ဘယ်သူ ရှိသေးလဲ။
Vol. 135 Ch. 1887
ယဲ့ချင်းရှန် အပေါ်၊ အထင် အမြင် သေးစွာ ကြည့်နေ သူများ အားလုံး၊ ထိတ်လန့် သွားကြ ၏။
တစ်ဖက်တွင် မည်သူမျှ ထွက်လာရန် သတ္တိမရှိ တော့ သည်ကို မြင်လိုက်ရ သဖြင့် လင်းယွန်က ပြုံးသည်။
“ အဟက် ... ၊ ငါ အလေး အနက် ထားမိ နေပြီ ထင်တယ်၊ သူတော်စင် အကြီး အကဲ မင်း ငါ့ကို လိမ်နေ တာလား၊ မင်း ပြောတော့ မနေ့ ညက ငါ့ကို ကန့်ကွက်တဲ့ သူတွေ အများ ကြီးဆို။ ”
သူ့လေသံတွင် သူတော်စင် အကြီးအကဲ အပေါ် ဦးတည်သော ဒေါသ များဖြင့် ပြည့်နှက် နေသည်။
“ မရဏ မိုးကြိုး တောင်ထိပ် သခင် ... ဒါလား မင်း သူ့ကို သင်ကြား ပေးထား တာ။ ”
သူတော်စင် အကြီးအကဲက လှည့်ကာ မေးမြန်းလိုက် သဖြင့် တောင်ထိပ် သခင် ခမျာ ကြောက်လန့်ပြီး၊ ပြန် မဖြေရဲ ခဲ့ချေ။ ထို့ကြောင့် လင်းယွန် ကိုသာ ဖိဟောက် လိုက်ရသည်။
“ ယဲ့ချင်းရှန် စကား ပြောယဉ် ကျေးပါ၊ သူတော်စင် အကြီး အကဲကို လေးလေး စားစား ဆက်ဆံ တတ်အောင်၊ မင်းကို ပါးရိုက်ပြီး သင်ပေး ရမှာလား၊ ...
... သူတော်စင် အကြီးအကဲ ခင်ဗျ၊ သူ ပြောတာလည်း မှန်တော့ မှန်နေ ပါတယ်၊ သူ့ကို မကျေနပ်ဖူး ဆိုရင်၊ ထွက်လာ သင့်ပြီ မဟုတ်လား၊ ဘယ်သူမှ ...
... မထွက်ဖူး ဆိုတော့ သူက သူတော်စင် တပည့် ဖြစ်ဖို့ ... ၊ အရည်အချင်း ပြည့်မီ နေပါပြီ၊ ဒါကြောင့် ဒီကိစ္စကို ဘာလို့ ဒီမှာပဲ အဆုံး မသတ်ရ တာလဲ။ ”
ထိုရလာဒ်ကို မကျေနပ် ကြသော်လည်း၊ မည်သူမျှ စကား မဆို တော့ချေ။ သွားလေရာ အရပ်၌ ခွန်အား သည်သာ အရေး ကြီး၏။
သူတော်စင် အကြီး အကဲ အမြင်၌ လင်းယွန်သည် အလွန် ကောင်းမွန်သော ပျိုးပင် တစ်ပင် ဖြစ်သည်။
“ ကောင်းပြီ ... ၊ ဒီကိစ္စကို အဆုံးသတ် လိုက်ရအောင်၊ ယဲ့ချင်းရှန် အခု မင်းရဲ့ အတိတ် ကို၊ ငါ လိုက်မနေ တော့ဘူး။ ”
“ ဒါပေမယ့် ... ငါက ဒီကိစ္စကို ထားလိုက် ချင်ရဲ့ လားလို့၊ မင်း ဘာလို့ ... မမေးရ တာလဲ၊ သူတော်စင် အကြီးအကဲ။ ”
သို့သော် လင်းယွန်က မပြီး နိုင်ချေ။ ထိုမေးခွန်းကြောင့် မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ၊ သေချင်စိတ် ပေါက်လာ၏။
“ ဒါဆို ... မင်းက ဘာဖြစ် ချင်လဲ ... ။ ”
“ လူတော်တော် များများက လာတိုင် ကြတယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ သူတို့ကို ထွက်လာ ခိုင်းလိုက်ပါ။ ”
လင်းယွန်က မကြောက် မရွံ့ဖြင့်၊ ပြန်ပြော လိုက်သည်။ ထိုတောင်းဆိုမှုကြောင့် သူတော်စင် အကြီး အကဲမှာ ဒေါသ ထွက်လာ၏။
“ ယဲ့ချင်းရှန် ... ၊ မင်း ဆန္ဒကို ငါတို့ ဖြည့်ဆည်း ပေးမယ်။ ”
လူအုပ် ထဲမှ သုံးယောက် ထွက်လာ၏။ ၎င်းတို့ အားလုံးသည် တာအို ယန်နန်းတော်၏ တပည့်များ ဖြစ်ပြီး၊ မရဏ စတုတ္ထ အဆင့်၌ ဖြစ်သည်။
သုံးယောက်သား ယှဉ်ရပ် လိုက်သော အခါ ရောင်ဝါများ ချိတ်ဆက်လျက်၊ တစ်သားတည်း ဖြစ်သွား တော့သည်။
“ ကျန်း ရွှင် ... ။ ”
“ ချောင် ဇီ ကျန့် ... ။ ”
“ ဝမ် ဟဲ ... ။ ”
သုံးဦးသား အမည် များကို ကြေငြာ လိုက်သည်။ ၎င်းတို့ သုံးဦးသည် တာအိုယန် နန်းတော်၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ပြီး၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်၏။
“ ငါတို့က သူတော်စင် အကြီး အကဲကို တိုင်ကြားတဲ့ လူပဲ၊ မင်း ဘာလုပ် ချင်လဲ။ ”
“ မင်းကို ကြောက်နေတယ် မထင်နဲ့။ ”
“ မင်းကိုယ်မင်း ဘယ်သူများ ထင်နေလဲ။ ”
၎င်းတို့ သုံးယောက် ပြောသည်ကို ကြား ပြီးနောက်၊ လင်းယွန်မှ ပြုံး၏။
“ ငါက ဘယ်သူမှ မဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့တောင် သူတော်စင် အကြီးအကဲကို ပြော နိုင်ရင် ငါလည်း ဘာလို့ မပြော နိုင်ရ မှာလဲ၊ ကဲ ... ကြာတယ် လာ မင်းတို့ အတူတူ ဝင်ခဲ့ကြ။ ”
တာအို ယန် နန်းတော်မှ တပည့် သုံးယောက်က ဓား ရောင်ဝါများ ထုတ်လွှတ် လိုက်ကြ၏။
အမှန် တကယ်ပင် ဒေါသ ဖြစ်ခဲ့ ကြပြီး၊ ဤသည်မှာ သူတို့အား စော်ကား နေသည်ဟု မြင်သည်။
“ ဟိုတုန်းက စီနီယာ အစ်ကို ကျန်းယွီ ရှေ့မှာ ခွင့်လွှတ်ဖို့ ... မင်း တောင်းပန် ခဲ့တာကို မေ့သွား ပြီလား။ ”
ချောင်ဇီကျန်းမှ မေးခွန်း ထုတ်ပြီး၊ ပထမ ဦးစွာ လှုပ်ရှားမှုကို စတင် လာသည်။ သူ လွှတ် လိုက်သော ဓားသည်၊ လေဟာ နယ်ကို ခွဲလျက်၊ လင်းယွန် အနား ရောက်ရှိ လာ၏။
သို့သော် လင်းယွန်က လက်မြှောက် လိုက်သော အခါ၊ ထိုဓားအလင်း ပျောက်ကွယ် သွားတော့သည်။
( ဒါ ပဲလား ... ။ )
လွန်ခဲ့သော လဝက်က သူမ၏ တိုက်ခိုက်မှုအား၊ ဤနည်းဖြင့် ဖြေရှင်း ပြခဲ့ သည်ကို ပြန်သတိရ လာကာ၊ ပိုင်ရှုရင် တစ်ယောက် တုန်လှုပ် သွား၏။
သည်အကြိမ် တွင်လည်း၊ မမြင်နိုင် သေးချေ။ ၎င်းသည် မိုးကြိုး မုန်တိုင်းနှင့် သက်ဆိုင်သော လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်ပေမည်။
“ ဒီမှာ ... မင်း ပြန်ယူလို့ ရပြီ။ ”
လင်းယွန်က ပြုံးပြီး သူ့လက်ကို ဖွင့်ကာ ပြန်ပစ် ပေးမိ၏။ ချောင်ဇီကျန့် တစ်ယောက် လွင့်စဉ် ပြုတ်ကျ သွားသည်။
၎င်းပစ် လိုက်သော ဓား အလင်းထက် အဆပေါင်း များစွာ ပြင်းထန်သော ဓားအလင်း၊ ပြန်လည် ထိမှန် လိုက်ခြင်း ဖြစ်သည်။
မယုံနိုင် စရာ ပေပင်။ ပြိုင်ဘက်ကို လျှော့တွက် ထားမိ လျှင်ပင် တစ်ချက်တည်းဖြင့် ဤသို့ ရုပ်ပျက် ဆင်းပျက် ရှုံးနိမ့်သွား နိုင်စရာ အကြောင်း မရှိချေ။
ကျန်းရွှင်နှင့် ဝမ်ဟဲ၏ မျက်နှာများ ပြောင်းလဲ ကုန်၏။
“ မင်းတို့က ငါ့ကို ကန့်ကွက် ရအောင် မင်းတို့ကိုယ် မင်းတို့ ဘယ်သူလို့ ထင်နေလဲ၊ အမှိုက် ဘယ်လောက် များများ အမှိုက်က ...
... အမှိုက်ပဲ ... ၊ ဒီနေ့ သူတော်စင် အကြီးအကဲကို၊ ငါ အနိုင် မယူ နိုင်ပေမယ့်၊ မင်းတို့တော့ မဟုတ်ဘူး။ ”
လင်းယွန်က ဒေါသတကြီး ရှေ့လှမ်း တက်လာ၏။ ထို့နောက် လေးယောက်သား လုံးထွေး သတ်ပုတ် ကုန်ကြသည်။
နဂါး မူလနှင့် ဓား ရောင်ခြည်များ ပြန့်ကျဲလျက် ခွန်အားကို အပြည့် အ၀ အသုံး ပြုနေ ကြ၏။ များမကြာမီ။
“ ဆင်း လာ ခဲ့ ... ။ ”
လင်းယွန်က ဓားရည်ရွယ်ချက် ထုတ်ဖော်လျက် သုံးယောက်လုံးကို လက်လှိုင်း ဖြင့် ရိုက်ဖယ် ပစ်လိုက်သည်။
ပါးစပ်မှ သွေးများ စီးကျ လာကာ၊ ပြုတ်ကျသွား တော့၏။
“ တာအို ယန် နန်းတော်ရဲ့ ... တပည့် တွေလား၊ သိပ်ပြီး အထင် ကြီး စရာလည်း မရှိ ပါဘူး။ ”
လင်းယွန် နှာခေါင်းရှုံ့ လိုက်၏။
“ အရိယာ ကောင်းကင်ဓား၊ - ပြီးပြည့်စုံသော ကျွမ်းကျင်မှု။ ”
“ မဟုတ် လောက်ဘူး၊ အဲဒါက အမည်ခံ ကောင်းကင် အမိုးဓား ဖြစ်မယ်၊ သူ ဘယ်လိုများ တတ်စွမ်း ရတာလဲ။ ”
နောက်ဆုံးတွင် ဤအဆင့် ဓားရည်ရွယ် ချက်ကို ကျွမ်းကျင် ထားသူ တစ်ယောက်သည်၊ ကောင်းကင် တာအို ဂိုဏ်း၌ ထိပ်တန်း အဆင့် ပါရမီရှင် တစ်ဦး ဖြစ်နိုင် ပေမည်။
ကျန်းယွီမှ ပေးသော အရှက် တရားကို တာအို ယန် နန်းတော်၏ ထူးချွန် ထက်မြက် သူ သုံးဦးအား ရိုက်နှက်ကာ၊ ပြန်လည် သန့်စင် နိုင်ခဲ့၏။
“ ယဲ့ချင်းရှန် ... ၊ ငါရဲ့ တာအို ယန် နန်းတော်မှာ ဘယ်သူမှ မရှိ ဖူးလို့၊ မင်း ထင်နေ တာလား ဟမ့် ... ။ ”
အေးစက်သော နှာခေါင်း ရှုံ့သံ နှင့်အတူ၊ သွယ်လျလျ အနက်ဝတ် လူငယ် တစ်ဦး လှမ်း ထွက် လာ၏။
“ ချန်ကျွယ် ထွက်လာပြီ။ ”
လူအုပ် ကြီးမှာ၊ ရုတ်ရုတ် သဲသဲ ဖြစ် ကုန်သည်။ ချန်ကျွယ် ဟူသည် မကြာ သေးမီ နှစ်များ အတွင်း၊ ကျော်ကြား လာ ခဲ့သော ပါရမီရှင် ဓားသမား ဖြစ်သည်။
နဂါး သွှေးလွှတ် ကြော နယ်ပယ်ဖြင့် အရိယာ ကောင်းကင် ဓားအား အထွတ် အထိပ် သို့၊ ရောက် ရှိအောင် စွမ်းဆောင် နိုင်ခဲ့၏။
နိဗ္ဗာန် အဆင့် မတိုင်မီ ကောင်းကင် အမိုး ဓားကို ဆုပ်ကိုင် နိုင်မည်ဟု ထင်ကြေး ပေးထား ကြသည်။ ထို့ပြင် သူ့ အသက်မှာ (၂၃) နှစ် မျှသာ ရှိချေ၏။
ချန်ကျွယ်က ဓားရောင်ဝါ ဖုံးအုပ်လျက် လျှောက်လှမ်း လာသည်။
“ မင်းရဲ့ ဓား ရည်ရွယ်ချက်က အံ့သြ စရာ ပါပဲ၊ ဒါပေမယ့် ငါ့ မျက်လုံးထဲ မှာတော့ ဘာမှ မဟုတ် ပါဘူး။ ”
“ ခရစ် ... ။ ”
စကားဆုံး သည်နှင့်၊ ကောင်းကင်ကြီး ရုတ်တရက် ကွဲအက်ကာ၊ အမည်ခံ ကောင်းကင် အမိုးဓား ထွက်ပေါ် လာ၏။
ဤအသက် အရွယ်ဖြင့် ထိုအဆင့် ဓား ရည်ရွယ်ချက် ရရှိထား သည်မှာ၊ တာအို ယန် နန်းတော်၏ တက်သစ်စ ကြယ်ပွင့် ဖြစ်ကြောင်း ပြသရာ ရောက်သည်။
“ ညီအစ်ကို ချန်ကျွယ်က တကယ်ကို နိမ့်ကျတဲ့ သဘော ထားမျိုး ရှိတာပဲ။ ”
“ ဟုတ်တယ် ယဲ့ချင်းရှန်လို မဟုတ်ဘူး၊ သူကမှ တကယ့် ပါရမီရှင်။ ”
ယဲ့ချင်းရှန်နှင့် ပတ်သတ်ပြီး မပျော်ခဲ့ သူများက ၎င်းတို့၏ ခံစားချက် များကို ထုတ်ဖော် လာကြသည်။
“ အခု ရှုံးနိမ့်မှုကို ဝန်ခံဖို့ ... မင်းအတွက် အချိန် ကျန်ပါ သေးတယ်၊ မဟုတ်ရင် ငါ မင်းကို ရိုက်နှက် မိမှာ ကြောက်တယ်၊ အမည်ခံ ကောင်းကင် အမိုးဓား၊ ...
... ဘယ်လောက် အစွမ်း ထက်လဲ ဆိုတာ၊ မင်းတွေးကြည့် နိုင်တဲ့ အရာမျိုး မဟုတ်ဘူး၊ ငါ မင်းကို ပါးရိုက်ပြီး၊ အလွယ်တကူ သတ်နိုင် တယ်။ ”
ချန်ကျွယ်မှ အေးစက်စွာ ပြောသည်။ အသက် (၂၃) နှစ်ဖြင့် အမည်ခံ ကောင်းကင် အမိုး ဓားကို ရရှိ ခြင်းသည်၊ ဂုဏ်ယူ ဝံ့ကြွား စရာ ဖြစ်၏။
“ ဒါဆို ... မင်း ဘာလို့ ရပ်နေသေး တာလဲ။ ”
လင်းယွန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ပြုံးပြ လိုက်သည်။ ထိုအပြု အမူက လူတိုင်း အမြင်၌ ရိုက်သတ်ချင် စရာ ကောင်းနေ၏။
“ စီနီယာ အစ်ကို ချန်၊ သူ့ကို သတ် ... ။ ”
“ ဟုတ်တယ် သူ့ကို သတ် ... ။ ”
ကောင်းကင် တာအို ရင်ပြင် တခွင် စကားသံများ ပဲ့တင်ထပ် လာတော့သည်။
“ မင်း ဆန္ဒ အတိုင်းပဲ ... ။ ”
ချန်ကျွယ်က လက်ဖဝါးဖြင့် လင်းယွန်အား လှမ်းရိုက် ပစ်လေသည်။ ရိုးရှင်းသော လက်ဖဝါး ဖြစ်သော်လည်း၊ ထက်ရှသည့် ဓားရောင်ဝါ ပါရှိ၏။
“ ဝေါ့ ... ။ ”
သို့သော် လင်းယွန်က မလှုပ်ချေ။ ရပ်နေဆဲ ဖြစ်၏။ သူ့အနား မရောက်ခင် ချန်ကျွယ် ခမျာ၊ သွေး အန်လျက် ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား ရတော့သည်။
ထိတ်လန့် တုန်လှုပ် စွာဖြင့် မည်သည့် အရာများ ဖြစ်ပျက်ခဲ့ သည်ကို တွေးဆကာ ပြန် မော့ကြည့် မိ၏။
လင်းယွန်မှာ ဆံပင်များ လေတိုက်နေ သလို လွင့်ပျံနေလျက်မှ၊
“ မင်း ... ပြီးပြီလား ... ၊ ဒါဆို ငါ့ အလှည့်ပဲ။ ”
-ဟု ဆိုကာ လက်ဖဝါးကို ပြန်လည် တွန်းထုတ် လိုက်သော အခါတွင်၊ ချန်ကျွယ်၏ အမည်ခံ ကောင်းကင် အမိုးဓား ကွဲအက် သွား တော့သည်။
“ ငါ ... ဂိုဏ်းကို ပြန်လာပြီး နိမ့်ကျတဲ့ အသွင်မျိုး ယူဖို့ စိတ်ကူး ခဲ့ပေမယ့်၊ လူတွေက ငါ့ကို ခွင့် မပြုကြ ပါလား။ ”
ပြီးနောက် တစ်ကိုယ်တည်း ညည်းတွား သံပြုကာ၊ ချန်ကျွယ်အား လျစ်လျူရှုလျက် လူအုပ်ထံ ဝေ့ကြည့်ပြီး၊
“ နောက်ထပ် ဘယ်သူ ရှိသေးလဲ။ ”
-ဟု ထပ်မံ စိန်ခေါ် လိုက်သည်။
ဤတစ်ကြိမ်တွင် မည်သူမျှ အသံ မထွက် တော့ချေ။ ထက်ရှသော ဓားတစ်လက်က သူတို့ ခေါင်းထက်၌ တလူလူ လွင့်နေ ခဲ့သည်။
***