← Chapters

အလှတရား သုံးပါး။

Vol. 135 Ch. 1884

အလှတရား သုံးပါး။

Vol. 135 Ch. 1884

အဖြူဝတ် အမျိုး သမီးအား ဓားဖြင့် စစ်ဆေးလိုက်ရာ၊ သူ မည်သူ မည်ဝါ ဖြစ်မည်ကို၊ ထုတ်ဖော် ပြသရာ ရောက်သွားပြီး ဖြစ်၏။

ကျောက်စိမ်းဓား သူတော်စင် ဟူသည် သူ့ဆရာနှင့် တူညီသော အဆင့် ရှိသည့် ဓား သူတော်စင် တစ်ပါး ပေပင်။

“ တောင်းပန် ပါတယ်၊ ကောင်းကင် တာအို ဂိုဏ်းကို မပြန် ကြာပြီ ဖြစ်လို့၊ ကျောက်စိမ်းဓား သူတော်စင်ကို ချက်ချင်း မမှတ်မိ လိုက်ဘူး။ ”

“ အဆင်ပြေ ပါတယ် ... ၊ မင်း တရားဝင် သူတော်စင် တပည့် ဖြစ်တဲ့ အခါ တောင်ပေါ် တက်ခွင့် ရမှာပါ၊ အနည်း ဆုံးတော့ တစ်နှစ်မှာ တစ်ကြိမ် အခွင့် အရေး ရှိတယ်။ ”

သင်းထောက် နှစ်ယောက်က လင်းယွန်၏ ကျင့်ကြံမှုကို မြင်နိုင် သဖြင့် ယဉ်ကျေးစွာ ပြော လာသည်။

“ ရှင်းပြမှု အတွက် ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ဆက်မနေ တော့ဘဲ၊ ထွက်ခွာ လာခဲ့သည်။

“ ဒီကောင်လေးကို ရင်းနှီး နေသလိုပဲ၊ ဒါပေမယ့် ဘယ်သူလဲ ဆိုတာတော့ မမှတ် မိဘူး၊ ဘယ် သူတော်စင် တပည့် ဖြစ်မယ် ထင်လဲ။ ”

သင်းထောက် နှစ်ယောက်က လင်းယွန် နောက်ကျောကို ကြည့်ကာ၊ စကား စမြည် ပြော ဆိုလျက် ကျန်ရစ် ခဲ့တော့သည်။

ထိုအချိန်တွင် ကျောက်စိမ်းဓား သူတော်စင်က တောင်ပေါ် ရောက်သွားပြီး၊ အဖိုးအို တစ်ဦးဖြင့် တွေ့ဆုံ နေခဲ့သည်။

ယင်းသည် မုတ်ဆိတ်များ ဆွတ်ဆွတ်ဖြူ နေသော အဘိုးအို တစ်ဦး ဖြစ်၏။ တာအို ယန် နန်းတော် သခင် ဖြစ်သည်။ အမည်မှာ လက် တစ်ထောင် မဟာ သူတော်စင် ပေပင်။

“ သိုင်းအဒေါ် ... ဘာတွေ ကြည့်နေ တာလဲ။ ”

“ ကလေး တစ်ယောက်ပါ ... ၊ သူ့ဓားနဲ့ ငါ့ကို စစ်ဆေးဖို့ ကြိုးစား လာလို့။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပြန် ဖြေသည်။ သူမ အသွင် အပြင်သည် အသက် နှစ်ဆယ်ကျော် အရွယ် ဖြစ်၏။

မျက်ဝန်း တစ်စုံသည် ကြယ်များ ကဲ့သို့ တောက်ပ နေသည်။ နဖူး၌ ရွှေရောင် ဖျော့ဖျော့ တံဆိပ် တစ်ခု ရှိ၏။

“ ဘယ်သူက ဒီလောက် ရဲရင့် နေတာလဲ။ ”

လက် တစ်ထောင် မဟာ သူတော်စင်မှ ပြုံးကာ မေးသည်။

“ ဓား ရည်ရွယ်ချက်ကို ပြန်တွန်းထုတ် ခဲ့တာတောင်၊ ငါ့ နောက်ကို တိတ်တိတ်လေး လိုက်လာ ရဲ သေးတယ်။ ”

“ ရိုင်းလိုက်တာ ... ဘယ် တောင်ထိပ် ကလဲ။ ”

“ ငါသာ မမှားရင် ... ၊ အဲဒီ လူက မင်း မိသားစု ကပါ။ ”

“ ကျွန်တော့် မိသားစု ကလား။ ”

လက် တစ်ထောင် သူတော်စင် ခမျာ တုန်လှုပ် သွားသည်။ သူသည် ယဲ့လုံယွီ ဖြစ်ပြီး ယဲ့ မိသားစုအား ဂိုဏ်း အတွင်း ခိုင်မာစွာ အုတ်မြစ်ချ ထားသည်။

နှစ်ပေါင်း များစွာ ကြာပြီးနောက်၊ ဂိုဏ်း အတွင်း ရှုပ်ထွေးသော အင်အားစုများ ထွက်ပေါ် လာကာ၊ အဖွဲ့ လေးဖွဲ့ ကွဲကုန်သည်။

လက်တစ်ထောင် သူတော်စင်က ချက်ချင်း ဆိုသလို လင်းယွန် ဦးတည်ရာ အရပ်ထံ မော့ ကြည့်ပြီး၊

“ ယဲ့ချင်းရှန် ... ။ ”

-ဟု ရေရွတ် လိုက်သည်။

ပုံမှန် အားဖြင့် ဆိုသော်၊ ကျောက်စိမ်းဓား သူတော်စင်သည် ယဲ့ချင်းရှန် အဆင့်ကို သိစရာ အကြောင်း မရှိချေ။

ဤသို့ သိနေ သည်မှာ ယဲ့ချင်ရှန် တစ်ယောက်၊ ဂိုဏ်း အတွင်း ‘နာမည်ကြီး၊’ လွန်း သောကြောင့် ဖြစ်သည်။

“ အဲဒီ အရိုင်း အစိုင်း လူယုတ်မာ လေးကို ... အခု သွားခေါ် ပေးပါ့မယ်။ ”

လက်သီး တစ်ထောင် သူတော်စင်မှ ဒေါသတကြီး ပြောလာသည်။ လင်းယွန်မှာ အဝေး ရောက်နေပြီ ဖြစ်သော်လည်း၊ မဟာ သူတော်စင် တစ်ပါး အတွက်၊ စာဖွဲ့ နေစရာ မရှိသေးချေ။

“ မလို တော့ဘူး ... ဒီလို အသေး အမွှား ကိစ္စလေး အတွက် ... ၊ ငါ့ အချိန်ကုန်တယ်၊ သူ့ အကြောင်း မင်းကို ပြောပြ ရတဲ့ ... အကြောင်း ရင်းက ငါ့မှာ ရှိတယ်။ ”

“ ဟုတ်ကဲ့ ... ဘာများလဲ ပြောပါ။ ”

လက်သီး တစ်ထောင် သူတော်စင်က စိတ်ဝင်တစား ပြန်မေးသည်။

“ သူရဲ့ ဓားက ... ကောင်းကင် အမိုးဓားပဲ။ ”

“ မဖြစ် နိုင်တာ ... ။ ”

လက်သီး တစ်ထောင် သူတော်စင် မျက်နှာ ပြောင်းလဲ သွားပြီး၊

“ ငါ့ မျိုးရိုးမှာ ... ဒီလိုမျိုး ဉာဏ်ကြီး ရှင်မျိုး ဘယ်တည်းက ရှိနေ ရတာလဲ။ ”

-ဟု တအံ့ တဩ ရေရွတ် လိုက်၏။

မရဏ အဆင့် မျိုးဖြင့် ကောင်းကင် အမိုးဓားကို ဆုပ်ကိုင် ထားနိုင်သည် ဟူသော အချက်မှာ တုန်လှုပ် စရာ ပေပင်။

ကောင်းကင် တာအို ဂိုဏ်းကြီး တွင်ပင် ထိုသို့သော ပါရမီ ရှင်မျိုး ရှားပါး ခေျ၏။

“ မင်းက မိသားစု အပေါ် လုံလုံ လောက်လောက် နားမလည် နိုင်သေး ပုံပဲ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ မှတ်ချက် ပေးလိုက်သည်။

“ တကယ်ပဲ ကျွန်တော် မျှော်လင့် မထားဘူး။ ”

ထိုဝေဖန် သံကြောင့်၊ လက်သီး တစ်ထောင် သူတော်စင်က ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိ၏။ သူ သည်သာ ထိုအကြောင်းကို သိသော် ၎င်း ယဲ့ချင်းယန်အား ခေါ်တွေ့ မိပေမည်။

“ ကူဟန် ကတော့ ... ယဲ့ မျိုးနွယ်စုမှာ၊ ပါရမီရှင် ဓားသမား တစ်ယောက် တွေ့ထား တယ်လို့ ... ၊ ဟိုတစ်လော ကပဲ သတင်း ပို့ခဲ့တယ်၊ ကျွန်တော် စိတ်မဝင်စား ...

... မိခဲ့ဘူး၊ ဒါဆို ယဲ့ချင်းရှန် ဖြစ်မယ် ထင်တယ်၊ တစ်နှစ် အတွင်း သူက ဒီလောက် တောင် ပြောင်းလဲ လာတာလား၊ ကြည့်ရတာ ယဲ့ မိသားစု ဘိုးဘေး နယ်မြေကို၊ အတင်း အကြပ် ဝင်ခဲ့ ပုံပဲ။ ”

လက်သီး တစ်ထောင် သူတော်စင်က ပြောသည်။ ကျောက်စိမ်းဓား သူတော်စင်က ၎င်း၏ အသွင် အပြင်ကို တိတ်ဆိတ်စွာ စောင့်ကြည့် နေခဲ့သည်။

ထို့ကြောင့် ယဲ့ချင်းရှန်၏ ကောင်းကင် အမိုးဓားသည် ပြီးပြည့်စုံ နေပြီ ဟူသော စကား အား၊ ဆက်မပြော တော့ဘဲ ချန်ထား လိုက်၏။

ဤသည်မှာ လုံယွီ၏ ထင်ကြေး မှားနေကြောင်း ပြသရာ ရောက်သည်။ ခဏ အကြာတွင် သူမက၊

“ လျှို့ဝှက် ဓားစံအိမ် ကနေ ဖိတ်စာ ရောက်လာတယ်၊ သူတို့က ဓားစည်းဝေး ပွဲကို မကြာခင် စတင် တော့မယ်။ ”

ဓားစံအိမ်သည် ခွန်လွန် အနှံ့တွင် ရှိပြီး၊ ၎င်းတို့၏ ဓားညီလာခံကို အဆင့် အမျိုးမျိုး ခွဲ ကာ ကျင်းပ လေသည်။

ဓားစံအိမ်မှ ကျင်းပသော ပွဲများသည် အကြွင်းမဲ့ ကောင်းကင် မြို့တော်မှ ကျင်းပသော ချင်းဖန် ဓား ညီလာခံကို မမီချေ။

ဤတစ်ကြိမ် အခမ်း အနားသည်၊ ဓားသမားများ အတွက် ခမ်းနားသော ပွဲတော် တစ်ခု ဖြစ်ပြီး၊ နှစ် (၂၀) မှ သာလျှင် တစ်ကြိမ် ကျင်းပသည့် ပွဲမျိုး ဖြစ်၏။

ကောင်းကင် တာအို ဂိုဏ်းသည် ဓားကို အာရုံ စိုက်သော ဂိုဏ်း မဟုတ်သော် ငြားလည်း၊ ဓားတာအို အမွေ အနှစ်များ ရှိပြီး၊ ဓား သူတော်စင်များ ပိုင်ဆိုင် ထားသည်။

“ ဒါကြောင့် အခု စပြီး၊ ယန် နန်းတော်ရဲ့ ဓားသမားတွေ အားလုံး အပေါ် စောင့်ကြည့် ရမယ်။ ”

“ ဒီကိစ္စ အတွက် ဆိုရင်တော့ ... ၊ သိုင်းအဒေါ် ကိုယ်တိုင် ကိုယ်ကျ လာဖို့ ... မလို ပါဘူး။ ”

လက်သီး တစ်ထောင် သူတော်စင်မှ ပြုံးကာ ပြန်ပြော လိုက်သည်။

“ မဟုတ်ဘူး ... ၊ ဒီတစ်ခါ မတူဘူး။ ”

ကျောက်စိမ်းဓား သူတော်စင်က ခေါင်းရမ်း၏။

“ ဒီတစ်ကြိမ် မှာတော့ ... ၊ ဂုဏ်သိက္ခာ အပြင်၊ အရေးကြီးတဲ့ အရာ တစ်ခု အပေါ်လည်း အာရုံစိုက် နေရမယ်၊ ဒါကြောင့် ပေါ့ပေါ့ တန်တန် လုပ်လို့ မရဘူး။ ”

“ ဟုတ်ကဲ့ ... အားလုံးကို စုဝေး နိုင်အောင် ကြိုးစား လိုက်ပါ့မယ်။ ”

“ ကောင်းပြီ ... ၊ ကောင်းကင် ယင် နန်းတော်ကို ဆက်သွား လိုက်ဦးမယ်။ ”

ပြောပြီး သည်နှင့် ကျောက်စိမ်းဓား သူတော်စင်က ထွက်ခွာ သွားသည်။ နန်းတော် နှစ်ခုသည် အဆင့် အတန်း တူညီ၏။

သို့သော် လက်သီး တစ်ထောင် သူတော်စင်ကြောင့်၊ ယန် နန်းတော်မှာ ပိုမို မြင့်မားသော အနေ အထားတွင် ရှိသည်။

ကျောက်စိမ်းဓား သူတော်စင်၏ ဂုဏ် သတင်းသည် ၎င်းထက် များစွာ မြင့်မား သဖြင့်၊ ငရဲ သစ်ခွ ခြံဝင်း သည်လည်း၊ မနိမ့် ကျချေ။

ဤအတော အတွင်း လင်းယွန်က မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်လာပြီး၊ ခရမ်းရောင် လျှို့ဝှက် နယ်မြေထံ၊ ဝင်ရောက် ခဲ့သည်။

ကျောက်စိမ်ဓား သူတော်စင်မှ အရေး စိုက်မည် မဟုတ်မှန်း သိသော်လည်း၊ အပြန် လမ်း တစ်လျှောက်လုံး ကြောက်ရွံ့ နေခဲ့၏။

သူ့နောက်ကျောထံ တစ်စုံ တစ်ဦးမှ စိုက်ကြည့် နေသည်ဟု ခံစားရသည်။ ထို့ကြောင့် အနာဂတ်တွင် သတိ ကြီးစွာ ထားရ ပေတော့ မည်။

မဟုတ်သော် မဟာ သူတော်စင်များ သံဿယ ဝင်လာ ပါက၊ မူလ ရုပ်သွင်အား ရောင်ဝါ ဖိအားဖြင့်၊ ဖော်ထုတ် ကြပေ လိမ့်မည်။

စီနီယာ အစ်ကို မရှိသေး ချိန်၌၊ နိမ့်ကျသော အသွင် ယူထားခြင်း သည်သာ၊ အကောင်းဆုံး ဖြစ်သည်။

တဖြည်း ဖြည်းဖြင့် ထိန်လန့်မှုများ ငြိမ်သက်သွား တော့သည်။ ပိုင်ရှုရင် ခွန်အားကို မြင်ပြီးနောက်၊ သူ့ ဆန္ဒများ ပို၍ ပြင်းပြ လာသည်။

“ ငါ့ရဲ့ ကျင့်ကြံမှုက ... ၊ အားနည်း နေသေးတယ်၊ သူတော်စင် တပည့်တွေ ဆိုတာ ကောင်းကင် တာအို ဂိုဏ်းမှာ အကြမ်း ထည်ပဲ၊ စစ်မှန်သော ပညာရှင်က သူတော်စင် တိုက်ရိုက် တပည့်။ ”

ငရဲပန်းကို ထုတ်ယူပြီး၊ ပွင့်ချပ် တစ်ချပ် ဖြုတ်လျက် သန့်စင် လိုက်သည်။ ၎င်းစွမ်းအင် သည် အရိယာ ဓားသုတ္တန်ကို ခိုင်ခံ့စေ သည်သာ မက၊ ကျင့်ကြံမှု တွင်လည်း လျင်မြန်စွာ တိုးပွား လာစေ၏။

လျှို့ဝှက်နယ်မြေ အတွင်း (၁၃)ရက်ကြာ ပြီးနောက် တစ်ပွင့်လုံး သန့်စင် နိုင်ခဲ့သည်။ ဤ အချက် တစ်ချက်တည်း ဖြင့်ပင်၊ စွမ်းအင်မှာ မည်မျှ များပြားကြောင်း မြင်နိုင်၏။

အဆုံးတွင် ၎င်းအကူ အညီဖြင့် အဋ္ဌမ အဆင့်သို့ ရောက်ရှိ လာခဲ့သည်။ တစ်ဖက် တွင်လည်း၊ ဒုတိယ မြောက် သွေးလွှတ် ကြော ကို ဖွင့်လှစ် နိုင်၏။ ၎င်းသည် တစ်နှစ်တာ ကျင့်ကြံမှု ဖြစ်လေသည်။

ထို့ကြောင့် ကျင့်ကြံမှုအား ရပ်နားကာ၊ နောက်ထပ် နှစ်ရက် တိုင်အောင် ပိုးစုန်းကြူး နတ်ဓားကို လေ့ကျင့် နေခဲ့သည်။

ဤရက်များ အတွင်း၊ ဓားရေးကို လေ့ကျင့်ခြင်းသည် ကောင်းကင် အမိုးဓားအား များစွာ နားလည် လာစေသည်။ သို့သော် ကြယ်ဓားကို အစပင် မဆွဲနိုင် သေးချေ။

သို့သော် အချိန် ကျပြီ ဖြစ်သဖြင့်၊ လျှို့ဝှက် နယ်မြေမှ ထွက်ကာ၊ ဒီမီဂေါ့ ဝိုင် တစ်ခွက်နှင့် ဓားသေတ္တာကို နဂါးလေး အတွက် ထားရစ်ခဲ့ လိုက်သည်။

ကောင်းကင် တာဂိုဏ်းသည် နှစ်စဉ် သူတော်စင် တပည့် လက်ခံပွဲကို တောင်နှစ်လုံး ကြားရှိ၊ ကောင်းကင် တာအို ပလ္လင်၌ ကျင်းပ ကြ၏။

နန်းတော် နှစ်လုံး၊ ခြံဝင်း သုံးခုနှင့် တောင်ထိပ် တစ်ရာ့ ရှစ်ပါးလုံး ပါဝင် ရသော ကြောင့်၊ စည်ကား နေပေမည်။

မရဏ မိုးကြိုး တောင်ထိပ် တွင်မူ၊ သူတော်စင် တပည့် မရှိခဲ့ သည်မှာ အလွန် ကြာမြင့် နေချေပြီ။

ထို့ကြောင့် ဤတစ်ကြိမ်တွင် သူတော်စင် တပည့် ရရှိလာ တော့မည် ဖြစ်သဖြင့်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ၊ စိတ်လှုပ်ရှား နေခဲ့သည်။

ငရဲ သစ်ခွ ခြံဝင်း အတွင်း လွန်ခဲ့သော (၁၅)ရက်ခန့်က ယဲ့ချင်းရှန် သောင်းကျန်း ခဲ့ သည်ကို သူ ကြားပြီး ဖြစ်၏။

ထိုအဖြစ် အပျက် များသည်၊ ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ် ဆယ်ရာ ရောက်ခဲ့ကြောင်း မြင်သာ နေသည်။

ယခင် တပည့်ကြီး ရာထူး ယူခဲ့သော လျူဟောင်က သူတော်စင် ဝတ်ရုံအား ကိုင်ဆောင်လျက် အပြေး အလွှား သွားနေ၏။

“ အစ်ကိုကြီး ... တောင်ထိပ် သခင်က ဒီဟာကို မင်းဆီ ပို့ခိုင်း လိုက်တယ်၊ သူက ငါ တို့ကို ကောင်းကင် တာအို ပလ္လင် ကနေ စောင့်နေ မယ်တဲ့။ ”

လျူဟောင်က ပြုံးလျက် လင်းယွန်အား ကမ်းပေး လိုက်သည်။ ငရဲ သစ်ခွ ခြံဝင်း အတွင်း ဖြစ်ပျက် ခဲ့သည့် အရာကို ကြား ပြီးနောက် အနာဂတ်တွင် ယဲ့ချင်းရှန်အား ရန်ငြိုး မထား တော့ရန် ဆုံးဖြတ် လိုက်သည်။

လင်းယွန်က အဝတ်အစား လဲကာ လူအုပ်ထံ ဝေ့ကြည့်ပြီး၊

“ ချန်ဖန် ... ငါနဲ့ လိုက်ခဲ့ ... ။ ”

-ဟု အမိန့်ပေး လိုက်သည်။

“ ဟုတ် ကဲ့ ... ။ ”

ချန်ဖန်က ခေါင်းညိတ် ပြပြီး၊ လင်းယွန် အနား လာရပ်၏။ ကျန်တပည့် များမှာ အကွာ အဝေး တစ်ခု ထားလျက် လိုက်ပါ လာသည်။

သူ့၏ မူလကို ဖော်ထုတ် မိမည် စိုးရိမ် သဖြင့်၊ ချန်ဖန်အား အနား ခေါ်ထား လိုက်ခြင်း ဖြစ်သည်။

ကောင်းကင် တာအို ပလ္လင်သို့ ရောက် သောအခါ၊ များပြား လှသည့် လူအုပ် ကြီးက စီးကြို နေခဲ့သည်။

ခန့်အပ် ပြီးသော သူတော်စင် တပည့်များ အပါအဝင် တောင်ထိပ် (၁၀၈)လုံးမှ တပည့်များ အားလုံး ရှိနေ၏။

“ ဒီနှစ်မှာ သူတော်စင် တပည့် ဖြစ်ဖို့၊ ပါရမီရှင်တွေ အများကြီး ရှိနေ ပါလား၊ စိတ်ဝင် စားစရာပဲ။ ”

လင်းယွန်က စိတ်ဝင်စားစွာ ဆိုသည်။

“ ဟုတ်တယ် ... တိုက်တိုက် ဆိုင်ဆိုင်ပဲ၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ အလှတရား သုံးပါး လည်း ရောက်နေတယ်၊ ဒါကြောင့် လူတွေ ဒီလို စည်ကား နေတာ။ ”

ချန်ဖန်မှ ရှင်းပြ၏။

“ အလှ တရား သုံးပါးလား၊ တော်ဝင် သမီးတော် ခြံဝင်းက မြောင်ရင်နဲ့ ... ၊ ငရဲ သစ်ခွ ခြံဝင်းရဲ့ ပိုင်ရှုရင် အပြင်၊ နောက်ထပ် ဘယ်သူ ရှိသေး တာလဲ။ ”

လင်းယွန်က မေးသည်။ အလှ တရားများ ကိုပင် မေ့သွား ရလောက်အောင်၊ မည်သည့် အရာများ ကြုံတွေ့ ခဲ့ရ သည်အား၊ ချန်ဖန်မှ သိချင် လာ၏။

ဖြစ်နိုင် သည်မှာ နာကျင်မှုအား အပြင်း အထန် ခံစား နေရစဉ်၊ အခွင့် အရေး တစ်ခု ရကာ၊ ပြန်လည် မွေးဖွားလာ ပုံပေပင်။

ထို့ကြောင့် သူ မေ့ပစ် ချင်သော အတိတ် အပေါ်၊ သတိ မရ တော့ခြင်း ဖြစ်နိုင်၏။ အဆိုပါ အတေွးမှာ မှန်နိုင် ပေမည်။ ပြုံးလျက်၊

“ နောက်ဆုံး တစ်ယောက်က ကောင်းကင် ယင်-နန်းတော်ရဲ့ မင်းသမီးပဲ။ ”

-ဟု ချန်ဖန်မှ ပြန်ဖြေ လိုက်တော့၏။

***

All Chapters