ”

လင်းယွန်က နှုတ်ဆက်ပြီး လှည့်ထွက် လိုက်တော့သည်။

“ ဟေး ... ။ ”

အဝေး ရောက်သွား ချိန်၌ ကူကျွင့်မှ လှမ်းခေါ်၏။

“ ငါလည်း ဒီကနေ မကြာခင် ထွက်သွား တော့မယ် ... ၊ မင်း ငါ့ကို တွေ့ချင်ရင် ... အရှေ့ ပင်လယ်ကို လာရှာပါ။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က လှည့် မကြည့်ဘဲ၊ ခေါင်းညိတ် ပြသည်။ ပျောက်ကွယ် သွားသော လင်းယွန်၏ ပုံရိပ်ထံ ငေးကြည့် နေလျက်မှ။

“ မသေအောင် နေပါ ... ၊ ထျန်ရွှမ်ဇီ ... ထျန်ရွှမ်ဇီ ... ။ ”

-ဟု ညည်းတွား ကျိန်ဆဲ နေတော့သည်။

ကောင်းကင် ရနံ သင်းသင်းမှ ထွက်လာ ပြီးနောက်၊ အန်းလျူယွင်ထံ ဦးတည် လာခဲ့ သည်။

အမည်ခံ သူတော်စင် အမြုတေ တစ်ဝက် အပြင်၊ လိပ်နက် ကျောက်တိုင် များမှ ရရှိသော ရတနာ အားလုံးကို အန်းလျူယွင်ထံ ပေးအပ် လိုက်သည်။

“ သခင်လေး ... ၊ မင်း ထွက်သွား တော့မှာလား။ ”

“ ဟုတ်တယ် ... ၊ ငါ ကောင်းကင် တာအို ဂိုဏ်းကို သွားမယ်။ ”

အန်းလျူယွင် တစ်ယောက် ဝမ်းသာ သွားသည်။ မည်သည့် အရပ်သို့ သွားမည်အား သိလို သော်လည်း၊ မမေးဝံ့ ခဲ့ချေ။ လင်းယွန်မှ အလိုက်တသိ ထုတ်ပြော လာ၏။

“ ဒီမှာ ခဏလောက် ကျင့်ကြံ ဦးမယ်။ ”

“ နားလည် ပါပြီ၊ သခင်လေး ဆန္ဒရှိ သရွေ့ ဒီမှာ နေနိုင် ပါတယ်။ ”

အန်းလျူယွင်မှ ခေါင်းညိတ်ပြီး လျှို့ဝှက် နယ်မြေထဲသို့ ပို့ဆောင် ပေးခဲ့သည်။ လင်းယွန် က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း၏ ဆဋ္ဌမ အဆင့်ကို၊ ဖြန့်ချီ လိုက်သည်။

ဘဝ အဆင့် အထွတ် အထိပ် ရောက်ရှိ ပြီးနောက်၊ ရောင်ဝါကို သူ့ခန္ဓာနှင့် ပေါင်းစပ်ရန် အဓိက အာရုံစိုက် ရပေမည်။

၎င်းအတွက် နေ့တစ်ဝက် အချိန် ယူပြီး၊ ကျန်အချိန် များကို ဓားရေး လေ့ကျင့် နေမိ၏။ အထူး သဖြင့် ပိုးစုန်းကြူး နတ်ဓားနှင့် သူ၏ ကနဦး ဓား ဖြစ်သည်။

မျက်စိ တစ်မှိတ် အတွင်း တစ်လ ကုန် သွား၏။ ထိုကာလ အတွင်း နားလည်မှု များကို ပေါင်းထည့် ထားသဖြင့်၊ ကနဦး ဓားသည် အဆင့် သစ်သို့၊ ရောက်ရှိ လာသည်။

ထို့နောက် ပိုးစုန်းကြူး နတ်ဓားကို ပြောင်းလဲ လိုက်သည်။ ၎င်းကို ဓားဘိုးဘေးမှ ဖန်တီးခဲ့ခြင်း ဖြစ်၏။

ဓားဘိုးဘေး ဟူသည် နဂါးပြာ ဘိုးဘေး နတ်ဘုရားအား စိန်ခေါ် နိုင်သည့်၊ တစ်ဦး တည်း သော ပုဂ္ဂိုလ် ဖြစ်သည်။

၎င်းကို မြင့်မြတ်မြေ မှတ်တမ်း တိုင်း၌ ရေးသား ထားပြီး၊ ကျော်ကြားသော ဓားရေး တစ်ရပ် ဖြစ်လာ ခဲ့သည်။

သို့သော် လိုအပ်ချက် မြင့်မား လွန်းပြီး၊ စုစုပေါင်း ဓားပုံစံ (၁၃)မျိုး ပါရှိ၏။ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် အဆင့်နှင့် ညီ၏။

လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များသာ နားလည် နိုင်သော နက်နဲမှုမျိုး ပေပင်။ ကောင်းကင် အမိုးဓားကို အပြည့် အဝ ဆုပ်ကိုင် ထားပြီး၊ လောက နိယာမ နယ်ပယ် ရောက်ရှိ လာဖြင့် လေ့ကျင့်ရန် အဆင့် မီသည်။

ဤဓားရေးဖြင့် တူညီသော နယ်ပယ်ရှိ၊ ပြိုင်ဘက်များ အပေါ်၊ အုပ်စီးမှု ရရှိနိုင် ပေမည်။

“ သရုပ်ဖော် အဆင့်ထိ လေ့ကျင့် ရမယ်။ ”

ထိုအဆင့်သို့ ရောက်ရှိ မှသာ အပြည့် အဝ ဆုပ်ကိုင် နိုင်ခြင်း မည်၏။ ကျွားချင်းယန်နှင့် တိုက်ပွဲသည် ပိုးစုန်းကြူး နတ်ဓားကို အမြင့်သို့ ရောက်ရှိ လာစေသည်။

လေတိုက် သံမှ လွဲ၍ အခန်း တစ်ခုလုံး ငြိမ်သက် သွား၏။ ခုနစ်ရက် ကုန် ပြီးနောက် လင်းယွန် တစ်ဝိုက်တွင်၊ လေဓားများ ရစ်သိုင်း လာသည်။

၎င်းလေဓား များက လင်းယွန်၏ ခန္ဓာကိုယ်အား တိုးလျှိုပေါက် ဖြတ်သန်း သွားလာ နေ၏။

လင်းယွန် ဟူသော ရုပ်ခန္ဓာ မရှိတော့ သကဲ့သို့၊ ကောင်းကင်နှင့် မြေကြီးကြား တစ်သား တည်း ဖြစ်လာ ခဲ့သည်။

“ ပိုးစုန်းကြူး တွေရဲ့ အလင်း ရောင်က ... နေနဲ့ ယှဉ်လို့ ရလား။ ”

နဖူးပြင် လင်းလျက်၊ မျက်လုံးများ ပွင့်လာပြီး၊ သူ့ အနားရှိ လေဟာနယ် ကွဲအက် သွား တော့သည်။

လေထု အတွင်း အမှုန်အမွှားများ လွင့်ဝဲ လာသည်။ ၎င်းသည် ပိုးစုန်းကြူးများ ဖြစ်၏။ သို့သော် ယခင်နှင့် ကွဲပြား လှသည်။

သက်ရှိများ သကဲ့သို့၊ ခုန်ပေါက် လာခြင်း ဖြစ်၏။ ယင်းက ဓာတ်ခွဲ ခန်းတွင် ပိုးစုန်းကြူး ဟူသော သတ္တဝါ များအား မွေးဖွား ပေးနေ ခြင်းနှင့် တူချေပြီ။

“ အသက် ဓာတ် ... ။ ”

နောက်ဆုံးတွင် သက်ရှိ တစ်ကောင် ဖြစ်သော ပိုးစုန်းကြူး ငယ်၏ ဖြစ်တည်မှု အပေါ် နားလည် လာသည်။

ပိုးစုန်းကြူး တစ်ကောင်သည်၊ အရေး မပါ သော်လည်း၊ ထောင်သောင်းချီ စုဖွဲ့ ပါက၊ လုံးဝ ခြားနားသော ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာ ပေမည်။

ပိုးစုန်းကြူး များ၏ အလင်းသည် နေမင်းနှင့် မယှဉ်နိုင်ဟု မည်သူ ပြောဝံ သည်နည်း။ နေမင်း ကြီးမှ အလင်း ပေးနိုင် သကဲ့သို့၊ သူ သည်လည်း အလင်းပေး နိုင်၏။

လက် နှစ်ချောင်းအား ဓား ကဲ့သို့ အသုံးပြုကာ ပိုးစုန်းကြူး ပေါင်း များစွာအား ဖန်တီး လိုက်သည်။

အရေအတွက် သန်းပေါင်း များစွာ ရရှိလာ ပြီးနောက် ပစ်လွှတ် လိုက်ရာ၊ အာကာပြင်အား တိုက်စား သွားတော့သည်။

ဓား ရောင်ခြည် အနား တိုးကပ်လာ သူတိုင်းသည်၊ အသက်ဓာတ် လောင်မြိုက် ကုန်ခမ်း သွား ပေမည်။

( ဆိုလို သည်မှာ ပိုးစုန်းကြူး နတ်ဓား ဟူသည်၊ အသက် ဓာတ်ကို တိုက်စားသော၊ ဓားရည်ရွယ်ချက် ဖြစ်၏။ )

ပိုးစုန်းကြူး ဟူသည် ဝိညာဉ်ရေး ဓားကို ဖွဲ့ဆို စဉ်က၊ အလင်းမှုန် များကို ရည်ရွယ်ခြင်း ဖြစ်ပေမည်။ )

“ သရုပ်ဖော် အဆင့်... ဒါက တကယ့် သရုပ်ဖော် အဆင့်ပဲ။ ”

စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်သည်။ သူ့အရည် အချင်းသည် အမှန်ပင် လေးစား စရာ ကောင်းချေပြီ။

သို့သော် ဤကျွမ်းကျင်မှုသည် အစသာ ဖြစ်သဖြင့်၊ တည်ငြိမ်အောင် ပြင်ယူ လိုက်သည်။ လက်ရှိ အချိန်၌ မိုးပြာ နဂါး ဓားအား တိုက်ပွဲ များ၌၊ အသုံး ပြု၍ မရချေ။

ထို့ကြောင့် ပိုးစုန်းကြူး နတ်ဓားဖြင့် ကောင်းကင် တာအို ဂိုဏ်းအား တုန်လှုပ်အောင်၊ လုပ်ရ ပေတော့မည်။

***

All Chapters