ပြဿနာ ရှိနေပြီ။
Vol. 134 Ch. 1876
မရဏ မိုးကြိုး ခန်းမသည်၊ မရဏ မိုးကြိုး တောင်ထိပ်၌ တည်ရှိပြီး၊ ၎င်းအား ခရမ်းရောင် ကျောက်တုံး များဖြင့်၊ ရေတံခွန် အတု တစ်ခု ပြုလုပ် ပေးထား၏။
ညအချိန် ၌ပင် ထိုနေရာသည် ပြိုးပြိုး ပြက်ပြက် လင်းလက် စည်ကား နေပြီး၊ လျှပ်စီး စွမ်းအင် များကို၊ ခံစား ရပေမည်။
ခရမ်းရောင် ရေတံခွန်သည်၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခု ဖြစ်ပြီး၊ ကောင်းကင်ရှိ လျှပ်စီးကို စုစည်း ပေးနေခြင်း ဖြစ်၏။
ရေတံခွန် အနားတွင် လူပေါင်းများစွာ ကျင့်ကြံနေ ကြသည်။ ထို့ကြောင့် တောင်ထိပ် သခင်၏ ကျင့်ကြံ မှုသည်၊ အနိမ့်ဆုံး အမည်ခံ သူတော်စင် အဆင့်၌ ရှိနေ နိုင်ပေ၏။
ထျန်ရွှမ်ဇီနှင့် တိုက်ပွဲ ပြီးနောက်၊ နတ်လိပ် အသွင် ပြောင်းနည်း၏ အားနည်းချက် အပေါ်၊ လူတိုင်း သတိထား မိပေမည်။
သံသယ တစ်ချက် ဝင်ရုံဖြင့်၊ သူ၏ အထောက် အထားကို ထုတ်ဖော်ရန် ဖိအား ပေးလာ နိုင်၏။
ရေတံခွန်ကို ဖြတ်ကာ၊ ခန်းမထဲ လှမ်းဝင် လိုက်သည်။ ခန်းမ ထဲ၌ လူပေါင်း ဒါဇင် နှင့်ချီ ရှိ နေ၏။
၎င်းတို့သည်၊ မရဏ တောင်ထိပ်၏ အကြီးအကဲများ ဖြစ်ပြီး၊ နိဗ္ဗာန် အဆင့်တွင် ရှိနေ သည်။
အတွင်း တပည့် အချို့နှင့် သူတော်စင် တပည့် အချို့ သည်လည်း ရှိ၏။ စင်မြင့် ထက်၌ မျက်လုံးများ မှိတ်လျက်၊ လူ တစ်ယောက် ထိုင်နေသည်။
“ ယဲ့ချင်းရှန် ... မင်းက ဘယ်လိုများ ပြန်လာရဲ တာလဲ၊ မင်းကို ဘယ်သူက ပြန်လာ ခွင့် ပေးလို့လဲ။ ”
ခရမ်းရောင် ဝတ် အဖိုးအို တစ်ဦးက၊ မြင်သည်နှင့် သူ့အား ဟိန်းဟောက် လာလေ သည်။ လင်းယွန်က ထိုအဘိုးကြီးထံ ကြည့် လိုက်၏။
နိဗ္ဗာန် ပထမ အဆင့် ဖြစ်သည်။ မရဏ မိုးကြိုး တောင်ထိပ်၏ စည်းကမ်း ထိန်းသိမ်း ရေး အကြီးအကဲ ဖြစ်ချေ၏။
“ တစ်နှစ် ရှိပြီ၊ ဒါဆို ဘာလို့ ပြန်လာ မရ ရမှာလဲ။ ”
ယဲ့ချင်းရှန် ပုံရိပ်အား ပြန်လည် တွေးတောလျက်၊ မောက်မာစွာ ပြောလိုက် လေသည်။
“ မင်း ... ပြန်လာ ရင်တောင် ... ၊ တောင်ထိပ်ကို မဝင်ခင်၊ တောင်ခြေမှာ (၇)ရက် (၇)ည ဒူးထောက် နေသင့်တယ်။ ”
မီးခိုးရောင်ဝတ် အကြီးအကဲ တစ်ဦးက ပြစ်တင် ရှုတ်ချသည်။
“ မင်းက မရဏ မိုးကြိုး တောင်ထိပ်ကို အရှက်ရ စေတဲ့ လူပဲ၊ ဒါကိုတောင် ဒီကို တက် လာရဲ တယ်လား၊ မင်းကို ဘယ်သူက ခွင့်ပြု လို့လဲ၊ ဒူးထောက် ... ။ ”
အဖြူဝတ် အဘိုးအို ထံမှ ကြောက်မက်ဖွယ် ကောင်းသော နိဗ္ဗာန် ရောင်ဝါ လွင့်စင် လာလေ သည်။
ယဲ့ချင်းရှန် အစစ် ဆိုက ၎င်းကို ခံနိုင်မည် မဟုတ်ချေ။ သို့သော် လင်းယွန်မှာ ယဲ့ချင်းရှန် မဟုတ် သဖြင့်၊ ရပ်နေဆဲ ဖြစ်၏။
သူ့ကို ဒူးထောက် စေလိုက အမည်ခံ သူတော်စင် တစ်ပါး ဖြစ်ရ ပေမည်။ သို့သော် ဝှက်ဖဲ များကို ထုတ် မဖော်ဘဲ၊ ရပ်နေမှ သာလျှင် ဖြစ်နိုင်၏။
“ ဂိုဏ်းက ငါ့ကို တစ်နှစ်ပဲ အပြစ်ပေး ခဲ့တာပါ၊ ဒါဆို ငါက ဘာလို့ ပြန် မလာ ရမှာလဲ၊ ဒါမှ မဟုတ် မရဏ မိုးကြိုး တောင်ထိပ်က ဂိုဏ်းထက် ပိုပြီး၊ အာဏာ ရှိနေ တယ်လို့ ထင်နေ တာလား။ ”
လင်းယွန်မှ ပြန်မေး လိုက်၏။ မတ်တပ် ရပ်နေဆဲ ဖြစ်သောကြောင့်၊ မီးခိုးရောင် ဝတ် အကြီး အကဲမှာ၊ အံ့ဩ သွားသည်။
ကျန်အကြီးအကဲ များပင် စိတ်ဝင်စား လာ၏။ မီးခိုးရောင် ၀တ် အဘိုးအိုသည် ခွန်အား ကို လုံး၀ အသုံး မချခဲ့ သော်လည်း၊ ၎င်းရောင်ဝါ အား ခံနိုင်ရည် ရှိရန်၊ အနည်းဆုံး မရဏ အဆင့်၌ ရှိရ ပေမည်။
ဤသို့ ဆိုက ယဲ့ချင်းရှန်သည် မရဏ အဆင့်သို့ ရောက်ရှိ သွားပုံ ရ၏။ ၎င်းအသက် သည် (၂၄) နှစ်သာ ရှိသေး သဖြင့်၊ မဆိုးဟု ပြောနိုင်သည်။
ဤအချင်း အရာသည်၊ ဂိုဏ်းသို့ သူ ပြန်လာရဲ ရသည့် အကြောင်း ရင်းလည်း ဖြစ်ပေ မည်။
ဂိုဏ်း၌ အသက် (၂၅)နှစ် မတိုင်မီ မရဏ အဆင့် ရောက်ရှိ သူတိုင်း၊ သူတော်စင် တပည့် ဖြစ်နိုင်၏။
၎င်းသည် အတွင်း တပည့်နှင့် များစွာ ကွာဟချက် ရှိသည်။ သူတော်စင် တပည့် ၌ပင်၊ ပြင်ပနှင့် တိုက်ရိုက် ဟူ၍ ခွဲခြား ထားသည်။
မရဏ မိုးကြိုး တောင်ထိပ်၌၊ သူတော်စင် တပည့် တစ်ဦးမျှ မရှိချေ။ ထို့ကြောင့် (၁၀၈)ပါး သော တောင်ထိပ်များ အနက်၊ အောက်ခြေသို့ ရောက်ရှိ နေခြင်း ဖြစ်၏။
ထိုအချိန်တွင် လူအချို့ မရဏ မိုးကြိုး တောင်ထိပ် ခန်းမသို့၊ ဝင်ရောက် လာလေသည်။ ဦးဆောင် သူမှာ တပည့်ကြီး လျူဟောင် ဖြစ်၏။
လျူဟောင်က ရောက်သည်နှင့်၊
“ ယဲ့ချင်းရှန် ... ၊ မင်းက ယဲ့ မိသားစု အားကိုးနဲ့၊ ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အပေါ်ကို၊ အကြိမ်ကြိမ် ချိုးဖောက် ခဲ့တယ်၊ မင်းရဲ့ တည်ရှိမှုက၊ အရှက် ရဖွယ်ပဲ၊ ...
... တောင်ထိပ် သခင်၊ သူ့ကို ... မရဏ မိုးကြိုး တောင်ထိပ် ကနေ ထုတ်ပစ်ဖို့၊ အကြံပြု ပါတယ်၊ သူ့လို ယုတ်မာတဲ့ လူကို ဂိုဏ်းထဲမှာ ထားလို့ မရ ပါဘူး။ ”
မီးခိုးရောင် ၀တ် အဘိုးအို ကလည်း၊ ခေါင်းညိတ် လိုက်ပြီး၊
“ လျူဟောင် ပြောတာ မှန်တယ်၊ သူ့ကို တောင်ထိပ် ကနေ မောင်းချပြီး၊ သင်ခန်းစာ တစ်ခု ပေးရမယ်။ ”
-ဟု ထောက်ခံ လိုက်၏။
လျူဟောင် အနားရှိ တပည့် များက၊ ဝမ်းမြောက်ကုန် ကြသည်။ ယဲ့ချင်းရှန် မရှိသော် လျူဟောင်၏ တပည့်ကြီး ရာထူး တည်ငြိမ် သွားမည် ဖြစ်၏။
လျူဟောင်က ဦးစွာ ရောက်ရှိ နေသော၊ အတွင်း တပည့် များထံ လှည့်ကာ၊ အကြည့်ဖြင့် အချက် ပြလိုက်သည်။
“ တောင်ထိပ် သခင် ... ၊ ယဲ့ချင်းရှန်က ပလွှားသူ တစ်ဦးပဲ၊ သူက တပည့်ငယ် တွေကို မကြာခဏ အနိုင် ကျင့်ပြီး၊ အကြီး အကဲတွေ အပေါ်၊ မရိုမသေ လုပ်တယ်၊ ငါတို့ သူ့ကို ထားလိုက်လို့ မရဘူး။ ”
ချက်ချင်းပင် သံပြိုင် ကန့်ကွက် သံများ ထွက်ပေါ် လာတော့၏။ ချန်ဖန် မှာမူ လင်းယွန် ကိုယ်စား သနားခံ ပေးချင် သော်လည်း၊ ပါးစပ် ပိတ်ထား လိုက်မိသည်။
တောင်ထိပ် သခင်မှ စကား ပြောရန် ဆန္ဒ မရှိ သည်ကို မြင်ပြီး၊ မီးခိုးရောင် ၀တ် အဘိုးအို က၊ ဝမ်းသာ သွား၏။
သူသည် ယဲ့ချင်းရှန် အပေါ်၊ လုံးဝ ကြည့် မရခဲ့ချေ။ ထို့ကြောင့် တုံ့ဆိုင်း မနေ တော့ဘဲ၊
“ ယဲ့ချင်းရှန် ... ၊ ဒီနေ့ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲ တစ်ယောက် အနေနဲ့ မင်းကို ငါ အပြစ် ပေးမယ်။ ”
-ဟု ဆိုကာ၊ နိဗ္ဗာန် ရောင်ဝါအား၊ လင်းယွန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက် စေလျက်၊ ကျင့်ကြံမှုကို ဖျက်ဆီးရန် ပြင်သည်။
လင်းယွန်က နဂါး မူလအား စုဆောင်း ထား၏။ ဤ အဖိုးကြီးသည် လျူဟောင်နှင့် တစ်ဖွဲ့တည်း ဖြစ်နိုင်မည်။
ထို့ကြောင့် ယနေ့ သူတို့ နှစ်ဦးသည် ဤကိစ္စကို ဖန်တီး ကြခြင်း ဖြစ်နိုင်၏။ မဟုတ် သော်၊ သူ ပြန်လာ ခြင်းသည်၊ တောင်ထိပ် သခင် အပေါ်၊ ဆွဲဆောင် နိုင်စရာ အကြောင်း မရှိချေ။
ထို့ကြောင့် လင်းယွန်က ရုတ်တရက် လှုပ်ရှား လိုက်သည်။ နောက် မဆုတ်ဘဲ အဖိုးအို ထံ လက်ဖဝါး တစ်ချက် လှမ်းရိုက် လိုက်ခြင်း ဖြစ်၏။
မီးခိုးရောင် ဝတ် အဘိုးအိုမှာ နောက်ပြန် လွင့်စဉ် သွားပြီး၊ မြေပြင်ပေါ် ဆင်းသက် ချိန်၌ ခြေလှမ်း သုံးလှမ်း နောက်ဆုတ် သွားသည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် စေ၏။ မရဏ ရောင်ဝါ အချို့ လင်းယွန် အနား ရစ်ဝဲ နေပြီး၊ မျက်ခုံး နှစ်ဖက် ကြား၌ ဓား တစ်လက် စုရုံး လာသည်။
“ မရဏ အဆင့် ... ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
လွန်ခဲ့သော တစ်နှစ်က ယဲ့ချင်းရှန်မှာ၊ နဂါး သွေးလွှတ်ကြော ၌သာ ရှိသေးသည်။ လူတိုင်း အံသြ သွား ကုန်၏။
ယနေ့ သင်ခန်းစာ ပေးရန် ကြံရွယ် ထားသော လျူဟောင်မှာ၊ သာ၍ ထိတ်လန့် သွားပေသည်။
မီးခိုးရောင် ဝတ် ထားသည့် အဘိုးအို၏ မျက်နှာ သည်လည်း ရုပ်ဆိုး လာပြီး၊ ခွန်အား အပြည့် သုံးရန် ကြံစည် လိုက်၏။
သို့သော် ဖိအား တစ်ခုက သူ့အပေါ် ကျဆင်း လာသည်။
“ ရပ် တော့ ... ။ ”
တောင်ထိပ် သခင်မှ မျက်လုံး ဖွင့်ကြည့် လာပြီး ဟန့်တား တော့သည်။ သူ့ အသံကြောင့် လူတိုင်း ငြိမ်သက် သွား၏။
ထိုအသံ လှိုင်းတွင် သူတော်စင် ရောင်ဝါ ပါ၀င်ပြီး ကူကျွင့် ထက်ပင် ပိုမို အားကောင်း နေသည်။
ဆိုလို သည်မှာ အနိမ့်ဆုံး အမည်ခံ သူတော်စင် ပဉ္စမ အဆင့် ဖြစ်နိုင်၏။ မီးခိုးရောင် ၀တ် အဘိုးအိုက၊ ချက်ခြင်း ဒူးထောက်လျက်၊
“ တောင်ထိပ် သခင် ... ၊ အနား ယူနေ တာကို၊ နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိ ပါဘူး၊ ယဲ့ချင်းရှန် အပေါ် သင်ခန်းစာ တစ်ခု သင်ပေးချင် တာပါ။ ”
-ဟု ဖြေရှင်းချက် ပေးလိုက်သည်။
တောင်ထိပ် သခင်က သူ့ကို လျစ်လျူရှု လိုက်ပြီးနောက်၊ ယဲ့ချင်းရှန်ထံ ပြုံးကြည့်ကာ၊
“ ယဲ့ချင်းရှန် ... မင်းက တစ်နှစ် အတွင်း မရဏ အဆင့် ရောက်ခဲ့ရုံ မကဘူး၊ ကောင်းကင် အမိုးဓား ကိုလည်း၊ ဆုပ်ကိုင် လာနိုင် တာပဲ၊ မင်း ဘာလုပ် ခဲ့လဲ ပြောပါ။ ”
“ ဘာမှ မဟုတ် ပါဘူး၊ ဓား သူတော်စင် တစ်ပါးရဲ့ သူတော်စင် မူလ တစ်ဝက်ကို သန့်စင် နိုင်ခဲ့ လို့ပါ၊ တောင်ထိပ် သခင်။ ”
ထိုသို့ ပြန်ဖြေ လာသော အခါတွင် အကြီးအကဲများ အားလုံး မနာလို စိတ်ဖြင့် ကြည့်လာ မိကြသည်။
“ စီနီယာ တစ်ယောက်က ... ၊ ကူညီ လိုစိတ်ရှိရင် ... မရဏ အဆင့်က လွယ်ပါတယ်၊ ဒါပေမယ့် ကောင်းကင် အမိုးဓား အတွက်တော့ မလွယ်ဘူး၊ အရည် အချင်း လိုတယ်။ ”
တောင်ထိပ် သခင်က ပြုံးပြီး၊
“ မင်း ပြောင်းလဲ သွားပုံ ရတယ်၊ ဒီလို ဆိုရင်တော့ ငါလည်း အတိတ်ကို ထားခဲ့ နိုင်ပါ တယ်၊ လဝက် အတွင်း သူတော်စင် တပည့် အခမ်း အနား၊ ...
... လုပ်ပေးမယ်၊ အခု ... ငါတို့ တောင်ထိပ်မှာ၊ သူတော်စင် တပည့် တစ်ဦး ပိုင်ဆိုင်ခွင့် ရပြီ။ ”
သူတော်စင် တပည့် ရွေးချယ်ခြင်းကို တစ်နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်သည်။ မရဏ မိုးကြိုး တောင်ထိပ်၌၊ သူတော်စင် တပည့် ငါးဦးမှ ခြောက်ဦး ခန့်သာ ရှိခဲ့ ဖူး၏။
နောက်ဆုံး သူတော်စင် တပည့်သည် လွန်ခဲ့သော ခုနစ်နှစ် ခန့်က ဖြစ်ခဲ့သည်။ ယနေ့ ထိုအခွင့် အရေးမျိုး ပြန်ရ ချေပြီ။
ထို့ကြောင့် အကြီးအကဲများ အားလုံး မျက်နှာ ချက်ချင်း ပြောင်းလဲ သွားပြီး သဘော ထား ကောင်းမွန် လာတော့၏။
“ ဂုဏ်ယူပါတယ် တောင်ထိပ် သခင်။ ”
ချက်ချင်း အရိုအသေပြု လိုက် ကြသည်။
“ ယဲ့ချင်းရှန် ... မင်း ပြန်လို့ ရပြီ၊ မင်းရဲ့ အခြေအနေကို ... ငါ အမြန်ဆုံး သတင်း ပို့ပေး ရမယ်၊ မဟုတ်ရင် အခမ်း အနားကို ... မင်း တက်ခွင့် ရတော့မှာ မဟုတ်ဘူး။ ”
သည့်နောက် တောင်ထိပ် သခင်၏ အကြည့်သည် လျူဟောင် ပေါ်သို့ ကျဆင်း သွားပြီး၊ ‘လျူဟောင်’ -ဟု ခေါ်လိုက်၏။
“ တပည့် နားထောင် နေပါတယ်။ ”
လျူဟောင်မှ စိတ်မသက် မသာဖြင့် ဒူးထောက် လိုက်သည်။
“ ချင်းရှန်ကို တပည့်ကြီး ရာထူး ပြန်ပေး လိုက်ပါ။ ”
-ဟု ဆိုလျက် ထွက်ခွာ သွားတော့၏။
အခြား တစ်ဖက်တွင် လင်းယွန်သည် မီးခိုးရောင် ဝတ် အဖိုးအိုနှင့် လျူဟောင်ထံ တစ်ချက် ကြည့်သည်။
“ စီနီယာ အစ်ကို ... ။ ”
“ မင်းက တပည့် ကြီးပဲ ... ၊ ငါ့ကို ... သင်ခန်းစာ ပေးပြီး၊ ဂိုဏ်း ကနေ နှင်ထုတ် သင့်တယ် မဟုတ်လား ။ ”
လင်းယွန်မှ အပြုံးဖြင့် မေးခွန်း ထုတ်သည်။ လျူဟောင် မျက်နှာ ချက်ချင်း ဖြူဖျော့ လာပြီး၊ သူ့အပေါ် ရန်ငြိုးထား နေသည်ကို နားလည် လိုက်၏။
တစ်ဖက် လူသည် သူတော်စင် တပည့် ဖြစ်လာ တော့မည် ဖြစ်ရာ၊ သူ့ကို အလွယ်တကူ ကစား နိုင်ပေ တော့မည်။
ထို့ကြောင့် လျူဟောင်က မဆိုင်းမတွ ချက်ချင်း ဒူးထောက် လိုက်၏။
“ အစ်ကိုကြီး ... ငါ့ကို ခွင့်လွှတ်ပါ၊ ငါ့ဘဝက တန်ဖိုး မရှိ ပါဘူး၊ ဖြန်း ... ။ ”
စကားဆုံး သည်နှင့် သူ့ကိုယ်သူ ပါးရိုက် ချလိုက်သည်။ ချက်ချင်းပင် သွေးများ နှုတ်ခမ်း ထောင့်မှ စီးထွက် လာ၏။
ဤမြင်ကွင်းသည် အတွင်း တပည့်များ အားလုံးကို ထိတ်လန့် သွားစေပြီး၊ ယဲ့ချင်းရှန် ပြန်လာပြီ ဖြစ်ကြောင်း နားလည် လိုက် တော့သည်။
လင်းယွန်က ခေါင်းကို ခါယမ်းလျက်၊ လျစ်လျူရှုကာ ထွက်ခွာ လိုက်တော့သည်။
“ စီနီယာ အစ်ကို ... ။ ”
အစောပိုင်းက သူ့အား နှင်ထုတ်ရန် တောင်းဆိုသော အဖွဲ့သည် ချက်ချင်း သူ့နောက် လိုက်လာ တော့၏။
“ ဟား ဟား ဟား ... ။ ”
အသက် (၂၄) နှစ်ဖြင့်၊ သူတော်စင် တပည့်ဖြစ် လာပြီးနောက်၊ ကောင်းကင်ပေါ် ပျံတက် ပေတော့မည်။
လျူဟောင်မှာ ဤမျှဖြင့် ပြီးသွား သဖြင့်၊ စိတ်သက်သာရာ ရသွား၏။ သို့သော် အနာဂါတ် မှာ ဝေဝါး သွားခဲ့ပြီ ဖြစ်ကြောင်း နားလည် လိုက်သည်။
“ အစ်ကိုကြီး၊ မင်းရဲ့ ... အိမ်ကို ခေါ်သွား ပါရစေ။ ”
ချန်ဖန်က ပြုံးပြီး လင်းယွန်ကို လမ်းပြ လေသည်။ စိတ်မသက် မသာ မှုများ အစား၊ ပျော်ရွှင် လာတော့၏။
ဤသို့ဖြင့် လင်းယွန် တစ်ယောက် တပည့် ငယ်များ ခြံရံကာ၊ တောင်ထိပ် ပေါ်မှ ဆင်းလာ ခဲ့တော့သည်။
“ စီနီယာ အစ်ကို၊ ရှေ့မှာ ငရဲ သစ်ခွ ခြံဝင်းပဲ။ ”
ချန်ဖန်မှ အသိ ပေးသည်။ ထို့ကြောင့် လင်းယွန်က ရပ်လိုက်ရာ၊ တပည့်ငယ် များသည် လည်း၊ အဆင် မပြေသော အမူ အရာ များဖြင့် ရပ်သွား ကြသည်။
“ အိုး ... ငရဲ သစ်ခွ ခြံဝင်းလား၊ ဒါက ငါ့ရဲ့ ပန်းတိုင်ပဲ။ ”
လင်းယွန်မှ ရေရွတ်လျက် ခြေဦး လှည့် လိုက်တော့သည်။ သူ့ နောက်လိုက် များမှာ မှင်တတ် ကုန်ကြ၏။
သတိ ဝင်လာ ချိန်၌၊ လင်းယွန်မှာ အဝေး ရောက်နေပြီ ဖြစ်သောကြောင့်၊ စိတ်လှုပ်ရှား စွာ ပြေးလိုက်လာ ကြတော့သည်။
“ မြန်မြန် ... အစ်ကိုကြီး နောက်ကိုလိုက်။ ”
“ ဟား ... ဟား ... ဟား ... ၊ ငါတို့ အစ်ကိုကြီး ကတော့ ... အမြဲတမ်း မာနကြီး တတ်တာပဲ။ ”
“ အစ်ကိုကြီး၊ မင်း သွားလို့ မရဘူး၊ ဟိုတုန်းက အဖြစ် အပျက်ကို မေ့နေ ပြီလား၊ အဲဒီမှာ စီနီယာ အစ်မ ပိုင်ရှုရင် ရှိတယ်။ ”
ချန်ဖန် သာလျှင် ထိတ်လန့် တကြား လင်းယွန်ကို တားယူ လိုက်လေသည်။ သူ့ စကား ကြောင့် လင်းယွန်မှ ရပ်လိုက်၏။
ပိုင်ရှုရင် ဆိုသော အမည်ကို ကြားဖူး နေသည်။ ပင်မ နတ်ဘုရား နယ်ပယ် အဆင့် သတ်မှတ် ချက်၌၊ သူ တိုက်ရန် ရွေးချယ် ခဲ့သော အမျိုးသမီး ဖြစ်နိုင် ပေ၏။
သူမသည် ကောင်းကင် တာအို ဂိုဏ်း၏ အမာခံ တပည့် ဖြစ်ပြီး၊ ရှေးဟောင်း သူတော်စင် မျိုးရိုးမှ ဆင်းသက် လာသူ ဖြစ်သည်။
လက်ရှိ ပိုင် မျိုးဆက်တွင် အသန်မာဆုံး ပါရမီရှင် ဖြစ်၏။ (၁၃)နှစ် အရွယ်၌ အင်ပါရီယန် အထွတ် အထိပ်သို့ ရောက်ရှိ ခဲ့ပြီး၊ (၁၄) နှစ် မပြည့်ခင်၊ ပင်မ နတ်ဘုရား နယ်ပယ် အဆင့် သတ်မှတ်ချက် အတွင်း ဝင်ခဲ့သည်။
(၁၉)နှစ် ပြည့်ချိန်၌ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်ရှိ နေပြီ ဖြစ်၏။ ထို့ကြောင့် စိတ်ဝင်စား လာကာ၊
“ ဒါဆို ... သူ့ကို သွားတွေ့ ရအောင်။ ”
-ဟု ပြန်ပြော လိုက်တော့သည်။
ထိုစကားကြောင့် ချန်ဖန် မျက်လုံး ပြူးသွား၏။ စီနီယာ အစ်ကိုသည် ဦးခေါင်း၌ ပြဿနာ တစ်စုံ တစ်ရာ၊ ရှိနေ သည်မှာ သေချာသွား ချေပြီ။
***