← Chapters

လူယုတ်မာ ... ။

Vol. 135 Ch. 1882

လူယုတ်မာ ... ။

Vol. 135 Ch. 1882

အဖွဲ့ကို ဦးဆောင် နေသည့် အမျိုး သမီးသည်၊ အဖြူရောင် ဝတ်စုံကို ဆင်မြန်း ထားပြီး၊ အဆုံး မရှိသော ကျက်သရေမျိုး ဆောင်၏။

ထို့ကြောင့် ဝိုင်ပုလင်းအား သောက်ရန် မြောက် လိုက်သော လင်းယွန် လက်မှာ၊ လေထဲ ရပ်တန့် သွားတော့သည်။

( ရီ ရှင်း ယန် လား ... ။ )

အမျိုးသမီးက လင်းယွန်ထံ တစ်ချက် ငုံကြည့်ကာ၊ ဆက်သွား လေသည်။ စိတ်နေ စိတ်ထားနှင့် အသွင်အပြင် ပြောင်းလဲ သွားခဲ့ သော်လည်း၊ လင်းယွန်မှ ချက်ချင်း မှတ်မိ နိုင်သည်။

သူမသည် ဓားနန်းတော်၌ သူ့အား စောင့်ရှောက်ကာ၊ သူ့အတွက် အိမ်ရှေ့ မင်းသား ကို၊ လက်ထပ် ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် နှင်းမုန်တိုင်း ထဲတွင် သူ ဓားဆွဲ ခဲ့ရသည်။ နူးညံ့သော အကြည့် များဖြင့် အတိတ် ကို ပြန် သတိ ရကာ၊ ငေးငိုင် သွားမိ၏။

ထိုအပြု အမူကြောင့်၊ မရဏ မိုးကြိုး တောင်ထိပ်၏ တပည့် များမှာ အံ့သြ သွားပြီး၊ ပြုံးစိစိ ဖြစ်လာ ကြသည်။

ဤသည်မှာ သူတို့ သိသော စီနီယာ အစ်ကို ယဲ့ချင်းရှန် ဖြစ်သည်။

“ အစ်ကိုကြီး ... ဒါ တော်ဝင် သမီးတော် ခြံဝင်းက မြောင်ရင်ပါ၊ အစ်ကိုကြီး... မင်း သူ့ကို ရန်စလို့ မရဘူး၊ သူ့ဆရာက ...

... အရမ်း ရက်စက် ကြမ်းကြုတ်တယ်၊ ကောင်းကင် ကျောက်စိမ်း ဓား သူတော်စင်နဲ့ မျိုးဆက် အတူတူပဲ၊ အား မနည်းဘူး။ ”

ချန်ဖန်က သတိ ပေးသည်။

“ ဟုတ်တယ် စီနီယာ အစ်ကို ... ၊ စီနီယာ အစ်မ မြောင်ရင်က ကောင်းကင် တာအို ဂိုဏ်း ကို ရောက်လာ တုန်းက၊ တပည့် အချို့ ...

... နှောင့်ယှက်ဖို့ ကြိုးစား ဖူးတယ် ... ၊ ဒါပေမယ့် သူတို့ အကုန်လုံးကို သူ့ဆရာက သတ်ပစ် ခဲ့တယ်။ ”

“ ဟုတ်တယ် ... မြောင်ရင်ရဲ့ ဆရာက ကြောက်စရာ ကောင်းပြီး ... ၊ မဟာ သူတော်စင် နယ်ပယ် ကိုတောင် ကျော်လွန် သွားပြီ ဆိုတဲ့ ကောလ ဟာလတွေ ရှိတယ်။ ”

မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များ အားလုံးက မြောင်ရင် အပေါ်၊ လှုပ်ရှား မည်ကို စိုးရိမ် သဖြင့် သတိ ပေးလာ ခဲ့သည်။

လင်းယွန်က ခေါင်းယမ်း လိုက်သည်။ ဤအမျိုး သမီးမှာ မြောင်ရင် မဟုတ်ချေ။ စီနီယာ အစ်မ ရှင်းယန် ဖြစ်သည်။

“ ငါ ပြန် သွားရမယ်။ ”

ထိုကြောင့် တပည့်ငယ် များ၏ သတိပေး သံကို လျစ်လျူရှုကာ၊ ငရဲ သစ်ခွ ခြံဝင်း ထံသို့ အမြန် ပြန်လှည့် လိုက်သည်။

ရုတ်တရက် ယဲ့ချင်းရှန် ပြန်ဝင် သောကြောင့်၊ လူတိုင်း မျက်ခုံးပင့် မိကုန်သည်။ သို့သော် လင်းယွန်က ၎င်းတို့အား လျစ်လျူရှုပြီး မြောင်ရင်ထံ လျှောက်လှမ်း သွား၏။

“ မိန်ကလေး မြောင်၊ မင်း ကြည့်ရတာ ငါ့ သူငယ်ချင်း တစ်ယောက်နဲ့ တူနေတယ်၊ ငါတို့ အရင်က တွေ့ဖူးလား။ ”

လင်းယွန် မေးခွန်းကြောင့် လူတိုင်း တိတ်ဆိတ်သွား တော့သည်။ တော်ဝင် သမီး တော် ခြံဝင်းမှ တပည့်မ များက၊ မြောင်ရင် အနား တိုးကပ် လာပြီး၊

“ စီနီယာ အစ်မ ... သူက ယဲ့ချင်းရှန်ပဲ၊ ယဲ့ချင်းရှန် အသက်ရှင် ရတာ ငြီးငွေ့ နေပြီလား။ ထွက်သွားစမ်း ... ။ ”

“ အသူရာ ဓား သူတော်စင်က နင့်ကို ထောက်ခံ ပေးထားလို့၊ ဘယ်သူမှ မထိဝံ့ ဖူးလို့ မထင် လိုက်နဲ့၊ ငါတို့ ဆရာ ဒေါသ ထွက်လာရင်၊ နင့်ကို ကယ်မဲ့ လူ မရှိဘူး။ ”

“ ငါတို့ မတွေ့ဖူး ပါဘူး။ ”

မြောင်ရင် အနားမှ အမျိုးသမီး တစ်ဦးက၊ အော်ဟစ် မောင်းထုတ် လာသည်။ လင်းယွန်က သူမ စကား အပေါ် ဒေါသ မထွက်ပေ။ ထိုအစား ရွှင်လန်း လာသည်။ မြောင်ရင်သည် ရီရှင်းယန် ဖြစ်ကြောင်း လုံးဝ သေချာ ချေ၏။

“ ဒါဆို ... လူမှား သွားတာ နေမှာပါ၊ ညီအစ်မတို့ ... ငါ အနားယူ လိုက်ပါ ဦးမယ်။ ”

လင်းယွန်က ပြုံးပြီး လှည့်ထွက် လာခဲ့ သည်။ စီနီယာ အစ်မမှ သူ့အား သိရန် မလိုချေ။ သူ သိနေ ဖို့သာ လို၏။

“ ယဲ့ချင်းရှန် ... ၊ ငရဲ သစ်ခွ ခြံဝင်းကို ... ဘာများ ထင်နေလဲ၊ မင်းဆန္ဒ အတိုင်း သွားလာ လို့ ရတယ်များ ထင်နေလား၊ ဟမ့် ... ။ ”

လူငယ် တစ်ယောက်က စားပွဲပေါ် ရိုက်ချကာ မေးလာသည်။ ၎င်း အမည်မှာ လောချောင် ဖြစ်ပြီး၊ မရဏ တတိယ အဆင့် အထွတ် အထိပ် ဖြစ်၏။

အသက် (၂၃) နှစ်သာ ရှိသဖြင့်၊ လဝက် အကြာ၌၊ သူတော်စင် တပည့် အဖြစ်သို့ ရာထူး တိုးမြှင့် ခံရတော့မည် ဖြစ်သည်။

ဤဓားစည်းဝေး ပွဲတွင်၊ သူ့ အမည်ကို တည်ဆောက်ရန် ဆုံးဖြတ် ခဲ့သည်။ သို့သော် လင်းယွန်မှ အရာ အားလုံးကို ယူသွား၏။

အထူးသဖြင့် ပိုင်ရှုရင်၏ နောက်ဆုံးသော ဓားကို ဖြေရှင်းခြင်းသည် မနာလို စရာ ကောင်း လောက်အောင် ကြည့်ကောင်း နေသည်။

“ ညီလေး ... ငါတို့ အားလုံးက ... ၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ တပည့် တွေပဲ၊ မကြာခဏ ဆိုသလို တောင်ထိပ် တစ်ခုနဲ့ တစ်ခု၊ ...

... အပြန် အလှန် လည်ပတ် သင့်တယ် မဟုတ်လား၊ အခု လူတိုင်း ... ငါ့ရဲ့ မရဏမိုးကြိုး တောင်ထိပ်ကို လာနိုင် ပါတယ်၊ အချိန် မရွေး ကြိုဆိုတယ်။ ”

လင်းယါန်က အပြုံးဖြင့် ပြန်ဖြေသည်။

“ အပြန် အလှန် လည်ပတ် ရမယ် ဟုတ်လား၊ ယဲ့ချင်းရှန် ... မင်း ဘယ်လိုတောင် ပြောရဲ တာလဲ၊ ဟား ဟား ဟား ... မင်းက လွန်ခဲ့တဲ့ တစ်နှစ်က မိန်းမ တစ်ယောက်လို အသွင် ယူပြီး၊ ငရဲ သစ်ခွ သလင်းကျောက် ...

... ရေကန်ထဲ ခိုးဝင် ခဲ့တယ် ... ၊ ငါတို့ရဲ့ သန့်ရှင်းသော သမီးတော် ရေးချိုး တာကို၊ မင်း ချောင်းကြည့်ပြီး၊ ဂုဏ်သိက္ခာကို ဖျက်စီး ပစ်ချင် နေတာ မဟုတ်လား။ ”

လောချောင် စကားကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။ အကြည့် များစွာ သူ့အပေါ် ချက်ချင်း ကျဆင်း လာသည်။

သူ စကား အများကြီး ပြောလိုက် မိပြီ ဖြစ်၏။

“ ယဲ့ချင်းရှန် ... မင်းလို လူက ငါတို့ကို မကြာခဏ လာလည်ဖို့ ဖိတ်ခေါ် ရဲ တယ်လား၊ ရှက်စရာ ကောင်း လိုက်တာ။ ”

လင်းယွန် ခမျာ စကားပြန် မပြောနိုင် တော့ချေ။ သူ့ကဲ့သို့ မျက်နှာပြောင် တိုက်ဝံ သူ သည်ပင်၊ ဤသို့သော အချင်း အရာမျိုး လုပ်ဆောင်ရန် မဝံ့ချေ။

နောက်ဆုံးတွင် လူတိုင်းက သူ့အား အဘယ့်ကြောင့် သတ်ချင် နေသည်ကို နားလည် လာရသည်။

( ဟား ဟား ဟား ... ၊ လင်းယွန် ... နင် မြန်မြန် ဖြေရှင်းတော့ မဟုတ်ရင်၊ နင် အယောင် ဆောင် နေတာ၊ သူတို့ သိကုန် လိမ့်မယ်။ )

ခရမ်းငယ်က သေတ္တာထဲမှ နေ၍ တဟားဟား ရယ်လေသည်။ ဤအခိုက် အတန့် တွင် နောက်ပြန် မဆုတ်နိုင် တော့မှန်း နားလည် လာသည်။

ထို့ကြောင့် အံကြိတ် လိုက်ကာ၊

“ အလှ တရားကို ... မကြိုက်တဲ့ ... လူ ဘယ်သူ ရှိလဲ၊ စီနီယာ အစ်မ ပိုင်လို အမျိုးသမီး ကို မင်းရော သဘော မကျ ဖူးလား၊ လူ တစ်ယောက်က၊ ...

... လူ တစ်ယောက်ကို သဘော ကျတာ ဘာများ မှားလို့လဲ၊ ငါက မင်းတို့ တွေထက် ပို သတ္တိ ရှိရုံပါ။ ”

-ဟု မျက်နှာပြောင် တိုက်လိုက် ရတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ယဲ့ချင်းရှန်မှာ အမှန်ပင် ယဲ့ချင်းရှန် ဖြစ်ချေပြီ။ လူအများ ရှေ့၌ အရှက် မဲ့စွာ ပြောဝံ ခေျ၏။

“ သတ္တိရှိ တာလား ... ၊ ဟား ဟား ဟား ဒါက လူယုတ်မာ တစ်ယောက်ရဲ့ အပြု အမူပါ၊ သတ္တိ ရှိတာ မဟုတ်ဘူး။ ”

“ တစ်စုံ တစ်ယောက် အပေါ် သဘောကျ မိတာ နဲ့ပဲ၊ လူတိုင်းက ငါ့ကို ဆဲဆို ကြိမ်းမောင်း မုန်းတီး နေကြတယ်၊ ကောင်းပြီ ဒါဆို ကျေကျေ နပ်နပ်ကြီး ငါ ခံယူမယ်၊ ...

... မှားခဲ့ ရင်တောင် ... စီနီယာ အစ်မလို အလှတရား အောက်မှာ ကျရှုံး ခဲ့တာမို့ ကျေနပ် ပါတယ်၊ ဒါပေမယ့် တကယ်တော့ ငါက၊ ...

... ယဲ့ မိသားစုက စွန့်ပစ် ထားတဲ့ ... အမှိုက်ပဲ၊ ငရဲ သစ်ခွ ခြံဝင်းက သန့်ရှင်းသော သမီးတော်နဲ့ ... အမှန်လည်း မသင့်လျော် ပါဘူး။ ”

လင်းယွန်က နာကျင်သော လေသံဖြင့် ညည်းတွား ဝန်ခံ လိုက်သည်။ သူ့စကားကြောင့် တော်ဝင် သမီးတော် ခြံဝင်း၏ တပည့်မ များက သနားလာ ကုန်၏။

ဂိုဏ်းရှိ သန်မာ သူတိုင်းက၊ ဤလူငယ် အပေါ် အမှိုက် အဖြစ် ယူဆကာ၊ ရိုက်နှက် အနိုင်ကျင့် တတ် ကြသည်။

လွန်ခဲ့သော တစ်နှစ်က ဒုက္ခိတ ဖြစ်သွား ပြီးနောက်၊ ယခု ကဲ့သို့ ပြန်လည် ရှင်သန် လာ နိုင်သည်မှာ၊ အံ့သြ စရာ ပေပင်။

လင်းယွန် အမူအရာနှင့် အစောပိုင်း ရွတ်ဆို သွားသော ကဗျာအား ပြန်လည် ဆက်စပ် ကာ၊ ပိုင်ရှုရင် တစ်ယောက် စိတ်ရှုပ် ထွေးလာသည်။

ပြန်တွေး ကြည့်သော် ယဲ့ချင်းရှန်မှာ သနားစရာ ကောင်းချေ၏။ သို့သော် အကြောင်း တစ်ခု ခုကြောင့်၊ ၎င်းစကား များအပေါ်၊ တစ်စုံ တစ်ရာ မယုံနိုင် ဖြစ်လာသည်။

လောချောင် မျက်နှာမှာ ဒေါသဖြင့် နီရဲလာပြီး၊

“ မင်းလောက် အရှက် ကင်းမဲ့တဲ့ လူ တစ်ယောက်မှ ငါ မတွေ့ ဖူးဘူး၊ အဲဒီ တုန်းက အစ်ကို ကျန်းဆီ ကနေ ... ခွင့်လွှတ် ပေးဖို့ တောင်းပန် ခဲ့တာ ငါ မြင်တယ်။ ”

-ဟု ဆိုလိုက် တော့သည်။

“ ဟုတ်တယ် ... ၊ အဲဒီ တုန်းက အရှက်ခွဲ ခံလိုက် ရလို့သာ၊ ငါ ပြန်လည် ရှင်သန် လာနိုင် ခဲ့တာပဲ၊ မဟုတ်ရင် ဘယ်လိုလုပ် ပြောင်းလဲ လာ မှာလဲ၊ ပြီးခဲ့တဲ့ တစ်နှစ် လုံး ...

... ငါ သန်မာ လာပြီ ဆိုတာကို ... ၊ သက်သေပြဖို့ အတွက်၊ ငရဲ သစ်ခွ ခြံဝင်းကို လာဖို့ ... ၊ နေ့တိုင်း ... ငါ အိပ်မက်မက် ခဲ့ရတယ်။ ”

စကားဆုံး သည်နှင့်၊ လင်းယွန်က အဝတ် အစား များကို ဖြည်ချကာ၊ သူ့ ရင်ဘတ်အား ဖွင့်ပြ လိုက်သည်။

“ ပိုင်ရှုရင် ... လူတိုင်းက ... ၊ ငါ့ကို လူယုတ်မာ အဖြစ် မြင်နေ ကြတယ်၊ အဲဒါကို ငါ ဂရု မစိုက်ဘူး၊ ဒါပေမယ့် မင်းက ငါ့ကို သူတို့ လိုပဲ မြင်ရင်တော့ ... အခုပဲ မင်း ငါ့ကို ဓားနဲ့ ထိုးသတ် နိုင်တယ်၊ ငါ နောက်တွန့် နေမှာ မဟုတ်ဘူး။ ”

အချစ်ရူး တစ်ယောက် ကဲ့သို့ ဟန်ဆောင်လျက်၊ ပိုင်ရှုရင်အား လှမ်းကြည့်ကာ ဆိုလိုက်သည်။

ဤနေရာ၌ လူများစွာ ရှိသဖြင့်၊ ပိုင်ရှုရင်မှာ ရှက်ရွံ့ သွားပြီး ဒေါသ ထွက်လာ၏။ သို့သော် ... ။

တစ်၊ နှစ်၊ သုံး။ လင်းယွန်က စိတ်ထဲမှ နံပါတ်စဉ် ရေရွတ်ပြီး၊ သူ့ အဝတ်အစား များကို သပ်သပ် ရပ်ရပ် ဖြစ်အောင်၊ မြန်မြန် ပြင်ယူ လိုက်သည်။

“ ငါ လူရွေး မမှားဘူး၊ စီနီယာ အစ်မ ပိုင်က ငါ့ကို တကယ် မသတ် ပါဘူး။ ”

-ဟု ဆိုကာ လှည့်ထွက် လာခဲ့သည်။ သို့သော် လောချောင်မှာ သူ့အား လွှတ်ထားရန် ရည်ရွယ်ချက် မရှိချေ။

“ ယဲ့ချင်းရှန် ... စီနီယာ အစ်မ ပိုင်က ကြင်နာပြီး ... ၊ မင်းကို သည်းခံနိုင် ပေမယ့် ငါ မဟုတ်ဘူး။ ”

ဓားကို ဆွဲထုတ်ပြီး၊ လင်းယွန်ထံ ခုန်ဆင်း လာသည်။ ဤတိုက်ခိုက်မှုတွင် သူ့ ခွန်အားကို ထိန်းထားခြင်း မရှိ သောကြောင့်၊ ထိတ်လန့် စရာ ကောင်းပေ၏။

သို့သော် လင်းယွန် ဓားက သူ့ထက် မြန်သည်။ လည်ပြန် လှည့်ကာ ခုတ်ချ လိုက် သည်။

လောချောင် တစ်ယောက် ဓား လွတ်ကျ သွား၏။ ရင်ဘတ်၌ ဆိုးရွားသော ဒဏ်ရာ တစ်ခု ပေါ်လာသည်။ သူ့ နဂါး မူလသည် လင်းယွန်၏ ဓားကို ဟန့်တားရန် ပျက်ကွက် ခဲ့ချေပြီ။

လင်းယွန်က ဓားဖျားမှ သွေးများကို ခါထုတ်ကာ၊ ရှင်းယန်အား ခိုးကြည့် လိုက်မိ သည်။

သို့သော် သူ့အား အလေး အနက်ထား၊ ပြန်လည် စိုက်ကြည့် နေသော ပိုင်ရှုရင် အကြည့် နှင့် လမ်း၌ ဆုံသဖြင့်၊ ချက်ချင်း လှည့်ထွက် လာခဲ့ တော့သည်။

စိတ်ထဲ ၌မူ ပြုံးလိုက် မိ၏။ ပိုင်ရှုရီသည် သူ့လုပ်ရပ်များ အတွင်း၊ မျောပါ သွားပုံ ရလေ သည်။ ထိုအတွေးက ခရမ်းငယ်၏ လူယုတ်မာ ဟူသော ခေါ်သံကို ပြန်၍ သတိ ရလာ စေ၏။

***

All Chapters