မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ။
Vol. 135 Ch. 1879
ငရဲ သစ်ခွ ခြံဝင်းသည် ဓားပညာ များသာ အမွေ ဆက်ခံ သောကြောင့် ၎င်းတို့ ထံမှ ရန်လို သော ဓားရောင်ဝါများ ထွက်လာသည်။
အခြားသော တောင်ထိပ် များသည် ဓားအပြင် လက်ဖဝါးနှင့် ကိုယ်ခံပညာ အမျိုးမျိုး လေ့ကျင့် ကြ၏။
ပိုင်ရှုရင်မှာ သူမ ကိုယ်ပွား ထက်ပင် ကြည့်ကောင်း လေသည်။ ပုလဲရောင် အသား အရည်နှင့် အပြစ် အနာ အဆာ ကင်းသော အသွင် အပြင်မျိုး ရှိ၏။
‘ပြိုင်ဘက်ကင် အလှ တရား၊’ ဟူသော စကားလုံး ဖြင့်ပင် ဖွဲ့ကျူးရန် မလုံလောက်ချေ။ သို့သော် သူမ၏ ကျင့်ကြံမှုကို မမြင် နိုင်မှန်း သတိ ထားမိ လိုက်သည်။
ဆိုလို သည်မှာ သူမသည် အနိမ့်ဆုံး နိဗ္ဗာန် အဆင့်၌ ရှိနိုင်၏။ ထို့ကြောင့် ကေျာက်စိမ်း ဓား သူတော်စင် တပည့် ဖြစ်လာ ခြင်းလည်း ဖြစ်သည်။
လင်းယွန်က ပိုင်ရှုရင်အား စူးစူး စိုက်စိုက် ကြည့်ကာ သုံးသပ် နေသည်ကို မြင်သော အခါ၊ လူတိုင်း ဒေါသ ထွက်လာ၏။
“ မင်းကို ဘယ်သူက ဝင်ခွင့်ပြု တာလဲ။ ”
“ ဘယ်လို လူမိုက်လဲ ... ။ ”
“ ကျန်းယွီ ကြောင့် ... မင်း ဒုက္ခိတ ဖြစ်သွားတယ် မဟုတ်လား ဘယ်လိုတောင် ပြန်လာဖို့ သတ္တိ ရှိလဲ။ ”
“ ခွမ်း ... ။ ”
လူတိုင်းက ၎င်းတို့၏ ခွက်များကို ကြမ်းပြင်ပေါ် ပစ်ခွဲလျက်၊ ဒေါသအား ပြသ လာသည်။
လင်းယွန်က ပြန် မဖြေဘဲ ပိုင်ရှုရင်အား စိုက်ကြည့်ကာ၊
( ဧကရီ၊ နေ-လ ရူရ်ကို ခံစား မိလား။ )
-ဟု စိတ်ထဲမှ မေးလိုက် လေ၏။
( မရ သေးဘူး၊ အချိန် နည်းနည်း ထပ်လိုတယ်။ )
ခရမ်းရောင် လျှို့ဝှက် နယ်မြေထဲ မှနေပြီး ခရမ်းငယ်က ပြန်ဖြေသည်။
လူတိုင်းက ယဲ့ချင်းရှန်အား ရိုက်နှက် လို သို့သော်လည်း ပိုင်ရှုရင်မှ စကား မဆို သဖြင့်၊ အံကြိတ်ကာ ကြည့်နေ ရသည်။
“ ယဲ့ချင်းရှန် ... ထွက်သွားပါ၊ ငါတို့ ဓားအစည်းဝေးပွဲ ကျင်းပ နေတာ မင်းနဲ့ မသက် ဆိုင်ဘူး။ ”
ထိုအချိန်တွင် မရဏ မိုးကြိုး တောင်ထိပ် တပည့် များမှာ ထိတ်လန့် နေကြပြီ ဖြစ်သည်။
ခန်းမ အတွင်း လူပေါင်း ရာဂဏန်းခန့် ရှိနေပြီး၊ အားလုံးမှာ ခြွင်းချက် မရှိ၊ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြ ၏။
“ စီနီယာ အစ်ကို၊ အဲဒီ လူက ရေခဲပြာ တောင်ထိပ်က စုယီပဲ၊ လွန်ခဲ့တဲ့ (၂)နှစ်က၊ သူနဲ့ အစ်ကိုကြီး တိုက်ခဲ့ ဖူးတယ်။ ”
ချန်ဖန်က တိုးတိုးလေး ပြော၏။ စုယီမှ တစ်ဖက်သတ် ရိုက်နှက်ခဲ့ သည်ဟု အမှန်တိုင်း မပြော ဝံ့ချေ။ တိုက်ခိုက် ခဲ့သည် ဟုသာ ရည်ညွှန်း ဝံ့သည်။
သို့သော် လင်းယွန်မှ သိ၏။ ဤယဲ့ချင်းရှန် သည် မြင်သူတိုင်း သင်ခန်းစာ ပေးချင် ရအောင် မည်သည့် အရာများ ပြုလုပ်ခဲ့ သည်ကို၊ နား မလည် နိုင် ဖြစ်လာ မိသည်။
( ရ ပြီ လား ... ။ )
လင်းယွန်မှ မေးသည်။ အထူးသဖြင့် ပိုင်ရှုရင်၏ အကြည့် များကို သူ မကြိုက်ချေ။ ထိုအကြည့် နောက်တွင်၊ တစ်စုံ တစ်ရာ ဇာတ်လမ်း ရှိရ ပေမည်။
( ပါးစပ် ပိတ်ပြီး အချိန် ဆွဲထား။ )
ခရမ်းငယ်က စိတ်ဆိုး နေသော အသံနှင့် ပြန်ပြော လာသည်။ လေနှင့် လျှပ်စီး စွမ်းအင် များကို၊ ခန္ဓာကိုယ် ထဲသို့ ဖြည်းညှင်းစွာ စီးဝင် စေလျက်၊ မျက်လုံး မှိတ်ထား လိုက်၏။
နေ-လ ရူရ်အား အတည်ပြု နိုင်ရန်၊ နတ်ရူရ် နှစ်ခု၏ စွမ်းအားလို ချေပြီ။ သို့မှသာ နေ-လ စွမ်းအင်ကို ခံစား နိုင်မည် ဖြစ်၏။
“ ဂျူနီယာ ညီလေး စု ... မင်း ဘာလို့ မလိုအပ်တဲ့ မေးခွန်းတွေ မေးနေရ တာလဲ၊ ငါ မပါဘဲ ဓားဆွေးနွေး ပွဲလို့ ခေါ်နိုင်လား။ ”
စကားပြော နေစဉ် ပတ်ပတ် လည်ကို ဝေ့ကြည့်ကာ ထိုင်ခုံ အလွတ် ရှာလိုက် မိသည်။ ‘ဂျူနီယာ ညီလေး စု၊’ -ဟူသော အသုံး အနှုန်း ကြောင့် လူတိုင်း မျက်လုံး ပြူးကုန်၏။
နားကြား မှား သလား ဟုပင် အချင်းချင်း ပြန်ကြည့် ကုန်သည်။ စီနီယာနှင့် ဂျူနီယာ ဟူ၍ သူတို့ ကြားတွင် ခွဲခြားရန် စည်းမျဉ်း မရှိချေ။
သို့တိုင် မရဏ မိုးကြိုး တောင်ထိပ်၏ တပည့် တိုင်းမှာ၊ မည်သူ့ မဆို ‘စီနီယာ အစ်ကို’ ဟုသာ ရည်ညွှန်း ဦးညွှတ် ကြရ ပေသည်။
“ ကျေးဇူး ပြု၍ ... ။ ”
ထိုင်ခုံ အလွတ် မရှိ သည်ကို မြင်လိုက် ပြီးနောက်၊ လင်းယွန်က ရှေ့လှမ်း တက်လာပြီး၊ နီးစပ်ရာ လူငယ်၏ ပခုံးကို ပုတ်လိုက်၏။
သူ့လုပ်ရပ်ကြောင့် လူငယ်က ဒေါသ ထွက်လာကာ၊
“ ဒါ ငါ့နေရာ ... ။ ”
-ဟု ပြန်ပြော သည်။
“ မဟုတ်ဘူး ... အခု ငါ့ ထိုင်ခုံ ဖြစ်လာပြီ။ ”
ဖော်ရွေသော အပြုံးဖြင့်၊ လူငယ်အား ပခုံးမှ ကိုင်ကာ ပစ်ပေါက် လိုက်၏။ နဂါး နှစ်ကောင်၏ စွမ်းအား ကြောင့်၊ ထိုလူငယ် ခမျာ အမြောက် ကျည်ဆံ ကဲ့သို့၊ ပျံထွက် သွားခဲ့သည်။
(နဂါး နှစ်ကောင်= သူတော်စင် ခန္ဓာကိုယ် နှစ်ခု၏ စွမ်းအားကို ဆိုလိုခြင်း ဖြစ်၏။ )
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေသည်။ မရဏ မိုးကြိုး တောင်ထိပ်မှ တပည့် များမှာ၊ ဆိုဖွယ် မရှိ တော့ချေ။
လင်းယွန်က ထိုင်ချ လိုက်ပြီး သူ့ရှေ့မှ ဝိညာဉ် သစ်သီးကို ကောက်ယူ ဝါးလိုက်ကာ ပြုံးလျက်၊
“ အရမ်း အရသာ ရှိတယ် ... ၊ ညီလေးတို့ ... လာ မြည်းစမ်း ကြည့်ကြ ပါဦး။ ”
-ဟု ဖိတ်ခေါ် လိုက်တော့သည်။
ခန္ဓာကိုယ် အတွင်း ပူနွေးသော စီးကြောင်း တစ်ခု ဖြစ်ပေါ် လာကာ၊ ကျင့်ကြံမှု အနည်းငယ် တိုးတက် ၏။
ငရဲ သစ်ခွ ခြံဝင်းသည် ဧည့်သည်များ အတွက် ရတနာ အချို့အား ထုတ်ယူ လိုက်ပုံ ရချေပြီ။
ထို့ကြောင့် ဤအခွင့် အရေးကို လက်လွှတ် မခံတော့ဘဲ ဝိညာဉ် ရေးရာ အသီး အနှံ အချို့ကို ထပ်မံ စားသုံး တော့၏။
သူ ထိုင်စား နေရာ စားပွဲ ပေါ်တွင်၊ အပြာရောင် တောင်ထိပ် ဟူသော အမည်ကို ရေးထိုး ထားသည့်၊ တံဆိပ်ပြား ရှိနေသည်။
အဖွဲ့ ခေါင်းဆောင်မှာ ကျန်းကျင်းလုံ- ဟု ခေါ်သော လူငယ် တစ်ဦး ဖြစ်ပြီး၊ မရဏ ပထမ အဆင့် အထွတ် အထိပ် ဖြစ်၏။
လဝက် အကြာတွင် သူတော်စင် တပည့် ဖြစ်လာ မည့်သူ ဖြစ်ည်။ ထို့ကြောင့် လင်းယွန်၏ လုပ်ရပ်သည် သူ့အား အသိစိတ် ပျောက်စေ၏။
“ ဘန်း ... ။ ”
ကျန်းကျင်းလုံက သူ့လက်ဖဝါးကို စားပွဲပေါ် ရိုက်ချ လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... မင်း သေချင် နေတာလား။ ”
-ဟု ဟစ်အော် လာတော့သည်။
ညာလက်ဖြင့် လင်းယွန်၏ လည်ပင်းကို လှမ်းကိုင်၏။ အရှိန်မှာ မြန်လွန်းပြီး လင်းယွန် ရှေ့ ရောက်ရန် တစ်စက္ကန့် မျှသာ လိုသည်။
ဝိညာဉ် အသီး အနှံ များကို စားရန် အာရုံစိုက် နေသော လင်းယွန်က ခေါင်းပင် မော့ မကြည့်ဘဲ၊ လက်ဖဝါးဖြင့် ပြန်တွန်း ထုတ် လိုက်၏။
ကျန်းကျင်းလုံ ကဲ့သို့၊ မရဏ ပထမ အဆင့် မဆိုနှင့်၊ တတိယ အဆင့်တွင် ရှိသော ယဲ့ချင်း သည်ပင်၊ သူ့ပြိုင်ဘက် မဟုတ် ခဲ့ချေ။
ကျန်းကျင်းလုံ ခမျာ ပိုမို မြန်ဆန်သော အဟုန်ဖြင့် သွေးအန်ပြီး လွင့်စဉ် သွားတော့၏။ ဤမြင်ကွင်းသည် လူတိုင်းအား ထိတ်လန့် သွားစေ သည်မှာ သဘာဝ ပေပင်။
“ မင်း ... လူယုတ်မာ ... ။ ”
ကျန်းကျင်းလုံက ဒေါသဖြင့် နောက်တစ်ကြိမ် အားယူ လိုက်လေသည်။
“ ကျေးဇူးပြုပြီး ဝိုင် ... ။ ”
လင်းယွန်က သူ့ လက်ဖဝါးကို ကြမ်းပြင်ပေါ် ဆောင့်ချ လိုက်ရာ၊ ပုလင်း ထဲမှ ဝိုင်များ ပျံထွက် လာတော့၏။
ပါးစပ် ဟလိုက် ရုံဖြင့် ထိုဝိုင်များက၊ ပျံသန်းဝင်ရောက် လာသည်။ ချက်ချင်း မျက်နှာ တစ်ပြင်လုံး နီရဲ သွား၏။
စားပွဲ ဝိုင်းတွင် ထိုင်နေဆဲ ဖြစ်သော အပြာရောင် တောင်ထိပ်၏ တပည့် များမှာ၊ သူ့ လက်ဖဝါး ပုတ်ချက်ကြောင့်၊ အဝေးသို့ လွင့်စဉ်၏။
ကြမ်းပြင်ပေါ် ပြန် ပြုတ်ကျ လာချိန်၌ နာကျင် မှုကြောင့်၊ မျက်နှာများ ရှုံ့တွ ကုန်ကာ၊ ပါးစပ်မှ သွေးများ စီးကျ လာသည်။
ဤသို့ဖြင့် အပြာရောင် တောင်ထိပ်မှ တပည့်များ အားလုံးကို၊ ဖယ်ရှား ပြီးသား ဖြစ် သွားတော့၏။
“ ဝိုင် ကောင်းတယ် ... ၊ ဟား ဟား ဟား ။ ”
လင်းယွန်မှ ရယ်သည်။ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်နေသော ကျန်းကျင်းလုံ ခမျာ၊ ထိုမြင်ကွင်းကြောင့် ထိတ်လန့် သွားပြီး၊ လှုပ်ရှား ဝံ့ခြင်း မရှိ တော့ချေ။
အထက်ပါ အရာ အားလုံးကို၊ လက်ဖဝါး တစ်ဖက်ချက် တည်းဖြင့် ပြီးမြောက် သွားသော ကြောင့်၊ ပိုင်ရှုရင်ပင် အံသြ သွား၏။
ဝိုင် တစ်စက်မျှ အဖိတ် အစင် မရှိသည့် အပြင်၊ စားပွဲ ပေါ်ရှိ ဝိညာဉ် အသီး အနှံများ သည်လည်း၊ နေရာ ရွေ့ခြင်း မရှိ ခဲ့ချေ။
“ ဘယ်သူမှ ဒီမှာ ... မထိုင် ချင်တော့ ဖူးလား၊ ဒါဆို ... မရဏ မိုးကြိုး တောင်ထိပ်က တပည့် တွေကို ထိုင်ခွင့် ပြုပါ ... ။ ”
လင်းယွန်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကာ၊ မျက်လုံးများ မှေးစင်း သွားလေ သည်။
အပြာရောင် တောင်ထိပ်မှ တပည့်များ အားလုံး အံကြိတ်လျက်၊ စကား တစ်ခွန်းမှ မပြော တော့ချေ။ ပိုင်ရှုရင် ကိုသာ လှည့်ကြည့် လိုက်ကြသည်။
“ ချန်ဖန် ... ၊ လာ ဒီမှာ ထိုင် ... စီနီယာ အစ်မ ပိုင်က မကန့်ကွက်တဲ့ အတွက် မင်းတို့ ထိုင်လို့ ရတယ်၊ ပြဿနာ မရှိဘူး၊ ငရဲ သစ်ခွ ခြံဝန်းရဲ့ သန့်ရှင်းသော သမီးတော်ရဲ့ နှလုံးသားကို အထင် မသေး ပါနဲ့။ ”
ချန်ဖန်က လင်းယွန် စကားကို မလွန်ဆန်ဝံ့ဘဲ ခေါင်းညိမ့်ပြီး လျှောက်လှမ်း လာ လေသည်။
ကျန် တပည့်များ မှာလည်း၊ ပိုင်ရှုရင်မှ စကား တစ်ခွန်းမျှ မဆို သဖြင့်၊ ရွှင်လန်းစွာ ထိုင်လိုက် ကြ၏။
“ သန့်ရှင်းသော သမီးတော် … ။ ”
ငရဲ သစ်ခွ ခြံဝန်း၏ တပည့် များက သည်းမခံ နိုင်တော့ သောကြောင့်၊ ပိုင်ရှုရင်ထံ လှည့်ကြည့် လိုက်သည်။
ပိုင်ရှုရင်က အေးစက်သော အမူ အရာဖြင့်၊
“ သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ စောင့်ကြည့် ရအောင်။ ”
-ဟု ပြန်ပြော လေသည်။
ဤယဲ့ချင်းရှန်သည် တစ်နှစ် အတွင်း၊ ပြောင်းလဲ သွားပြီ ဖြစ်၏။ ထို့ကြောင့် လူတိုင်း သဘာဝ အတိုင်း မပျော်မရွှင် ဖြစ်လာသည်။
“ ယဲ့ ချင်း ရှန် ... ၊ မင်း ငါ့ကို လျစ်လျူရှု နေတာလား။ ”
ဝိုင်ခွက်ကို မြှောက်နေသော လင်းယွန်က အသံ လာရာ ဆီသို့ လှမ်းကြည့်သည်။ ရေခဲပြာ တောင်ထိပ်မှ တပည့် စုယီ ဖြစ်၏။
လင်းယွန်က ရယ်မောလျက် ဝိုင်ခွက်ကို စားပွဲပေါ် ပြန်ချ လိုက်ကာ၊
“ မင်းကို ငါက ဘာလို့ ... ၊ လျစ်လျူရှုပြီး မနေနိုင် ရမှာလဲ၊ လူတိုင်း ... ငါ့ကို မုန်းနေတာ မဟုတ်လား၊ ဒါဆို မင်းကရော ဘယ်သူ မိုလို့၊ ငါက မျက်နှာသာ ပေးရ မှာလဲ။ ”
-ဟု ပြန်လည် အော်ငေါက် ပစ်လိုက် တော့သည်။
***