ကောင်းကင် တာအို မြင့်မြတ်သော မီးလျှံ။
Vol. 135 Ch. 1888
လင်းယွန်၏ စွမ်းဆောင်မှုက လူတိုင်းကို ထိတ်လန့် သွားစေပြီး ပိုင်ရှုရင်ပင် မျက်နှာထား ပြောင်းလဲ သွားသည်။
အသစ် ခန့်အပ်ခြင်း ခံယူရန် ရောက်ရှိ လာသော သူတော်စင် တပည့်များ အတွက်မူ၊ ဆိုဖွယ် မရှိချေ။
ပိုင်ရှုရင်က သံသယဖြင့် ကြည့်၏။ တစ်နှစ်အတွင်း တစ်စုံ တစ်ယောက်သည် ဤမျှ အထိ ပြောင်းလဲ သွားနိုင် သည်လော။
ယဲ့ချင်းရှန်မှာ လွန်ခဲ့သော တစ်နှစ်က နဂါးသွေး လွှတ်ကြော နယ်ပယ် တွင်သာ ရှိ၏။ ယခုမူ လောက နိယာမ နယ်ပယ် မရဏ အဆင့် ရောက်ရှိကာ၊ ကောင်းကင် အမိုးဓားကို ဆုပ်ကိုင် နိုင်ခဲ့သည်။
နန်းတော် နှစ်လုံးနှင့် ခြံဝင်း သုံးခုရှိ သူတော်စင် တပည့် များက၊ လင်းယွန်အား အလေး အနက်ထား ကြည့်လာ ကြ၏။
ကောင်းကင် တာအို ဂိုဏ်း အတွင်း၌ သူတော်စင် တပည့် များ၏ ရာထူးမှာ ကြီးမား လှသည်။
ထို့ထက် သာလွန် သည်မှာ သူတော်စင် တိုက်ရိုက် တပည့်များ ဖြစ်၏။ ထူးခြားသော စွမ်းရည်များ ရှိပြီး၊ ၎င်းတို့သည် သူတို့ ဆရာ များကို ကိုယ်စားပြု ချေပြီ။
ဂိုဏ်း အတွင်း၊ အခွင့် အာဏာ များစွာ ရှိကြကာ၊ သဘာဝ အတိုင်း အဆုံး မရှိသော အကျိုး ကျေးဇူးများ ခံစား နိုင်သည်။
ထို့ကြောင့် တပည့် တိုင်း၏ အိမ်မက်မှာ၊ သူတော်စင် တိုက်ရိုက် တပည့် တစ်ဦး ဖြစ်လာ ရန် ဖြစ်၏။
ချန်ကျွယ် မျက်နှာမှာ၊ မယုံကြည် နိုင်သော အသွင်ဖြင့် ဖြူဖျော့ နေသည်။ ချက်ချင်း ထရပ် လိုက်ပြီး၊ လင်းယွန်ထံ အေးစက်စွာ ကြည့်ကာ၊
“ ဒါဟာ ကောင်းကင် အမိုး ဓားရဲ့ ရည်ရွယ်ချက်ပဲ ... ၊ ငါ့ကို တစ်နှစ်ခွဲ အချိန် ပေးရင်၊ ငါလည်း ဆုပ်ကိုင် နိုင်ပါတယ်။ ”
-ဟု မနာ လိုစွာ ပြော၏။
“ ညီလေး ချန် ... ၊ မင်းက ငါ့ထက်တောင် အရှက်မဲ့ သေးတယ်၊ ကောင်းကင် အမိုးဓား ရဖို့ လွယ်တယ်များ ထင်နေလား။ ”
လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။ ထို့ကြောင့် ချန်ကျွယ်မှ တုန့်ပြန်ရန် ပါးစပ်ဟ လိုက်သော အခါ၊ သွေးများ စီးကျ လာ၏။
ရင်ဘတ်ကို ဆုပ်ကိုင်လျက်၊ ဒူး တစ်ဖက် ထောက်ကျ သွား၏။ သနားစရာ ကောင်းသော အခြေ အနေ ဖြစ်သည်။
ယဇ်ပလ္လင် ပေါ်ရှိ အမည်ခံ သူတော်စင် များက၊ အချင်းချင်း ဆွေးနွေး လာကြ၏။
“ ဒါ ... ကောင်းကင် အမိုးဓား ရည်ရွယ်ချက်ပဲ၊ ယဲ့ချင်းရှန်က တကယ် အသွင် ပြောင်းသွားပြီ။ ”
“ မရဏ မိုးကြိုး တောင်ထိပ်က ဓားသမား တစ်ဦး မွေးထုတ် လာနိုင် ပုံပဲ၊ ဂုဏ်ယူ ပါတယ် တောင်ထိပ် သခင်။ ”
အားလုံးက အံ့အားသင့် ကုန်ပြီး၊ မရဏ မိုးကြိုး တောင်ထိပ် သခင်အား မြှောက်ပင့်ပြော လိုက်ကြ လေသည်။ ယဲ့ချင်းရှန်သာ ပြောင်းလဲ ခဲ့သော် ကောင်းကင် တာအို ဂိုဏ်း အတွက် သတင်း ကောင်း ပေပင်။
“ မရဏ တောင်ထိပ် သခင်၊ သူ့မှာ ဆရာ မရှိဖူး မဟုတ်လား။ ”
သူတော်စင် အကြီးအကဲက မရဏ မိုးကြိုး တောင်ထိပ် သခင်ထံ လှည့်ကြည့်ကာ မေးလေ သည်။
ထိုမေးခွန်းကြောင့် မရဏ တောင်ထိပ် သခင်က အဆင် မပြေသည့် အမူ အရာ မျိုးဖြင့်၊ ပြန်ဖြေသည်။
“ အရင်တုန်း ကတော့ ... သူ့မှာ ဆရာ တစ်ယောက် ရှိိခဲ့ ဖူးတယ်၊ ဒါပေမယ့် သူ့ကို ထုတ်ပယ် လိုက်တယ်။ ”
သူတော်စင် အကြီး အကဲက ခေါင်းညိတ်ပြီး၊
“ ကောင်းတယ် ... ငါလည်း တပည့် တစ်ဦး ခေါ်ယူမို့ စိတ်ကူး နေတာ၊ မင်း သူ့ကို မေးကြည့် ထားလိုက်။ ”
-ဟု ပြောလာ တော့၏။
အမည်ခံ သူတော်စင်များ အားလုံး တိတ်ဆိတ် သွားသည်။ ဤယဲ့ချင်းရှန်သည် သူ့အား မောင်းထုတ် ပါက၊ သူတော်စင် အကြီး အကဲအား၊ တစ်ချိန်တွင် သေချာပေါက် ရိုက်နှက် ပစ်မည်ဟု ဆိုခဲ့သူ မဟုတ်လော။
မရဏ တောင်ထိပ် သခင်မှာ ဝမ်းမြောက်လျက်၊
“ ဟုတ်ကဲ့ ... ၊ ပြန်သွားတဲ့ အခါ ကျွန်တော် သူ့ကို ပြောလိုက် ပါ့မယ်။ ”
-ဟု ချက်ချင်း ကတိ ပေးလိုက်၏။
“ သူတော်စင် အကြီးအကဲ ... ၊ သူက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူပါ ... ၊ သူ့လေသံ အရ၊ နောင်တ ရပုံ မပေါ်ဘူး၊ နောက်တစ်ကြိမ် ထပ်မလုပ် ပါဖူးလို့၊ ဘယ်သူက အာမခံ နိုင်မှာလဲ။ ”
အမည်ခံ သူတော်စင် တစ်ပါးမှ ဝင်ရောက် ကန့်ကွက်လေသည်။
“ ငါ တိုင်စာတွေ အားလုံး မနေ့ညက ဖတ်ကြည့် ပြီးပြီ၊ အားလုံးက အသေး အဖွဲလေး တွေပါ၊ ငရဲ သစ်ခွ ခြံဝင်း ကိစ္စ မှာလဲ၊ ကျောက်စိမ်း ဓား သူတော်စင်က အရေး မယူ ခဲ့တော့ ပြောစရာ မရှိတော့ ပါဘူး။ ”
“ ဒါပေမယ့် ... သူက ဓားသမား တစ်ယောက်ရဲ့၊ ကျေးဇူးမျိုး မရှိဘူး၊ ဒါကြောင့် အနာဂါတ်မှာ အောင်မြင်ဖို့ ခက်မယ်။ ”
လေပြင်း အမည်ခံ သူတော်စင်မှ ဝင်ပြောသည်။
“ အဆင် ပြေပါတယ် ... ကောင်းကင် တာအိုဂိုဏ်းရဲ့ သမိုင်းမှာ၊ အလားတူ ဖြစ်ရပ်မျိုး ရှိခဲ့ ဖူးတယ်၊ အသက် (၄၀)မှ၊ ...
... အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် နိုင်ပြီး ... ၊ ဓား သူတော်စင် ဖြစ်လာတဲ့ တပည့် တစ်ယောက် ပိုင်ခဲ့ ဖူးတယ်။ ”
သူတော်စင် အကြီးအကဲမှ ပြန်ပြောသည်။ အထက်ပါ စကား များကို ကန့်သတ်ပြီး ပြောဆို နေကြခြင်း ဖြစ်သဖြင့်၊ ပြင်ပမှ မည်သူမျှ မကြား နိုင်ချေ။
“ မရဏ မိုးကြိုး တောင်ထိပ် သခင် ... ၊ သူ့ အရည်အချင်း တွေကို အလဟဿ မဖြစ် စေနဲ့၊ ဒါကို မြန်မြန် အကြောင်း ပြန်ပါ။ ”
“ ဟုတ်ကဲ့ ... နားလည် ပါပြီ။ ”
သူတော်စင် အကြီးအကဲမှ စိတ်ပိုင်း ဖြတ်ပြီး ဖြစ်သောကြောင့်၊ အမည်ခံ သူတော်စင် များမှာ မပြော သာတော့ခေျ။
လင်းယွန် မေးခွန်းကြောင့် အသစ် ခန့်အပ်ခြင်း ခံယူရန် ရောက်ရှိလာ သူတိုင်း တိတ်ဆိတ် ကုန်၏။
သူတို့သည် ဂိုဏ်း၌ ပါရမီ ရှင်များ ဖြစ်သော်လည်း၊ ချန်ကျွယ်နှင့် တူညီသော အဆင့် တွင်သာ ရှိသည်။
ထို့ကြောင့် လင်းယွန်အား အနိုင်ယူရန် ယုံကြည်ချက် မရှိတော့ချေ။
“ ယဲ့ချင်းရှန် ... ။ ”
သူတော်စင် အကြီး အကဲမှ ခေါ်သည်။
“ နားထောင် နေပါတယ်။ ”
“ ဒီကိစ္စကို ရပ်လိုက်တော့ ...၊ ထပ်ပြောရင် မင်း ပါးစပ် ပိတ်သွားတဲ့ အထိ၊ ငါ ရိုက်မယ်။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်မှ ပျင်းရိ သွားဟန်ဖြင့် သမ်းဝေ လိုက်တော့သည်။ တစ်ချက် မျှပင် ရိုသေမှု မပြ ခဲ့ချေ။
ယင်းကြောင့် မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ၊ သူတော်စင် အကြီးအကဲ စိတ်ပြောင်း သွားမည်ကို စိုးရိမ် လာ၏။
သို့သော် သူတော်စင် အကြီးအကဲက ရိုင်းစိုင်းနေသော လင်းယွန်၏ အပြုအမူ အပေါ်၊ လျစ်လျူရှုပြီး၊
“ လူတိုင်း တစ်နာရီ အနား ယူပါ၊ ဒဏ်ရာရ သူတွေကို ကုသ ပေးလိုက်ကြ။ ”
သူတော်စင် အကြီး အကဲမှာ သဘောထား ကြီးမြတ် လေသည်။ လင်းယွန်ကို အပြစ် မပေး သကဲ့သို့၊ ရှုံးနိမ့်သွား သူများ အပေါ်လည်း အပြစ် မပေးချေ။
တစ်နာရီ ကုန်လွန် ပြီးနောက်၊ အသစ် ရွေးချယ်မည့် သူတော်စင် တပည့်များ ထိုင်ရန်၊ နေရာ ပေးပြီး၊ အခမ်း အနား စတင် တော့၏။
“ မင်းတို့ အတွက် ... ၊ ကောင်းကင် တာအိုဂိုဏ်းရဲ့ မြင့်မြတ်သော မီးတောက်ကို ငါ ထွန်းညှိ ပေးမယ်၊ ဒီမီးလျှံရဲ့ ...
... အသိအမှတ် ပြုမှုကို ခံယူပြီးရင် ... ၊ အားလုံး တရားဝင် သူတော်စင် တပည့်တွေ အဖြစ်၊ ပြောင်းလဲ သတ်မှတ် နိုင်ပြီ။ ”
သူတော်စင် အကြီးအကဲက ပြောပြီး တောင်ထိပ် သခင် များနှင့် အတူ ကောင်းကင် ပေါ် ပျံတက် သွားသည်။
ပြီးနောက် တံဆိပ် တစ်ခုကို ပြိုင်တူ ဖွဲ့စည်းလျက်၊ ရှေးဟောင်း ဝိညာဉ် ရေးရာ အစီရင် တစ်ခုအား အသက်သွင်း တော့၏။
အစီရင် ထွက်ပေါ် လာသည်နှင့် တာအို ရင်ပြင် တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်း သော ရောင်ဝါ၊ သိုင်းခြုံ လာသည်။
“ မြင့်မြတ်သော မီးတောက်ကို ကြိုဆို ပါတယ်။ ”
“ မြင့်မြတ်သော မီးတောက်ကို ကြိုဆို ပါတယ်။ ”
“ မြင့်မြတ်သော မီးတောက်ကို ကြိုဆို ပါတယ်။ ”
ပလ္လင် ပေါ်တွင် မီးတောက် နှစ်ခု ချက်ချင်း ထွက်ပေါ် လာသည်။ ရွှေရောင်နှင့် ငွေရောင်များ ဖြစ်၏။
ယင်းမှာ ကောင်းကင် ဓားနှင့် တာအို ဓားတို့ကို ကိုယ်စား ပြုသည်။ မီးတောက်များ က၊ ငါး နှစ်ကောင်က အချင်းချင်း လိုက်ဖမ်းနေ သကဲ့သို့၊ ပြောင်းလဲ လာ၏။
အဆုံးတွင် မီးတောက်များ ထံမှ၊ အလင်း ရောင်များ တာအို ရင်ပြင် တစ်ခု လုံးကို ဖုံးလွှမ်း သွားသည်။
မီးတောက် အတွင်း တစ်ချိန်က ဓား ကိုင်ဆောင် သူများ၏ သမိုင်း ဒဏ္ဍာရီများ ပြန်လည် ပြသ လာ၏။
“ နားလည်အောင် ခံယူပါ။ ”
သူတော်စင် အကြီးအကဲမှ သတိ ပေးလိုက်သည်။ လူတိုင်း မျက်စိ မှိတ်ကာ ထိုင်လျက် ငြိမ်သက် ကုန်၏။
ဤသည်မှာ အခမ်း အနား၏ အရေး ကြီးသော အစိတ် အပိုင်း ပေပင်။ ဓားနှစ်လက် သမိုင်း တစ်လျှောက်၊ အကြွင်း အကျန် အသိ ပညာများ ဖြစ်၏။
၎င်းတို့အား ပညာ မီးလျှံ၊ ဘုရင် မီးလျှံ၊ သူတော်စင် မီးလျှံ၊ အုပ်စိုးရှင် သူတော်စင် မီးလျှံ၊ မဟာ သူတော်စင် မီးလျှံနှင့်၊ အဓိပတိ မီးလျှံ ဟူ၌ (၉)ဆင့် ခွဲခြား ထားသည်။
ပညာ မီးလျှံသည် အနိမ့်ဆုံး ဖြစ်၏။ မီးလျှံများတွင် ကျင့်ကြံမှု နည်းစနစ်၊ လျှို့ဝှက် နည်းစနစ်နှင့် သန့်စင်သော စွမ်းအင်များ ပါဝင် သည်။
ယင်းသည် သူတော်စင် တပည့် အသစ်များ အတွက်၊ အခွင့်အရေး ဖြစ်၏။ များ မကြာခင် တစ်စုံ တစ်ဦးမှ မျက်လုံး ပြန်ဖွင့် လာသည်။
လှည့်ပတ် နေသော မီးတောက် နှစ်ခုမှ အဖြူရောင် ပညာ မီးလျှံ သည်သာ ပျံထွက် လာ ခဲ့သည်။
“ ကျေးဇူး တင်ပါတယ်။ ”
စိတ်ပျက် စွာဖြင့်၊ အမြန် ထထွက် သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းက ပြုံး စိစိဖြင့်၊ ကြိတ်ရယ် လိုက်ကြ၏။
ဤသည်မှာ အနိမ့်ဆုံး အဆင့် ပေပင်။
“ ငါတို့ အစ်ကိုကြီးက ... ဘယ်အဆင့် မီးလျှံကို ရနိုင် မလဲ၊ ... သိချင်သား။ ”
မရဏ မိုးကြိုး တောင်ထိပ်မှ တပည့် များက၊ စိတ်လှုပ်ရှား လာတော့သည်။
“ စီနီယာ အစ်မ မြောင်ရင် ... ၊ ယဲ့ချင်းရှန်က ဘယ်အဆင့် မီလျှံ ရမယ် ထင်လဲ။ ”
တော်ဝင် သမီးတော် ခြံဝင်းမှ တပည့် များက၊ မေးသည်။ လွန်ခဲ့သော တစ်နှစ်မှ အဖြစ် အပျက်ကြောင့်၊ ယဲ့ချင်းရှန် တစ်ယောက် အသွင် ပြောင်းသွား ပြီဟု သူမတို့ ယုံကြည်၏။
“ မှတ်တမ်း အရ ဆိုရင်၊ ကောင်းကင် အမိုးဓား ကြောင့် အနည်းဆုံး သူတော်စင် မီးလျှံ ရနိုင်မယ်၊ အုပ်စိုးရှင်နဲ့ မဟာ မီးလျှံ ကတော့ နည်းနည်းပဲ အခွင့် အရေး ရှိမယ်။ ”
ရှင်းယန် အဖြေသည် တပည့်မ များကို ပြုံးရွှင်လာ စေ၏။ တော်ဝင် သမီးတော် ခြံဝင်း၌ ယဲ့ချင်းရှန်မှာ လူကြိုက်များ လာပြီ ဖြစ်သည်။
ထို့ကြောင့် အဆိုပါ ကျော်ကြားမှု အပေါ်၊ လူများစွာမှ မပျော်မရွှင် ဖြစ်လာ ကြ သည်မှာ သဘာဝ ပေပင်။
“ ဟမ့် ... ၊ သူ့လို လူက သူတော်စင် မီးလျှံ ရဖို့တောင်၊ အရည်အချင်း မပြည့်မီပါဘူး၊ ပညာ မီးလျှံ နဲ့ပဲ၊ နှစ်ပါး သွားရ လိမ့်မယ်၊ သူ့မှာ ... ရုပ်ရည်က လွဲလို့ ... ၊ ဘာမှ ရှိလှတာ မဟုတ်ဘူး။ ”
***