ယဲ့ ချင်းရှန် ... ။
Vol. 134 Ch. 1873
လင်းယွန်က နဂါးလေးကို ကြည့်သည်။ သူတို့မဆုံ ဖြစ်ခဲ့ သည်မှာ၊ တစ်နှစ် ရှိပြီ ဖြစ်၏။ နဂါးလေး ခန္ဓာကိုယ် အတွင်း၌ နိဗ္ဗာန် ရောင်ဝါပင် ကိန်းဝပ် နေသည်။
ဆိုလို သည်မှာ နဂါး လေးသည် နိဗ္ဗာန် အဆင့်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။ ဒရာကိုပီ ကျင့်ကြံမှု နည်းစနစ်မှ သူ့ကို နိုးထ စေပုံ ရ၏။
“ နဂါးလေး မင်းရဲ့ ခွန်အား အပြည့်ကို ကြည့်ပါ ရစေ။ ”
နဂါး လေးက ခေါင်းညိတ်ပြီး၊ တောင်ကြီး တစ်လုံးနှင့် တူသော နဂါး မျောက်ဝံ အဖြစ်သို့၊ ကူးပြောင်း လိုက်သည်။
“ ဂါး ... ။ ”
ကြုံးဝါးသံ ပြုလိုက်ရာ၊ လင်းယွန် အဝတ်အစားများ တဖျပ်ဖျပ် လွင့်ပျံ သွား၏။ သည့်အပြင် ဖိအားကြောင့် ခြေလှမ်း သုံးလှမ်း ဆုတ်ခွာ လိုက်ရသည်။
“ သတ္တမမြောက် နိဗ္ဗာန် အဆင့်။ ”
ကောင်းကင် အမိုးဓားကို သုံးသော်မှ နဂါးလေးအား ထိခိုက်အောင် လုပ်နိုင် မည် မဟုတ် တော့ချေ။
၎င်း၏ မျိုးဆက် သွေးအား နှိုးဆွသော်၊ အမည်ခံ သူတော်စင် သခင်ကိုပင် ရင်ဆိုင် နိုင်ပြီ ဖြစ်သည်။
“ ဘာများ အံ့သြ စရာ ရှိလို့လဲ။ ”
ခရမ်းငယ်က ဖီးနစ် သစ်ပင်မှ သစ်ရွက် တစ်ရွက်ကို ခူးလိုက်ပြီး၊
“ နင် ခြောက်လလောက် ဒုက္ခိတ ဖြစ်နေ ချိန်မှာ၊ သူက အနန္တ သားရဲ ရေကန်ထဲ ကျင့်ကြံ နေခဲ့တယ်၊ ငါနဲ့ အတူ ဘဝ-သေခြင်း ဆိုင်ရာ ပြဿနာ တွေကို ဖြတ်သန်းပြီး၊ အခု သူ့သွေး (၁၀%)ကို နိုးထ စေခဲ့ပြီ။ ”
“ ဟီးဟီး ... ။ ”
နဂါးလေးက ခရမ်းငယ်၏ အကဲ ဖြတ်ချက်ကို ကြားပြီး ရွှင်မြူးစွာ ရယ်ပြလာ လေသည်။
“ ဒရာကိုပီ သွေး နိုးထ လာပြီလား၊ အနာဂါတ်မှာ၊ သူတော်စင် သားရဲ ဖြစ်လာ နိုင်တာပေါ့။ ”
“ မဟုတ် သေးဘူ၊ ဒရာကိုပီ ကျင့်ကြံမှု ပညာရပ် တွေက အရမ်း ရှားပါးတယ်၊ အရေး ကြီးဆုံး ကတော့ သွေးနိုးထမှု (၁၀%)က မလုံလောက် တာပဲ။ ”
ခရမ်းငယ်မှ ခေါင်းခါသည်။
“ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ် တွေနဲ့ ပတ်သတ်ရင်၊ မင်း ... တာဝန် ယူလိုက်ပါ၊ သွေး နိုးထဖို့ အတွက်တော့၊ ငါ့မှာ ဒီမီဂေါ့ ဝိုင် ရှိတယ်၊ မင်းတို့ နှစ်ယောက် သောက်နိုင်တယ်။ ”
လင်းယွန်က ဝိုင်ပုလင်းအား ထုတ်ယူ လိုက်သည်။ ဖန်ခွက်ထဲ ငှဲ့ပေးနေစဉ် နဂါးလေးမှ မျက်ဝန်းများ တောက်ပ လာ၏။
၎င်းအား သောက်ရန် ကြောင် ပုံစံသို့ ပြောင်းလဲကာ ဖန်ခွက်အား လှမ်းယူ လိုက် သည်။
“ ဘာတွေ လုပ်နေ တာလဲ။ ”
ခရမ်းငယ်က ဝိုင်ခွက်အား ဖြတ်ယူပြီး၊ နဂါးလေးထံ စိုက်ကြည့် လိုက်၏။ နဂါးလေး ခမျာ မျက်နှာ ငယ်ငယ်ဖြင့် လင်းယွန်အား ကြည့်လာသည်။
“ သူ့ကို ချီးကျူး မနေနဲ့ ... ၊ နင်လည်း အဠမ အဆင့် မရောက်ခင် မသောက် ရဘူး။ ”
“ ဟုတ်တယ် ပထမ တစ်ခွက်ရဲ့ အကျိုး သက်ရောက်မှုက၊ အကြီး ကျယ်ဆုံး ဆိုတာကို ငါ မေ့သွားတယ်၊ ခရမ်းငယ် ပြောတာကို နားထောင်ပါ။ ”
လင်းယွန်မှ ဝင်ပြော ပေးလိုက်သည်။ သို့မှသာ နဂါးလေး တစ်ကောင် စိတ်လျော့ လိုက်တော့၏။
“ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ မင်းအကူအညီ လိုနိုင်တယ် ... ၊ ဒါကြောင့် ကြိုးကြိုး စားစား ကျင့်ကြံပါ နဂါးလေး။ ”
လင်းယွန် စကားကြောင့် နဂါးလေးက ခေါင်းညိတ်ပြီး တွန့်ဆုတ် စွာဖြင့် ထွက်ခွာသွား တော့သည်။
“ ကောင်းကင် တာအို ဂိုဏ်းကို ... နင် သွားတော့ မို့လား။ ”
“ ဟုတ်တယ် ... အစ်ကိုကြီးနဲ့ တွေ့ပြီးပြီ။ ”
“ ကောင်းတယ် ... ငါလည်း နင့်ကို စောင့်နေတုန်း၊ ကောင်းကင် တာအို ဂိုဏ်းမှာ၊ နေ-လ နတ်ရူရ်၊ ရှိ-မရှိ စုံစမ်း ထားတယ်။ ”
“ ဘာတွေ ထူးခြားလဲ။ ”
“ ဂိုဏ်းထဲကို ဝင်ခွင့် ရရင်၊ (၉၀%) အတည်ပြု ပေးနိုင်မယ်၊ ဒါပေမယ့် အစောင့်တွေ တင်းကြပ် လွန်းတော့ ငါ မသွား ရဲဘူး။ ”
နေ-လ နတ်ရူရ်သည်၊ ဘုရင် အဆင့် နတ် ရူရ်(၇)လုံး အနက်၊ ထူးခြားသော ရူရ် တစ်လုံး ဖြစ်သည်။
အစွမ်းထက်ကာ၊ နေနှင့် လ သံသရာကို ခရမ်းရောင် လျှို့ဝှက် နယ်မြေ အတွင်း၌ ပေါ် လာစေ နိုင်၏။
ထိုအချိန်တွင် လျှို့ဝှက် နယ်မြေ အတွင်း ဝိညာဉ် စွမ်းအင်များ တဖြည်းဖြည်း ဖြစ်ပေါ်လာ ပြီး၊ ဖီးနစ် သစ်ပင် ကြီးထွား သွားပေမည်။
“ အစ်ကို ကြီးကို အရင် စောင့်ရအောင်။ ”
“ ဟဲဟဲ ... ၊ နေ-လ နတ်ရူရ်သာ ရရင်၊ ကျန်တဲ့ ရူရ်တွေကို ဆက်ရှာ နိုင်မှာပါ။ ”
ခရမ်းငယ်က ပြုံးရွှင်စွာ ကတိ ပေးသည်။ သူမသည် အပြစ် များဖြင့် ပြည့်နှက် နေသော သတ်ဖြတ်ခြင်း ဧကရီ အဖြစ် ယုံနိုင် စရာ မရှိချေ။
လင်းယွန် အမြင်၌ ကြွားဝါ လွန်းသော မိန်းမငယ်လေး တစ်ယောက် မျှသာ ဖြစ်နေ၏။ ကျောက်စိမ်း တံဆိပ် တစ်ခုအား ထုတ်ယူကာ ချေမွှ လိုက်သည်။
ဤအရာသည် သူ့ ဆရာ သခင်မှ ပေးထားသော အချက်ပြ ကျောက်စိမ်း တံဆိပ် ဖြစ်၏။ ချေမွှ လိုက်ရုံနှင့်၊ သူ့ တည်နေရာကို အစ်ကိုကြီး သိရှိ နိုင်မည်။
ကျောက်စိမ်း တံဆိပ် ကြေမွ သွားသော အခါတွင် အလင်းရောင် ဖျော့ဖျော့များ လေထဲ ထိုးတက် သွားသည်။
စောင့်ဆိုင်း နေစဉ် အတွင်း၊ မရဏ အဆင့်ကို၊ တည်ငြိမ် လာစေရန်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား ဖြန့်ဝေ လိုက်၏။
သုံးရက် အကြာတွင် မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ အလင်းတန်း တစ်ခု ပျံသန်း လာလေ သည်။
မျက်လုံး ဖွင့်ကြည့် လိုက်သော အခါ၊ စူးရှသော အလင်းများ စုဖွဲ့လျက်၊ ယဲ့ကူဟန် ပေါ်လာ၏။
“ အစ်ကိုကြီး ... ။ ”
လင်းယွန်န်က နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ နှုတ်ဆက် လိုက်သည်။ သူ၏ စီနီယာ အစ်ကို မဟုတ် လျှင်ပင်၊ ထျန်ရွှမ်ဇီအား ရင်ဆိုင် နိုင်သည့် ဓားသူစင် တစ်ဦး ဖြစ်သဖြင့်၊ လေးစား ထိုက်ချေပြီ။
“ တကယ်ပဲ ... မရဏ အဆင့်ကို ရောက်ပြီလား၊ မင်းရဲ့ အသက် အရွယ် အရ သူတော်စင် တပည့် ဖြစ်လာ နိုင်တယ်၊ ဒါက ဒုက္ခတွေ အများကြီး ကနေ၊ မင်းကို ကယ်တင်ပေး ပါလိမ့်မယ်။ ”
“ အစ်ကိုကြီး ကောင်းကင် တာအို ဂိုဏ်းရဲ့၊ တပည့်တွေ အဆင့် အတန်းကို၊ ပြောပြပေး နိုင် မလား။ ”
ဂိုဏ်းများတွင် ပြင်ပ၊ အတွင်း၊ အမာခံ၊ သူတော်စင် တပည့်နှင့် တပည့် အကြီး ဟူ၍ ပိုင်းခြား ကြသည်။
ယဲ့ကူဟန်က ပြန်မဖြေ သေးဘဲ၊ ဝိုင်ပုလင်းကို ထုတ်ယူ ပြီးနောက်၊ ပန်းချီကား တစ်ချပ်အား ကမ်းပေး လာကာ၊
“ ဒီနေ့က စပြီး မင်းက သူပဲ။ ”
-ဟု ဆိုလိုက် တော့သည်။
ပန်းချီကားသည်၊ ချောမောသော လူငယ် တစ်ယောက် အသွင် ဖြစ်၏။
“ သူက ယဲ့မိသားစု ဝင်ပဲ ... ၊ အမှား လုပ်မိလို့ ကောင်းကင် တာအိုဂိုဏ်း ကနေ နှင်ထုတ် ခံခဲ့ ရတယ်၊ ဒါကြောင့် သူ့ပုံစံနဲ့ ဝင်သွားပါ။ ”
“ ယဲ့ ချင်း ရှန် ... ။ ”
လင်းယွန်မှ ခပ်တိုးတိုး ရွတ်ဆို လိုက်သည်။
“ ဒါနဲ့ ... ၊ သူ အခု ဘယ်မှာလဲ။ ”
“ သေပြီ ... ။ ”
ယဲ့ကူဟန်က စိတ်မကောင်း ဟန်ဖြင့်၊
“ မျိုးနွယ်စုဆီ ပြန်ရောက်တဲ့ အချိန်မှာ၊ အောင်မြင်မှု တစ်ခုကို အလျင်စလို ပြုလုပ် ခဲ့ပြီး အသက် ဆုံးရှုံး ခဲ့ရတယ်၊ ဒါပေမယ့် သေဆုံးမှု အကြောင်းကို ဘယ်သူမှ မသိ သေးဘူး။ ”
“ သူက ကောင်းကင် တာအို ဂိုဏ်းမှာ ဘာလုပ် ခဲ့လို့လဲ။ ”
“ အဲဒါက အရေး မကြီး ပါဘူး၊ ဂိုဏ်း ရောက်ရင် မင်း သိပါ လိမ့်မယ်။ ”
ထိုအဖြေကြောင့် အန္တရာယ် အချက်ပေး ခေါင်းလောင်း သံများ မြည်ဟည်း သွားတော့ သည်။ သို့သော် အစ်ကိုကြီး ဖြစ်နေ သဖြင့်၊ သံသယ ဝင်စရာ အကြောင်း မရှိချေ။
“ ဒီမှာ အရိယာ ဓားသုတ္တန်ရဲ့ နောက်ဆုံး အပိုင်းနဲ့၊ ပွင့်ချပ် (၉)ချပ် ပါတဲ့ ... ငရဲပန်း၊ မင်း အရမ်း ကံကောင်းတယ်။ ”
ယဲ့ကူဟန်က ကျောက်စိမ်း တုံးငယ် တစ်တုံးနှင့် အနက်ရောင် ပန်း တစ်ပွင့်ကို ထုတ်ပေး လာသည်။
အရိယာ ဓားသုတ္တန်ကို ကျင့်ကြံရန် ငရဲပန်းသည် များစွာ အထောက် အကူ ရသဖြင့်၊ လင်းယွန် တစ်ယောက် ရွှင်မြူး သွားသည်။
မူလ ငရဲ ပင်လယ်မှာ ပျက်စီး သွားသဖြင့်၊ ငရဲပန်းများ ရရှိရန် မလွယ် ကူချေ။ သူ့ အတွက် အစ်ကိုကြီးမှ ကိုယ်တိုင် ကိုယ်ကျ ခရီးထွက် သွားခဲ့ပုံ ရသည်။
“ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး ... ။ ”
“ ဝမ်းသာ မနေ နဲ့ဦး၊ မင်းအတွက် သတင်းဆိုး တစ်ခု ရှိတယ်။ ”
“ ဟုတ်ကဲ့ ဘာများလဲ ... ။ ”
“ ငါ ခရီးထွက် ရမယ်။ ”
-ဟု ဆိုသဖြင့်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားပြီး၊
“ ဆရာနဲ့ ဆိုင်သလား။ ”
-ဟု ပြန်မေး လိုက် မိသည်။
“ ဟုတ်တယ် ... ၊ ငါတို့ ဆရာ ကိုယ်စား ခရီးထွက်ရတာ၊ ဘယ်လောက် ကြာမယ် ဆိုတာ ငါ မသိဘူး။ ”
ယဲ့ကူဟန်က ပြုံးပြီး ခေါင်းညိတ် လိုက်၏။ ပြီးနောက်၊
“ တကယ်တော့ ... ၊ ငါက ကောင်းကင် တာအို ဂိုဏ်းမှာ၊ အချိန်တိုင်း ရှိမနေ နိုင်ပါဘူး။ ”
ဟု ထပ်မံ ဖြည့်စွက် လိုက်သည်။
“ ဒီတစ်ကြိမ် ... အစ်ကိုကြီး ဘယ်ကို သွားရ မှာလဲ။ ”
“ ဓားနဲ့ ပတ်သက်တဲ့ ... တစ်နေရာ ရာကို၊ ဟား ဟား ဟား စိတ် မပူ ပါနဲ့ ... ၊ မသွားခင် ငါ မင်းကို သင်ပေး စရာ ရှိတယ်၊ မဟုတ်ရင် မင်း အပေါ်၊ ကောင်းကင် တာအို ဂိုဏ်းက အနိုင် ကျင့်ကြ လိမ့်မယ်၊ ...
... ဒီတော့ ဓားနှလုံးသားနဲ့ ပိုးစုန်းကြူး နတ်ဓားကို ... ၊ ဘယ်လို ချိတ်ဆက် သုံးရ မလဲ ဆိုတာ ကနေ စမယ်၊ မင်းရဲ့ ဓား နှလုံးသား ထုတ်လိုက် ... ။ ”
***