← Chapters

အခုမှ ငါ့ကို သတိ ရတာလား။

Vol. 134 Ch. 1871

အခုမှ ငါ့ကို သတိ ရတာလား။

Vol. 134 Ch. 1871

နှစ်လ အတွင်း နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းဖြင့်၊ ဘဝ အဆင့် ကျင့်ကြံမှုအား အနည်းငယ် တည်ငြိမ်အောင် လုပ်နိုင် ခဲ့သည်။

သည့်အပြင် ပိုးစုန်းကြူး နတ်ဓားအား စတုတ္ထ ပုံစံသို့ ရောက်ရှိ ခဲ့၏။ မြင့်မြတ်မြေ များ ၌၊ ထိုဓား၏ မှတ်တမ်းများ ရှိနေပြီး၊ နိဗ္ဗာန် အဆင့် ဓားသမား သည် ပင်လျှင်၊ စတုတ္ထ ပုံစံကို၊ နားမလည် နိုင်ချေ။

ဒီမီဂေါ့ ဝိုင်အား လုံးဝ သန့်စင် ထားပြီး ဖြစ်သော ကြောင့်၊ မရဏ အဆင့် တက်ရောက် ရန် ဆုံးဖြတ် လိုက်သည်။

ဒီမီဂေါ့ ဝိုင်သည်၊ ခိုင်မာသော အုတ်မြစ်ချ ပေးနိုင် သော်လည်း၊ အချိန်တို အတွင်း အဆင့် ချိုးဖြတ်ရန် ကြိုးစား ခြင်းသည်၊ အန္တရာယ် ရှိခေျ၏။

သို့သော် ကောင်းကင် တာအို ဂိုဏ်းထဲ ဝင်ရောက်ရ တော့မည် ဖြစ်ရာ၊ အားနည်း နေ၍ မရချေ။ ထို့ကြောင့် ကြိုးစား ကြည့်ရန် ဆုံးဖြတ် လိုက်သည်။

မရဏ အဆင့်သို့ တက်ရောက် နိုင်မှသာ၊ မူလစွမ်းအင် ရောင်ဝါကို၊ နိဗ္ဗာန် ရောင်ဝါ အဖြစ်၊ ပြောင်းလဲ နိုင်ပေမည်။

နိဗ္ဗာန် ရောင်ဝါ ဟူသည်၊ သူတော်စင် ရောင်ဝါ၏ အခြေခံ ကောက်ကြောင်း ဖြစ်ချေ ၏။ အောင်မြင်သော် သူတော်စင် လမ်းကြောင်း မျက်နှာပြင်နှင့် ထိတွေ့ နိုင်ချေပြီ။

နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား ဖြန့်ကျက် လိုက်ပြီး၊ မရဏ အဆင့်သို့ ဝင် ရောက်ရန် ကြိုးစား လိုက်သည်။

သို့သော် မအောင်မြင်ချေ။ မျက်လုံးများ ပြန်ဖွင့် လာပြီး၊ ပါးစပ်မှ သွေးများ စီးကျ လျက်၊ မျက်နှာ ဖြူဖျော့ သွားခဲ့သည်။

“ မလွယ်ဘူး ... အရမ်း မြန်နေလို့ များလား။ ”

နှုတ်ခမ်းမှ သွေးများကို သုတ်ကာ သုံးသပ် လိုက်သည်။ မည်သူ မဆို မရဏ အဆင့်ထံ ဝင် ရောက်ရန်၊ အတင်း အကြပ် ကြိုးစား ကြမည် မဟုတ်ချေ။

မရဏ ရောင်ဝါအား နဂါး သွေးလွှတ် ကြောမှ တဆင့် ဖြတ်သန်း စေရသည်။ သွေး လွှတ်ကြော ဟူသည် နှလုံးမှ လာခြင်း ဖြစ်၏။

ထို့ကြောင့် နှလုံးခုန် လိုက်သည်နှင့်၊ အပ်စိုက်မှတ်များ ပိတ်ကုန်ကာ၊ မရဏ ရောင်ဝါ မှာ ဆက်လက် မစီးဆင်း နိုင်တော့ချေ။

ထို့ကြောင့် ကျင့်ကြံမှု ပျောက် သွားပြီး၊ ကိုယ်တိုင် မခံစား နိုင်သော ဖိအားများ ခံစား လာရခြင်း ဖြစ်သည်။

“ ကြိုးစား ကြည့်ရမယ်။ ”

နဂါးပြာ အရိုးအား ဖြန့်ကျက်ကာ၊ နှလုံးသားကို ကာကွယ်ရန် အတွက် အသုံးပြု မိသည်။

သည့်နောက် ဘဝ ရောင်ဝါနှင့် နဂါး မူလအား၊ ပထမ နဂါး သွေးလွှတ်ကြော အား ရှင်းလင်းရန် ကြိုးစား လိုက် မိသည်။

အပ်စိုက် မှတ်မှာ ပိတ်သွား သဖြင့်၊ အကြိမ်တစ်ရာ တိုင်အောင် ကြိုးစား နေရသည်။ အကြိမ် တစ်ရာ ပြည့်ချိန်၌ ခဏ အနားယူ လိုက်၏။

ထောင်စုနှစ် မီးလျှံကို သောက်လျက်၊ ဒဏ်ရာများ ကုသ ပေးရန် နဂါးပြာ အရိုးအား အသက် သွင်း မိသည်။

ဒီမီဂေါ့ ဝိုင်ကို သောက်ရန် ရည်ရွယ်ချက် မရှိချေ။ ဤအဆင့်၌ ၎င်းကို အသုံးပြု ခြင်းသည် ဖြုန်းတီး ခြင်းသာ ဖြစ်၏။

အသုံးပြု လိုက်တိုင်း၊ အကျိုး သက်ရောက်မှုများ အားနည်း လိုက်လာ ပေမည်။ တစ်ကြိမ် သောက်ပြီး ပြီမို့၊ အခွင့် အရေးကို မဖြုန်း လိုတော့ချေ။

သုံးရက် ကုန်လွန် ပြီးနောက်၊ အကြိမ်ပေါင်း တစ်ထောင်ကျော် ကျရှုံး ခဲ့၏။ ပိတ်သွား ခဲ့သော အပ်စိုက်မှတ်အား ပြန်ဖွင့်ရန် မလွယ်ချေ။

ရလဒ် အနေနှင့် အရေပြား၌ အက်ကွဲ ကြောင်းများ ပေါ်လာကာ၊ သွေးများ စိမ့်ထွက် နေ ခဲ့သည်။

သို့သော် ဆက်သွား နေဆဲ ဖြစ်၏။ မဟုတ်သော် ကြိုးစားထား သမျှ အားလုံး ရေမြောင်းထဲ ရောက်သွား ပေ လိမ့်မည်။

ဘဝ ရောင်ဝါကို ရယူစဉ်က လမ်းကြောင်း ခုနစ်သွယ် လုံးကို အလွယ် တကူ ရှင်းလင်း ခဲ့ပြီး ဤဖြစ်စဉ်ကို ကျော်ဖြတ်နိုင် ခဲ့သည်။

မရဏ ရောင်ဝါ ၌မူ၊ ထိုသို့ မရ တော့ချေ။ စိတ်ကူး မယဉ်နိုင် လောက်အောင် နာကျင်မှု ပြင်းထန် လှချေပြီ။

ထိုအချိန်တွင် အန်းလျူယွင် ရောက်ရှိ လာပြီး၊ သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေ ခဲ့သည်။

အသက်ရှူ ကြပ်သွားကာ၊ ၎င်းအတွက် အမှား အယွင်းများ ဖြစ်ပေါ် လာ မည်ကို စိုးရိမ် နေခဲ့၏။

“ သခင်လေး သေချာပေါက် လုပ်နိုင်တယ်။ ”

နှုတ်ခမ်း ကိုက်ပြီး၊ သူမကိုယ် သူမ အားပေးနေ မိသည်။ အချိန် အတော် ကြာပြီး နောက် ဝိညာဉ် စွမ်းအင်များ လင်းယွန် ခန္ဓာ ကိုယ်ထဲ၊ စီးဝင် လာသည်။

ဝိညာဉ် စွမ်းအင် များက၊ ရှင်းလင်း ထားသော နဂါး သွေးလွှတ်ကြော မှတဆင့် မရဏ ရောင်ဝါကို သယ်ဆောင် ပေးသည်။

ထို့နောက် ခရမ်းရောင် နန်းတော် အတွင်း စုဝေး စေ၏။ များမကြာခင် ဒဏ်ရာနှင့် နာကျင် မှုများ ပျောက်ကွယ် သွားခဲ့သည်။

ပထမဆုံး သွေးလွှတ်ကြောဖြင့် မရဏ ရောင်ဝါ သယ်ဆောင်ရန်၊ အောင်မြင်စွာ ရှင်းလင်း နိုင်ခဲ့ပြီး ဖြစ်သည်။

ဆိုလိုသည်မှာ ဤကမ္ဘာကြီးရှိ မရဏ သဘော တရားကို နားလည် ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်သည်။

“ ဟိတ် ... ။ ”

ကောင်းကင်ပေါ် ခုန်တက်လျက်၊ မီတာ ရာဂဏန်း အကွာရှိ ကြေးရုပ်တုထံ လက်ဖဝါး တစ်ချက် လှမ်းရိုက် ပစ်သည်။

ကြေးရုပ်တု ရင်ဘတ် နေရာ၌ လက်ဖဝါးရာ ပေါ်လာ၏။ ကြေးရုပ်အား အဖိုးတန် သတ္တုဖြင့်၊ သွန်းလုပ် ထားကာ၊ သူတော်စင် ရူရ် အများ အပြား ရေးထွင်း ထားသည်။

ရုပ်ထု၏ သိပ်သည်း ဆသည် သာမာန် သူတော်စင် ပစ္စည်းထက် များစွာ မြင့်မားပြီး၊ သူတော်စင် ရူရ် တစ်ထောင် လက်ရာ များနှင့် ယှဉ်နိုင်၏။

“ ဝှစ် ... ။ ”

ရွှင်မြူး စွာဖြင့် မြေပြင်ပေါ် ဆင်းသက် လိုက်သည်။ သာမန် လက်ဖဝါး တစ်ချက်သည်၊ သူတော်စင် ရူရ် တစ်ထောင် ပစ္စည်း များကို၊ အလွယ် တကူ ချိုးဖျက် နိုင်ပြီ ဖြစ်သည်။

ကိုယ်ခံပညာ သို့မဟုတ် ဓားရေးကို အသုံးပြု ပါက၊ အနန္တ သူတော်စင် ရူရ် လက်ရာ များအား ဖျက်ဆီး နိုင်ပေမည်။

နဂါး သွေးလွှတ်ကြော ဆယ်ခုဖြင့်၊ မရဏ ရောင်ဝါအား ထုတ်ဖော် နိုင်သော်၊ တိုက်ပွဲဝင် စွမ်းအားမှာ၊ ငါးဆ အထိ တိုးလာ ပေမည်။

“ သခင်လေး ... မင်း အောင်မြင် သွားပြီ။ ”

အန်းလျူယွင်မှ ပြုံးကာ ပြောလိုက်သည်။ လင်းယွန်က သူမ အနား လျှောက်လှမ်း လာပြီး၊

“ လျူယွင် ... မင်းရော ဒီနှစ်လ အတွင်း ဘာတွေ တိုးတက် လာလဲ။ ”

“ လျူယွင်က သခင်လေးရဲ့ အုတ်မြစ်ကို ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ ... ၊ သခင် လေးသာ ဓား ရည်ရွယ်ချက်ရဲ့ ကန့်သတ်ချက် တွေကို ချိုးဖြတ်ဖို့ မကြိုးစားပဲ၊ ...

... ကျင့်ကြံမှု အပေါ် ကိုသာ အာရုံစိုက် ထားမယ် ဆိုရင်၊ လျူယွင် ပြတ်ကျန် ခဲ့မှာ သေချာ ပါတယ်။ ”

“ ငါ့ဓားက ရန်သူ တွေနဲ့၊ တိုက်ဖို့ အတွက် လက်နက်ပဲ၊ သူ့အတွက် အချိန် အများကြီး ပေး ရရင် တောင်မှ ထိုက်တန် ပါတယ်။ ”

လင်းယွန်မှ ပြုံးပြန် ပြော၏။

“ ဟုတ်ပြီ ... ၊ ဒါဆို လျူယွင်လည်း သိုင်းရည်ရွယ်ချက် တွေကို ... ၊ နားလည် နိုင်ဖို့ အချိန် ပေးရမယ်။ ”

အန်းလျူယွင်က အမြင် သစ်ဖြင့်၊ ခေါင်းညိတ် သည်။

“ သခင်လေး ... အခု ကောင်းကင် တာအို ဂိုဏ်းကို သွားတော့ မလား။ ”

“ အင်း... ငါ ... ဒီရက်ပိုင်း အတွင်း ထွက်သွား တော့မယ်။ ”

“ ကောင်းကင် တာအို ဂိုဏ်းက ... ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်၊ ဂိုဏ်း အတွင်း ပြိုင်ဆိုင်မှု ကလည်း၊ ပြင်းထန် တယ်၊ ဒါကြောင့် အသူရာမြစ် ဓား သူတော်စင် ရှိရင် တောင်၊ သတိ ထားပါ။ ”

“ ငါ သိတယ်၊ ဂရုစိုက် လိုက်မယ်။ ”

“ ကောင်းပြီ လျူယွင်လည်း ဒီကနေ ထွက်သွား တော့မယ်။ ”

“ နတ်မိစ္ဆာ တံခါးကို ပြန်သွားတော့ မလို့လား။ ”

အန်းလျူယွင်အား မလွှတ် ချင်သော အကြည့်ဖြင့် လင်းယွန်မှ မေးသည်။ သူမသည် စေ့စေ့ စပ်စပ်နှင့် နူးညံ့ သိမ်မွေ့သော အမျိုး သမီး တစ်ဦး ဖြစ်၏။

သူမဘေး ရပ်ရုံနှင့် အမြဲတမ်း သက်တောင့် သက်သာ ဖြစ်စေသည်။ အကူ အညီ လိုခဲ့သည့် အချိန်တိုင်း နောက်မတွန့် ခဲ့ချေ။

“ သခင်လေးက မခွဲချင်ဖူး ဆိုတာ သိပါတယ်၊ ဒါပေမယ် လျူယွင်မှာ ရွေးချယ်ခွင့် မရှိဘူး၊ သခင်လေးရဲ့ ခွန်အားက အရှိန် အဟုန်နဲ့ တိုးတက် နေပြီ၊ ...

... မကြိုးစားရင် လျူယွင် နောက်ကျ ကျန်နေခဲ့ လိမ့်မယ်၊ တစ်နေ့မှာ လျူယွင်က အသုံး မဝင် တော့ရင် ... ။

သူမ ခံစား ရသော ဝမ်းနည်းမှုမှာ လင်းယွန်ထက်၊ ပို၍ ပြင်းထန် သော်လည်း အပြုံး မပျက် ခဲ့ချေ။

“ သန့်ရှင်းသော သမီးတော် ရာထူး အတွက် ပြန်တာလား။ ”

“ တကယ်တော့ လျူယွင်သာ လုံလောက် အောင် မသန်မာရင်၊ သန့်ရှင်းသော သမီးတော် ဖြစ်လဲ အသုံး မဝင် ပါဘူး၊ ရုပ်သေးရုပ် တစ်ရုပ် ပါပဲ၊ ရွေးချယ်ခွင့် ရှိရင် အန်း မျိုးနွယ်စုရဲ့ မင်းသမီး ရာထူးကို စွန့်ပစ် ချင်ပြီ။ ”

အန်းလျူယွင်နှင့် ပတ်သတ်ပြီး မသိ သေးသော အကြောင်း အရာ များစွာ ရှိနေမှန်း၊ လင်းယွန် နားလည် လိုက်သည်။

“ ကိစ္စ မရှိ ပါဘူး၊ မင်း ဆန္ဒရှိ သလို လုပ်ပါ၊ ငါအသက် ရှင်နေ သရွေ့၊ မင်း အနားမှာ ရပ်ပေး မယ်။ ”

“ ကတိ ... ။ ”

အန်းလျူယွင်မှ ဝမ်းသာ သွားသည်။ လင်းယွန်အား နူးညံ့သော အကြည့် များဖြင့် ကလေး တစ်ယောက်လို ပြုမူ လာ၏။

“ အင်း ... ဒါ ကတိပဲ။ ”

“ ဒါဆို ... သခင်လေး လျူယွင်ကို နမ်းပေး နိုင်မလား။ ”

သူမ စကား မဆုံးခင်၊ လင်းယွန်က ကြင်နာစွာ ပွေ့ဖက် နမ်းရှိုက် လိုက်လေသည်။ နှစ်ဦးသား တစ်ယောက် ရင်ခုန် သံကို တစ်ယောက် ကြားလာ ရ၏။

တစ်ညတာ အကြင်နာများ ပေးခဲ့ကြ ပြီးနောက် လင်းယွန်မှ တိတ်တဆိတ် ထွက်ခွာ လာခဲ့သည်။

အန်းလျူယွင်မှာ အိပ်ပျော် နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဒီမီဂေါ့ ဝိုင်အား ပုလင်း တစ်လုံးဖြင့် ငှဲ့ထည့် ပေးထား ခဲ့၏။

တိတ်ဆိတ် နေသော တောင်တန်း တစ်ခု ပေါ်တွင် ဓားသေတ္တာ တစ်လုံးအား ခုထိုင်လျက်၊ ခရမ်းငယ် တစ်ယောက် ငိုက်မျည်း နေသည်။

ရုတ်တရက် တစ်စုံ တစ်ရာကို ခံစား မိပြီး၊ ခေါင်းမော့ လိုက်ကာ ရက်စက်သော အမူ အရာ ဖြင့်၊

“ နောက်ဆုံးတော့ ... နင် ငါ့ကို သတိ ရလာပြီ။ ”

-ဟု ကြိမ်းဝါး လိုက်တော့သည်။

***

All Chapters