← Chapters

တာအို တေးသံ ... ။

Vol. 135 Ch. 1889

တာအို တေးသံ ... ။

Vol. 135 Ch. 1889

ပြသ ခဲ့သော အရည် အချင်းကြောင့် ယဲ့ချင်းရှန် ခံယူမည့် မြင့်မြတ်သော မီးလျှံ အပေါ်၊ လူ အများက သိချင် လာ၏။

ပညာ မီးလျှံသည် အနိမ့်ဆုံး အဆင့် ဖြစ်သဖြင့်၊ ရရှိ သူများမှာ အဆင် မပြေသော အနေ အထား၌၊ ရှိလာ ခဲ့သည်။

လူ မြင်ကွင်း၌ အရှက်ခွဲ ခံရ သည်နှင့် တူချေ၏။ ဘုရင် မီးလျှံသည် အဆင့်မြင့် သော် လည်း၊ ၎င်းသည် သူတော်စင် အဆင့် မဟုတ်ချေ။

သူတော်စင် မီးလျှံ ရရှိ သူများ သည်သာ၊ သူတော်စင် တိုက်ရိုက် တပည့် ဖြစ်ရန် အလား အလာ ကောင်းများ ရှိ၏။

၎င်းတို့သည် ခမ်းနားသော ပါရမီရှင်များ ဖြစ်ပြီး၊ အုပ်စိုးရှင် သူတော်စင် မီးလျှံ ရှိသူများ အတွက်မူ၊ ရာစုနှစ် တစ်ခု၏ ပါရမီရှင် အဖြစ် သတ်မှတ်ကာ၊ လက်ခံ ကြချေသည်။

မဟာ သူတော်စင် မီးလျှံမှာ ရှားပါး၏။ ရရှိ သူတိုင်းကို တပည့်အဖြစ်၊ ချက်ချင်း လာရောက် ခေါ်ယူ ကြပေ လိမ့်မည်။

သူတော်စင် အဓိပတိ မီးလျှံ မှာမူ၊ ထွက်ပေါ် မလာတော့ သည်မှာ၊ ရာစုနှစ် များစွာ ကြာခဲ့ပြီ ဖြစ်၏။

ယဲ့ချင်းရှန်၏ စွမ်းဆောင်မှု အပေါ် အခြေခံကာ၊ လူများစွာက သူ့ကို အုပ်စိုးရှင် သူတော်စင် မီးလျှံ ရရှိနိုင် မည်ဟု မြင်ကြ လေသည်။

အဆုံးတွင် ကောင်းကင် အမိုးဓား ဟူသည်၊ အခြားသော သူတော်စင် တပည့်များ နားလည် နိုင်သည့် အရာမျိုး မဟုတ်ချေ။

ထိုစဉ် လောချောင်၏ မျက်လုံးများ ရုတ်တရက် ပြန်ဖွင့် လာ၏။ ရွှေငါး-ငွေငါး များ ထံမှ သူတော်စင် မီးလျှံ ထွက်ရှိ တော့သည်။

ကျင့်ကြံမှု လျင်မြန်စွာ မြင့်တက် လာပြီး၊ တန်ခိုး ကြီးသော ရောင်ဝါသို့ ချက်ချင်း တိုးမြှင့် လာခဲ့၏။

“ လောချောင်က ... ၊ ယဲ့ချင်းရှန်ကို ရှုံးပေမယ့်၊ သူက ဉာဏ်ကြီးရှင် တစ်ယောက် ဆိုတာ၊ ငြင်းလို့ မရဘူး။ ”

“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန်က သူ့ ဘိုးဘေး တွေရဲ့ သူတော်စင် မူလကို သန့်စင် ထားတဲ့ လူပါ၊ အရည် အချင်း ယှဉ်ရမယ် ဆိုရင်၊ လောချောင်ကို ဘယ်မီ မလဲ။ ”

“ မှန်တယ် ... ၊ သူတော်စင် မီးလျှံ ဆိုတာ သင့်လျော်တဲ့ ... ရိတ်သိမ်း နိုင်မှုပဲ။ ”

လောချောင် အစား၊ ငရဲ သစ်ခွ ခြံဝင်းမှ လူတိုင်း ပျော်ရွှင် လာခဲ့ လေသည်။ ပိုင်ရှုရင် ပင် ခေါင်းညိတ် ထောက်ခံ ချေ၏။

သူမသည် ငရဲ သစ်ခွ ခြံဝင်း၏ တပည့်ကြီး ဖြစ်သဖြင့်၊ တစ်စုံ တစ်ယောက်မှ ရလဒ်ကောင်း များ ရရှိ သည်ကို မြင်တွေ့ ရခြင်း အပေါ်၊ သဘာဝ အတိုင်း ပျော်ရွှင် သည်။

အကြောင်း တစ်ခုခုကြောင့် ယဲ့ချင်းရှန်ထံ လှည့်ကြည့် မိသည်။ မည့်သည့် အရာကို ထိုလူ ရရှိ မည်အား သိချင် လာ၏။

၎င်းအပေါ် အကောင်းမြင် စိတ် မရှိ သော်လည်း၊ အမှန် တကယ် သိချင် ချေပြီ။ အမည်ခံ သူတော်စင် များစွာ ကလည်း သူမ ကဲ့သို့ စောင့်မျှော် နေကြ၏။

“ ဒါက ... အရမ်း ခံစားလို့ ကောင်းတယ်။ ”

လောချောင် မျက်နှာပြင် တစ်ခုလုံး နှင်းဆီရောင် သမ်းလာပြီး၊ မတ်တပ်ရပ် လိုက် တော့၏။

ထို့နောက် အပြုံးဖြင့် ယဲ့ချင်းရှန်ကို ကြည့်လိုက်သည်။ ဤလူသည် သူ့အား မယှဉ် နိုင်သော်၊ အမှိုက် တစ်စ ဖြစ်ကြောင်း ပြသရာ ရောက်ပေမည်။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် သူ ခံစားခဲ့ ရသော အရှက်တရား များကို ဆေးကြော ရမည် ဖြစ်၏။ လင်းယွန် အနားမှ အဖြတ်တွင်၊ ဒေါသ အပြည့် ဖြင့်၊ နှာခေါင်းရှုံ့ လိုက်သည်။

“ အဲဒီ လူက သင်ခန်းစာ မရသေး ဖူးနဲ့ တူတယ်၊ ရွံစရာ ကောင်းလိုက်တာ၊ ကောင်းကင် အမိုးဓား ရှိတဲ့၊ စီနီယာ အစ်ကိုက သူ့ထက် အများကြီး သာလိမ့်မယ်။ ”

မရဏ မိုးကြိုး တောင်ထိပ်၏ တပည့် များက၊ မကျေမနပ် ရေရွတ် လိုက်ကြသည်။ ချန်ဖန်မှာ စိတ်လှုပ်ရှား နေသဖြင့်၊ ပြန်၍ တုန့်ပြန်ခြင်း မရှိချေ။

နံ့သာတိုင် လောင်ကျွမ်းချိန် တစ်ဝက် ကြာချိန်ပြီးနောက်၊ တော်တော် များများ ပြီးဆုံး သွားခဲ့သည်။

အများစုမှာ ဘုရင် မီးလျှံ ရရှိ ကြပြီး၊ အနည်းငယ် သည်သာ သူတော်စင် မီးလျှံ ရရှိ ကြ လေသည်။

ထိုအချိန်တွင် ပလ္လင်မှ တောက်ပသော ရွှေရောင် အဆင်း သဏ္ဍာန်များ၊ အလင်းတန်း သဖွယ် ပျံတက် လာ၏။

အလင်း တိုင်သည် ပေ(၈၀၀) အကျယ် ရှိလာပြီး၊ ဆယ်မိုင် ပတ်လည် အတွင်း တိမ်လွှာ များ ပျံ့ကျဲ ကုန်သည်။

ကောင်းကင် ဓားကို ကိုယ်စား ပြုသည့် လက်သီးဆုပ် အရွယ် ရွှေရောင် မီးတောက် (၂)ခု ပေါက်ကွဲ ထွက်လာ၏။

ထိုရွှေရောင် မီးတောက် များက၊ တာအို ယန်နန်းတော်၏ တပည့် ချန်ကျွယ် အပေါ်သို့ ကျဆင်း သွားသည်။

“ သူတော်စင် မီးလျှံ ... ။ ”

“ စီနီယာ အစ်ကို ချန်က ... အုပ်စိုးရှင် သူတော်စင် မီးလျှံကို ရခဲ့တယ်၊ နောက်ဆုံးတော့ ခမ်းနားသော ပါရမီရှင် တစ်ဦး ပေါ် လာပြီ။ ”

“ ကြည့်စမ်း ... ၊ အစ်ကို ချန်ရဲ့ ဓား ရည်ရွယ်ချက်က ဖြတ်ကျော် တော့မယ်။ ”

ချန်ကျွယ်ထံ လူတိုင်း၏ အကြည့်များ ကျရောက်သွား လေသည်။ ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ ထွက်ပေါ် လာ၏။

အမည်ခံ ကောင်းကင် ဓား နယ်နိမိတ်အား ဖြတ်ကျော်ပြီး၊ စက္ကန့်ပိုင်း အတွင်း ကောင်းကင် အမိုးဓား ထံသို့၊ ရောက်ရှိ လာသည်။

ဤသည်မှာ အုပ်စိုးရှင် သူတော်စင် မီးလျှံ၏ အကျိုး ကျေးဇူး ဖြစ်ချေ၏။ သို့သော် ၎င်းသည် အဆုံးသတ် မဟုတ်ချေ။

လူတိုင်း၏ အကြည့်များ အောက်တွင် ပဉ္စမမြောက် မရဏ အဆင့်သို့ ရောက်ရှိ လာ ခဲ့သည်။

မျက်လုံး ပြန်ဖွင့် လာသော အခါ၊ ပြုံးရွှင် နေခဲ့သည်။ ဤသည်မှာ ကောင်းကင် အမိုးဓား ဖြစ် သည်လော။

လင်းယွန်မှ သူ့အား အဘယ့်ကြောင့် အနိုင်ယူခဲ့ သည်ကို၊ နားလည် လာတော့သည်။ အမည်ခံ ကောင်းကင် ဓားနှင့်၊ ကောင်းကင် အမိုး ဓားကြား ကွာခြားချက် ကြီးမား လှ၏။

ယခု အခါတွင် ယဲ့ချင်းရှန်အား၊ ထပ်မံ တိုက်ခိုက် ပါက အောင်နိုင် မည်ဟု ယုံကြည် လာတော့သည်။

“ တာအို ယန် နန်းတော်မှ သူတော်စင် တပည့် ချန်ကျွယ်က ... ၊ ဘိုးဘေး တို့ရဲ့ လက်ဆောင် အတွက် ကျေးဇူးတင် ပါတယ်။ ”

ချန်ကျွယ်က ဒူးတစ်ဖက် ထောက်ကာ သုံးကြိမ် တိုင်တိုင် ဦးညွှတ်လျက်၊ ထွက်ခွာလာ ခဲ့သည်။

မရဏ မိုးကြိုး တောင်ထိပ် အဖွဲ့ အနားမှ အဖြတ်တွင်၊

“ အခမ်း အနား ပြီးရင် ... ၊ ငါ ယဲ့ချင်းရှန်နဲ့ ထပ်ပြီး တိုက်မယ်၊ ကောင်းကင် အမိုးဓားလား ငါ့ မှာလည်း ရှိတယ်။ ”

ချန်ဖန် အပါ အဝင် လူတိုင်းက၊ ကြောက်ရွံ့စွာဖြင့် ရောင်ယောင် ခေါင်းညိတ် လိုက် ကြသည်။

“ ဟား ... ဟား ... ဟား ... အမှိုက်တွေ ... ။ ”

ချန်ကျွယ်မှ အထင် အမြင် သေးစွာ၊ ရယ်မောလိုက် တော့၏။ သူ ထွက်သွား ပြီးသည့် နောက်မှသာ၊ မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များ အသက်ရှူ ချောင်ကုန်သည်။

“ အဲဒီ ကောင်က ... မာနကြီး လွန်းတယ်။ ”

“ သူက အုပ်စိုးရှင် သူတော်စင် မီးလျှံ ရရှိ ထားတယ်၊ စီနီယာ အစ်ကိုသာ ဒီအဆင့် မီးလျှံ မရရင်၊ အနိုင် ယူ နိုင်မှာ မဟုတ်ဘူး။ ”

“ ဒီကောင်က ကံကောင်း လွန်းပါတယ်၊ သူ့ရဲ့ ကျင့်ကြံမှု မှာတောင် အောင်မြင်မှု တစ်ခု လုပ်နိုင် ခဲ့သေးတယ်။ ”

မရဏ မိုးကြိုး တောင်ထိပ်မှ လူတိုင်းက၊ ချန်ကျွယ် ရောင်ဝါကြောင့် စိတ်ဓာတ်ကျ ကုန် တော့သည်။ ချန်ဖန်က၊

“ စိုးရိမ် မနေနဲ့ ... ၊ စီနီယာ အစ်ကိုက မပြီးသေး ပါဘူး။ ”

-ဟု အားပေး လိုက်သည်။

“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် တစ်ယောက် ဆုံးခန်းတိုင် သွားပြီ၊ သူ့ကြောင့် ချန်ကျွယ်က ဖိအား ဖြစ်ခဲ့ ပုံပဲ။ ”

ချန်ကျွယ်၏ ရွှေမီးလျှံ ရောင်ဝါသည် ပေတစ်ရာကျော် ရှိပြီး၊ ဆယ်မိုင် အကွာ သို့တိုင်၊ လင်းစေ ခဲ့သည်။

ထို့ကြောင့် အခမ်း အနား တစ်ခုလုံး၊ ရုတ်ရုတ်သဲသဲ ဖြစ်လာ ကုန်ကြသည်။ လူတိုင်း အမြင်၌၊ ယဲ့ချင်းရှန်သည် ထိုအဆင့် မီးလျှံမျိုး ရရှိမည် မဟုတ်ဟု ယုံကြည် နေ၏။

အချိန်များ တရွေ့ရွေ့ ကုန်လာ သည်နှင့် အမျှ၊ ပလ္လင် ပေါ်တွင် ထိုင်နေသော လင်းယွန် တစ်ယောက်ထဲ ကျန်ရစ် ခဲ့သည်။

“ ထူးဆန်းတယ် ... သူ့ အရည်အချင်းက ဘာမို့ ဒီလိုလောက် အချိန်ကြာ နေရတာလဲ။ ”

“ ဘယ်သိ မလဲ။ ”

“ ယဲ့ချင်းရှန်ကို ဘိုးဘေး တွေက အမွေ မပေး ချင်လို့ နေမှာပေါ့ ... ၊ သူတော်စင် တပည့် ရာထူး အတွက်၊ ငြင်းပယ်ချင် နေတာ ဖြစ်မယ်။ ”

အခမ်း အနားကို မွန်းလွဲ ပိုင်းမှ စတင် ခဲ့ပြီး၊ ညနေ ဆည်းဆာ ချိန်သို့ ရောက်ရှိ နေပြီ ဖြစ်၏။ တောင်ထိပ် သခင် များပင်၊ သံသယများ ဝင်လာ ကြသည်။

“ ငါ့ အမြင် အရတော့ ယဲ့ချင်းရှန်မှာ ပြဿနာ ရှိနေပြီ၊ သူ့ရဲ့ ဓား ရည်ရွယ်ချက်က ယဲ့မျိုးရိုး ဘိုးဘေး တွေဆီက လာတာလို့ ကြားသိ ရတယ်၊ သူ့လို ...

... လူယုတ်မာ တစ်ယောက် အပေါ် ... ၊ ငါတို့ရဲ့ ဘိုးဘေး တွေက ... မြင့်မြတ်တဲ့ မီးလျှံ မပေးချင်တာ အံ့သြ စရာတော့ မရှိ ပါဘူး။ ”

လေပြင်း အမည်ခံ သူတော်စင်မှ သုံးသပ် လိုက်သည်။

“ သူတော်စင် အကြီး အကဲ၊ ဒါက သူ့ကို သူတော်စင် တပည့် မဖြစ်နိုင် ဖူးလို့ ... ဘိုးဘေး တွေက ဆုံးဖြတ် ပေးတာ ဖြစ်မယ်။ ”

တူညီသော အသံများ ပဲ့တင်ထပ် လာကြ သဖြင့်၊ မရဏ တောင်ထိပ် သခင်မှ ချောက်ချား လာပြီး၊

“ သူတော်စင် အကြီးအကဲ၊ ခဏလောက် စောင့်ပေးပါ။ ”

-ဟု ဝင်ပြော လိုက်သည်။

“ အမွှေးတိုင် တစ်ဝက်လောက် ... ၊ ထပ်စောင့် ပေးမယ်၊ ဘိုးဘေး တွေက လက် မခံ ရင်တော့ ... သူ့ကို ငါ ခေါ်သွားမယ်။ ”

သူတော်စင် အကြီးအကဲမှ ခေါင်းညိတ်ကာ၊ လက်ခံလိုက် သဖြင့်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ စိတ် သက်သာရာ ရသွားသည်။

“ ကျေးဇူး တင်ပါတယ် သူတော်စင် အကြီး အကဲ။ ”

ဤသူတော်စင် အကြီး အကဲသည် ယဲ့ချင်းရှန် အပေါ်၊ မျှော်လင့်ချက် ကြီးစွာထား နေသော ကြောင့်၊ အခြားသော တောင်ထိပ် သခင် များက အံ့အားသင့် သွား၏။

“ တိတ်တိတ်နေ ... ။ ”

သူတော်စင် အကြီး အကဲက လူတိုင်းကို သတိပေး လိုက်သည်။ မပျော်သော်လည်း ထပ်မံ ဝေဖန်ခြင်း မပြု ရဲတော့ချေ။

သို့သော် လင်းယွန်မှာ မလှုပ် မယှက် ထိုင်နေဆဲ ဖြစ်၏။ တိုးပေး ထားသော အချိန် ကုန်လွန် တော့မည် ဖြစ်ရာ၊ မရဏ မိုးကြိုး တောင်ထိပ် သခင် တစ်ယောက်၊ စိတ်ပူ လာသည်။

နဖူး၌ ချွေးများ အဆတ် မပြတ် စီးကျ လာတော့၏။ အခြားသော တောင်ထိပ် သခင် များ သည်လည်း၊ အချင်းချင်း တီးတိုး ဝေဖန် လာကြသည်။

“ သူတော်စင် အကြီး အကဲ ... ။ ”

အချိန် ကုန်လွန် သွားပြီ ဖြစ်သောကြောင့်၊ လေပြင်း အမည်ခံ သူတော်စင်မှ ပြောသည်။ ထို အချိန်တွင် မီးလျှံ ငါးနှစ်ကောင်သည် ပလ္လင် အတွင်း ပြန်လည် ဝင်ရောက် သွား၏။

ဆိုလို သည်မှာ မြင့်မြတ်သော မီးလျှံ ငြိမ်းသွားခြင်း ဖြစ်သည်။ ကောင်းကင် ကြီးပင် ရုတ်တရက် မှောင်သွား၏။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

ထိုမြင်ကွင်းအား တစ်ကြိမ်မျှ မမြင်ဖူး သောကြောင့်၊ လူတိုင်း စိတ် မသက် မသာ ဖြစ် လာ၏။

သည့်စဉ် ကောင်းကင်မှ တာအို တေးသံ တစ်သံ ရုတ်တရက် မြည်ဟည်း ထွက်ပေါ် လာ တော့သည်။

***

All Chapters