← Chapters

ငရဲ သစ်ခွ ခြံဝင်း။

Vol. 135 Ch. 1877

ငရဲ သစ်ခွ ခြံဝင်း။

Vol. 135 Ch. 1877

အားလုံးကို လျစ်လျူရှုပြီး သူ့နောက် လိုက်များ နှင့်အတူ၊ လျှောက်လှမ်း သွားသည်။ အဆုံးတွင် ချန်ဖန် ခမျာ အံကြိတ်လျက် လိုက်ပါ လာသည်။

စီနီယာ အစ်ကို ယဲ့ချင်းရှန်သည် အရာ များစွာကို မေ့သွား ပုံရ၏။ ကြည်ရ သည်မှာ ထိုစဉ်က ဒဏ်ရာများ အတော် ပြင်းထန်ခဲ့ ပုံပေပင်။

“ အစ်ကိုကြီး ... ၊ မင်း အဲဒီကို သွားလို့ မရဘူး၊ သူမက ကောင်းကင် ကျောက်စိမ်းဓား သူတော်စင်ရဲ့ ... တိုက်ရိုက် တပည့် ဆိုတာ မေ့သွား ပြီလား။ ”

ချန်ဖန်က လင်းယွန်အား အလျင် အမြန် ဖမ်းဆွဲ လိုက်သည်။

“ ကောင်းကင် ကျောက်စိမ်း ဓား သူတော်စင်၊ ဒီနာမည်ကို ရင်းနှီး နေ သလိုပဲ … ။ ”

“ အစ်ကိုကြီး၊ ဒါက အရှေ့ဘက် ပျက်စီး မြေရဲ့၊ ဓား သူတော်စင် သုံးပါး ထဲက တစ်ပါးပါ၊ သက်တံဓား သူတော်စင်နဲ့ အဆင့် တူပဲ။ ”

ချန်ဖန်က ထိတ်လန့်စွာ ရှင်းပြ လိုက်၏။ ယဲ့ချင်းရှန် ခေါင်း၌ တစ်စုံ တစ်ရာ မှားယွင်း နေမှန်း၊ သေချာ ချေပြီ။

မည်သူ မဆို ကောင်းကင် ကျောက်စိမ်း ဓားသူတော်စင်ကို မေ့သွား နိုင်စရာ အကြောင်း မရှိချေ။

ထိုစဉ်က အဖြစ် အပျက် များကို မမှတ်မိ ချင်တော့ သဖြင့်၊ အရာ အားလုံး မေ့ပစ်လိုက်ရန် ကြိုးစား နေခြင်း ဖြစ်ပေမည်။

“ ဒါက ... ငါနဲ့ ဘာဆိုင် လို့လဲ။ ”

လင်းယွန်မှ ပြန်မေးသည်။ ကျောက်စိမ်း ဓားသူတော်စင် ဟူသည် ယောက်ျား လော၊ မိန်းမ လောပင်၊ သူ မသိချေ။

သို့သော် ဆရာ သခင်နှင့် အဆင့် အတန်းချင်း တူညီ သောကြောင့် အနည်းဆုံး အသက် တစ်ထောင်ခန့် ရှိရ ပေမည်။

ဤအဆင့်ရှိ တစ်စုံ တစ်ဦးကို ဘီလူး အိုကြီးဟု ခေါ်ဆို နိုင်ပေမည်။ ယဲ့ချင်းရှန်သည် ထိုအဆင့် ကျွမ်းကျင်သူကို မိုက်မဲစွာ ရန်စ ထား လိမ့်မည် မဟုတ်ကြောင်း ယုံကြည်၏။

ချန်ဖန် အတွက်မူ၊ အချိန် အတော် ကြာ ဆင်ခြင် ပြီးနောက်၊ နဖူမှ ချွေးများကို သုတ် လိုက်၏။

“ ဘယ်လို ပြောရ မလဲ၊ မသိ တော့ဘူး။ ”

“ ငါ ... သူ့ကို ဒေါသ ထွက်အောင် လုပ်ထား မိလို့လား။ ”

ချန်ဖန် အမူအရာကြောင့် လင်းယွန်မှ သံသယဖြင့် မေးသည်။

“ မလုပ် ထား ပါဘူး … ။ ”

“ ဒါဆို ... သူ့ အမွေကို ခိုးပြီး ... လေ့လာ ခဲ့မိ လို့လား။ ”

“ သတ္တိ တစ်ရာ ရှိရင်တောင် .. မင်း ဒါမျိုး လုံးဝ မလုပ် ဝံ့ဘူး၊ အစ်ကိုကြီး ... ။ ”

ချန်ဖန်မှ ချက်ချင်း ပနြ်ဖြေသည်။

“ သူ့ တပည့်ကို ရိုက်နှက် မိသေးလား။ ”

“ ဝေးသေး ... မင်း အရည် အချင်းက အဲဒီ အဆင့်မှာ မရှိဘူး။ ”

ရုတ်တရက် လင်းယွန်က ဆက် မမေးဘဲ၊ စိုက်ကြည့် လာသဖြင့်၊ သူ လွန်သွား ပြီးမှန်း သိ လိုက်ကာ၊ ခေါင်းကို အမြန် ငုံ့ချ ပစ်မိသည်။

“ ဒါဆို ... ငါ ဘာလို့ အဲဒီကို မသွားနိုင် ရတာလဲ။ ”

နေ-လ ရူရ်အား ရှိ-မရှိ အတည် ပြုရန် လိုသည်။ ခြံဝ ရောက်သော အခါ ကျောက်ပြား တစ်ချပ် စိုက်ထူ ထားသည်ကို တွေ့လိုက် ရ၏။

“ ဂုဏ်သရေ ရှိတဲ့ ... ဓား တစ်လက်က၊ လေပြေနဲ့ အတူ လာပြီး၊ သူ့ကို ဆွဲမဲ့ ဓားသမား တစ်ယောက်ကို စောင့်နေတယ်၊ ငရဲ သစ်ခွ ခြံဝင်း။ ”

လင်းယွန်က ကျောက်ပြား ပေါ်ရှိ စာလုံး များကို၊ ရွတ်ဆို လိုက်သည်။ ထိုဆောင်ပုဒ်ကြား ချိန်၌၊ ပန်းသင်္ချိုင်း ဓားမှာ ရုတ်တရက် တုန်ခါ လာ၏။

ထို့ကြောင့် ငရဲ သစ်ခွ ပန်းများဖြင့်၊ ဖုံးအုပ် နေသော ခြံဝန်းထံ မျှော်ကြည့် လိုက်လေသည်။ အဆိုပါ ပန်းများတွင် ဓား ရည်ရွယ်ချက်များ ပါဝင်ပြီး၊ စွမ်းအား တစ်ခုကြောင့် ပွင့်လန်းခြင်း မရှိဘဲ၊ ထာဝရ အေးခဲ နေ၏။

ဆိုလို သည်မှာ ပန်းများ ပွင့်လာ ချိန်၌၊ ကြောက်မက်ဖွယ် ကောင်းသော ဓား အစီရင် တစ်ခု အဖြစ်၊ ပြောင်းလဲ သွားမည် ဖြစ်သည်။

“ ဘယ်လောက် တောင် ... မျက်စိ ရှုပ်လိုက်လဲ။ ”

အကြည့်ကို ရုတ်သိမ်းလျက်၊ ငရဲ သစ်ခွ ခြံဝင်း အတွင်းမှ၊ အိမ် တစ်လုံးထံ မျှော်ကြည့် လိုက် မိသည်။

မီးအိမ် အလင်း ရောင်ကြောင့်၊ လူရိပ်များ ပြတင်း ပေါက်၌ ထင်ဟပ် နေ၏။ ချန်ဖန်က အိမ်ထဲ ခိုးကြည့်ကာ၊

“ စီနီယာ အစ်ကို၊ သူတို့ ဓားဆွေးနွေးပွဲ ကျင်းပ နေတာ ဖြစ်မယ်။ ”

-ဟု ပြောလာသည်။

“ ဓား ဆွေးနွေး ပွဲလား …။ ”

လင်းယွန်က ရေရွတ် လိုက်သည်။ နှုတ်မှ ရေရွတ် ရုံဖြင့် ချန်ဖန်သည် သူ့အား အကြောင်း အရာ များစွာကို၊ ရှင်းပြ ပေးပေ လိမ့်မည်။

သူသည် သူတော်စင် တပည့် တစ်ဦး ဖြစ်တော့မည် ဖြစ်ပြီး၊ မရဏ မိုးကြိုး တောင်ထိပ် ၌လည်း တပည့်ကြီး ဖြစ်၏။

“ ဟုတ်ကဲ့ ... ၊ သုံးလ ဒါမှမဟုတ် ငါးလ နေရင် တစ်ကြိမ်၊ သူတော်စင် တပည့် ငယ်တွေ အတွက်၊ ဒီပွဲကို ကျင်းပ ပေးတာပါ၊ ဒီတစ်ကြိမ် အိမ်ရှင်က ပိုင်ရှုရင်ပဲ၊ ဒါကြောင့် စည်ကား နေတာ။ ”

ဖန်ချန် စကားကြောင့်၊ လင်းယွန် မျက်ဝန်းတွင် ကောက်ကျစ်သော အပြုံး ဖြစ်ပေါ် လာသည်။

“ စီနီယာ အစ်ကိုက တကယ်ကို ယောက်ျားပဲ၊ လုံးဝကို ရဲရင့် ပါပေတယ်၊ အဟီး အခု အစ်ကိုကြီးက အတိတ်ကို ပြန် သတိရ နေမှာ သေချာတယ်။ ”

“ ဟား ဟား ဟား၊ ငါတို့ရဲ့ အစ်ကိုက လူယုတ်မာ တစ်ယောက် ဆိုရင်တောင် ... ငရဲ သစ်ခွ သမီးတော်ရဲ့ အလှကို ... မြင်ခွင့် ရတဲ့ အတွက်၊ သူ့လုပ်ရပ်က ထိုက်တန် ပါတယ်။ ”

“ အစ်ကိုကြီး ... ၊ မင်း အဲဒီ ခြံထဲကို ... ဝင်ဝံ့ရင်၊ ငါတို့ တစ်သက် တာလုံး၊ မင်းရဲ့ နောက်လိုက် အဖြစ် နေနိုင် ပါတယ်၊ တပည့်ကြီး ရာထူး ကိုလည်း အသိ အမှတ် ပြုလိုက်မယ်။ ”

ထိုစကားကြောင့် လင်းယွန်က ပြုံးရုံသာ ပြုံးသည်။ ဤလူ များသည် သူ့အား နားလည်မှု လွဲနေ ချေပြီ။ အတိတ် ကာလ၌ ယဲ့ချင်းရှန် တစ်ယောက် မည်သည့် အမှားများ လုပ်ခဲ့ သည်ကို တွေးမိ လာစေ၏။

ထိုအချိန်တွင် ငရဲ သစ်ခွ ခြံဝန်း၏ တပည့် တစ်ဦး ပေါ်လာပြီး၊

“ ဟား ဟား ဟား၊ ဘယ်သူများ လဲလို့ တွေးနေ မိတာ၊ ယဲ့ မိသားစုရဲ့ 'ဒဏ္ဍာရီလာ ပါရမီရှင် ယဲ့ချင်းရှန်ပဲ၊ မင်း ပြန်လာ ပြီလို့ ငါကြား ပါတယ်၊ ဒါပေမယ့် ... အခုလို ငရဲ သစ်ခွခြံကို လာလိမ့် မယ်လို့ မထင် တာတော့ အမှန်ပါ။ ”

လင်းယွန်မှ မော့ကြည့် လိုက်ချိန်၌ အပြာဝတ် လူငယ် တစ်ယောက် လျှောက်လှမ်း လာ သည်ကို တွေ့လိုက် ရသည်။

“ စီနီယာ အစ်ကို၊ သူတို့က အပြာရောင် တောင်ထိပ် ကပဲ။ ”

ချန်ဖန်က မျက်နှာ ဖြူဖျော့လျက် စကားသံပင် ပို၍ တိုးသွားသည်။ နောက်လိုက် တပည့်များ သည်လည်း ဤမြင်ကွင်းကြောင့် ထိတ်လန့် သွားကြ၏။

သူတို့က ခေါင်းငုံ့လျက် တနည်း၊ ပတ်ဝန်းကျင်ရှိ ရှုခင်းများကို စိတ်ဝင် စားနေ သည့် ပုံစံဖြင့် တဖုံ၊ လင်းယွန်နှင့် ဝေးရာသို့ ရှောင်ထွက် သွား ကုန်၏။

“ ထွက် သွား... ။ ”

သို့သော် အပြာရောင် တောင်ထိပ်၏ တပည့်များက သူတို့ အားလုံးကို အလွတ် မပေး ခဲ့ချေ။ အဝေးသို့ တွန်းထုတ် လာကြ၏။

ရိုင်းစိုင်းသော အပြု အမူမျိုး ဖြစ် သော်လည်း၊ မရဏ မိုးကြိုး တောင်ထိပ်မှ တပည့် တိုင်း၊ ခွန့်တုံ့ပြန် ဝံ့ခြင်း မရှိချေ။

အမှောင်ရိပ်ထဲ သို့ပင် ပြေးဝင် ပုန်းအောင်း ကုန်ကြသည်။ အပြာရောင် တောင်ထိပ် အဖွဲ့ကို ဦးဆောင်လာ သူ၏ အမည်မှာ၊ ဟွားဖန် ဖြစ်ပြီး၊ ထက်မြက်သော အသွင် အပြင် ရှိ၏။

တစ်ဖက်တွင် ချန်ဖန်က ကြောက်လန့် တကြားဖြင့် လင်းယွန် အနောက် ဝင်ပုန်း တော့ သည်။ လင်းယွန် ကိုလည်း ပြန်လှည့်ရန် လျှို့ဝှက် အချက်ပြ နေခဲ့၏။

“ ယဲ့ချင်းရှန် ... မင်း ဘာလာ လုပ် တာလဲ။ ”

ဟွားဖန်မှ အပြုံးဖြင့် မေးသည်။

“ ဓားဆွေးနွေးမှု ပွဲကို လာတာ။ ”

“ ဟား ဟား ဟား ... မင်းတို့ ကြားလား၊ ဒီအမှိုက်က ဓားဆွေးနွေးပွဲကို တက်ချင် နေတာ တဲ့။ ”

“ အစ်ကို ဟွား၊ သူ ရူးသွားတာ ဖြစ်မယ်။ ”

“ ဖြစ်နိုင်တယ် ... ၊ အဲဒီ တုန်းက စီနီယာ အစ်ကို ကျန်းယွီက သူ့ကို ရိုက်နှက် ခဲ့တာကိုး။ ”

ဟွားဖန် နောက်လိုက် များက ပြက်ရယ်ပြု ကြသည်။ မရဏ မိုးကြိုး တောင်ထိပ်၏ တပည့် များမှာ၊ ပုန်းအောင်း စောင့်ကြည့် နေဦး မည်ကို သူတို့ သိ၏။

ထို့ကြောင့် အရှက် ခွဲရန် မမေ့ ကြချေ။ သို့သော် လင်းယွန်က ဂရုမစိုက်ဘဲ ငရဲ သစ်ခွ ခြံအတွင်း ဆက်လျှောက် သွားသည်။

ဤလုပ်ရပ်က ဟွားဖန်အား ဒေါသ ထွက်စေသည်။ သူ ဟူသည် အတွင်း တပည့် အဆင့် သတ်မှတ်ချက်၌၊ ထိပ်ဆုံး နှစ်ရာ အတွင်း ဝင်၏။

ယဲ့ချင်းရှန်မှာ အဆင့် ငါးရာ အတွင်းပင် မဝင်နိုင် ခဲ့ချေ။ မရဏ မိုးကြိုး တောင်ထိပ်၌ တပည့်ကြီး ဖြစ်သော်လည်း၊ အောက်ခြေ အဆင့် တွင်သာ ရှိသည်။

ထို့ကြောင့် သူ့ကို တွေ့တိုင်း ကြွက် တစ်ကောင်လို ထွက်ပြေး သွားတတ်သည်။

“ ယဲ့ချင်းရှန် မင်း အရင်က ဒူးထောက်ပြီး ခွေးလို ဟောင်ပြမယ်လို့ ပြောခဲ့တာ မေ့နေ ပြီလား။ ”

“ အစ်ကို ဟွား ... ၊ သူ့ကို သင်ခန်းစာ တစ်ခုတော့ သင်ပေးဖို့ လိုပုံရတယ်၊ အရိုက် မခံ ရတာ တစ်နှစ် ကျော်ပြီ ဆိုတော့ အားလုံးကို မေ့သွား ပုံပဲ။ ”

ဟွားဖန်တွင် ထူးခြားသော နောက်ခံ တစ်ခု ရှိသဖြင့်၊ ပတ်ဝန်းကျင်ရှိ တပည့်ငယ် များက မျက်နှာ ရချင်ကြ ချေပြီ။

“ အစ်ကို ဟွား ... ၊ ငါတာဝန် ယူပါရစေ။ ”

ဓားသေတ္တာ တစ်လုံးကို လွယ်ထားသည့်၊ လူငယ် တစ်ယောက်က မျက်နှာလို မျက်နှာရ ဖြင့်၊ ရှေ့လှမ်းတက် လာသည်။

ဤလူ၏ အမည်မှာ ချောင်တန် ဖြစ်ပြီး၊ နောက်ဆက်ဆွဲ ပုံရိပ်များ ချန်ရစ်ကာ ပြေးဝင် လာခဲ့သည်။ သို့သော် လင်းယွန်က သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ် သွား၏။

ညာဘက် ပခုံး၌ ပူခနဲ ဖြစ် သွားပြီး၊ ပြန်လည် လွင့်စဉ် သွားကာ၊ ပခုံး ပြတ်လု နီးပါး ဖြစ်လာသည်။

“ ဒါ ... ။ ”

လူတိုင်း မှင်တက် သွားလေသည်။ ယဲ့ချင်းရှန် ဓားဆွဲ လိုက် သည်ကို သူတို့ မမြင် မိချေ။

“ အနာဂတ်မှာ ... ငါ့ရှေ့ ပေါ် မလာနဲ့၊ မဟုတ်ရင် မင်းရဲ့ ပခုံးက ဒီဒဏ်ရာ လောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ”

လင်းယွန်က ခပ်တည်တည် ပြောကာ ဆက်လျှောက် လာခဲ့သည်။

“ ဒါ ... တကယ် ကြီးလား ... ၊ စီနီယာ အစ်ကိုရဲ့ ဓားက အရမ်းကြောက်ဖို့ ကောင်း လာတယ်။ ”

မကြာ သေးမီက လင်းယွန်ကို မသိ ဟန်ဆောင် ခဲ့သော မရဏ မိုးကြိုး တောင်၏ တပည့် များက၊ တောအုပ် ထဲမှ ချက်ချင်း ထွက်လာ ခဲ့ကြသည်။

“ ချောင်တန် ဘာဖြစ် နေတာလဲ၊ မင်းက သူ့လို အမှိုက် တစ်စကို၊ ရှုံးသွား တာလား။ ”

အပြာရောင် တောင်ထိပ်၏ တပည့်များ အံသြကုန် ကြသည်။ ချောင်တန်က ခေါင်းငုံ့ လိုက်ပြီး၊

“ ငါ သတိ လက်လွတ် ဖြစ်သွားတယ်၊ ဒီအမှိုက်က လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ယှဉ်ရင် ... ပို သန်မာ လာပုံပဲ။ ”

“ ထွက် သွား စမ်း ... ။ ”

ဟွားဖန်က ချောင်တန်ကို ကန်ထုတ် လိုက်ပြီး၊

“ သူ့လို အမှိုက် တစ်စ ကိုတောင် မရိုက် နိုင်ဘူး၊ မင်းက အပြာရောင် တောင်ထိပ်ကို အရှက်ခွဲ နေတာပဲ၊ သူက ...

... ပို သန်မာ လာပြီ တဲ့လား၊ ဟာသပဲ အမှိုက် တစ်စက ... အမှိုက် ဖြစ်နေ တုန်းပဲ ဆိုတာကို ငါ ပြမယ်။ ”

ဟွားဖန်က လျင်မြန် လွန်းသော အဟုန်ဖြင့်၊ လူတိုင်း ရှေ့မှ ချက်ချင်း ပျောက်ကွယ် သွားခဲ့ လေသည်။

ယဲ့ချင်းရှန်သည် စီနီယာ အစ်ကို ကျန်းယွီကြောင့်၊ လွန်ခဲ့သော တစ်နှစ်ခန့်က အမှိုက် ဖြစ်လု နီးပါး၊ ဒဏ်ရာများ ရရှိ ခဲ့၏။

ခွေးတစ်ကောင် ကဲ့သို့ပင် ဂိုဏ်းမှ ထွက်ခွာ သွားရသည်။ ထို့ကြောင့် ၎င်းသန်မာ လာသည် ဟူသော စကားကို လက်မခံ နိုင်ချေ။

“ ယဲ့ချင်းရှန် လူတိုင်းက မင်းကို ဘာလို့ မုန်းနေ တာလဲ သိလား။ ”

ချက်ချင်းပင် လင်းယွန် ရှေ့၌ ပြန်လည် ထွက်ပေါ် လာပြီး မေးခွန်း ထုတ်လိုက်သည်။ လင်းယွန်မှ ပြန် မဖြေချေ။

ကြည့်ရုံသာ ကြည့် လိုက်သည်။ ဤအဆင့်မှ တစ်စုံ တစ်ယောက်သည် သူ့ပြိုင်ဘက် ဖြစ်လာ နိုင်စရာ အကြောင်း မရှိချေ။

“ မင်း မျက်နှာက ... ငါတို့ အမြင်မှာ ကျက်သရေ မရှိ လို့ပဲ။ ”

ဟွားဖန်က သူ့မေးခွန်းကို သူ့ဘာသာ ပြန်ဖြေပြီး၊ လင်းယွန်ထံ တိုက်ခိုက် လာတော့ သည်။

***

All Chapters