← Chapters

မိတ်ဆွေ ဟောင်း ။

Vol. 135 Ch. 1878

မိတ်ဆွေ ဟောင်း ။

Vol. 135 Ch. 1878

မျက်နှာကို လက်ချောင်း များဖြင့် လှမ်းကုပ် လာသဖြင့်၊ လင်းယွန်က မြေပြင်အား ပုတ်လျက် ခြေလှမ်း ဆယ်လှမ်းခန့် နောက်ပြန် ဆုတ်လိုက် တော့၏။

တိုက်ခိုက်မှုသည် လျင်မြန်ပြီး ရက်စက် ကြမ်းကြုတ် ချေပြီ။ ဤမျှ အကွာ အဝေးဖြင့်၊ ရှောင်တိမ်း နိုင်စရာ နည်းလမ်း မရှိချေ။

သို့သော် ယဲ့ချင်းရှန်သည် တစ်နှစ်ကြာ ပျောက်ကွယ် သွားပြီး၊ ပြန်လာသော အခါ ဘုရင် တစ်ပါး၊ ဖြစ်လာ ခဲ့သည်။

ထို့ကြောင့် လှလှ ပပ ရှောင်တိမ်းပြ သွားသော သူ့ အသွင်ကြောင့်၊ မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များ အားလုံး စိတ် လှုပ်ရှား လာသည်။

ရုန်းရင်း ဆန်ခတ်မှုကို မြင်ပြီး၊ ငရဲသစ်ခွ ခြံဝင်း၏ တပည့်များ ထွက်လာ ကြသည်။ သူတို့ အားလုံးက၊ အဖြူရောင် ၀တ်စုံ ဆင်မြန်းလျက်၊ ဓားရှည်များ ကိုင်ဆောင် ထား၏။

အဖွဲ့ကို ဦးဆောင်လာ သူမှာ ယဲ့ချင်း ဖြစ်သည်။ သူ့ခါးတွင် ကျောက်စိမ်း အဆင် တန်ဆာဖြင့်၊ ဓားတစ်လက် ချိတ်ဆွဲ ထား၏။

ကျင့်ကြံမှုမှာ မရဏ တတိယ အဆင့်တွင် ရှိပြီး၊ ငရဲ သစ်ခွ ခြံဝင်း၌ ထူးချွန်သူ စာရင်းဝင် သည်။

“ စီနီယာ အစ်ကို၊ အဲဒါ ယဲ့ချင်းရှန်ပဲ။ ”

နောက်လိုက် တပည့် များက မျက်နှာ ပျက်ယွင်းစွာ ပြောလာသည်။ ဤလူယုတ်မာ သည် ထိုမျှ အရှက်မဲ့စွာ လာလိမ့် မည်ဟု မထင်ထားချေ။ အံ့အားသင့် ကုန်၏။

“ ဒီလူယုတ်မာက ငရဲ သစ်ခွ ခြံဝန်းကို တကယ် လာရဲလား။ ”

“ ကောင်းကင် တာအို ဂိုဏ်းက သူ့ကို နှင်ထုတ် ခဲ့တယ် မဟုတ်လား၊ စီနီယာ အစ်ကို၊ ငါတို့ သူ့ကို သင်ခန်းစာ ပေးရ မလား။ ”

ဟွားဖန်အား ဖြေရှင်း နေရသော လင်းယွန်က ထိုစကား များကို အတိုင်းသား ကြားနေ ရသည်။

သက်ပြင်း တစ်ချက်ချ လိုက်ပြီး အဘယ့်ကြောင့် လူတိုင်းက သူ့အပေါ်၊ သင်ခန်းစာ သင်ပေးချင် နေရ သည်ကို တေွးတောမိ လာ၏။

“ ယဲ့ချင်းရှန် ကြားလား ... ၊ ငရဲ သစ်ခွ ခြံဝန်းက ... မင်းကို မကြို ဆိုဘူး။ ”

ဟွားဖန်က ပြုံးကာ သူ့ဓားကို ဆွဲထုတ် လိုက်ပြီး ဓားရောင်ခြည် များဖြင့် စတင် ပစ်ခတ် လာသည်။

“ ရွှပ် ... ။ ”

စုစုပေါင်း ဓားရောင်ခြည် (၇၂) စင်းကို ထုတ်လွှတ် ပြီးနောက်၊ နဂါး အဖြစ် ပေါင်းစပ် ကုန်သည်။

ဤမြင်ကွင်းက ငရဲ သစ်ခွ ခြံဝန်းမှ တပည့်များ အားလုံးကို ပြုံးရွှင် လာစေသည်။

ဓားရေးသည် အလွန် အထင် ကြီးစရာ ကောင်းကြောင်း ချေ၏။ ယင်းသည် ဓားအစီရင် တစ်ခုလည်း ဖြစ်သည်။

သူ့အမည်မှာ ရန်လိုသော နဂါး ဖြစ်၏။ ၎င်းထံမှ လာသော နဂါး အငွေ့ အသက် သည် ပင်၊ လူတိုင်းကို ခြိမ်းခြောက် နိုင်သည်။ အထဲ၌ ပိတ်မိ ပါက၊ မည်သူ မဆို သေဆုံး ရပေမည်။

“ ဒါက အပြာရောင် တောင်ထိပ်ရဲ့ ဓားရေး တစ်ရပ်ပဲ၊ ဓားအစီရင် အဖြစ်လည်း အသုံးချ နိုင် တယ်၊ သူ့ကို သင်ယူဖို့ ဆိုရင်၊ ဓား ရည်ရွယ်ချက် မြင့်မား ရမယ်။ ”

“ ဟွားဖန်က သူတော်စင် တပည့် မဖြစ်လာခင် ရန်လိုသော နဂါးကို တော်တော် ကျွမ်းကျင် နေပြီ၊ အထင်ကြီး စရာ ကောင်းတယ်။ ”

ငရဲ သစ်ခွ ခြံဝင်းမှ တပည့်များက ချီးမွန်းလိုက် ကြသည်။ သို့သော် လင်းယွန်က ဖြေရှင်းရန် ဓားပင် မဆွဲချေ။ နတ်ဘုရား ပုံရိပ်ယောင် ဓားကိုသာ သုံးလိုက်၏။

အရိယာ ဓားသုတ္တန်ကြောင့်၊ ခြေထောက် အောက်၌ အနက်ရောင် ပန်းကြီး တစ်ပွင့်ပေါ် လာသည်။

“ ရွှပ် ... ။ ”

“ ခရစ် ... ။ ”

ဓား အစီရင်မှာ လင်းယွန်၏ ဓား အလင်းကြောင့် ကွဲထွက် သွားပြီး၊ နဂါးအား လျင်မြန်စွာ တိုက်စား ပစ်တော့သည်။

နဂါး ပြိုကျ သွား သည်နှင့်၊ ကျဆင်း လာသော ဖိအားက ဟွားဖန်ကို ဒူး တစ်ဖက် ထောက်ကျ သွားစေသည်။

အနက်ရောင် စွမ်းအင်များ ခန္ဓာ ကိုယ်ထဲ စိမ့်ဝင် လာကာ၊ အတွင်း အင်္ဂါ များကို ကြီးစွာ တိုက်စား တော့၏။

“ ဝေါ့ ... ။ ”

ဟွားဖန် ခမျာ သွေးအန် လိုက်ရသည်။ တစ်ချက် တည်းဖြင့် ပြိုင်ဘက်အား ရှုံးနိမ့် သွား ချေပြီ။

“ အရိယာ ဓားသုတ္တန်လား ... ၊ မင်း ဘယ်တုန်းက ဒီလို မြင့်မြတ်တဲ့ ဓားသုတ္တန်ကို လေ့ကျင့် ခဲ့တာလဲ ... ။ ”

မြေပြင် ပေါ်တွင် ဒူးထောက်လျက် မယုံကြည် နိုင်စွာဖြင့် လင်းယွန်အား မော့ကြည့် ကာ၊ မေးခွန်း ထုတ်မိ လေသည်။

“ မင်း ... မသိ တာတွေ အများကြီး ရှိသေးတယ်။ ”

လင်းယွန်က ခပ်တည်တည်ဖြင့် ပြန်ပြော လိုက်၏။ လူတိုင်း ဤမြင်ကွင်းကို မယုံကြည် နိုင်စွာ ကြည့်နေ ခဲ့ကြသည်။

လွန်ခဲ့သည့် တစ်နှစ်၌၊ အလွန် အားနည်း ခဲ့သော လူယုတ်မာသည်၊ ရုတ်တရက် သည်မျှ အထိ အစွမ်း ထက်လာ လိမ့်မည်ဟု၊ မည်သူမျှ မထင် ထားချေ။

“ ထွက်သွား ... ၊ မင်းကို ဘယ်တော့မှ မတွေ့ရ စေနဲ့။ ”

ပြီးသည်နှင့် ငရဲ သစ်ခွ ခြံဝန်းထံ ဆက်လျှောက် သွားသည်။

“ ရပ် စမ်း ... ။ ”

ယဲ့ချင်းက လင်းယွန်အား ဟန့်တား လိုက်သည်။

“ ချင်းရှန် ... ချက်ချင်း ထွက်သွားစမ်း၊ မင်းကို မကြို ဆိုဘူး၊ နောက်ထပ် ခြေ တစ်လှမ်း လှမ်းတက် ရဲရင်၊ ငါတို့ကို အပြစ် မတင်နဲ့။ ”

တစ်ဖက်လူ များ၏ တုန့်ပြန်မှုသည် ကြောက်စရာ ကောင်းလွန်း သဖြင့် လင်းယွန်မှာ သံသယ ဝင်လာ၏။

သူ့အား ကမ္ဘာ့ ရန်သူ အဖြစ် ရှုမြင် နေပုံ ရသည်။

“ ယဲ့ချင်းရှန် ထွက်သွားပါ ... ၊ ငရဲ သစ်ခွ ခြံဝင်းက ဓား ဆွေးနွေးပွဲ ကျင်းပ နေတယ်၊ ဒါက မင်း လာသင့်တဲ့ နေရာ မဟုတ်ဘူး။ ”

“ ဘာလို့ မလာသင့် ရမှာလဲ၊ ဓား ဆွေးနွေးပွဲက ငါ မပါရင် အဓိပ္ပါယ် မရှိဘူး။ ”

“ မင်းကိုယ်မင်း အရည် အချင်း ပြည့်မီ တယ်လို့ ထင်လား၊ မရဏ မိုးကြိုး တောင်ထိပ် က တပည့်တိုင်း အမှိုက် တွေပါ။ ”

“ ဟား ဟား ဟား .... ။ ”

လူတိုင်းက မရဏ တောင်ထိပ်၏ တပည့် တိုင်းကို၊ လှောင်ပြောင် လာကြသည်။ ဤအရာ ကြောင့် ချန်ဖန်မှ ဒေါသ ထွက် လာပြီး၊

“ မင်းတို့ လွန်မလာနဲ့၊ ငါတို့က ပါဝင်ဖို့ ... အရည် အချင်း မပြည့်မီ ရင်တောင်၊ ရပ်ကြည့် နေလို့ မရ ဖူးလား။ ”

-ဟု ပြန်လည် စောဒက တတ်လိုက်၏။

“ ဟုတ်တယ် ... ၊ မရဏ မိုးကြိုး တောင်ထိပ်က တပည့် တွေကို ငရဲ သစ်ခွ ခြံဝင်းထဲ ခြေမချ ရဖူးလို့၊ ပြောနေ တာလား။ ”

“ မင်းတို့ တွေက နည်းနည်းတော့ လွန်တယ်လို့ မထင် ဖူးလား၊ ဒါက ကောင်းကင် တာအို ဂိုဏ်းပဲ၊ ငရဲသစ်ခွ ခြံဝင်းရဲ့ အာဏာ မတည် ပါဘူး။ ”

မရဏ မိုးကြိုး တောင်ထိပ်မှ တပည့်တိုင်း တစ်ယောက် တစ်ပေါက်၊ ဝင်ပြော လာကြ လေ သည်။

“ ဘယ်လောက် တောင် ... ဆူညံ လိုက်လဲ။ ”

ယဲ့ချင်းက ရက်စက် ကြမ်းကြုတ်သော အကြည့်ဖြင့်၊ ဓား ရောင်ခြည်ပေါင်း များစွာကို၊ ပစ်ခတ် လာသည်။

စောဒက တတ် သူများ အားလုံး၊ ဓားဖြင့် အထိုး ခံလိုက်ရ သကဲ့သို့၊ ရင်ဘတ်၌ အပေါက် တစ်ပေါက် ချက်ခြင်း ထွက်ပေါ် လာ၏။

ဤမြင်ကွင်းကြောင့် ချန်ဖန်မှာ ကြောက်လန့် သွားပြီး၊ လင်းယွန် နောက် ဝင်ပုန်း လိုက်ရသည်။

“ မင်းတို့ ပြောတာ မှန်တယ်၊ ငရဲသစ်ခွ ခြံဝင်းက မရဏ မိုးကြိုး တောင်ထိပ်က လူတိုင်း ကို မကြို ဆိုဘူး၊ မင်းတို့ ကောင်တွေက အမှိုက်တွေ ချည်းပဲ၊ ထွက်သွားပါ ။ ”

“ ဟုတ်လား ... ငါ ဝင်မယ် ဆိုရင် မင်း ဘာလုပ် မလဲ။ ”

လင်းယွန်က အေးစက်စွာ ဝင်ပြော လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ယဲ့ချင်းက ရယ်မောလျက် လင်းယွန်ကို လှည့်ကြည့် လာ၏။

“ အမှန်တိုင်း ပြောရရင်၊ ဒီနေ့ စုဝေးပွဲက လဝက် အတွင်း သူတော်စင် တပည့် ဖြစ်လာမဲ့ ပါရမီရှင်တွေ အတွက်ပဲ၊ မင်း ... ဝင်သွားရင် အရှက်ရ လိမ့်မယ်၊ မင်း မျက်နှာက လူတိုင်း အတွက်၊ ရွံ့စရာ ဖြစ်နေတယ်။ ”

“ တိုက်ဆိုင် လိုက်တာ ငါလည်း မရဏ အဆင့် ရောက်နေပြီ။ ”

လင်းယွန်က ဂရု မစိုက်ဘဲ၊ မရဏ ရောင်ဝါကို ထုတ်ပြ လိုက်၏။ ဤမြင်ကွင်း ကြောင့် ငရဲသစ်ခွ ခြံဝင်းမှ တပည့်တိုင်း ထိတ်လန့် သွားကုန်သည်။

သည်ယဲ့ချင်းရှန်၏ အသက် အရွယ် အရ၊ မရဏ အဆင့်သို့ ရောက်သော်၊ သူတော်စင် တပည့် ဖြစ်လာ ပေတော့မည်။

သူတော်စင် တပည့် ဖြစ် ချိန်၌၊ ဂိုဏ်း အတွင်း ၎င်းအဆင့် အတန်းမှာ သိသိ သာသာ ပြောင်းလဲ သွားမည် ဖြစ်၏။

“ ညီအစ်ကို ယဲ့ချင်းရဲ့ ... ၊ လက်ချောင်း ပညာရပ်က တော်တော် ကောင်းတယ် ... ၊ ငါ့မှာ မင်းရဲ့ လမ်းညွှန်မှုကို လိုနေတဲ့၊ တစ်စုံ တစ်ရာ ရှိနေတယ်။ ”

လင်းယွန်က ယဉ်ကျေး မနေ တော့ဘဲ လက်နှစ် ချောင်းဖြင့် လှမ်းထိုး ပစ်သည်။ ပွင့်ချပ် ပင်လယ် တစ်ခု အဖြစ် ထွက်ပေါ် လာပြီး၊ စွမ်းအားမှာ ကြောက်မက်ဖွယ် အမြင့်သို့ ချက်ချင်း ရောက်ရှိ လာ၏။

ယဲ့ချင်း တစ်ယောက် ထိတ်လန့် သွားကာ၊ သစ်ခွဓား တံဆိပ်ကို အလျင် အမြန် ဖွဲ့စည်းပြီး၊ ရင်ဘတ်အား ကာလိုက်သည်။

သို့သော် တံဆိပ် အပြည့် အဝ မပွင့်မီ၊ လင်းယွန်၏ လက်နှစ်ချောင်းက ရင်ဘတ်ပေါ် ကျလာပြီ ဖြစ်၏။

လက်ချောင်းမှ ဓား ရောင်ခြည်များ ရင်ဘတ်ထဲ အလွယ် တကူ ဝင်ရောက် လာခဲ့သည်။

နောက်ကွယ်မှ များပြား လှသော စွမ်းအား ကြောင့် ရင်ဘတ် ချိုင့်ဝင် သွားပြီး၊ လွင့်စဉ် သွားတော့၏။

“ ဝှစ် ... ။ ”

လင်းယွန်မှ ကျေနပ်ခြင်း မရှိ သေးချေ။ ယဲ့ချင်း မြေပြင်ပေါ် ပြုတ် မကျခင် သွားရောက် တက်နင်းပြီး ဖြစ်လေသည်။

“ အခု ငရဲ သစ်ခွ ခြံဝင်းကို ... ၊ ငါ ဘယ်လို ဝင်မလဲ မင်း မြင်ပြီလား။ ”

စကားဆုံး သည်နှင့် ခေါင်းထောင် လာသော ယဲ့ချင်း၏ ဦးခေါင်းကို တက်နင်းကာ လျှောက် လှမ်းသွား တော့သည်။

ယဲ့ချင်း ခမျာ နာကျင် ရှက်ရွံ့ မှုကြောင့် သတိလစ် သွား၏။ ထိုမြင်ကွင်းက ငရဲ သစ်ခွ ခြံဝင်းမှ ကျန်တပည့် များကို၊ တိတ်ဆိတ် သွားစေ တော့သည်။

“ ဘယ်လို တောင် လွှမ်းမိုး ကြီးစိုး လိုက်လဲ။”

“ ငါ ဘယ်လို ဝင်မလဲ မြင်ပြီလား ... ၊ ဟားဟားဟား အဲဒီ စကား အရမ်း မိုက်တယ်၊ တစ်နှစ် အတွင်း အစ်ကိုကြီးက အစွမ်း ထက်လာပြီ။ ”

မရဏ မိုးကြိုး တောင်ထိပ်မှ တပည့် များက တစ်ယောက် တစ်ပေါက်ဖြင့် ဝမ်းသာ အားရ ဆို လာ ကြသည်။

ချန်ဖန်က စကား တစ်ခွန်းမျှ မဆိုဘဲ လင်းယွန်နှင့် ခြေဖဝါးခြင်း ထပ်ကာ၊ လိုက်ပါ သွား တော့၏။

သူ့နောက်၌ မရဏ မိုးကြိုးတောင်ထိပ်၏ တပည့်များ ကလည်း ပြုံးရွှင်စွာ လိုက်ပါ လာ လေသည်။

ဆိုလို သည်မှာ ယဲ့ချင်း မျက်နှာပေါ် လူတိုင်းက၊ မတော် တဆ ဟန်ဖြင့်၊ တက်နင်း ဖြတ်ကျော် လာ ကြခြင်း ဖြစ်၏။

ငရဲ သစ်ခွ ခြံဝင်း၏ တပည့်များ မျက်နှာ မည်းမှောင် ကုန်ပြီး၊ ယဲ့ချင်းအား အပြေးအလွှား ဖယ်ရှား လိုက်ရသည်။

ငရဲသစ်ခွ အိမ်တော် အတွင်း၌ လူတိုင်းက အချင်းချင်း ပျော်ရွှင်စွာ စကား စမြည် ပြောဆို နေကြသည်။

တောင်ထိပ် အသီးသီးမှ တပည့်များ ရှိနေခဲ့ပြီး၊ ၎င်းတို့ အနက် အဖွဲ့ နှစ်ဖွဲ့ သာလျှင် ထင်ပေါ် နေ၏။

တစ်ဖွဲ့မှာ သစ်ခွ ပန်းများဖြင့် အလှဆင် ထားသော အဖြူဝတ် ငရဲ သစ်ခွ ခြံဝင်း တပည့် များ ဖြစ်သည်။

ကျန်တစ်ဖွဲ့သည် အပြာရောင် ၀တ်စုံကို ဆင်မြန်း ထားသည့်၊ စိတ်ဝိညာဉ် စွမ်းအားများ ပြည့်လျှံ နေသော လူငယ်များ ဖြစ်သည်။

၎င်းတို့ အားလုံးသည် နတ်ဝိညာဉ် ခြံဝင်းမှ ဖြစ်ပြီး၊ တန်ခိုး ကြီးသော ဝိညာဉ် ရေးရာ ဆရာ သခင်များ ဖြစ်ကြ ချေ၏။

ခြံဝင်း သုံးခု အနက်၊ နှစ်ခု ရှိပြီ ဖြစ်သည်။ လင်းယွန်ကို မြင်သည်နှင့် အသံများ ရုတ်ချည်း တိတ်ဆိတ် သွားသည်။

တစ်ချိန်တည်း မှာပင်၊ အဆုံးမဲ့ သတ်ဖြတ်လိုသော အကြည့် တစ်ခုက သူ့အပေါ် ကျရောက် လာ၏။

ယင်းက အဖြူရောင် ဝတ်စုံကို ဆင်မြန်း ထားသည့်၊ ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် ပိုင်ရှုရင် ပေပင်။

သူမအား ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်၌ မြင်ခဲ့ဖူး သောကြောင့်၊ လင်းယွန်မှ ပြုံးရွှင်စွာ လှည့်ကြည့် လိုက် တော့သည်။

***

All Chapters