သူတော်စင် ဖြစ်လာတဲ့ အခါ၊ ငါ လာရိုက်မယ်။
Vol. 135 Ch. 1886
နန်းတော် (၂) လုံး၊ ခြံဝင်း (၃)ခုနှင့် တောင်ကုန်း (၁၀၈)လုံး တို့မှ လူပေါင်း (၂၀၀) ကျော်ခန့် သူတော်စင် တပည့်များ ဖြစ်ရန် အဆင့် မီခဲ့သည်။
သူတော်စင် တပည့် ဟူသည် ကောင်းကင် တာအိုဂိုဏ်း အတွက်၊ တန်ဖိုး မဖြတ် နိုင်သော ရတနာများ ဖြစ်၏။
လင်းယွန် အတွက်မူ အခမ်း အနားကို စိတ်ဝင်စားမှု မရှိ တော့ဘဲ မြန်မြန် ပြီးဆုံး သွား ရန်သာ၊ မျှော်လင့် နေခဲ့သည်။
“ ဝှစ် ... ။ ”
များမကြာခင် ပလ္လင် ပေါ်သို့ လူရိပ်များ ဆင်းသက် လာသည်။ အဖွဲ့ကို မုတ်ဆိတ် ဖြူဖြူ နှင့် သူတော်စင် တစ်ပါးက ဦးဆောင်၏။
သူ့နောက်တွင် အမည်ခံ သူတော်စင်များ လိုက်ပါလာသည်။ ၎င်းတို့အနက် မရဏ မိုးကြိုး တောင်ထိပ် သခင်လည်း အပါ အဝင် ဖြစ်၏။
မရဏ မိုးကြိုး တောင်ထိပ် သခင်သည် ယနေ့တွင် ဝတ်စုံ အသစ် ကိုပင် ၀တ်ဆင်ထား ခဲ့သည်။
၎င်းသည် အမည်ခံ သူတော်စင် အဆင့် အထွတ် အထိပ်တွင် ရှိပြီး၊ အခြား သူတော်စင် များထက် ပို၍ သန်မာ၏။
ယခင် နှစ်များ၌၊ ဤအခမ်း အနားသို့ တက်ရောက်ခြင်း မရှိဘဲ၊ သူတော်စင် တစ်ပါး ဖြစ်လာ ရန်သာ၊ ကျင့်ကြံ နေခဲ့သည်။
ယနေ့တွင် မရဏ မိုးကြိုး တောင်ထိပ် အတွက် သူတော်စင် တပည့် တစ်ဦး ပိုင်ဆိုင် တော့မည် ဖြစ်ရာ၊ အပြုံးများ ဝေနေ ခဲ့၏။
“ သူတော်စင် အကြီး အကဲကို နှုတ်ဆက် ပါတယ်။ ”
လူတိုင်း ဦးညွှတ် လိုက်ကြ၏။ မုတ်ဆိတ်ဖြူ သူတော်စင် ကြီးက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြ ပြီးနောက်။
“ ငါတို့ ကောင်းကင် တာအို ဂိုဏ်းက ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတယ်၊ ဘိုးဘေး တွေက လူသား မျိုးနွယ် အတွက် နတ်နဂါး ခေတ် အပေါ် ကူညီ ပေးခဲ့တယ်၊ ...
... သူတို့ရဲ့ ဓားရည်ရွယ်ချက် တွေကို မသေခင် ဒီပလ္လင်နဲ့ ချိတ်ဆက်ပြီး၊ မီးတောက် အဖြစ် ထားရှိဖို့၊ သူတို့ကိုယ် သူတို့ လောင်းကျွမ်း ခံလိုက် ကြတယ်၊ ...
... ဒီနေ့ဟာ မင်းတို့ အတွက် ရှားပါးတဲ့ အခွင့် အရေးပဲ၊ ဘိုးဘေးတွေ ထားခဲ့တဲ့ နတ် မီးတောက်ကို တစ်ကြိမ် လှုံခွင့် ရမယ်၊ ကောင်းကောင်း ပြုမူ ကြပါ။ ”
သူတော်စင် အကြီး အကဲက စကား အရှည်ကြီး မှာကြားကာ၊ အခမ်း အနား စတင် လိုက် တော့သည်။
“ ဒါပေမယ့် ဒီနေ့ အခမ်း အနားက နည်းနည်းတော့ ကွဲပြားတယ် ... ၊ အခမ်း အနား သက်တမ်း တစ်လျှောက်၊ ပထမ ဆုံး အကြိမ် ကန့်ကွက်မှု ရှိလာပြီ၊ ယဲ့ ချင်း ရှန် ... ။ ”
သူ့အကြည့် များက ထက်ရှသော ဓားနှစ်လက် အလား လင်းယွန်ထံ ကျရောက် လာသည်။
အကယ် ၍သာ အတိတ်၌ ဆိုသော်၊ လင်းယွန်၏ နတ်လိပ် အသွင် ပြောင်းနည်းသည် ချက်ခြင်း ပျက်ပြယ် သွားပေ လိမ့်မည်။
“ တပည့် ရှိပါတယ် ... ။ ”
“ မနေ့ ညက ... တောင်ထိပ် အသီးသီးရဲ့ တပည့်တွေ ရောက်လာပြီး၊ မင်းကို သူတော်စင် တပည့် အဖြစ် ကနေ ဖယ်ရှား ပစ်ဖို့၊ တောင်းဆို လာကြတယ်၊ နန်းတော် နှစ်လုံး၊ ခြံဝင်း သုံးခုက အကြီး အကဲတွေ ကလည်း၊ မင်းရဲ့ ပြစ်မှုပေါင်း သုံးရာ ကျော်ကို တင်ပြ လာတယ်။ ”
သူတော်စင် အကြီး အကဲမှ ထိုသို့ ပွင့်ပွင့် လင်းလင်း ထုတ်ပြော လိမ့်မည်ဟု မထင်ထား ကြသော၊ သက်ဆိုင်ရာ အမည်ခံ သူတော်စင် များမှာ တုန်လှုပ် သွားသည်။
သူတော်စင် တပည့် အဖြစ် ခံယူရန် ရောက်ရှိ နေသော ကိုယ်စား လှယ်လောင်း များမှာ၊ လှောင်ပြုံးများ ပြုံးလိုက် ကြ၏။
နောက်ဆုံးတွင် အခမ်း အနား အတွင်း မည်သူမျှ ဤသို့ ရှက်ဖွယ် တိုင်ကြားခြင်း မခံရ ဖူးချေ။
သို့သော် လင်းယွန်က ထိုအရာကို စိတ်မ၀င် စားဘဲ၊ လှောင်ပြုံး ဖြင့်သာ ပြန်လည် စိုက်ကြည့် လိုက်သည်။
“ သူတော်စင် အကြီး အကဲ ... ၊ အဲဒီလို မလုပ် ပါနဲ့၊ ယဲ့ချင်းရှန်က မရဏ အဆင့်မှာ ရောက်နေပြီ၊ ပြီးတော့ သူ့ရဲ့ ပြစ်မှုတိုင်း အတွက်လည်း ပြစ်ဒဏ်ခံ ပြီးသားပါ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ မနေနိုင် တော့ဘဲ ဝင်ပြော လာသည်။
“ ဒါပေမယ့် သူ့ ကျင့်ကြံမှုက သူ့မျိုးရိုးရဲ့ ... စီနီယာ သူတော်စင် မူလ ကနေ လာတယ်လို့ ကြားမိ ပါတယ်။ ”
အနက်ဝတ် အဘိုးကြီး တစ်ယောက်မှ ပြုံးပြုံးလေး ဝင်ပြော လာသည်။
“ လေပြင်း အမည်ခံ သူတော်စင် ... ၊ အဲဒါ ဘာကို ဆိုလိုချင် တာလဲ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ နက်မှောင်သော အမူ အရာဖြင့် ပြန်လှည့် ကြည့် လိုက်၏။
“ ဘာမှ မဟုတ် ပါဘူး၊ ယဲ့ မိသားစုရဲ့ အထောက် အပံ့က သူ့ အတွက် ကောင်းတာ ထက် ပိုဆိုး လာမှာကို ငါ စိုးရိမ် လို့ပါ၊ အမှန် တော့ ... ဒီကိစ္စက ငါတို့ရဲ့ ကောင်းကင် တာအိုဂိုဏ်း ဂုဏ်သိက္ခာနဲ့ ဆိုင်တယ် မဟုတ်လား။ ”
လေပြင်း အမည်ခံ သူတော်စင်က ပြန်ဖြေသည်။
“ ရိုင်း လိုက် တာ ... ။ ”
ဤလူသည် သူနှင့် ရန်ငြိုးရှိ ဖူးသဖြင့် ပြဿနာ ဖြစ်စေရန်၊ ရည်ရွယ်ချက် ရှိရှိ ကြိုးစား နေကြောင်း သိလိုက် ရ၏။
သို့သော် သူတော်စင် အကြီး အကဲက သူတို့၏ ပဋိပက္ခကို ရပ်ရန် အချက်ပြ လိုက်ပြီး၊ လင်းယွန်ထံ ကြည့်ကာ၊
“ ယဲ့ချင်းရှန် ... မင်းမှာ ပြောစရာ ရှိလား။ ”
“ မရှိပါဘူး၊ လူ တော်တော် များများက ကျွန်တော့်ကို မုန်းတီးပြီး တာအို ရင်ပြင် ကနေ ထွက်သွား စေချင် ကြပေမယ့် မသွား နိုင်ဘူး၊ ဒါပေမယ့် ... စီနီယာ ကိုယ်တိုင်က ဆန္ဒ ရှိနေ ရင်တော့ ...
... ထွက်သွား ပေးမယ်၊ ဒါပေမယ့် ငါ သူတော်စင် ဖြစ်လာတဲ့ အချိန်မှာ၊ မင်း နောင်တ မရ စေနဲ့။ ”
လင်းယွန်က ပြန်ဖြေ၏။ သူ့ စကားကြောင့် လူတိုင်းက မယုံကြည် နိုင်စွာဖြင့် မှင်တတ် ကုန် ကြသည်။
“ ယဲ့ချင်းရှန် ... ၊ ရိုင်းလှ ချည်လား။ ”
သူတော်စင် အကြီးအကဲ အနားရှိ အမည်ခံ သူတော်စင် များက၊ ဒေါသ တကြီး အော်ငေါက် လာသည်။
သို့သော် သူတော်စင် အကြီး အကဲမှ သူတို့အား လက်ဝှေ့ ယမ်းကာ ဟန့်တား လိုက် ပြီး၊
“ ယဲ့ချင်းရှန် ... ၊ နောင်တ မရနဲ့ ဆိုတာ မင်းဘာကို ပြောချင် တာလဲ ငါ့ကို ရှင်းပြစမ်း။ ”
-ဟု မေးလိုက်သည်။
“ နောက်ကွယ်မှာ ... မကောင်း ပြောဖို့ပဲ သိတဲ့ အမှိုက် တစ်အုပ်ကို၊ ငါ စိတ်မဝင် စားဘူး၊ ဒါပေမယ့် ... ငါ့ကို ဒီကနေ့ ထုတ်ပယ် လိုက်ရင် တော့၊ သူတော်စင် ဖြစ်လာတဲ့ အခါ၊ မင်းကို နောင်တ ရလာတဲ့ အထိ၊ ရိုက်ပေးမယ်။ ”
လင်းယွန် စကားကို ကြားသော အခါတွင်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်၏ နှုတ်ခမ်း များ တဆတ်ဆတ် တုန်ယင် သွားသည်။
ယဲ့ချင်းရှန် တစ်ယောက် ယနေ့ ဆေးသောက်ရန် မေ့သွားပုံ ရ၏။ သူတော်စင် အကြီး အကဲအား ရိုက်နှက် မည်ဟု၊ လူသိ ရှင်ကြား ကြေငြာ နေချေပြီ။
ပတ်ဝန်းကျင်ရှိ လူတိုင်း ထိတ်လန့် ကုန်သည်။ ကောင်းကင် တာအို ဂိုဏ်းတွင်၊ ပါရမီရှင်များ ကင်းမဲ့ခြင်း မရှိချေ။
သို့သော် တစ်စုံ တစ်ဦးမှ သူတော်စင် တစ်ပါးအား ရိုက်နှက် မည်ဟု ပြောဝံ့ သည်မှာ လင်းယွန် တစ်ယောက် တည်းသာ ရှိ၏။
တော်ဝင် သမီးတော် ခြံဝင်းမှ တပည့်မ များက လင်းယွန်အား တောက်ပသော မျက်ဝန်း များဖြင့်၊ ခိုးကြည့် လိုက် ကြသည်။
ပိုင်ရှုရင် သည်ပင် မျက်မှောင် ကြုတ်လျက် တွေဝေ သွား၏။ ရှင်းယန် မှာမူ ဆိုဖွယ် မရှိချေ။ ယဲ့ချင်းရှန်သည် သူမ သိသော လူငယ် တစ်ဦး နှင့် ဆင်တူ ချေ၏။ အကြောက် အလန့် ကင်းနေသည်။
အံ့သြ စရာ ကောင်း သည်မှာ၊ သူတော်စင် အကြီးအကဲ မျက်နှာ ပေါ်၌၊ အပြုံး တစ်ပွင့် ပေါ် လာတော့၏။
“ ငါတော့ အရိုက် မခံချင်ဘူး၊ သူ ပြောတာ မင်းတို့ ကြားလား .. သူ့ကို မကျေနပ်တဲ့ လူတွေ ဘယ်မှာလဲ၊ နောင်တစ်ချိန် ငါ အရိုက် မခံ ရအောင်၊ မင်းတို့ ကူညီ ရမယ်။ ”
စကားဆုံး သည်နှင့် သူ့ ဒေါသကြောင့် မိုးခြိမ်း သံများ၊ ကောင်းကင် အပြည့် ဖုံးလွှမ်း လာသည်။
ကောင်းကင်ကြီး ပြိုကျ တော့မည့် အလား လူတိုင်း ကြောက်လန့် နေစဉ်၊ လောချောင်က ခုန်ထွက် လာ၏။
ဤအခိုက် အတန့်ကို သူ စောင့်ဆိုင်း နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ပိုင်ရှုရင်က လောချောင်အား မျက်မှောင်ကြုတ် ကြည့် လိုက်၏။
လောချောင်သည် ငရဲ သစ်ခွ ခြံဝင်း၏ တပည့် ဖြစ်သော်လည်း သူမ မကြိုက် တော့ ချေ။
“ ယဲ့ချင်းရှန် ... ၊ သူတော်စင် အကြီး အကဲကို၊ ရိုင်းရိုင်း စိုင်းစိုင်း ပြောဝံ့ သလား၊ ဒီနေ့ မင်းကို သင်ခန်းစာ တစ်ခု သင်ပေးမယ်။ ”
“ ချွမ် ... ။ ”
ဓားဆွဲထုတ် လိုက် သည်နှင့်၊ သွားရာလမ်း တစ်လျှောက် ပန်းပွင့်များ လေထဲ ထင်ကျန်ရစ် ခဲ့သည်။
“ ငရဲ သစ်ခွ အရိပ် ... ။ ”
ဤသည်မှာ ငရဲ သစ်ခွ ခြံဝင်း၏ လျှို့ဝှက် ပညာရပ် ဖြစ်၏။ ၎င်းအား လေ့ကျင်ရန် မလွယ် လှချေ။ လှုပ်ရှားမှု တိုင်းကို အရိပ် အသွင်သာ မြင်ရ ပေလိမ့်မည်။
“ ဝှစ် ... ။ ”
သူ ပြန်ပေါ် လာသော အခါ လင်းယွန်ရှေ့ ရောက်နေပြီ ဖြစ်၏။ အေးစက်သော ရောင်ဝါနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပေါက်ကွဲ လာသည်။
တိုက်ပွဲကို အမြန် အဆုံးသတ် လို၏။ သို့သော် အနား ရောက်ချိန်၌၊ ဓား ရောင်ခြည် တစ်စင်း ဖြာထွက် လာပြီ၊ လင်းယွန်အား မမြင်ရ တော့ချေ။
ပြန်ပေါ် လာချိန်၌ လင်းယွန် မှာမူ၊ မူလ နေရာ တွင်ပင် ရပ်နေပြီး၊ ခြေ တစ်လှမ်း မျှ မရွေ့ ခဲ့ချေ။
ထိုအချိန်တွင် လင်းယွန် ဟူသည်မှာ မြင့်မားသော တောင်ကြီး တစ်လုံး ဖြစ်ပြီး၊ သူ ဟူသည် ပုရွက်ဆိတ် တစ်ကောင် ဖြစ်၏။
“ ဆင်း လာ ခဲ့ ... ။ ”
“ ဘုန်း ... ။ ”
လင်းယွန်က လက်ကို မြှောက်ကာ ရိုက်ထုတ် လိုက်ရုံဖြင့် ပါးစပ်မှ သွေးများ ထွက်ကျ လာတော့သည်။
ဓားရောင်ဝါများ ပြိုကျလျက်၊ မျက်နှာ ဖြူဖျော့ သွားကာ၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လိုက်ရသည်။
“ နေဦး ... ။ ”
သို့သော် လင်းယွန်က ပြုံးပြီး၊ သူ့အား လှမ်းဆွဲ လိုက်သည်။ အားပြင်းသည့် စုပ်အား ထွက်ပေါ် လာကာ၊ လောချောင်အား ဆွဲငင် တော့၏။
မည်မျှပင် ရုန်းကန် စေကာမူ၊ မလွတ် မြောက်နိုင် ခဲ့ချေ။ ယဲ့ချင်းရှန်၏ ကျင့်ကြံမှုသည် သူ့ထက် နိမ့်သော်လည်း၊ မရဏ ရောင်ဝါမှာ၊ သာလွန် နေ၏။
“ ဘုန်း ... ။ ”
အနား ရောက် သည်နှင့် မျှားတစ်စင်း အလား လွင့်စဉ် သွားအောင်၊ ကန်ထုတ်ခြင်း ခံလိုက် ရသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။ လင်းယွန်က ထိုမျှဖြင့် မရပ်ချေ။ လူအုပ်ထံ ဝေ့ကြည့်ကာ၊
“ လူတော်တော် များများက ငါ့ကို မုန်းတီးနေတာ ငါ သိတယ်၊ ဒါပေမယ့် မရဏ တတိယ အဆင့် နဲ့တော့ ... လာ မရှုပ်နဲ့။ ”
-ဟု ကြိမ်းဝါး လိုက်တော့သည်။
အစောပိုင်း အချိန်၌ တိုက်ခိုက် လိုစိတ် ပြင်းပြနေသူ များမှာ၊ ချက်ချင်း ငြိမ်သက် ကုန် တော့သည်။ သူတို့အားလုံး နီးပါးသည်၊ မရဏ တတိယ အဆင့် တွင်ပင် မရှိ ကြချေ။
လင်းယွန် စကားကြောင့်၊ ပလ္လင် ပေါ်ရှိ လေပြင်း အမည်ခံ သူတော်စင်မှာ၊ မျက်နှာ ပြောင်းလဲ သွားသည်။
ယဲ့ချင်းရှန်သည် ကျင့်ကြံမှုအား အတင်း အကြပ် မြှင့်တင် ထားပုံ မပေါ်ကြောင်း ထင်ရှား နေပေ၏။
ဤမြင်ကွင်းကို မြင်သော အခါ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ပြုံးရွှင် စွာဖြင့်၊
“ ဒီကောင်က အရမ်း မာန ကြီးတယ်၊ အဲ့ဒါ ငါနဲ့ တူတာ။ ”
-ဟု ဂုဏ်ယူစွာ ပြောလာ တော့သည်။
ထိုစကားကြောင့် အမည်ခံ သူတော်စင် များက၊ သူ့အား ပြန်ကြည့်ကာ စကား မပြော နိုင် ဖြစ်ကုန် ကြလေသည်။
မရဏ မိုးကြိုး တောင်ထိပ် သခင်သည် ယဲ့ချင်းရှန် ကဲ့သို့ပင် အရှက်မဲ့စွာ အရေထူ လာပုံ ရ၏။
***