နင်တို့ နှစ်ယောက်က အတူတူပဲ။
Vol. 135 Ch. 1881
မောက်မာ လွန်းသော ယဲ့ချင်းရှန်၏ စကားကြောင့် ငရဲ သစ်ခွ ခြံဝင်း၏ တပည့်များ မျက်နှာ ပျက်ယွင်း ကုန်သည်။
ပိုရှုရင်သည် သူမ ခွန်အားကို အပြည့်အ၀ အသုံး မချခဲ့ကြောင်း၊ မည်သူ မဆို ပြောနိုင် ၏။ အဆုံးတွင် သူမသည် နိဗ္ဗာန် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ယဲ့ချင်းရှန်သည် လွန်ခဲ့သော တစ်နှစ်နှင့် ယှဉ်သော် များစွာ အားကောင်းသည် မှန်သော် လည်း၊ ထိုစကားမျိုး ပြောရန် အရည် အချင်း မရှိ သေးချေ။
“ စီနီယာ အစ်မ ... ၊ သူ့ကို သင်ခန်းစာ ပေးပါ၊ ဒီကောင် အရမ်း လွန်တယ်၊ ဒီကောင်က လူယုတ်မာ တစ်ယောက်ပဲ၊ သူ့ကို ခွင့်မလွှတ်နဲ့၊ ကောင်းကင် တာအို ဂိုဏ်းကို ... အရှက် ရစေမဲ့လူ။ ”
အခြားသော တောင်ထိပ် များ၏ တပည့် များမှလည်း ဝင်ရောက် ကြိမ်းမောင်း လာသည်။ တပည့် အချို့က သူ့ကို ရွံရှာစွာ ကြည့်နေ ကြပြီး ကျန်သူများမှာ မနာလို ဖြစ်ကုန် ကြသည်။
( ဧကရီ ... ။ )
လင်းယွန်က ထိတ်လန့် လာသဖြင့် ခရမ်းငယ်အား မေးသည်။
( နည်းနည်းလောက် သည်းခံထား ... ။ )
ခရမ်းငယ်မှ ပြန်ဖြေ၏။ ပိုင်ရှုရင်၏ အေးစက်သော အကြည့်က သူ့ထံ ကျရောက် လာပြီး၊
“ ယဲ့ချင်းရှန် ... ငါက အရှက် မရှိ၊ မင်းကို အလစ် ဝင်တိုက် တယ်လို့ ... ပြောချင် နေတာ လား။ ”
-ဟု မေးသည်။
“ အစ်မပိုင် ... မင်း အထင် လွဲနေပြီ၊ ငါက မင်း အလှကို ချီးကျူး နေတာပါ၊ ငါ တွေ့ဖူးတဲ့ မိန်းမတွေ ထဲမှာ၊ မင်းကို ယှဉ်နိုင်တဲ့ လူ မရှိ သလောက် ပါပဲ။ ”
“ ပါးစပ် ပိတ်ထား ... ။ ”
ပိုင်ရှုရင် မျက်နှာ ချက်ချင်း အေးစက် သွားပြီး၊ လက်လှိုင်းဖြင့် ငရဲ သစ်ခွ ခြံဝင်းမှ တပည့် ကိုးယောက်၏ ဓားကို ဆင့်ခေါ်ကာ ပစ်ထုတ် လိုက်သည်။
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
ဒေါသကို မထိန်းထား တော့ဘဲ၊ အမည်ခံ ကောင်းကင် အမိုးဓားကို ဓားကိုးလက် အတွင်း လောင်းထည့် ထား၏။
ပထမ အဆင့် နိဗ္ဗာန် ရောင်ဝါ ကိုပင် ထည့်သွင်း ထားရာ၊ လူများစွာ အတွက် ခုခံ ကာကွယ်ရန် ယုံကြည်ချက် ပျောက်ဆုံး စေမည်။
လင်းယွန်က မျက်လုံးများ မှိတ်လိုက်ပြီး၊ ဓားနှလုံးသားဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့် လိုက်သည်။
ထို့ကြောင့် ဓား ကိုးလက်၏ ဦးတည်ရာ လမ်းကြောင်းကို ရှင်းရှင်း လင်းလင်း မြင်လိုက် ရသည်။
ချို့ယွင်းချက်မှာ သူ မျှော်လင့်ထား သည်ထက် နည်းပါး နေသည်။ အစစ်နှင့် အတု ကို ရောနှော ထားသော ထောင်ချောက်များ ပါ၏။
တစ်ဖက်လူ အပေါ်၊ လျှော့တွက် ထားမိ သည်။ သူမသည် ဒေါသ ထွက်နေ သော်လည်း စေ့စေ့ စပ်စပ် ရှိလှ၏။
ကောင်းကင် အမိုးဓား ရည်ရွယ်ချက်ကို အသုံးပြု လိုသော် လျင်မြန်စွာ ဖြေရှင်း နိုင်မည်။ အဆုံးတွင် ချို့ယွင်းချက်ကို တွေ့ရှိ လာပြီး၊ ဓား ကိုးလက်အား အနား ကပ်ခွင့် ပေးလိုက်၏။
ပြုံးလျက် မျက်လုံး ပြန်ဖွင့်ကာ ဓား တစ်လက်ကို ဖမ်းဆွဲပြီး၊ ကျန်ရှစ်လက် အပေါ် လျစ်လျူရှူ လိုက်သည်။
“ စီနီယာ အစ်ကို ... ။ ”
မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များ ခမျာ၊ ထိုမြင်ကွင်းကြောင့် မျက်နှာ ပြောင်းလဲ သွားကုန်သည်။
သို့သော် ဓားရှစ်လက်က လင်းယွန် မျက်နှာကို ဖြတ်ကျော် သွားပြီး၊ ဓားနှစ်ချောင်း မှာ ဆံပင်နှင့် ပါးပြင် သို့သာ ပွတ်ဆွဲ သွားလေသည်။
လုပ်ရပ်မှာ ရဲရင့်လွန်း ချေ၏။ ဖမ်းယူ လိုက်သော ဓားသည်သာ အန္တရာယ် ဖြစ်ပြီး၊ ကျန်ဓား များသည် အယောင်ပြ မျှသာ ဖြစ်သည်။
ထို့ကြောင့် ပိုင်ရှုရင်၏ တိုက်ခိုက်မှုသည်၊ အမြင် အာရုံကို သာမက၊ သတ္တိ အပေါ်လည်း စမ်းသပ်ရာ ရောက်သည်။
“ မင်း ... ဘယ်လိုလုပ် သိတာလဲ။ ”
ပိုင်ရှုရင်မှာ မမေးဘဲ မနေနိုင် တော့ချေ။ လင်းယွန်က သူ့လက် နှစ်ဖက်ကို နောက်ပို့ လျက် ဟန်ပါပါ ပြုံးရယ်ပြီး။
“ ဟား ဟား ဟား ... ၊ ငါတို့ရဲ့ နှလုံးသား တွေက အချင်းချင်း ဆက်နွယ် နေတယ် ဆိုတာ၊ သိသာ နေတာပဲ။ ”
-ဟု ဆိုလိုက်သည်။
( လူယုတ်မာ ... ပရောပရီ လုပ်နေတာကို ရပ်လိုက်၊ ငါတို့ အခု သွားလို့ ရပြီ၊ နေလ ရူရ်က ဒီမှာ တကယ် ရှိတယ်၊ အတည် အကျ သိဖို့ တော့ နောက်တစ်ကြိမ် ပြန်လာမှ ရမယ်။ )
ခရမ်းငယ် အသံကြောင့် လင်းယွန်က ဝမ်းသာ သွားသည်။ ထိုအချိန်တွင် သူ့လက် ထဲရှိ ဓား ကျိုးကျ လာ၏။
ရုတ်တရက် ဓား အပိုင်းပိုင်း ကျိုးကျ လာသည့် မြင်ကွင်းကြောင့်၊ လူတိုင်း အသက် ရှူ ကြပ်လာ၏။ ယဲ့ချင်းရှန်မှ မည်သို့ လုပ်ဆောင် လိုက်သည်ကို မသိ လိုက် ကြချေ။
“ သုံးကြိမ် ပြည့်သွားပြီ ဆိုတော့၊ ငါ ဒီမှာ ထိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် လူတိုင်းက ငါ့ကို မလို လားတာ စိတ် မကောင်း စရာပဲ။ ”
လင်းယွန်က ခေါင်းယမ်းလျက် လှည့်ထွက် လိုက်တော့သည်။ ဤနေရာ၌ တစ်စက္ကန့် မျှပင် မနေချင် တော့ချေ။
ထိုအပြုအမူက ပိုင်ရှုရင်ကို ပို၍ ဒေါသ ထွက်လာ စေသည်။
“ ယဲ့ ချင်း ရှန် ... ။ ”
ပိုင်ရှုရင်မှ လှမ်းအော်၏။ လင်းယွန်က လှည့်မကြည့် တော့ဘဲ၊ ဝိုင် တစ်လုံးကို လက် လှိုင်းဖြင့် လှမ်းယူကာ၊ ငရဲ သစ်ခွ ခြံဝင်း ထဲမှ အလျင် အမြန် ထွက်ခွာ သွားတော့သည်။
“ ဟား ဟား ဟား ... ၊ လူတွေက ငါ့ကို မမြင်နိုင်တာ နဲ့ပဲ ... ၊ အရူးလို့ သတ်မှတ် ကြပြီး၊ လှောင်ပြောင် ရယ်မော ကြတယ်။ ”
လင်းယွန်၏ ကဗျာ ရွတ်သံ သည်သာ၊ လေထဲ လွင့်ဝဲ ကျန်ရစ် ခဲ့လေသည်။ သည်ကမ္ဘာ ကြီးတွင် အတိတ်သို့ ပြန် လှည့်ရန် မဖြစ် နိုင်ချေ။
ထို့ကြောင့် ပြုံးပြီး ရှေ့ဆက် ရန်သာ လင်းယွန်က ဆုံးဖြတ် လိုက်လေသည်။
“ ဒါက ငါတို့ သိတဲ့ စီနီယာ အစ်ကိုပဲ။ ”
“ မြန်မြန် ... ၊ သူ့ နောက်ကို လိုက် ... ။ ”
မရဏ မိုးကြိုး တောင်ထိပ်မှ တပည့်ငယ် များက၊ သတိဝင် လာပြီး လင်းယွန် နောက်သို့ ပြေးလိုက် သွား ကြ၏။
ငရဲ သစ်ခွ ခြံဝင်းနှင့် လွတ်ရာ ရောက်ချိန် မှသာ လင်းယွန် တစ်ယောက် သက်ရှူ ချောင် သွား ခဲ့သည်။
( နေ-လ ရူရ် တကယ် ရှိလား။ )
( ရှိတယ် ... ၊ ဒါပေမယ့် တည်နေရာကို အတည် မပြုနိုင် သေးဘူး၊ ဟီး ဟီး ... ငါတို့က လူမှန်- နေရာမှန်၊ ရောက်လာ တာပဲ။ )
ခရမ်းငယ်က စိတ်လှုပ်ရှား နေသော လေသံဖြင့် ပြောသည်။
( အဲဒါ ကောင်းတယ်၊ ငါ ဆက်ပြီး ဟန်ဆောင်ဖို့ ... မတတ်နိုင် တော့ဘူး။ )
( ဟမ့်... ငါ့အမြင် မှာတော့ နင်ပျော် နေပါတယ်၊ ပိုင်ရှုရင်က နင့် နာမည်ကို ခေါ်လိုက် ရတယ် မဟုတ်လား။ )
( တိတ်စမ်း ... ၊ ယဲ့ချင်းရှန် ဘာတွေ လုပ်ခဲ့လဲ ငါ မသိဘူး၊ ပိုင်ရှုရင်က ငါ့ကို တကယ် သတ်ချင် နေတာ၊ ...
... ငါ ခုခံချင် ရင်တောင် ... ဒီလူတွေ အကုန်လုံးကို မဖြေရှင်း နိုင်ဘူး၊ မတရား အသတ်ခံ ရနိုင်တယ်။ )
ယဲ့ချင်းရှန် အတိတ်ကို မသိ သော်လည်း၊ သူမ၏ သတ်ပစ် လိုသော ရည်ရွယ်ချက် သည်၊ အတု အယောင် မဟုတ်ကြောင်း ပြောနိုင်၏။
( ဟီးဟီး ... တခြား လူ ဆိုရင်တော့ ... ၊ အလိမ် ပေါ်မှာ သေချာတယ်၊ ဒါပေမယ့် နင်နဲ့ ယဲ့ချင်ရှန်က လူယုတ်မာ စရိုက်ချင်း တူတော့ အဆင်ပြေ ပါတယ်။ )
( ပါးစပ် ပိတ်ထား ... ။ )
လင်းယွန်က မျက်နှာ ပျက်ယွင်းစွာ ပြော လိုက်သည်။ သူသည် ယဲ့ချင်းရှန် ကဲ့သို့သော လူမျိုး ဖြစ်နိုင်စရာ အကြောင်း မရှိချေ။
“ အစ်ကိုကြီး စောင့်ပါဦး ... ။ ”
ပြေးလိုက် လာသော ချန်ဖန်က လှမ်းအော်သည်။ သူ့မျက်ဝန်း များ၌ လေးစားမှု အပြည့် ရှိနေ၏။
“ စီနီယာ အစ်ကို ... ။ ”
အခြားသော တပည့်များ ကလည်း ရိုသေစွာ ကြည့်လာ ကြသည်။ လင်းယွန် မျက်နှာ၌ အပြုံး တစ်ပွင့် ပြန်ပေါ် လာပြီး၊ ရပ်စောင့် နေလိုက်၏။
ထိုအချိန်တွင် လေတိုးသံများ ဆူညံ လာသဖြင့်၊ ခေါင်းမော့ ကြည့်လိုက်ရာ၊ ပျံသန်း နေသော အမျိုးသမီး တစ်စုကို မြင်လိုက် ရသည်။
“ ခစ် ခစ် ခစ် ... ။ ”
ပြုံးရယ်လျက် ဆံပင် များနှင့် ခါးတွင် အရောင် တူညီသော ဖဲကြိုးများဖြင့် အလှဆင် ထားလေသည်။
***