← Chapters

မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်ကြီး။

Vol. 134 Ch. 1875

မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်ကြီး။

Vol. 134 Ch. 1875

ရှယွမ်ကွီ ကဲ့သိုသော လူမျိုး သည်ပင် လျစ်လျူရှုခြင်း ခံရသော ယဲ့ချင်းရှန် ဆိုသူအား၊ သိချင်စိတ် ပြင်းပြ လာခဲ့သည်။

ရှယွမ်ကွီ၏ အဖွဲ့မှာ မြို့မှ ထွက်ခွာပြီး၊ ကောင်းကင် တာအို ဂိုဏ်းသို့ ဦးတည် လာခဲ့ ကြ၏။

ပေ တစ်သောင်းကျော် မြင့်မားသော တောင်တန်းကြီး နှစ်ခုက ဓားနှစ်လက် အသွင် ဖြစ်တည် နေသည်။

ဝင်ပေါက်ကို ထိုတောင်တန်း နှစ်ခုကြား၌ တည်ဆောက် ထား၏။ အတွင်း တပည့် များစွာ တောင်တန်း နှစ်ခု ရှေ့တွင်၊ တန်းစီ စောင့်ဆိုင်း နေကြသည်။

ဝင်ပေါက် ပတ်ဝန်းကျင်၌ မြူခိုးများ ရှိနေကာ၊ ၎င်းမှာ ဓားအစီရင် တစ်ခု ခင်းကျင်း ထားခြင်း ဖြစ်ချေပြီ။

ဤသည်မှာ ခရမ်ငယ် မကျူးကျော် ရဲသော အကြောင်းရင်း ဖြစ်သည်။ လင်းယွန်က တံဆိပ် တစ်ခုကို ထုတ်ယူပြီး၊ ရှယွမ်ကွီ အဖွဲ့နောက်မှ ကပ်လိုက် နေမိ၏။

အတွင်းစည်း ထဲသို့ ဝင်လိုက်သော အခါ ပတ်ဝန်းကျင်ရှိ ရှုခင်း များသည် ပြင်ပနှင့် လုံးဝ မတူကြောင်း သိရှိ လိုက်ရသည်။

ကမ္ဘာသစ် တစ်ခု အလား ထင်မှား စေပြီး၊ ဝိညာဉ် စွမ်းအင် သိပ်သည်းဆမှာ မယုံနိုင်ဖွယ် များပြား နေချေ၏။

“ ယဲ့ချင်းရှန် ... မင်းက ဘာလို့ ... ၊ ငါ့နောက်ကို လိုက်နေ တာလဲ၊ ငါနဲ့ မင်းက တူညီတဲ့ နေရာက မဟုတ်ဘူး၊ မင်းရဲ့ မရဏ မိုးကြိုး တောင်ထိပ်က အဲဒီ ဘက်မှာပဲ။ ”

ရှယွမ်ကွီက လှည့်ကြည့်ပြီး၊ အေးစက်စွာ ပြောလေသည်။ ဤလူသည် ကျော်ကြားသော အမှိုက် တစ်စ ဖြစ်ပြီး၊ သူနှင့် နီးစပ် သူတိုင်း ဒုက္ခ ရောက်ရ ပေမည်။

“ ကျေးဇူး တင်ပါတယ် စီနီယာ အစ်ကို၊ စီနီယာ အစ်ကိုက ... လိပ်နက် ပင်လယ်ကွေ့ ကနေ၊ ပြန်လာတယ် ဆိုတာ ကြားမိတယ်၊ ဘာတွေများ ရရှိ လာလဲ သိချင် ရုံပါ။ ”

လင်းယွန်က တည်ငြိမ် စွာဖြင့် အကြောင်းပြချက်အား အမြန်ရှာ ဖွေလိုက် သည်။

“ ဟား ဟား ဟား ... ၊ မင်းက တကယ် မေးရဲ တာပဲ၊ စီနီယာ အစ်ကို ရှရဲ့ ရိတ်သိမ်းမှုက မင်းနဲ့ ဘာဆိုင် လို့လဲ။ ”

“ ထွက် သွား စမ်း ... ၊ ငါတို့ နောက်ကို လိုက်မနေနဲ့။ ”

ရှယွမ်ကွီ အနားရှိ လူတိုင်းမှ ဝင်ပြော လာလေသည်။

“ စီနီယာ အစ်ကို ... ၊ မင်းမှာ ဝေမျှဖို့ စိတ်ကူး မရှိလို့၊ ငါ အနားယူ တော့မယ်၊ မင်းဆီ နောက်နေ့ အလည် လာပါ့မယ်။ ”

ယဲ့ချင်းရှန်မှ လက်ဝှေ့ ယမ်းကာ၊ လှည့်ထွက်သွား သဖြင့်၊ ရှယွမ်ကွီ တစ်ယောက် အံ့ဩ သွားပြီး၊

“ ဒီကောင်က ... တစ်ချိန်က တပည့်ကြီး ဆိုပေမယ့်၊ အခု မဟုတ် တော့ဘူး၊ ပြန် သွားရင် သူ ဒုက္ခရောက် လိမ့်မယ်။ ”

-ဟု မှတ်ချက် ပေးလိုက်သည်။

ထိုအချိန်တွင် လင်းယွန်မှ မရဏ မိုးကြိုး တောင်ထိပ် ဆီသို့၊ ဆက်လက် ဦးတည် သွားနေ ခဲ့သည်။

လမ်း တစ်လျှောက်တွင် မြင်သူတိုင်း အံ့အားသင့် ကုန်ပြီး၊ အထင်သေး စွာဖြင့် သူနှင့် ဝေးရာသို့၊ ရှောင်ဖယ် ကြတော့၏။

မရဏ မိုးကြိုး တောင်ထိပ်သည်၊ (၁၀၈) ပါးသော တောင်ထိပ်များ ကြား၌ အဆင့် အနိမ့် ဆုံး ဖြစ်ပြီး၊ အတွင်း တပည့် သုံးရာသာ ရှိသည်။

၎င်းအတွင်း တပည့် များမှာ၊ ဘဝ အဆင့်တွင် ရှိပြီး၊ အသက် (၃၅)နှစ်သာ ရှိသေး၏။

နဂါး သွေးလွှတ်ကြော အဆင့် နယ်ပယ် တပည့် အချို့ ရှိသော်လည်း၊ အသက် (၂၀)ပင် မပြည့် ကြသေးချေ။

(၁၀၈)ပါးသော တောင်ထိပ်များ အနက် အညံ့ဆုံးသော တောင်ထိပ် သည်ပင်၊ ဤမျှ ကြောက်စရာ ကောင်းနေ၏။

တောင်ကုန်း အနှံ့ တပည့်များ ကျင့်ကြံ နေကြသည်။ တောင်ခြေ ရင်း၌ ‘မရဏ မိုးကြိုး တောင်ထိပ်’ ဟူသော၊ ကျောက်စာတိုင် တစ်တိုင် ရှိ၏။

ထိုစကားလုံး များတွင် ထက်ရှသော ဓားရည်ရွယ်ချက် ပါဝင်သည်။

“ စီ ... စီနီယာ အစ်ကို ... ။ ”

လင်းယွန်ကို မြင်ပြီးနောက်၊ လူတိုင်း ထိတ်လန့်စွာ ထရပ်လာ တော့သည်။

“ ယဲ့ ချင်း ရှန် ... ။ ”

“ မြန် မြန် ... ။ ”

များမကြာခင် စည်ကား နေသော တောင်ကုန်းကြီးတွင် လင်းယွန် တစ်ယောက် တည်း ကျန်ရစ် ခဲ့တော့၏။

ထို့ကြောင့် နောက်ဆုံး လူကို ချက်ချင်း ဖမ်းဆွဲ လိုက်ရသည်။

“ စီ ... စီနီယာ ။ ”

“ ငါ မင်းကို ... ဘယ်လို ခေါ်ရ မလဲ။ ”

ထိုမေးခွန်းကြောင့် ဟန့်တား ခံရသူမှာ ထိတ်လန့် သွားပြီး၊

“ အစ်ကိုကြီး ... တစ်နှစ်ပဲ ရှိသေးတယ်၊ မင်းက ငါ့ကို မေ့သွားပြီလား .. ၊ ငါက ချန်ဖန်ပါ၊ မင်း ငါ့ကို ဓားရေးမှာ လမ်းပြ ပေးခဲ့သေး တယ်လေ။ ”

သို့သော် ချန်းဖန် မျက်နှာမှာ လေးစားခြင်း မရှိချေ။ ‘လမ်းပြ’ ဟူသော ထိုအသုံး အနှုန်း၌ မည်မျှ အနိုင်ကျင့် ခံခဲ့ရ သည်ကို၊ မြင်နိုင်၏။

“ ငါ ဘယ်မှာ နေခဲ့လဲ မသိ တော့ဘူး၊ ငါ့ကို လိုက်ပို့ပေး။ ”

လင်းယွန်က ခပ်တည် တည်ဖြင့် ပြောလိုက်သည်။ ထိုစကားကြောင့် ချန်ဖန်မှာ မျက်လုံးပြူး သွား၏။

တစ်နှစ် တည်းဖြင့် နေထိုင်ရာ အရပ်ကို မေ့သွား ရအောင်၊ အဓိပ္ပါယ် မရှိချေ။ ထိတ်လန့် စွာဖြင့့်၊

“ အစ်ကိုကြီး ... ငါ့ကို ခက်ခဲအောင် မလုပ် ပါနဲ့။ ”

-ဟု ကူကယ်ရာ မဲ့စွာ ပြောလိုက်၏။

“ တစ်ယောက် ယောက်က ... ငါ့ နေရာကို ယူလိုက် တာလား။ ”

“ ဟုတ်ကဲ့ ... ၊ တောင်ထိပ် သခင်က စီနီယာ အစ်ကို လျူဟွာကို ပေးလိုက်ပြီ။ ”

“ ကောင်းပြီ ... ၊ ငါ့ကို ခေါ်သွားပါ။ ”

“ ဒါ ... ဒါက မသင့် တော်ဖူး ထင်တယ်။ ”

ချန်ဖန်မှ တုန်လှုပ်သော လေသံဖြင့် ပြောလိုက် လေသည်။

“ ဒါဆိုလည်း ... ငါနေလို့ ရမဲ့ နေရာကို လမ်းပြပါ။ ”

“ ဟို ... ၊ ဟုတ် ... ဟုတ်ကဲ့ ... ၊ အစ်ကိုကြီး ငါနဲ့ လိုက်ခဲ့ပါ။ ”

ချန်ဖန်မှာ ရွေးချယ်စရာ မရှိ တော့ဘဲ၊ လင်းယွန်အား ခေါ်ဆောင် လာခဲ့ ရလေသည်။ ဤဝင်းကို မျှော်စင် ခန်းမဟု ခေါ်၏။

အချိန် အတော်ကြာ စွန့်ပစ် ထားခဲ့ပြီး၊ သူတော်စင် သွေးပြန်ကြောနှင့် ချိတ်ဆက် ထား သည့်၊ ဝိညာဉ်ရေး အစီရင်မှာ ဖျက်ဆီး ခံထား ရသည်။

ထို့ကြောင့် ယဲ့ချင်းရှန်မှ ဒေါသ ထွက်လာ လိမ့်မည်ဟု ထင်ခဲ့ သော်လည်း၊ မဟုတ် ခဲ့ချေ။ လက်ဝှေ့ ယမ်းကာ သူ့အား သွားတော့ရန် မောင်းထုတ် လာ၏။

သည့်နောက် မျှော်စင် ခန်းမကို သပ်သပ် ရပ်ရပ် ဖြစ်အောင် ပြင်ဆင် မိသည်။ ခရမ်းငယ် က ရယ်မောလျက်၊

“ နင့်ရဲ့ စီနီယာ အစ်ကိုက သိပ်လည်း အားကိုးလို့ ရပုံ မပေါ် ပါဘူး။ ”

ယဲ့ချင်းရှန်မှာ ဂိုဏ်း အတွင်း အလွန် နာမည်ဆိုး ပုံပေါက်သည်။ လူတိုင်း ရှောင်ကွင်း သွားရသည် အထိ ပေပင်။

သို့သော် ဤအရာ ကပင် သူ့အတွက် သတင်းကောင်း ဖြစ်သည်။ မည်သူ နှင့်မျှ ရင်းနှီး နေစရာ မလိုချေ။

“ စီနီယာ အစ်ကို အတွက် ... ၊ အကြောင်းပြချက် ရှိလို့ နေမှာပါ၊ ဒါနဲ့ နေ-လ ရူရ်ရဲ့ ... တည်နေရာ ရှာတွေ့ ပြီလား။ ”

လင်းယွန်မှ ခေါင်းစဉ် ပြောင်းလိုက်၏။

“ အလျင်လို နေစရာ မလို ပါဘူး။ ”

ခရမ်းငယ်က သူမ လက်ချောင်း များကို ရေတွက်နေ သကဲ့သို့၊ တွက်ချက်မှု ပြုလုပ် ရာ၊ ဝိညာဉ် ရေးရာ ရူရ်များ ကြမ်းပြင်၌ ပေါ်လာ တော့၏။

ယင်းက နဂါး ငွေ့တန်းကြီး အဖြစ် ပြောင်းလဲလျက်၊ ခြံဝန်း အပြင်သို့ ပြေးထွက် သွား တော့သည်။

“ တည်နေရာ သိရ ပြီလား။ ”

ကောင်းကင် တာအို ဂိုဏ်းသည် ကြီးမား ကျယ်ပြန့် သောကြောင့်၊ တည်နေရာ ရှာဖွေရန် ခက်ခဲ နေ၏။

“ နေ-လ ရူရ်က ဒီမှာ ရှိတာတော့ သေချာတယ်၊ ဒါပေမယ့် ... အတည် မပြုနိုင် သေးဘူး၊ လင်းယွန် ... ဂိုဏ်းဖွဲ့စည်း ပုံကို ရှာကြည့် ပါဦး။ ”

ခရမ်းငယ် စကားကြောင့် ခန်းမအတွင်း လှည့်ပတ် ရှာဖွေ လိုက်ရာ၊ ဂိုဏ်း၏ တည်နေရာ ပြ မြေပုံ စာရွက်အား တွေ့လိုက် ရသည်။

အတွင်း စည်း၌ နန်းတော် (၂)လုံး၊ ခြံဝင်း (၃)ခုနှင့်၊ တောင်ကုန်း (၁၀၈)လုံး ရှိလေသည်။ နန်းတော် (၂)လုံးမှာ ကောင်းကင် ယင်-နန်းတော်နှင့် တာအို ယန်-နန်းတော် ဖြစ်၏။

ခြံဝင်း သုံးခုမှာ ငရဲသစ်ခွ ခြံဝင်း၊ တော်ဝင် သမီးတော် ခြံဝင်းနှင့် နတ်ဝိညာဉ် ခြံဝင်း ဟူ၍ ဖြစ် လေသည်။ ၎င်းတို့ အောက်တွင် တောင်ထိပ် (၁၀၈)လုံး ရှိ၏။

“ ဒီငရဲ သစ်ခွ ခြံဝင်းကို တွေ့လား။ ”

ခရမ်းငယ်မှ လက်ထောက် ပြလိုက်သည်။ လင်းယွန်က ခေါင်းညိတ်၏။

“ ဒီနေရာ ကနေ စလိုက် ရအောင်၊ အဲဒီ ခြံဝင်း တဝိုက်မှာ ရှိနေ တယ်လို့ ... ၊ ငါ ခံစား မိတယ် ... ။ ”

“ နေ-လ ရူရ်က ဘုရင် အဆင့် နတ်ရူရ် ဖြစ်လို့၊ ကောင်းကင် တာအိုဂိုဏ်းက မသိဘဲ နေမှာ မဟုတ်ဘူး၊ ငါတို့ သတိထား ရမယ်။ ”

“ ဟုတ်တယ် ... ၊ ဘာပဲ ဖြစ်ဖြစ် ... ၊ ငရဲ သစ်ခွ ခြံဝင်းကို မနက်ဖြန် သွားပါ၊ စစ်ဆေး ကြည့် ရမယ် ... ။ ”

“ ကောင်းပြီ ... ။ ”

ငရဲ သစ်ခွ ခြံဝန်းသည် ရိုးရှင်းမည် မဟုတ်ကြောင်း သိသဖြင့်၊ လင်းယွန်မှ အသက် ပြင်းပြင်း ရှူ လိုက်သည်။

မိနစ် သုံးဆယ်ကြာ ပြီးနောက်၊ ချန်ဖန်မှ လင်းယွန်ထံ ပြန်ရောက် လာ၏။

“ စီနီယာ အစ်ကို ... ၊ ငါတို့ တောင်ထိပ် သခင်က၊ မရဏ မိုးကြိုး ခန်းမ ဆီကို လာခဲ့ဖို့ ခေါ်ခိုင်း လိုက်တယ်။ ”

မရဏ မိုးကြိုး ခန်းမသည် ဂိုဏ်း တစ်ဂိုဏ်း၏ ပင်မ ခန်းမနှင့် ညီမျှပြီး သာမာန် အားဖြင့် မည်သည့် တပည့် ကိုမျှ ဆင့်ခေါ်မည် မဟုတ်ချေ။

“ ဘာ ကိစ္စလဲ။ ”

“ စီနီယာ အစ်ကိုက ဘာမှ မပြောဘဲ ပြန်လာတော့ ... တောင်ထိပ် သခင်က အရမ်း ဒေါသ ထွက်နေတယ်၊ အကြီးအကဲ တွေနဲ့ သင်းထောက်တွေ ကိုလည်း၊ ဆင့်ခေါ် ထားတယ်။ ”

“ ဘာ မှာလိုက် သေးလဲ။ ”

“ အမွှေးတိုင် လောင်ကျွမ်းချိန် ... တစ်ဝက် အတွင်းမှ ရောက်အောင် မရောက်ရင်၊ ချက်ချင်း ထွက်သွား ပါတဲ့။ ”

“ ဒါဆို သွားကြ ရအောင်၊ ငါ့ကို လမ်းပြပါ။ ”

ချန်ဖန်မှာ မျက်လုံးပြူး သွား၏။ ယဲ့ချင်းရှန်သည် ပြောင်းလဲ သွားသည်လော။ တောင်ထိပ် သခင်၏ ဒေါသကို သိပုံ မရ တော့ချေ။

သို့သော် ဒေါသဖြင့် သူ့အပေါ်၊ ရမယ်ရှာ လာမည်ကို စိုးသောကြောင့်၊ စကား တစ်ခွန်းမျှ မပြောဝံ့ တော့ဘဲ၊ ယဲ့ချင်းရှန်အား ဦးဆောင် လာခဲ့သည်။

တစ်ဖက်တွင် လင်းယွန်မှာ သက်ပြင်း ခိုးချ မိသည်။ ယဲ့ချင်းရှန်သည် မည်သို့သော ပြဿနာ မျိုးကို၊ ဖန်တီး ထားမှန်း နားမလည် တော့ချေ။

***

All Chapters