← Chapters

နောက် တစ်ကြိမ် ကျန်သေးတယ်။

Vol. 135 Ch. 1880

နောက် တစ်ကြိမ် ကျန်သေးတယ်။

Vol. 135 Ch. 1880

လင်းယွန်၏ စကားကြောင့် လူတိုင်း အံသြသွား ကြသည်။ သူပြောသည့် စကား အရ၊ မာနကြီးသည်ဟု မြင်နိုင် သော်လည်း အမှန်မှာ အရှက် မဲ့ခြင်း မည်၏။

ထို့ကြောင့် ဤတောင်ထိပ် ဆယ်လုံး၏ တပည့်များ အားလုံးက သူ့အား အံ့သြ ကြီးစွာ ကြည့်မိ နေသည်။

မရဏ မိုးကြိုး တောင်ထိပ်မှ တပည့်များ သည်ပင်၊ မယုံကြည် နိုင်စွာဖြင့် ကြည့်နေ မိကြ ၏။

ချန်ဖန် သာလျှင် သက်ပြင်းချ မိသည်။ ဤသည်မှာ ယဲ့ချင်းရှန် ဖြစ်ချေပြီ။ ကောင်းကင် တာအို ဂိုဏ်း၌၊ အရှက်မဲ့ သူအား ပြပါ ဆိုက၊ အစ်ကိုကြီး ကိုသာ လက်ညှိုး ထိုးပြ မိမည် ဖြစ်၏။

စုယီက ဓားကို ဆွဲထုတ်ပြီး၊

“ ငရဲက လာလဲ ဆိုတာ မင်းကို ငါ ပြပေးမယ်။ ”

-ဟု ဆိုလိုက်သည်။

နဂါး မူလများ ပေါက်ကွဲ သွားပြီး ကြောက်မက်ဖွယ်ရာ အအေး ဓာတ်များ ပျံ့နှံ့ လာသည်။

ရန်ပွဲ တစ်ခု၌ ဓားဆွဲ လာပြီ ဖြစ်သဖြင့်၊ အခြားသော တောင်ထိပ် များမှ အံ့သြ သွားကြ လေသည်။

သို့သော် ဟန့်တားရန် ဆန္ဒ မရှိချေ။ ယဲ့ချင်းရှန် ကဲ့သို့သော အညစ် အကြေးအား မည်သူ မဆို ရှင်းထုတ် ချင်မိသည်။

စုယီက ရေခဲနှင့် လျှပ်စီးကို ဆုပ်ကိုင် ထား၏။ ဓားသည်လည်း၊ အရိယာ ကောင်းကင် ဓား အထွတ် အထိပ် ဖြစ်သည်။

ထို့ကြောင့် သူတို့၏ မျက်လုံး ထဲတွင် စုယီသည်သာ သေချာပေါက် အနိုင် ရပေမည်။ လင်းယွန်မှ ပြုံးသည်။

ဤလူသည် အလွန် ကောင်းမွန်သော အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင် ထားပေသည်။ သို့သော် ပြိုင်ဘက်ရွေး မှားခဲ့ သဖြင့်၊ စိတ် မကောင်း စရာ ပေပင်။

သူ့ အမြင်တွင် ၎င်းဓားသည် အပြစ် အနာအဆာ များဖြင့် ပြည့်နှက် နေခဲ့သည်။

“ ပျင်းစရာ ကောင်းလိုက်တာ ... ။ ”

အထင် အမြင် သေးသော အသွင်ဖြင့်၊ ခေါင်းခါ လိုက်သည်။ ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး ဓားအား ပုတ်လိုက်သည်။

ထိုပုတ်ချက်သည် တိုက်ခိုက်မှု၏ အကြီးမား ဆုံးသော ချို့ယွင်းချက် ဆီသို့ တန်းရောက် သွား ခဲ့သည်။

“ အင့် ... ။ ”

စုယီ ခမျာ လွင့်စဉ် သွားပြီး၊ လေထဲ တစ်ပါတ် လှည့်လျက်၊ ကိုယ်ရှိန် သပ်လိုက်ရ လေသည်။

သူ့ကိုယ်သူ တည်ငြိမ် စေလိုက်ကာ၊ မျက်နှာ ပေါ်တွင် အရှက် တရားနှင့် ဒေါသများ ထင်ဟပ် လာသည်။

လင်းယွန်က နောက်ထပ် ဝိညာဉ် ရေးရာ သစ်သီးကို ကောက်ကိုင် လျက်၊ လှောင်ပြုံး ပြုံး ပြီး၊

“ ဂျူနီယာ ညီလေးစု ... ၊ မင်း ... ‘က’တာ အရမ်း ကောင်းတယ်။ ”

-ဟု ပြော လိုက်သည်။

“ ငါ မင်းကို သတ်မယ်။ ”

စုယီ တစ်ယောက် မူလ နေရာမှ၊ ချက်ခြင်း ပျောက်သွားသည်။ သို့သော် အနား မရောက်ခင် လင်းယွန်မှ ဓား အလင်းဖြင့် တောက်ထုတ် လာ၏။

“ ရွှပ် ... ။ ”

“ အွတ် ... ။ ”

“ စီနီယာ အစ်ကို ... ။ ”

ရင်ဘတ်ထိ မှန်ကာ၊ နောက်ပြန် လွင့်စဉ် သွားသောကြောင့်၊ ရေခဲပြာ တောင်ထိပ် တပည့် များက၊ အပြေး အလွှား ဖမ်းယူ လိုက်ကြသည်။

“ ဒီအမှိုက်က ပို သန်မာ လာပြီ။ ”

“ သူ ဘာတွေများ ရခဲ့လဲ။ ”

“ ဒီကောင် ယဲ့ မိသားစုရဲ့ ... အထက် တန်းစားတွေ ဆီကနေ၊ သူတော်စင် မူလ ရရှိ ခဲ့တာ နေမယ်။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံ ထွက်ပေါ် လာပြီး အားလုံးက လင်းယွန်ကို မကျေမနပ် ကြည့်လာ ကြ၏။

“ မင်း ... အရမ်း အားနည်းတယ်၊ ဂျူနီယာ ညီလေးစု၊ ငါ့ ခွန်အားကို မထုတ်ရ သေးဖူး၊ မင်း လဲကျ သွားပြီ၊ ဟား ဟား ဟား။ ”

လင်းယွန်က ဝိုင် တစ်ခွက်ကို ကောက်ကိုင်ကာ၊ ရယ်မော လိုက်သည်။ စုယီ မျက်နှာ နီရဲ သွား၏။

သို့သော် သူသည် လူမိုက် မဟုတ်ချေ။ တစ်လူ၏ ပြိုင်ဘက် မဟုတ် တော့မှန်း၊ သူ့ကိုယ်သူ သိသည်။

ရင်ဘတ်ကို ဆုပ်ကိုင်လျက်၊ ရေခဲပြာ တောင်ထိပ်၏ တပည့်ငယ်များ ခေါ်ဆောင်ကာ ထွက်ခွာ ထွက်ခွာ သွားတော့သည်။

“ စီနီယာ အစ်မ ပိုင် ... ၊ ငါ အခု ... ဓားဆွေးနွေး ပွဲမှာ ပါဝင်လို့ ရပြီလား။ ”

“ မင်းလောက် အရှက် မဲ့တဲ့ လူမျိုး ... ၊ ဒီကမ္ဘာမှာ ရှိမယ် မထင် တော့ဘူး ... ၊ ငါ မင်းကို သတ်ပစ်မှာ မကြောက် ဖူးလား။ ”

ပိုင်ရှုရင်မှ အေးစက်စွာ ပြော၏။ လေထု အပူချိန် ချက်ချင်း ကျဆင်း သွားပြီး၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ ထွက်ပေါ် လာ၏။

“ အစ်ကိုကြီး၊ ငါတို့ ပြန်ကြ ရအောင်။ ”

ချန်ဖန်မှ တိုးတိုးလေး ပြောသည်။ ပိုင်ရှုရင်မှာ အမှန်ပင် ဒေါသ ထွက်နေ သည်ကို သူ ပြောနိုင်၏။ သူမ၏ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို တောင့် မခံနိုင် တော့ချေ။

လင်းယွန် သည်လည်း ကြောက်ရွံ့ လာသည်။ ပိုင်ရှုရင်မှ သူ့အား အချိန် မရွေး သတ်ပစ် နိုင်သည်ဟု ခံစား မိ၏။

( ခဏ လောက် နေဦး။ )

ခရမ်းငယ် အသံက ထွက်ပေါ် လာ၏။ ထို့ကြောင့် ရွေးချယ် စရာ မရှိတော့ဘဲ၊

“ စီနီယာ အစ်မ ပိုင် ... မင်းငါ့ကို အထင် လွဲနေပုံပဲ။ ”

-ဟု အရူးကွက် နင်းလိုက်သည်။

“ ငါ အထင် မမှား ခဲ့ဘူး၊ မင်း ဒီမှာ ထိုင်ချင်နေတယ် ဆိုရင်တော့ ... ၊ ငါ့ဆီက ဓား သုံးချက် ယူ ... ။ ”

ပိုင်ရှုရင်က လက်ညှိုးကို တောက်ထုတ် လိုက်သည်။ သမုဒ္ဒရာကို ပိုင်းဖြတ် နိုင်သော ဓား ရောင်ခြည် တစ်စင်းက၊ ကြောက်မက်ဖွယ် ဖြစ်စဉ် နှင့်အတူ ထွက်ပေါ် လာ၏။

“ ဘုတ် ... ။ ”

လင်းယွန်က စားပွဲပေါ် သူ့လက်ကို ညင်သာစွာ ပုတ်ပြီး၊ မရဏ မိုးကြိုး တောင်ထိပ် မှ တပည့် များကို၊ တွန်းဖယ် လိုက်သည်။

ပိုင်ရှုရင် ဟူသည် ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် ဖြစ်ပြီး၊ သူမသာ ဆန္ဒ ရှိက၊ အစ်ကို ကြီးအား အလွယ် တကူ ဖိနှိပ် နိုင်မည်ဟု ချန်ဖန်မှ မြင်သည်။

လင်းယွန် ကမူ၊ နဂါး ထွက်သက်ကို ထုတ်ဖော် လျက်၊ ဓား အလင်းအား ဖမ်းဆုပ် ပစ်လိုက်သည်။

အများ အမြင်၌ ပိုင်ရှုရင် တစ်ယောက် ဓားအလင်းဖြင့် ပစ်လွှတ်ခြင်း မရှိ သကဲ့သို့၊ ချက်ချင်း ပျောက်ကွယ် သွားသည်။

လူတိုင်း အံ့သြ သွား ကြပြီး၊ အနည်း ငယ်သည် ကျောက်ရုပ် ကြီးများ အလား ခွက်ကို ကိုင်လျက်၊ မှင်တတ် ကုန်၏။

လင်းယွန်က နီးစပ်ရာ၊ လူငယ် လက်မှ ဝိုင်ခွက်ကို လှမ်းဆွဲ ယူကာ၊ သောက်ချ လိုက် သည်။

“ တစ်ကြိမ် ... ။ ”

ပြီးနောက် ပြုံးလျက် ပိုင်ရှုရင်အား ပြော လိုက်သည်။ သူ့အသား အရေမှာ အမျိုးသမီး တစ်ယောက် အလား ဖြူစင်လွန်း သဖြင့်၊ သူ့ အပြုံးသည် ချစ်စရာ ကောင်းနေ၏။

ထို့ကြောင့် အမျိုးသမီး တပည့် များမှာ သူ့အပြစ် များကို မေ့ကုန်ပြီး၊ နစ်မျော လာကြ လေသည်။

သို့သော် မကြာမီ ဤလူငယ်သည် ရွံစရာ ကောင်းမှန်း အသိဝင် လာကာ၊ မျက်နှာများ နီရဲ သွားကုန်၏။

“ ငါ မင်းကို လျှော့တွက် ထားမိ ပုံရတယ်။ ”

ပိုင်ရှုရင်က တည်ငြိမ်အောင် ချက်ချင်း ထိန်းယူ လိုက်သည်။

“ အဆင် ပြေပါတယ် ... ၊ ငါ့ အပေါ် နားလည်မှု လွဲခဲ့ တာကို၊ ဒီနေ့ ဖယ်ရှား ပစ်မယ်၊ ငါ့မှာ မင်း လျော့တွက် ထားမိတဲ့ အရာတွေ၊ အများကြီး ရှိသေးတယ်။ ”

မရဏ မိုးကြိုး တောင်ထိပ်မှ လူတိုင်းက လေးစား စွာဖြင့်၊ လင်းယွန်ကို ပြန်ကြည့် လိုက် ကြသည်။ ပိုင်ရှုရင်အား ဤသို့ ပြောဆို ဝံ့ သူမှာ၊ ယဲ့ချင်းရှန် တစ်ဦး တည်းသာ ရှိပေ၏။

ပိုင်ရှုရင်မှ အနက်ရောင် ဓားတစ်လက် အဖြစ်သို့၊ ပြောင်းလဲ သွားစေသော နောက်ထပ် ဓားရောင်ခြည် တစ်စင်းကို ပစ်လွှတ် သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ဤတစ်ကြိမ်တွင် လင်းယွန် ရှေ့စားပွဲမှာ၊ ထက်ခြမ်း ကွဲထွက်လာ သဖြင့်၊ ချက်ချင်း ထရပ် လိုက်ရသည်။

သူနှင့် အတူ၊ ဓား ရည်ရွယ်ချက် အပြည့် ပါဝင်သော ဝိုင်ခွက် (၉)ခွက်အား၊ လက်ဝှေ့ ရမ်း ကာ၊ လေထဲ မြှောက်တက် စေလိုက်သည်။

“ ဝှစ် ... ။ ”

ခွက် တစ်ခွက် စီသည် တောင် တစ်လုံး ကဲ့သို့သော၊ အလေး ချိန်မျိုး ရှိပြီး၊ အနက်ရောင် ဓားအလင်း၏ လားရာ (၉)ရပ်ထံ၊ ပြေးဝင် သွားတော့၏။

“ ... .. ။ ”

အဆုံးတွင် နဝမမြောက် ဖန်ခွက်မှာ၊ အနက်ရောင် ဓားဖျား ပေါ်သို့ ကျရောက် ရပ်တန့် သွားလေသည်။

လက်ကျန် စွမ်းအင်သည် လေပြင်းများ အဖြစ်သာ လင်းယွန် ဆံပင် များကို ဖြတ်တိုက် သွားနိုင်၏။

ယင်းကြောင့် သက်ပြင်း ခိုးချလျက်၊ မျက်လုံးများ မှေးစင်းကာ၊ လင်းယွန်မှ ပြုံးပြ လိုက်တော့သည်။

လူအုပ်ကြီးက၊ မယုံကြည် နိုင်စွာဖြင့် မတ်တပ် ထရပ် လိုက်လေသည်။ လားရာ မတူ သော ဓား(၉) လက်ကို ရှောင်တိမ်းခြင်း၊ ဖြေရှင်း ခြင်း စသည့် လုပ်ရပ် မျိုးမှာ၊ ထိတ်လန့် စရာ မရှိချေ။

ယခုမူ ဤတိုက်ခိုက်မှု၏ ချို့ယွင်းချက် (၉)ချက်ကို ရှာဖွေကာ၊ ထူးထူး ခြားခြား ဟန်နှင့် ဟန့်တား ပြသွားသည်။

( ဝိုင် (၉)ခွက်နှင့် ဓား (၉)လက်အား ဟန့်တား ပြခြင်း ဖြစ်၏။ )

လေထဲ၌ ဝိုင်ခွက် (၉)ခွက်လုံး ရပ်တန့် နေ၏။ လင်းယွန်က နဝမမြောက် ဓားပေါ်ရှိ ဝိုင်ခွက်ကို လှမ်းယူ လိုက်သည်။

ထို့ကြောင့် ကျန် ဓားရိပ် များက လေထု အတွင်း ပျော်ဝင် ကုန်ကာ၊ (၈)ခွက်လုံး ပြုတ်ကျ သွားတော့သည်။

“ ဝိုင် ... ။ ”

သူ့ခေါ်သံကြောင့် ခွက်ထဲရှိ ဝိုင်များက၊ ပါးစပ်ထဲ ပျံသန်း ဝင်ရောက် လာပြီး၊ ကျကွဲ သံများသာ ညံကုန်၏။

“ ခွမ်း ... ခွမ်း ... ခွမ်း ... ။ ”

“ ဝိုင် ကောင်းတယ်။ ”

လက်ထဲရှိ နောက်ဆုံးသော ခွက်ကို မော့သောက်လျက်၊ နှုတ်ခမ်းအား လျှာဖြင့် သပ်ကာ၊ မှတ်ချက် ပေးပြီး၊ ခွက်အား ကိုင်ပေါက် ပစ်သည်။

“ ခွမ်း ... ။ ”

တစ်စုံ တစ်ဦး၏ နယ်မြေ၌ ဖန်ခွက်အား ပစ်ပေါက် လိုက်ခြင်းသည်၊ ၎င်းအား မကျေနပ် ကြောင်း၊ ပြသရာ ရောက်ချေပြီ။

ထို့ကြောင့် လူတိုင်း တုန်လှုပ် လာ၏။ ဝိုင်(၈)ခွက်အား တပြိုင်တည်း သောက်လိုက် ရသဖြင့်၊ လင်းယွန် မျက်နှာ နီရဲသည်။

“ ဂျူနီယာ ညီလေး စုက ... ၊ နည်းနည်း တော့ ရုပ်ဆိုး ပေမယ့်၊ သူက သတ္တိ ရှိရှိ တိုက်ရဲ သေးတယ်၊ ဒါပေမယ့် ... စီနီယာ အစ်မ ပိုင်က အရမ်း လှတော့၊ အဆင်ပြေ ပါတယ်။ ”

ပိုင်ရှုရင်၏ အစောပိုင်း တိုက်ခိုက်မှုသည် အလစ် ခိုးဝင် တိုက်ခြင်း မည်ကြောင်း၊ ဝေဖန် လိုက်ခြင်း ဖြစ်သည်။

ထိုစကားကြောင့် ပရောပရီ လုပ်နေချိန် ၌ပင်၊ သူမ အပေါ် လှောင်ပြောင်ရန် တွေဝေခြင်း မရှိ ခဲ့သော ယဲ့ချင်းရှန်အား၊ ပိုင်ရှုရင်မှ ပြန်ကြည့် လိုက်သည်။

“ စီနီယာ အစ်မ ... ၊ မင်းမှာ တစ်ကြိမ် ကျန်သေးတယ်၊ ဆက်လုပ်ပါ။ ”

***

All Chapters