← Chapters

မိတ်ဆွေဟောင်း ... ။

Vol. 134 Ch. 1874

မိတ်ဆွေဟောင်း ... ။

Vol. 134 Ch. 1874

ယဲ့ကူဟန် ညွှန်ကြားချက် အတိုင်း၊ ဓား နှလုံးသားကို လွှတ်ပေး လိုက်သည်။ ၎င်းသည် (အဏုမြူ) သေးငယ်သော အမှုန် အမွှား ပုံစံ ဖြစ်ပြီး၊ သက်ရှိများ အလား ခုန်ပေါက် နေ၏။

ခန္ဓာကိုယ် အတွင်း ပြည့်နှက် နေသော ကောင်းကင် အမိုးဓား ရည်ရွယ်ချက်ကို ခံစား နိုင်သည်။ မိုင်တစ်ရာ ပတ်လည်ရှိ အရာရာ တိုင်းကို၊ အသေးစိတ် မြင်နိုင် ပေမည်။

အံ့ဖွယ်ကောင်း လှပြီး၊ မည်သည့် သိုင်း ရည်ရွယ်ချက် တွင်မှ၊ ဤသို့သော သက်ရောက် မှုမျိုး မရှိချေ။

တစ်ချိန်တည်း မှာပင်၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို ဓားနှလုံးသားမှ အဆုံး မရှိ ဝါးမျို နေ၏။

“ ခရစ် ... ။ ”

ယင်းကြောင့် မရဏ- ဒုတိယ အဆင့်သို့၊ နောက်ထပ် အောင်မြင်မှု ထပ်မံ ရရှိ လာသည်။ ယဲ့ကူဟန်က ပြုံးလိုက်ပြီး၊

“ မင်းရဲ့ အရည် အချင်းကို ... ၊ ငါ တကယ် မနာလို တော့ဘူး၊ ဓားနှလုံးသားက သူတော်စင် တစ်ပါးတောင် ... ၊ လွယ်လွယ် ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး၊ ကဲ ထုတ်ပါဦး။ ”

လင်းယွန်က အတွေး တစ်ချက်ဖြင့် ဓား နှလုံးသားကို ထုတ်လွှတ် လိုက်သည်။

“ ဓား နှလုံးသားက ဘာကို ကိုယ်စား ပြုလဲ သိလား။ ”

ယဲ့ကူဟန်မှ မေး၏။

“ နည်းနည်းတော့ သိတယ် ... ၊ ဓား နှလုံးသားကို ဆုပ်ကိုင် ထားနိုင် မှသာ၊ ဓား သူတော်စင်လို့ ခေါ်နိုင်တယ်၊ ဓား နှလုံးသား မရှိရင်၊ ဓားနယ်မြေ ဖန်တီးလို့ မရဘူး။ ”

“ မှန်တယ် ... ။ ”

ယဲ့ကူဟန်က ခေါင်းညိတ် လိုက်သည်။

“ ဒါပေမယ့် ... ၊ မင်းက ကောင်းကင် အမိုးဓား ရည်ရွယ်ချက်နဲ့၊ ဓား နှလုံးသားကို ဆုပ်ကိုင် နိုင်ခဲ့တယ်၊ ငါတို့ ဆရာ၊ မူရွှမ်ကောင်နဲ့ ငါတောင် ဓားရည်ရွယ်ချက် ဆဌမတန်း ရောက်မှ၊ ...

... ဓား နှလုံးသားကို ဆုပ်ကိုင် နိုင်တာ၊ ဓားနယ်မြေ ကိုတော့ သတ္တမတန်း ရောက်မှ ဖွဲ့စည်း နိုင်တယ်၊ ဒါကြောင့် ဓားတာအို မှာဆို၊ ဂျူနီယာ ညီလေး ကျင်းရှန်ထက်၊ မင်းက ပို အားကောင်းတယ်။ ”

စကားဆုံး သည်နှင့် ယဲ့ကူဟန်က သူ့မေးစေ့သူ ပြန်ကိုင်ကာ၊ တစ်စုံ တစ်ရာကို စဉ်းစား နေပုံ ရသည်။

“ အစ်ကိုကြီး ဘာကိစ္စ ရှိလို့လဲ။ ”

လင်းယွန်မှ မေးသည်။

“ မင်းရဲ့ အခြေ အနေက နည်းနည်း ထူးခြားတယ်၊ ဓားနှလုံးသား လေ့ကျင့်နည်း သင်ပေး ဖို့ဆိုရင်၊ နိဗ္ဗာန် သဘော တရားတွေ သိဖို့ လိုတယ်၊ အခု မင်းက နိဗ္ဗာန် အဆင့် ကိုတောင် မရောက် သေးတော့ နည်းနည်း ခက်တယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က ခေါင်းညိတ်သည်။

“ မသင်ပေး ပြန်ရင်လည်း ... မင်းရဲ့ ဓားနှလုံးသားက အမှိုက် ဖြစ်နေမယ်။ ”

“ အစ်ကိုကြီး ... ၊ ကောင်းကင် အမိုးဓား အထက်မှာ ဘာရှိလဲ။ ”

“ ဘာလို့ မေးတာလဲ။ ”

“ နိဗ္ဗာန် အဆင့် မဟုတ် ပေမယ့်၊ ဒါကို ချိုးဖြတ် ပြီးရင်၊ ဓားနှလုံးသား လေ့ကျင့်နည်း သင်ပေးလို့ ရတယ် မဟုတ်လား။ ”

“ ညီလေး ... မင်း ငါ့ကို နောက်နေ တာလား။ ”

သူ့စကား ကြားသော အခါ၊ ယဲ့ကူဟန် တစ်ယောက် တုန်လှုပ် သွား၏။ လင်းယွန်မှ ပြန် မဖြေဘဲ၊ ပြီးပြည့် စုံသော ကောင်းကင် အမိုး ဓားကို ထုတ်လွှတ် ပြလိုက်သည်။

“ ရွှပ် ... ။ ”

ဓား ရည်ရွယ်ချက် ထွက်လာ သည်နှင့် ပန်းသင်္ချိုင်း ဓား သည်လည်း၊ လိုက်ပါ ပျံတက် သွားသည်။

ပြင်းထန်သော ဓားရောင်ဝါ လွင့်စင် ထွက်လာပြီး၊ သူ့အပေါ် (၃၆)လွှာ အထိ လွှမ်းခြုံ လာ၏။

ဆိုလို သည်မှာ လက်ရှိ သူသည် ဓားနှင့် လူ တစ်သားတည်း ဖြစ်နေ သည်ဟု အဓိပ္ပါယ် ရချေ ၏။

“ မင်း ... ။ ”

ယဲ့ကူဟန် တစ်ယောက် စကား မပြောနိုင် တော့ချေ။ ပန်းသင်္ချိုင်း ဓားကို ပြန်၍ သိမ်းလိုက် သည်ကို၊ တိတ်ဆိတ်စွာ ကြည့်နေ မိသည်။

ထို့နောက် ခေါင်းညိတ် လိုက်ပြီး၊

“ ကောင်းကင် အမိုးဓား အထက်မှာ ကြယ်ဓား ရှိတယ်၊ ကြယ်တွေရဲ့ စွမ်းအားကို ဓားရည်ရွယ်ချက် အဖြစ် ပြောင်းလဲ ခြင်းပဲ၊ ...

... ကြယ်စွမ်းအင်ကို စုပ်ယူ နိုင်ရင်၊ မင်းရဲ့ ဓားက ကြယ်တစ်ပွင့် အဖြစ် ပြောင်းလဲ သွားနိုင် လိမ့်မယ်။ ”

အဆိုပါ ရှင်းပြချက်ကြောင့် အစ်ကို ကျန့်ကျင်းရှန်၏ ဓားအား ပြန်လည် သတိရ လာသည်။

ထိုစဉ်က တောက်ပသော ကြယ် တစ်စင်း ကဲ့သို့ ခမ်းနား ခေျ၏။ ကြယ်ဓား ရည်ရွယ်ချက် အဆင့် ဖြစ်ပေမည်။

“ ဘယ်လို အောင်မြင်မှု ရအောင် ... ၊ လုပ်ရမလဲ ဆိုတာ ကတော့ ... ကိုယ့်ကိုယ် ကိုပဲ အားကိုးလို့ ရမယ်၊ ငါလည်း မကူညီ နိုင်ဘူး၊ ချည်းကပ် နည်းကို မျှဝေ ပေးမယ်။ ”

ထို့နောက် ယဲ့ကူဟန်က မြေပြင်ပေါ် ထိုင်ကာ၊ လင်းယွန်အား ကြယ်ဓား အကြောင်း ရှင်းပြ ပေးတော့ သည်။

သည့်နောက် ပိုးစုန်းကြူး နတ်ဓားကို ကိုယ်တိုင် သရုပ်ပြ ပေး၏။ လိပ်နက် လျှပ်စီး ဓားနှင့်၊ အပူပင် ကင်းသော ဓားကိုးကွက် တွင်လည်း လမ်းညွှန်ပေး ခဲ့သည်။

လဝက်ခန့် ကုန်လွန် သွား၏။ ယဲ့ကူဟန်မှ ထိုင်နေရာမှ ထရပ်ကာ၊

“ ငါ သွားဖို့ အချိန် ကျပြီ ... ၊ မင်း ကောင်းကင် တာအို ဂိုဏ်းကနေ ငါ ပြန်လာ တာကို စောင့်ပါ။ ”

“ ဟုတ်ကဲ့ ... ၊ စီနီယာ အစ်ကို၊ မြင့်မြတ်မြေနဲ့ တန်ခိုးကြီး ဂိုဏ်း ဘယ်လို ကွာခြားလဲ။ ”

လင်းယွန် မေးခွန်းကို ယဲ့ကူဟန်မှ မျှော်လင့် ထားပြီး ဖြစ်သည်။ နောက်ဆုံးတွင် ဓားဂိုဏ်း၏ တပည့် တိုင်းမှာ၊ ဓားဂိုဏ်းအား မြင့်မြတ်မြေ ဖြစ်လာ စေရန်၊ ကတိ ပြုထား ကြ၏။

“ အဲဒီကို ရောက်ရင် ... မင်း သိပါ လိမ့်မယ်။ ”

ပြီးနောက် ယဲ့ကူဟန်မှ နှုတ်ဆက် ထွက်ခွာ သွားတော့သည်။ လင်းယွန်က ပန်းချီကား ကို ပြန်၍ ထုတ်ကြည့် လိုက် မိ၏။

အသွင် အပြင်ကို ခံယူ ရန်မှာ ပြဿနာ မဟုတ် သော်လည်း စိတ်နေ စိတ်ထားနှင့် အပြု အမူသည် ပြဿနာ တစ်ရပ် ဖြစ်နေသည်။

၎င်းသည် အင်အား ကြီးသော မျိုးနွယ်စုမှ ဖြစ်သဖြင့်၊ သူ့အား မည်သူ မဆို သိကြ ပေမည်။ အနည်း ဆုံးတော့ မောက်မာမှု ရှိနိုင် ပေ၏။

၎င်းသည် သူနှင့် လုံးဝ မတူသော၊ အကျင့် စရိုက်မျိုး ဖြစ်သောကြောင့်၊ (၇)ရက် ကြာသည့် တိုင်၊ ကြိုးစား လေ့ကျင့် ခဲ့ရသည်။

အသား အရေမှာ အမျိုးသမီး တစ်ဦး ထက်ပင်၊ လှပပြီး ပုလဲ နှစ်ရောင် ဖြစ်ချေ၏။

“ ဒီလူရဲ့ မျက်နှာက မြင်ရုံနဲ့ ... ၊ ရိုက်ချင် စရာ ဆိုတာ သေချာတယ်။ ”

ခရမ်းငယ်မှ ပန်းချီကားအား ချောင်းကြည့်ကာ မှတ်ချက် ပေးလာ လေသည်။

“ အင်း ... ။ ”

လင်းယွန်က ခေါင်းညိတ် မိ၏။

“ ဟား ဟား ဟား ... ၊ ဒီလို မျက်နှာ မျိုးက တစ်ချက် ကြည့်ရုံနဲ့၊ ဘယ်လောက် မိုက်မဲ မလဲ ဆိုတာ ပြောနိုင်တယ်၊ ဂိုဏ်းက၊ ...

... နှင်ထုတ် ရအောင် ... ၊ သူ ဘာတွေများ လုပ်ခဲ့ ပါလိမ့်၊ ဒါနဲ့ ... နှင်ထုတ် ထားမှတော့ ... ၊ နင် ဘယ်လို ပြန်သွား မှာလဲ။ ”

ရုတ်တရက် တွေးမိ လာဟန်ဖြင့် ခရမ်းငယ်က မေးသည်။ ပန်ချီကားကို စိုက် ကြည့်ပြီး လင်းယွန်မှ ခေါင်းခါ၏။

“ စီနီယာ အစ်ကို ပြောတာတော့ သူ့ကို တစ်နှစ် လောက်ပဲ နှင်ထုတ် ခဲ့တာတဲ့၊ အခုဆို တစ်နှစ်ကျော် သွားပြီလို့ ပြောတယ်။ ”

“ ဘယ်သူ သိမှာလဲ၊ ဒီကောင် အကြီး အကဲတွေ ရေချိုး နေတာကို၊ ချောင်းကြည့်တာ နေမှာပေါ့။ ”

ခရမ်းငယ်မှ ခန့်မှန်းချက် ထုတ်သည်။ ယင်းကြောင့် လင်းယွန် မျက်နှာ ပျက်ယွင်း သွားတော့၏။

ပန်းချီကား နောက်တွင် အချက်အလတ် အချို့ ရေးသား ထားသည်။ ၎င်းသည် သူနှင့် အသက် အရွယ် တူ၏။

မောက်မာပြီး၊ သန်မာ သူကို ကြောက်ကာ၊ အားနည်း သူများ အပေါ် အနိုင်ကျင့် လေသည်။ ဂိုဏ်း အတွင်း စည်းမျဉ်း များကို အကြိမ်ကြိမ် ချိုးဖောက် ခဲ့၏။

ယဲ့မိသားစု၏ ပင်မ မျိုးနွယ်စု မှသာ မဟုတ်သော်၊ အပြီးတိုင် ထုတ်ပယ် ပစ်ပြီး ဖြစ်ပေမည်။

“ သွား ရ အောင် ... ။ ”

ပန်းချီကားကို သိမ်းဆည်းကာ ရွေ့လျားမှု ပညာရပ်အား အသက် သွင်းလျက်၊ ကောင်းကင် တာအို ဂိုဏ်းဆီသို့၊ ဦးတည် လိုက်သည်။

နေ့ဝက် ကုန်လွန် ပြီးနောက်၊ စည်ကား သိုက်မြိုက်သော မြို့ကြီး တစ်မြို့အား မြင်လိုက် ရသည်။

ဤမြို့သည် ကောင်းကင် တာအို ဂိုဏ်းကို မှီခိုကာ၊ တည်ထားသော မြို့ (၁၀)မြို့ အနက်မှ တစ်မြို့ ဖြစ်သည်။

ယုံနိုင်ဖွယ် မရှိသော ဖွံ့ဖြိုးမှုမျိုး ပေပင်။ ကောင်းကင် တာအိုဂိုဏ်း ထွန်းကား လာသည် နှင့်အမျှ၊ မြို့များ ပိုမို ကြီးထွား လာပုံ ရ၏။

မြို့တစ်မြို့ သည်ပင်၊ ရှေ့ဟောင်း ပျက်သုဉ်းမြေမှ ဂိုဏ်းများဖြင့် ယှဉ်နိုင် ပေသည်။ ကောင်းကင် တာအို ဟူသော အမည် တစ်ခု တည်း ကပင်၊ သူတို့မည်မျှ တန်ခိုး ထွားကြောင်း ပြသရာ ရောက်သည်။

ဂိုဏ်း၏ အတွင်း တပည့် များပင်၊ မြို့ကြီးများထံ လာရောက်ပြီး၊ ၎င်းတို့၏ အရင်း အမြစ် များကို၊ အပြန် အလှန် ရောင်း-ဝယ် ကြသည်။

ထို့ကြောင့် မြို့ အတွင်း၌၊ ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များစွာအား မြင်တွေ့ နေရ၏။ လင်းယွန်က မည်သည့် အရပ်ကို သွားရ မည်မှန်း မသိ သဖြင့်၊ ထိုသူများ နောက်သို့သာ လိုက်နေ မိသည်။

ရုတ်တရက် သူနှင့် ရင်းနှီးသော ရှယွမ်ကွီအား တွေ့လိုက် ရသည်။ ၎င်းက အဖွဲ့ကို ဦးဆောင် နေပြီး၊ အပြာရောင် ဝတ်ရုံများ ၀တ်ဆင် ထားကြသည်။

“ စီနီယာ အစ်ကို ... ငါတို့နောက် လူတစ်ယောက် လိုက်နေတယ်၊ သူ့ကို ငါသိ သလိုပဲ ယဲ့ချင်းရှန် ဖြစ်မယ် ထင်တယ်။ ”

တပည့်ငယ် တစ်ယောက်က သတိ ထားမိပြီး၊ ရှယွမ်ကွီအား တိုးတိုး ပြောသည် ။ ထို့ကြောင့် ရှယွမ်ကွီမှ လှည့်ကြည့် လာ၏။

လင်းယွန်က ပြုံးရယ် လိုက်ပြီး၊

“ ငါ့ရဲ့ အပြန် ခရီးမှာ ... ၊ စီနီယာ အစ်ကို ရှနဲ့၊ ဆုံလိမ့် မယ်လို့ မထင် ထားဘူး၊ တိုက်ဆိုင် လိုက်တာ။ ”

-ဟု နှုတ်ဆက် လိုက်သည်။

“ မင်း ... တကယ် ပြန်လာ ရဲတယ်လား။ ”

ရှယွမ်ကွီက အထင်အမြင် သေးစွာ၊ ဟစ်အော် လိုက်သည်။ ထိုတုန့်ပြန် မှုကြောင့် လင်းယွန်မှ အံ့အားသင့် သွား၏။

“ သူ တကယ် သတ္တိ ရှိတာပဲ။ ”

“ ဘယ်လိုတောင် ... အရှက်မဲ့ လိုက်လဲ၊ စီနီယာ အစ်ကို ငါတို့ သူ့ကို သင်ခန်းစာ ပေးရအောင်။ ”

တပည့်ငယ် များက ဝိုင်းပြော လာသည်။

“ မလုပ်နဲ့ ... ငါတို့က သူနဲ့ အဆင့်တူ အဖြစ်မခံ နိုင်ဘူး၊ ပြီးတော့ သူက တခြား တောင်ထိပ် ကပဲ။ ”

ရှယွမ်ကွီက လျစ်လျူရှုလျက် လှည့်ထွက် သွားသည်။ ထိုကြောင့် လင်းယွန်မှာ စိတ်ဓာတ် ကျသွား သော်လည်း၊ ချက်ချင်း ပြုံးရယ်လျက် ဆက်လိုက် လာခဲ့သည်။

***

All Chapters