← Chapters

ဘုံ ပစ်မှတ် ... ။

Vol. 135 Ch. 1885

ဘုံ ပစ်မှတ် ... ။

Vol. 135 Ch. 1885

တာအို လွင်ပြင် အလယ်၌ ပလ္လင် တစ်လုံး ရှိပြီး၊ စစ်တုရင် ခုံတစ်လုံး ကဲ့သို့ အကွက် ဖော် ထားသည့်၊ ကေျာက်သား ရင်ပြင် ရှိသည်။

သူတော်စင် များက တပည့်များ အတွက်၊ ဤနေရာ၌ အလှည့်ကျ ဟောပြော ပို့ချလေ့ ရှိ လေသည်။

သို့သော် ယနေ့သည် ဟောပြော ပွဲနေ့ မဟုတ် သဖြင့်၊ မည်သူ မဆို ဝင်ရောက်ခွင့် ရှိ ချေ၏။

“ အစ်ကိုကြီး ... ငရဲ သစ်ခွ ခြံဝင်းမှာ၊ မင်းလုပ် ခဲ့တဲ့ အရာက ပျံ့နှံ့ ကုန်ပြီ၊ လူ အများ က မပျော်ရွှင် ကြဘူး၊ ဒီနေ့ နှိမ့်ချပြီး နေပါ၊ မဟုတ်ရင် လူတွေ အများကြီး ရန်စ လာ လိမ့်မယ်။ ”

ချန်ဖန်က တုန်လှုပ်သော လေသံဖြင့် သတိပေး လာသည်။ အစ်ကိုကြီးသည် သူ့ကိုယ် သူ ယုံကြည်မှု လွန်ကဲ နေ၏။

သန့်ရှင်းသော သမီးတော်အား ဖွင့်ပြော ခဲ့သဖြင့်၊ လူများစွာက မရဏ မိုးကြိုး တောင်သို့ နေ့တိုင်း လာပြီး စိန်ခေါ် ကြသည်။

အချို့မှာ ဘဝနှင့် သေခြင်း တိုက်ပွဲ ကိုပင် ဆင်နွှဲ လိုကြ၏။ ထို့ကြောင့် တောင်ထိပ် သခင် ကိုယ်တိုင်မှ ဝင်ရောက် ဖြေရှင်း ပေးရသည်။

လင်းယွန်က လှောင်ပြုံး ပြုံးလျက် ခေါင်းညိတ် လိုက်သည်။ ထိုသူ များသည် ယနေ့မှ အသစ် ခန့်အပ်မည့် သူတော်စင် တပည့်များ ဖြစ်နိုင်၏။

တစ်နှစ်လျှင် တစ်ကြိမ်ခန့် ဤရာထူး တိုးပွဲကို ကျင်းပပေး သဖြင့်၊ တစ်နှစ် အတွင်း အမြင့်ဆုံး ရောက်ရှိ နိုင်သူမှာ၊ မရဏ ပဉ္စမ အဆင့်သာ ဖြစ်နိုင် ပေမည်။

သို့သော် ထိုအဆင့် ရောက်ရန် မလွယ် လှချေ။ အများ စုမှာ တတိယ အဆင့် ဖြင့်ပင် အထင်ကြီး လောက်စရာ အရည်အချင်း ဖြစ်နေသည်။

နှစ် အနည်းငယ် ကြာအောင် ပြန် မလာ ကြသော တပည့်များ ကိုသာ သတိ ထားရမည် ဖြစ်သည်။

ထို့ကြောင့် ပျင်းရိ လာပြီး၊ အခမ်း အနားကို မြန်မြန် ဆန်ဆန် ပြီးဆုံး နိုင်ရန်သာ မျှော်လင့်မိ သည်။

ဤအဆင့် ပြိုင်ဘက် များသည်၊ လိပ်နက် ပင်လယ် ကွေ့၌ တွေ့ကြုံ ခဲ့ရသော ပြိုင်ဘက် များကို မမီချေ။

“ အစ်ကိုကြီး ငရဲ သစ်ခွ ခြံဝင်း ရောက်လာပြီ။ ”

ချန်ဖန် စကားကြောင့် လင်းယွန်မှ ပိုင်ရှုရင်ထံ လှမ်းကြည့် လိုက်သည်။ သူမသည် အမြဲ လိုလို လှပ နေ၏။

အသား အရည်မှ ချောမွတ်ပြီး ကျောက်စိမ်း နှင့်တူသည်။ ထက်မြက် သော မျက်ဝန်း တစ်စုံ နှင့် လက်ရာ မြောက်လှ၏။

မေ့လျော့ စေသည် အထိ မဟုတ် သော်လည်း၊ သူမ ကဲ့သို့ တစ်စုံ တစ်ယောက် သည် အမျိုးသား များ၏ အာရုံကို အလွယ် တကူ ဆွဲဆောင် နိုင်သည် ။

ချက်ချင်းပင် လူတိုင်းက သူမထံ ကြည့်လာ ကြသည်။

“ ယဲ့ချင်းရှန် ... မင်းလို လူယုတ်မာ တစ်ယောက်က ဒီအခမ်း အနားကို လာစရာ မလို ဖူးလို့၊ ... ငါ ထင်တယ်။ ”

လောချောင်က အေးစက်သော မျက်နှာဖြင့် ကြိမ်းမောင်း လိုက်၏။ လင်းယွန်က လျစ်လျူရှု လိုက်သည်။

“ အခမ်း အနား မစ သေးဘူး ... ၊ ငါတို့ ဘာလို့ မပျော် ရတာလဲ၊ လှုပ်ရှားမှု ဆယ်ကြိမ် အတွင်း၊ အနိုင် အရှုံး ဆုံးဖြတ် ရအောင်၊ ရှုံးတဲ့ သူက သူတော်စင် တပည့် ရာထူးကို စွန့်ပါ၊ ဘယ်လိုလဲ။ ”

လောချောင်၏ စိန်ခေါ်သံက လူအုပ်ကို တိတ်ဆိတ် သွားစေသည်။

“ ဟုတ်တယ် ... ၊ ဒါတော့ အမှန်ပဲ၊ ယဲ့ချင်းရှန်လို အမှိုက် တစ်စက၊ ဒီအခမ်း အနားကို မလာ သင့်ဘူး။ ”

“ သူက လူယုတ်မာပဲ၊ သူတော်စင် တပည့်ဖြစ်ဖို့၊ ဘယ်လိုများ အရည် အချင်း တွေ ရှိရ တာလဲ။ ”

“ ငရဲ သစ်ခွ ခြံဝင်းမှာ သောင်းကျန်းပြီး လဝက် လုံးလုံး ပုန်းအောင်း သွားတယ်လို့၊ ငါ ကြားတယ်။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေး သံများ ညံလာသည်။ သို့သော် လင်းယွန်က လှောင်ပြုံး ဖြင့် တိတ်ဆိတ် နေခဲ့သည်။

“ ယဲ့ချင်းရှန် ... မင်း (၁၅)ရက် လုံးလုံး ပုန်းနေပြီး၊ ကုပ်ကုပ်လေး နေဖို့ ဆုံးဖြတ် လိုက် ပြီလား။ ”

ထိုစကားကြောင့် လင်းယွန်က ချန်ဖန်ထံ လှည့်မေးသည်။

“ ငါက လဝက်လောက် ... ပုန်းနေ တာလား၊ ဒါကို ဘယ်သူ ပြောတာလဲ။ ”

“ အစ်ကိုကြီး လွန်ခဲ့တဲ့ ... လဝက် လောက်က လူတော်တော်များ မရဏ မိုးကြိုး တောင်ထိပ်ကို စိန်ခေါ်ဖို့ လာကြတယ်၊ တောင်ထိပ် သခင်က ...

... အစ်ကိုကြီးရဲ့ ကျင့်ကြံမှု အနှောက် အယှက် ဖြစ်မှာ စိုးလို့ ဆိုပြီး၊ မပြောဘဲ နေခိုင်း ခဲ့တာ။ ”

ချန်ဖန် ပြန်လည် ရှင်းပြ လာသော စကားကြောင့်၊ လင်းယွန်က ခေါင်းညိတ် လိုက် လေသည်။

ပြီး လောချောင်အား ပြန်ကြည့်ကာ၊

“ ငရဲ သစ်ခွ ခြံဝန်းက ... ၊ သူတော်စင် တပည့် တစ်ဦး ရဖို့ဆိုတာ မလွယ်ပါဘူး၊ မင်း ရှုံး သွားရင် နှမျောစရာ ကောင်းလိမ့်မယ်၊ ငါ မင်းကို စိတ် မဝင်စားဘူး။ ”

- ဟု ပြောလိုက်၏။

“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် မင်း ဘယ်လိုများ ပြောထွက် တာလဲ၊ ငရဲသစ်ခွ ခြံက နှစ်စဉ် အနည်းဆုံး သူတော်စင် တပည့် (၁၀) ယောက် မွေးထုတ် နိုင်တယ်၊ မင်းရဲ့ ...

... မရဏ မိုးကြိုး တောင်ထိပ် ကသာ၊ သူတော်စင် တပည့် မွေးထုတ် မပေး နိုင်တာ နှစ်ပေါင်း ရာဂဏန်း ရှိနေပြီ။ ”

“ ဟုတ်လား ... ဒါဆို မင်းငါ့ကို စိန်ခေါ် ဘယ်လိုများ သတ္တိရှိ လာတာလဲ ... ၊ ငါ့ ဆီက တိုက်ခိုက်မှု တစ်ခု ကိုတောင် မယူနိုင် ဘဲနဲ့၊ ဆယ်ကြိမ် တိုက်ချင် နေတာလား။ ”

လင်းယွန်မှ ပြုံးကာ ပြန်မေး လိုက်သည်။

“ အဲဒီ တုန်းက ... ငါ သတိ လက်လွတ် ဖြစ်ခဲ့လို့ပါ၊ မင်းမှာ သတ္တိ ရှိရင် အခု တိုက်ကြ မယ်။ ”

“ ထွက်သွား ... မင်းလို အရှုံး သမားကို ငါစိတ်မဝင် စားဘူး၊ စီနီယာ အစ်မပိုင် ... စိတ် မကောင်း ဖြစ်မှာ ကြောက်လို့သာ၊ မဟုတ်ရင် မင်းနဲ့ စကား ပြောဖို့တောင် စိတ် မပါဘူး။ ”

လင်းယွန် စကားကြောင့် ထိုင်ခုံ ဆီသို့ လျှောက်လှမ်း နေသော ပိုင်ရှုရင်က အေးစက်စွာ လှည့်ကြည့်သည်။

“ လောချောင် ပြန်လာခဲ့ ... ။ ”

“ ကြားလား ... စီနီယာ အစ်မ ပိုင်က ... မင်းကို ဒဏ်ရာ ရမှာ စိုးရိမ် နေတယ်၊ သွား ... ငရဲ သစ်ခွ ခြံဝင်းနဲ့ ... မရဏ မိုးကြိုး တောင်ထိပ်ကို အနာဂတ်မှာ ပေါင်းစည်းဖို့ ခက်ကုန် လိမ့်မယ်။ ”

“ လူယုတ်မာ ... ၊ မင်းလို လူယုတ်မာ တစ်ယောက်ကို ငါ့ရဲ့ စီနီယာ အစ်မက သဘော ကျမယ် ထင်နေလား။ ”

ပိုင်ရှုရင်သည် ငရဲသစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် ဖြစ်သောကြောင့် လင်းယွန်အား ဒေါသ ထွက်လာ၏။

“ မင်းလို လူက ငါတို့ ကြားက ခံစားချက်တွေကို ဘယ်လိုလုပ် နားလည် နိုင်မှာလဲ။ ”

လင်းယွန်က ပြုံးကာ ပြန်ပြော သည်။ ထိုအချိန်တွင် ဓားအလင်း တစ်စ လွင့်ပျံ လာ သဖြင့်၊ ချက်ချင်း ရှောင်တိမ်း လိုက်ရသည်။

သို့တိုင် ဓား ရောင်ဝါကြောင့်၊ ခြေလှမ်း သုံးလှမ်း နောက်ပြန် ဆုတ်ကာ ဆံနွယ် အချို့ ပြတ်ကျ သွားသည်။

“ ယဲ့ချင်းရှန် ဒီလို အဓိပ္ပါယ်မဲ့ စကားတွေ ထပ်ပြော နေဦးမယ် ဆိုရင် ... မင်း ပါးစပ်ကို ငါ စုပ်ဖြဲ ပစ်မယ်။ ”

ပိုင်ရှုရင်က အေးစက်စွာ ကြေငြာ လိုက်သည်။ သူမ ထံမှ လူသတ် လိုသော ရည်ရွယ်ချက်များ ထွက်ပေါ် လာ၏။

ဓားဆွေးနွေးပွဲ ပြီးနောက်၊ ဤလူငယ်အား အမြင်သစ်ဖြင့် ကြည့်လိုက် မိသော်လည်း လွန်ခဲ့ သည့် ရက်များ အတွင်း၊ ပုန်းအောင်း နေသည် ဟူသော သတင်းက ရွံရှာ စရာ ကောင်း လေသည်။

“ အစ်မပိုင် စကားကို ... နားထောင် ပါ့မယ်၊ ဒီလို အပြင် လူတွေ ရှေ့မှာ ... ၊ ငါတို့ရဲ့ လျှို့ဝှက် ချက်ကို၊ ထပ် မပြော တော့ပါဘူး။ ”

လင်းယွန် စကားကြောင့် ပိုင်ရှုရင်မှ စိတ်ပျက် သွားသည်။ အရှက် မရှိသော လူဖြင့် စကား ပြောမိ သည်မှာ သူမ အမှား ပေပင်။

“ လောချောင် ပြန်လာ ... မင်းက ကိုယ့်ကိုယ်ကို အရှက် ခွဲဖို့ ကြိုးစား နေတာ လား။ ”

လောချောင်က ခက်ခဲသော အသွင်ဖြင့် လင်းယွန်ထံ စိုက်ကြည့်ကာ ပြန်ဆုတ် သွား၏။ များမကြာမီ ကျန်ရှိနေသော တောင်ထိပ်များနှင့်၊ အခြား ခြံဝင်း နှစ်ခုလည်း ရောက်ရှိ လာသည်။

တော်ဝင် သမီးတော် ခြံဝင်း၏ တပည့်များ ရောက်လာသော အခါ လင်းယွန်က ရီရှင်းယန် ထံ ကြည့်မိသည်။

ပိုင်ရှုရင်နှင့် မတူဘဲ သူမအား ခပ်ခွာခွာ နေရန် ဆုံးဖြတ် ထား၏။ သူမသည် သူ့အတွက် ထိလွယ် ရှလွယ်သော တားမြစ် သစ်သီး ဖြစ်သည်။

အစ်ကိုကြီး ရှင်းဂျူ သေဆုံး ခြင်းနှင့် သူ့အတွက် အိမ်ရှေ့ မင်းသားအား လက်ထပ်ရန် ရွေ့ချယ် ခဲ့ရသည်ကို၊ ယနေ့ အထိ မေ့ဖေျာက်၍ မရသေးချေ။ များစွာ အကြွေးတင် နေ၏။

ရှင်းယန်နှင့် မျက်လုံးချင်း ဆုံချိန်၌ သူ့အကြည့်ကို အမြန် ပြန်ရုတ်သည်။ ရှင်းယန် အတွက်မူ၊ ယဲ့ချင်းရှန် အကြည့်၌ ရင်းနှီးသည့်၊ အရိပ် အမြွက်ကို ခံစား လိုက်ရ သဖြင့်၊ အနည်းငယ် စိတ်ရှုပ် သွားသည်။

လင်းယွန်မှာ လိပ်နက် အသွင် ပြောင်းနည်းအား၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ ထား၏။

ထို့ကြောင့် သူတော်စင် ရောင်ဝါ သို့မဟုတ် မျက်စိ နည်းစနစ် ကျွမ်းကျင်သော သူတော်စင် များမှသာ သူ့အား မြင်နိုင်သည်။

နန်းတော် နှစ်ပါး၏ တပည့်များ ရောက်လာသော အခါ၊ စစ်တုရင် ကွင်း အနှံ့၊ လူများ ပြည့်နှက် သွားတော့၏။

သို့သော် အများစုမှာ မပျော်ရွှင် ကြချေ။ အထူးသဖြင့် သူတော်စင် တပည့် အဟောင်း များနှင့် အသစ် ခံယူမည့် တပည့်များ ဖြစ်၏။

ကောင်းကင် တာအိုဂိုဏ်း ဟူသည် အရှေ့ဘက် ပျက်စီး မြေ၏ အသန်မာ ဆုံးသော မြင့်မြတ်မြေ ဖြစ်သဖြင့်၊ ဂိုဏ်းထဲသို့ ဝင်ရောက် နိုင်သူတိုင်း ဂုဏ်ယူဖွယ် ဖြစ်သည်။

ထို့ကြောင့် သူတို့ မျက်လုံး ထဲတွင် ယဲ့ချင်းရှန် ကဲ့သို့သော တစ်စုံ တစ်ယောက်အား သူတော်စင် တပည့် အဖြစ် လက်မခံ လိုချေ။

အတွင်း တပည့် များမှာ စိတ်လှုပ်ရှား လာသည်။ အများစုသည် ယဲ့ချင်းရှန်အား သင်ခန်းစာ တစ်ခု သင်ပေး လိုကြောင်း၊ သူတို့ ကြားသိ ထား၏။

***

All Chapters