ဓားသုံးလက် တောင်တန်း နှစ်ခု ... ။
Vol. 135 Ch. 1883
လင်းယွန် လက်ချက်ဖြင့်၊ လောချောင် တစ်ယောက် ဒဏ်ရာ ပြင်းစွာ ရရှိ သွားသဖြင့်၊ လူတိုင်း အံ့အား သင့်ကုန်၏။
လောချောင်သည် မရဏ တတိယ အဆင့်တွင် ရှိနေသည်။ ငရဲ သစ်ခွ ခြံဝင်းရှိ အခြားသော တပည့် များထက်၊ သန်မာ၏။
ထို့ကြောင့် လင်းယွန် ထွက်ခွာ သွားချိန် အထိ၊ လူတိုင်း မှင်တတ် နေဆဲ ဖြစ်လေသည်။ တစ်နှစ် အတွင်း ဤမျှ သန်မာ လာနိုင် သည် လော။
“ ဒီကောင် အရမ်း သန်မာတယ်၊ လဝက် အတွင်း သူတော်စင် တပည့် ဖြစ်လာ လိမ့်မယ်။ ”
“ ဒါပေမယ့် လုံးဝ မပြောင်း လဲဘူး၊ အရင်ကလို အရှက်မဲ့ နေတုန်းပဲ၊ ကောင်းကင် တာအို ဂိုဏ်းမှာ၊ သူလောက် အရှက်ကင်း မဲ့တဲ့ လူ မရှိဘူး။ ”
“ နင်တို့ ဘာလို့ အဲ့ဒီလို အပြစ် မြင်နေတာလဲ၊ တစ်စုံ တစ်ယောက်ကို သဘောကျ မိတာက အပြစ်လား။ ”
အခြားသော တောင်ထိပ် များ၏ တပည့်များကို၊ တော်ဝင် သမီးတော် ခြံဝင်းမှ အမျိုးသမီး များက အော်ငေါက် လိုက်၏။
သူတို့သည် ယဲ့ချင်းရှန်အား ကွဲပြားစွာ မြင်လာပြီ ဖြစ်သည်။ ဤသို့ စိတ်ကူးယဉ် ဆန် တတ်မှန်း မသိ ခဲ့ချေ။
စကားလုံး များက သူတို့ ညီအစ်မ တစ်ဝက်ကို ထိသွားပြီး၊ ချောမောသော အသွင် အပြင်က၊ ကျန်တစ်ဝက်အား စွဲဆောင် သွားချေ၏။
ယဲ့ချင်းရှန်၏ အသား အရေသည်၊ အမျိုးသမီး တစ်ယောက် ထက်ပင် ပိုမို လှပ နေသည်။ အမျိုးသားများ အမြင်တွင် မိန်းမ ဆန်ပုံရ သော်လည်း၊ ၎င်းမှာ အမျိုးသမီးများ အတွက် ရင်ခုန် စရာ ဖြစ်၏။
ယင်းက ထျန်ရွှမ်ဇီ ကဲ့သို့ ဣတ္ထိယ အသွင် အပြင်မျိုး ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံ မဟာ သူတော်စင်သည်၊ ပို၍ သာလွန်ပြီး ပန်းချီကားနှင့် အလား သဏ္ဍာန် တူ၏။
ယဲ့ချင်းရှန် အတွက်မူ၊ အစစ် အမှန် တစ်ယောက် အဖြစ် ခံစားရသည်။ ရီရှင်းယန်က မိန်းမော ကုန်သော ဂျူနီယာ ညီမ များကို ကြည့်ကာ၊ ပြုံးမိ၏။
ဤယဲ့ချင်းယန်မှ စိတ်ဝင်စား စရာ ကောင်းချေသည်။ သဘောကျရိုး မှန်က အမျိုး သမီး အသွင် ယူကာ၊ ရေကန်ထဲ ပုန်းအောင်း နေမည် မဟုတ်ချေ။
ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော်နှင့် ပတ်သတ်ပြီး၊ သရုပ် ဆောင်ပြ နေမှန်း သူမ သိ၏။
( သူနဲ့ငါ အရင်က တွေ့ဖူးလား။ )
အသွင်အပြင် စရိုက် ကွာခြား သဖြင့်၊ ယဲ့ချင်းယန်နှင့် လင်းယွန်ကို သူမ ဆက်စပ် မကြည့် နိုင်ချေ။
“ သခင်မလေး၊ အခု ဘာလုပ် သင့်လဲ။ ”
ပိုင်ရှုရင် အနားမှ တပည့် များက မေး၏။
“ လူစု ခွဲပါ ... ။ ”
ပိုင်ရှုရင်မှ ပြန်ဖြေ၏။ ဓားဆွေးနွေး ပွဲအား ဆက် ကျင်းပရန်၊ မဖြစ် နိုင်တော့ချေ။
တစ်ချိန် တည်းမှာပင် တစ်စုံ တစ်ရာ မှားယွင်း နေပြီဟု ခံစား လာမိသည်။ တစ်ဖက် လူသည် ဤသို့သော ရဲရင့်သည့် အသွင်မျိုး လုံးဝ မရှိ ခဲ့ဖူးချေ။
( ငရဲ သစ်ခွခြံမှာ တကယ်ပဲ နေ-လ နတ်ရူရ် ရှိနေ တာလား။ )
လင်းယွန်မှ လွတ်ရာသို့ ရောက် သည်နှင့်၊ ခရမ်းငယ်အား မေးလိုက်သည်။
( ဟုတ်တယ် ... ၊ ဒါပေမယ့် နေရာ အတိအကျတော့ မသိ ခဲ့ဘူး၊ ခြံဝန်း ထဲမှာ ဆိုတာတော့ သေချာတယ်။ )
လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်၏။ ငရဲသစ်ခွ ခြံဝင်းသည် ကျယ်ပြောပြီး ဆွေးနွေးပွဲ ကျင်းပရာ ခန်းမ သည်ပင်၊ ရေခဲတောင်၏ အစွန် အဖျား မျှသာ ဖြစ်နေသည်။
နေ-လ နတ်ရူရ် သည်သာ၊ လျှို့ဝှက် နယ်မြေတွင် ရှိနေသော်၊ ဒုက္ခ ဖြစ်လာ နိုင်၏။
( ဟီးဟီး ... ၊ ပိုင်ရှုရင်နဲ့ ဆက်ဆံဖို့၊ နင့်ရဲ့ မိုက်မဲတဲ့ အရည် အချင်းကို၊ မကြာ-မကြာ သုံးရ မယ်၊ သူက နင့်ထက် ... ငရဲ သစ်ခွ ခြံဝင်းကို ပိုရင်းနှီးတယ်။ )
ခရမ်းငယ်မှ အပျော် သဘောဖြင့် ပြောလေသည်။ ယင်းကို လင်းယွန်မှ ဂရုမစိုက် ဘဲ လျစ်လျူရှု လိုက်၏။
ဤခန္ဓာ ပိုင်ရှင်သည် အမျိုးသမီး အသွင်ဖြင့်၊ ရေကန်ထဲ ခိုးဝင်ခဲ့ သည်လော။ လူတိုင်း ရွံရှာ ကြ သည်မှာ အဓိပ္ပါယ် ရှိလေသည်။
“ စီနီယာ အစ်ကို ... ။ ”
ရုတ်တရက် ချန်ဖန်က ကောင်းကင်မှ ဆင်းသက် လာသည်။ လင်းယွန်မှ ခေါင်းညိတ် လျက်၊
“ ချန်ဖန် ... ၊ ကျန်းယွီက ဘယ်သူလဲ။ ”
-ဟု မေး လိုက်သည်။
ထိုမေးခွန်းကြောင့် ချန်ဖန်မှာ အံ့သြ သွားသည်။
“ အစ်ကိုကြီး ... ၊ ကျန်းယွီကို မမှတ်မိ တော့ဖူးလား၊ သူက မင်းကို လွန်ခဲ့တဲ့ တစ်နှစ် တုန်းက၊ နှိပ်စက် ခဲ့တဲ့ လူပဲ။ ”
“ ပြီးခဲ့တဲ့ နှစ်တွေက အကြောင်း အရာ တော်တော် များများကို၊ ငါ သတိ ပြန် မရတော့ ဘူး၊ ဒါကြောင့် ငါ မေးတာပဲ ဖြေပါ။ ”
“ အစ်ကိုကြီး ... ကျန်းယွီက တာအို ယန်နန်းတော်ရဲ့ သူတော်စင် တပည့်ပဲ၊ သူက စီနီယာ အစ်မ ပိုင်ကို သဘောကျ နေတဲ့ လူတွေထဲက တစ်ယောက်ပါ၊ ...
... လောချောင်က သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်၊ အဲ့ဒါကြောင့် စောစောက ရန်ရှာဖို့ ထွက်လာ ခဲ့တာပဲ။ ”
သူတော်စင် တပည့်များ တွင်ပင် အဆင့် အတန်း မတူကြချေ။ သူတော်စင်များ၏ တပည့် နှင့်၊ သူတော်စင် တစ်ပါး၏ တပည့် ဟူပြီး ရှိသည်။
သူတော်စင် များ၏ အဆုံး အမကို နားထောင် ရန်သာ အရည်အချင်း ပြည့်မီသူ များအား၊ (သူတော်စင် ပြင်ပ တပည့်) အဖြစ် သတ်မှတ်ပြီး၊ ၎င်းတို့၌ ဆရာ သီးသန့် မရှိချေ။
သူတော်စင် တစ်ပါး၏ တပည့် ကိုမူ၊ သူတော်စင် တိုက်ရိုက် တပည့် အဖြစ် ခေါ်ဆို နိုင်ပြီး၊ ၎င်းတွင် ကိုယ်ပိုင် သူတော်စင် ဆရာ ရှိသည်ဟု အဓိပ္ပါယ် ရ၏။
“ တာအို ယန်-နန်းတော်မှာ ... ၊ ကျန်းယွီ ခွန်အားက၊ ထိပ်တန်း (၁၀)ဦး အဆင့် ဝင်တယ်၊ သူက ရှေးဟောင်း သူတော်စင် မိသားစု၊ ...
... ကနေ ဆင်းသက် လာသူပဲ၊ ဒါပေမယ့် စိတ်မပူနဲ့ ... အခု ကောင်းကင် တာအို ဂိုဏ်းမှာ သူ မရှိဘူး၊ ...
... လွန်ခဲ့တဲ့ တစ်နှစ်က အစ်ကိုကြီးရဲ့ ခြေတွေ လက်တွေကို ချိုးပြီး၊ နဂါး သွေးလွှတ် ကြော တွေကို၊ သူ ဖျက်ဆီး ခဲ့တာ ... ။ ”
ချန်ဖန် စကားကြောင့် ယဲ့ချင်းရှန် သေဆုံးရသည့် အကြောင်းရင်းကို ခန့်မှန်း လာ နိုင်သည်။
လူအများ ရှေ့၌ အရှက် ရဖွယ် ရိုက်နှက် ခံခဲ့ရ ပေမည်။ သနားစရာ ကောင်းသော အခြေ အနေမျိုး ဖြစ်သဖြင့်၊ သက်ပြင်းချ လိုက်၏။
“ မင်း အရင် ပြန်သွားလို့ ရပြီ၊ ငါ လမ်းလျှောက် လိုက်ဦးမယ်။ ”
“ အစ်ကိုကြီး ... မရဏ မိုးကြိုး တောင်ထိပ်ကို ဘယ်လို ပြန်သွား ရမလဲ မှတ်မိ သေးလား။ ”
“ မှတ်မိတယ်။ ”
ထို့နောက် ကောင်းကင် တာအို ဂိုဏ်း အတွင်း၊ လျှောက်လှမ်း လာ၏။ ကောင်းကင် တာအို ဂိုဏ်း၌၊ ကောင်းကင်ဓား တောင်နှင့် တာအို ဓားတောင် ဟူ၍၊ အထင် ကရ တောင်ကြီး နှစ်လုံး ရှိသည်။
တောင် နှစ်လုံးသည် နတ်ဘုရား များ၏ ဓားမှ ဖြစ်ပေါ် လာခဲ့ သည်ဟု ဆိုရိုး စကားများ ရှိခဲ့၏။
သို့သော် ထိုဓား နှစ်လက်ကို၊ မည်သူမျှ မဆွဲနိုင် ခဲ့ချေ။ နှစ်ပေါင်း ထောင်ချီ ရှိနေပြီ ဖြစ် သည်။ ယင်းကြောင့် ၎င်းသည် ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာပြီး၊ ဓားနှစ်လက် ရှိ-မရှိ မသိကြ တော့ချေ။
အဆုံးတွင် ကောင်းကင် တာအိုဂိုဏ်း ဟူသည်၊ ရွှေခေတ် ကတည်း ကပင် တည်ရှိ နေသော ဂိုဏ်း ဖြစ်သည်။
ကောင်းကင် ယင်-နန်းတော်နှင့် တာအို ယန်-နန်းတော်သည်၊ ဂိုဏ်းအတွင်း အသန်မာ ဆုံးသော အင်အားစု ဖြစ်၏။
နန်းတော် တစ်ခုစီသည် တောင်တန်း တစ်ခု စီကို သိမ်းပိုက် ထားပြီး၊ ၎င်းတပည့် များမှာ၊ ထို တောင်ပေါ်၌ ကျင့်ကြံခွင့် ရရှိထား ကြသည်။
နောက်တဖန် ခြံဝင်း သုံးခု သည်လည်း ထူးခြား ချေ၏။ နန်းတော် များထက် မနိမ့်ချေ။
လင်းယွန် ရှေ့၌၊ တောင်တန်း နှစ်ခုသည် အမှောင် ထဲတွင် လှဲလျောင်း နေသော အရိပ် မည်းကြီး နှစ်ခု အဖြစ် ထင်မှား စေသည်။
( လင်းယွန် ... ၊ ဒီကောင်းကင် တာအို ဂိုဏ်းက မရိုးရှင်းဘူး၊ ရှေးဦးခေတ် ကတည်းက တည်ရှိ နေတာ၊ အမှန်တော့ ဓားက (၃)လက်ပဲ၊ တောင်တန်း (၃)ခု ရှိသင့်တယ်။ )
ရုတ်တရက် ခရမ်းငယ်မှ ပြောလာသည်။
( ဒါဆို ကျန်တဲ့ ဓားက ဘယ်မှာလဲ။ )
( မသိဘူး ... ၊ အိုးရစ် ဓားသူတော်စင်က ကောင်းကင် တာအိုဂိုဏ်းကို အကြိမ်ကြိမ် လာခဲ့ ဖူးတယ်၊ ဘိုးဘေး နတ်ဘုရားလည်း လာတယ်၊ ဂိုဏ်းကို ကောင်းကင် တာအို ဆိုတဲ့ အမည်မျိုး၊ ပေးရဲတာ ကိုက၊ ဘယ်လောက် တောင် သတ္တိ ရှိလဲ၊ စဉ်းစား ကြည့်လိုက်။ )
ရုတ်တရက် အဖြူဝတ် လူ တစ်ဦးသည် ငရဲသစ်ခွ ခြံဝင်းမှ ပြေးထွက် လာပြီး ဦးတည်ရာ တစ်ရပ်ထံ ပျံသန်း သွားသည်။
ယင်းမှာ အမျိုးသမီး တစ်ဦး ဖြစ်သဖြင့်၊ ကောင်းကင် အမိုးဓားကို ထုတ်ကာ၊ စစ်ဆေး ကြည့်ရန် ကြိုးစား လိုက်၏။
သို့သော် အနား မရောက်မီ၊ သူ့ဓားအား ပြန်၍ တွန်းထုတ် ခံလိုက် ရသည်။ မျက်နှာ ဖြူ ဖျော့လျက် ထိတ်လန့် သွား၏။
“ လိုက်ကြည့် ရအောင်။ ”
သိချင် စိတ်များ ဖြစ်ပေါ် လာပြီး၊ တိတ်တဆိတ် လိုက်ပါ လာခဲ့သည်။ တာအို ဓား တောင်ပေါ် တက်သွား သဖြင့်၊ လင်းယွန်မှ ဆက်လိုက်ရန် ပြင်မိ၏။
“ အဲဒီမှာ ရပ်လိုက် ... ။ ”
“ မင်း ဘာလို့ ... ညကြီး သန်းခေါင် ရောက်လာ တာလဲ၊ တောင်ပေါ်မှာ ကျင့်ကြံ ချင်ရင် မနက်ဖြန်မှ လာခဲ့။ ”
ရုတ်တရက် နိဗ္ဗာန် အဆင့် သင်းထောက် နှစ်ယောက်ပေါ် လာကာ၊ ဟန့်တား လေသည်။
“ ဒါဆို သူကရော ... ။ ”
တစ္ဆေ တစ်ကောင်လို လွင့်မျော နေသော အဖြူဝတ် အမျိုးသမီးထံ၊ လင်းယွန်မှ ညွှန်ပြ လိုက် မိသည်။
သူ့ မေးခွန်းကြောင့် သင်းထောက် (၂)ဦးက၊ အံဩစွာ ပြန်ကြည့်ပြီး၊
“ ဟား ဟား ဟား ... မင်း လူမိုက်လား ... ၊ အဲဒါ ကျောက်စိမ်းဓား သူတော်စင်ပဲ ... ၊ မင်းက သူနဲ့ ယှဉ်ချင် လို့လား။ ”
-ဟု ပြန်မေး လာတော့၏။
***