ပုရွက်ဆိတ် တစ်ကောင်။
Vol. 135 Ch. 1890
တာအို အသံများ မိုးခြိမ်းသံ ကဲ့သို့ မြည်ဟည်းလာ သဖြင့် လူတိုင်း ထိတ်လန့်သွား တော့သည်။
“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
“ အပြာရောင် အလင်း၊ ဒါက တစ်ခါမှ မပေါ်ဖူးဘူး၊ ဒါပေမယ့် ... ကောင်းကင် တာအို မီးလျှံက ငြိမ်းသွားပြီ မဟုတ်လား။ ”
မီးလျှံ ငါးများ ပြောက်ကွယ် ကုန်ပြီး၊ အပြာရောင် အလင်းများ တောက်ပလာ သဖြင့်၊ သူတော်စင် အကြီးအကဲမှာ အံသြ လာ၏။
သူ့ အဆင့် အတန်း အရ၊ ရာနှင့်ချီသော အခမ်းအနား များတွင် ပါဝင် ခဲ့ဖူး သော်လည်း၊ ဤအဆင့် မြင်ကွင်းမျိုး မကြုံ ဖူးချေ။
မကြာမီ အပြာရောင် အလင်းသည် အပြာရောင် မီးတောက်များ အဖြစ် ထင်ရှား လာသည်။
ခဏ အကြာတွင် မိုင်တစ်ရာ အတွင်း တိမ်များ အပါအဝင် ပလ္လင် အနားရှိ အဆောက် အဦးများ အားလုံး အပြာရောင် ပြောင်း ကုန်၏။
နန်းတော် နှစ်လုံး၊ ခြံဝင်း သုံးထပ်၊ တောင် တစ်ရာ့ရှစ် လုံး၏ တပည့် များက ကောင်းကင် ကို မော့ကြည့် လိုက်သည်။
“ မိုင်တစ်ရာကို ဖုံးလွှမ်း နိုင်တဲ့ ... ၊ အပြာရောင် မီးတောက်လား၊ ဒါက ဘယ်လို အဆင့် မျိုးလဲ။ ”
အဆိုပါ ဖြစ်စဉ်သည် ထိတ်လန့် စရာ ကောင်းပြီး၊ တံခါးပိတ် ကျင့်ကြံ နေသော သူတော်စင် အကြီးအကဲများ အာရုံ ကိုပင် ဆွဲဆောင် နိုင်ခဲ့သည်။
ထို့စဉ် ငရဲ သစ်ခွ ခြံဝင်း အရပ် ဆီမှ ပုံရိပ် တစ်ခု ပျံတက် လာပြီး၊ ပလ္လင်၏ ဦးတည်ရာကို ကြည့်လာ၏။
ဤပုဂ္ဂိုလ်သည် သဘာဝ အားဖြင့် ကောင်းကင် ကျောက်စိမ်းဓား သူတော်စင် ဖြစ်သည်။
သူမ ရောက်ရှိ လာသည်ကို၊ မသိ စေချင် သောကြောင့်၊ သူမကိုယ် သူမ ဖုံးကွယ် ထား၏။ တောင်ထိပ် သခင် များနှင့် သူတော်စင် အကြီးအကဲသာ သူမကို မြင်သည်။
“ သိုင်း အဒေါ်ကို နှုတ်ဆက် ပါတယ်။ ”
တောင်ထိပ် သခင်များ အားလုံးက ဦးညွှတ်ကြ သော်လည်း၊ သူတော်စင် အကြီး အကဲမှ ခေါင်းညိတ် ရုံသာ ညိမ့်ပြ လိုက်၏။
ကျောက်စိမ်းဓား သူတော်စင်က ဂရု မစိုက်ချေ။ လင်းယွန် ဘက်သို့ လှည့် သွားကာ၊
“ ယဲ့ချင်းရှန် လား။ ”
-ဟု မေးလိုက်သည်။
မရဏ မိုးကြိုး တောင်ထိပ် သခင်က၊
“ သိုင်း အဒေါ်ကို ... အစီရင်ခံ ပါတယ်၊ ဒီကောင်လေးက မရဏ မိုးကြိုး တောင်ထိပ်ရဲ့ သူတော်စင် တပည့် အသစ် ဖြစ်ပါတယ်။ ”
-ဟု မိတ်ဆက် ပေးလိုက်သည်။
“ ငါ သူ့ကို သိတယ် ... ၊ သူက တော်တော်လေး အရည် အချင်း ရှိတာပဲ၊ အရင် ထဲက သူ့မှာ ကောင်းကင် အမိုးဓား ရှိနေတာ ငါ သတိထား မိတယ်။ ”
ကောင်းကင် ကျောက်စိမ်းဓား သူတော်စင် စကားကြောင့်၊ တောင်ထိပ် သခင်များ တုန်လှုပ် သွား ကြသည်။
မရဏ မိုးကြိုး တောင်ထိပ် သခင် သည်သာ ကျေနပ်သော အမူအရာဖြင့် ခေါင်းညိတ် လိုက်မိ တော့၏။
အခြား တစ်ဖက်တွင် ဤရလဒ်ကို လက်မခံနိုင်ဘဲ၊ အဆင် မပြေသည့် အမူအရာ မျိုးဖြင့် လေပြင်း အမည်ခံ သူတော်စင်က မျက်နှာ ပြောင်း သွားလေသည်။
“ သိုင်းအဒေါ် ... ၊ အဲဒီ အပြာရောင် ရောင်ဝါက ဘာလဲ။ ”
တောင်ထိပ် သခင်များမှ မေးသည်။
“ မင်းတို့ သိစရာ မလိုဘူး၊ လုံယွင် နင်ရော ဘယ်လို ထင်လဲ။ ”
လုံယွင်သည် သူတော်စင် အကြီးအကဲ အမည် ဖြစ်၏။ ကျောက်စိမ်းဓား သူတော်စင် မှ လွဲ၍ မည်သူမျှ၊ သူ့အား ဤသို့ ခေါ်ဆို ဝံ့ခြင်း မရှိချေ။
“ သူတော်စင် တပည့် အဖြစ် သူ့ကို ငြင်းပယ်ရင် ... အနာဂတ်မှာ ငါ့ကို ရိုက်နှက် မယ်လို့ ... ခြိမ်းခြောက် ခဲ့တယ်။ ”
သူတော်စင် အကြီးအကဲ လုံယွင်မှ မေးခွန်းနှင့် မသက်ဆိုင်သော အဖြေအား ပြန် ပေးလာ၏။
“ ငါ သိတယ် ... ၊ သူသာ ဒီလို ပြောဝံ့တဲ့ လူမျိုး ဆိုတာ၊ သူက ပြောရင် ပြောတဲ့ အတိုင်း လုပ်လိမ့်မယ်။ ”
ကျောက်စိမ်းဓား သူတော်စင်မှ၊ ပြုံးပြီး ပြန်လည် ထွက်ခွာ သွားတော့သည်။
“ အစ်ကိုကြီး ... ဘာဖြစ် နေတာလဲ။ ”
ချန်ဖန်မှ စိတ်ဝင်စား လာသည်။ တာအို အသံများသည် ပို၍ ကျယ်လောင် လာပြီး၊ လှိုင်း ထလာ တော့၏။
လင်းယွန်၏ ခရမ်းရောင် နန်းတော်၌၊ အပြာရောင် မီးတောက်လေး ပေါ်လာသည်။ ၎င်းမှ နဂါးပြာ တစ်ကောင် မွေးဖွား လာ၏။
ခဏ အကြာတွင် ဓား ရည်ရွယ်ချက်နှင့် စွမ်းအင်များ ခန္ဓာ ကိုယ်ထဲ ဝင်လာ တော့သည်။ တတိယ လမ်းကြောင်းကို ရှင်းလင်းပြီး ဖြစ်၏။
“ ဒီနဂါးပြာ သုံးကောင်က ဘယ်ဆင့် မီးတောက်လဲ၊ ဒီလို ဖြစ်စဉ်မျိုး မမြင်ဖူး-မကြား ဖူးဘူး၊ ဒီကောင် ဘယ်လို လုပ်လိုက် တာလဲ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်၏ မေးခွန်းကို အခြားသော တောင်ထိပ် သခင် များ ကလည်း စိတ်ဝင် စားလာသည်။
ထို့ကြောင့် သူတော်စင် အကြီးအကဲ လုံယွင် ပြန်ဖြေမည့် အဖြေကို နား စွန့်လျက်၊ ကြည့်နေ မိ ကြ၏။
“ စတုတ္ထ တန်း ... အုပ်စိုးရှင် သူတော်စင် မီးတောက်နဲ့ ယှဉ်နိုင်တယ် ... ။ ”
လုံယွင်မှ ခပ်ပြတ်ပြတ် ပြန်ဖြေ၏။ မရဏ မိုးကြိုး တောင်ထိပ် သခင်၏၊ မျက်လုံးများ မှေးစင်း သွားသည်။ ယဲ့ချင်းရှန်၏ မီးလျှံ အဆင့် သည် ထိုထက် သာလွန်ကြောင်း သိ၏။
၎င်းတွင် လျှို့ဝှက်ချက် အချို့ ရှိနိုင်မည်။ သူတော်စင် အကြီး အကဲမှ ဤကိစ္စကို ဖုံးကွယ် ထားလိုပုံ ရ၏။
ကောင်းကင် တာအို ရင်ပြင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်ကာ၊ မရဏ မိုးကြိုး တောင်ထိပ်မှ တပည့်များ အားလုံး စိတ် လှုပ်ရှား လာတော့သည်။
“ အပြာရောင် နဂါး သုံးကောင် ... ၊ ငါတို့ အစ်ကိုကြီးက ဒီနေ့ အခမ်းအနားမှာ သာလွန်သူ ဖြစ်ကြောင်း သက်သေပဲ။ ”
နဂါး သုံးကောင် မီးတောက် အဆင့်ကို မသိ သော်လည်း၊ ချန်ကျွယ်၏ အုပ်စိုးရှင် သူတော်စင် မီးလျှံထက် သာကြောင်း ပြောနိုင်သည်။
လောချောင် အတွက်မူ၊ တွင်းတူးပြီး ပုန်းချင်သွား မိ၏။ သူတော်စင် မီးလျှံသည်၊ ထူးချွန် သည်ဟု ဆိုနိုင် ချေ၏။
သို့သော် ယဲ့ချင်းရှန်အား မမီချေ။ နောင်တစ်ချိန်တွင် ၎င်းမှ သူ့အား ဖိနှိမ်တော့ မည် ဖြစ်သည်။ ထိုတွေးက လောချောင်ကို ချောက်ခြား လာစေသည်။
လွန်ခဲ့သည့် တစ်နှစ်က အမှိုက် တစ်စ ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ယခု မျှော်ကြည့် ရပေ တော့မည်။
ထိုအချိန်တွင် လင်းယွန်မှ မျက်ဝန်းများ ဖွင့်လာသည်။ ခရမ်းရောင် နန်းတော် အတွင်း၌ အပြာရောင် နဂါး သုံးကောင် တည်နေ၏။
နဂါးပြာ မီးတောက် တစ်ခု စီသည်၊ ရှေးကျပြီး အစွမ်း ထက်သော ရောင်ဝါ တစ်မျိုး ပေးစွမ်းသည်။
( နဂါးပြာ မီးတောက်လား၊ သူက ဘယ် အဆင့် ဖြစ်နိုင်မလဲ။ )
လင်းယွန်က သိချင် စိတ်ဖြင့်၊ ပလ္လင်ပေါ် မော့ကြည့် လိုက်၏။ မရဏ မိုးကြိုး သူတော်စင် သခင်မှ လွဲပြီး၊ မည်သူမျှ ရှိမနေ တော့ချေ။
“ ဝှစ် ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အပြုံးဖြင့် ခေါင်းညိတ် ပြကာ ထွက်ခွာ သွား တော့သည်။
( ထူးဆန်း တယ် ... မြင့်မြတ်တဲ့ မီးတောက်တွေ ထဲမှာ၊ ဓား ရည်ရွယ်ချက်ကို ဘာလို့ ဝှက်ထား ရတာလဲ၊ ကောင်းကင် ဓားနဲ့ တာအို ဓားက၊ ...
... ဒီမီးတောက် တွေနဲ့ ဆက်စပ် နေပုံ ရတယ်၊ နဂါးပြာ မီးတောက် သုံးခု ... ၊ ဓား သုံးလက်၊ စိတ်ဝင်စား စရာပဲ။ )
လင်းယွန်က ကောင်းကင်ဓား တောင်နှင့် တာအို ဓားတောင် တို့ကို မော့ကြည့် လိုက်မိ သည်။
“ ယဲ့ချင်းရှန် ... တော်တော် အထင်ကြီး စရာပဲ။ ”
ချန်ကျွယ်မှ အေးစက်သော အမူ အရာဖြင့် ပြောသည်။ သူ့ရလဒ်မှာ အုပ်စိုးရှင် သူတော်စင် မီးလျှံ နှစ်ပါး ဖြစ်၏။
ယင်းက အမြင့် ဆုံးဟု ထင်သော်လည်း၊ ယဲ့ချင်းရှန်အား မယှဉ်နိုင် ခဲ့ချေ။
“ ဟဲဟဲ ... ၊ စီနီယာ အစ်ကို ... သူက အုပ်စိုးရှင် သူတော်စင် မီးလျှံ နှစ်ပါး ရပြီး ... ၊ ကောင်းကင် အမိုးဓား ရည်ရွယ်ချက် အဆင့် ရောက်ခဲ့လို့၊ အခမ်း အနား အပြီးမှာ၊ အစ်ကို ကြီးနဲ့ ထပ်ယှဉ် မယ်လို့ ပြောတယ်။ ”
ချန်ဖန်မှ ပြုံးကာ ဝင်ပြော လိုက်သည်။ ထိုစကားကြောင့် မရဏ မိုးကြိုး တောင်ကုန်းမှ တပည့် များက လှောင်ပြုံး ပြုံးလိုက် ကြ၏။
သူတို့သည် ယခင်က ချန်ကျွယ်အား ကြောက်ခဲ့ကြ သော်လည်း၊ အခွင့် ရရှိ ချိန်၌ ပြန်တွယ်ရန် မမေ့ ကြချေ။
“ အိုး ... ဟုတ်လား။ ”
လင်းယွန်က ပြုံးကာ လှည့်ကြည့် လိုက်သည်။
“ ယဲ့ချင်းရှန် ... မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မနေနဲ့၊ ငါတို့ နှစ်ယောက် စလုံး အုပ်စိုးရှင် သူတော်စင် မီးလျှံကို ရရှိ ထားတဲ့ လူတွေပဲ၊ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှုက မင်းထက် မြင့်မားတယ်။ ”
“ ဒါဆို ... ၊ ငါတို့ ဘာလို့ ရပ်နေ သေးတာလဲ။ ”
လင်းယွန်က လှောင်ပြုံးဖြင့် စိန်ခေါ် လိုက်သည်။
“ ကောင်းပြီ ... ၊ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ် ... ၊ မိုးတိမ် စင်မြင့်မှာ လဝက် နေရင် တွေ့မယ်။ ”
ပွင့်ပွင့် လင်းလင်း ဝန်ခံ ရပါမူ၊ ယဲ့ချင်းရှန်အား အနည်းငယ် ကြောက်နေမိ ခဲ့သည်။ ရန်စကာ ဖြတ်သွားရန် ဖြစ်၏။
သို့သော် တစ်ဖက် လူမှ ချက်ချင်း စိန်ခေါ်လာ သဖြင့်၊ လဝက်ခွာကာ ချိန်းဆို လိုက်ခြင်း ဖြစ်လေသည်။
မည်သို့ပင် ဖြစ်စေကာမူ၊ ယဲ့ချင်းရှန်၏ ဖြစ်စဉ် များသည် များစွာ စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။
မျက်ကန်း တောတိုး မလှုပ် ဝံ့ချေ။ ထို့ကြောင့် တာအို ယန်နန်းတော်၏ စီနီယာများ ထံမှ အကြံဉာဏ် တောင်းခံရန်၊ ပြင်ဆင်ချိန် ရယူလို ခဲ့သည်။
“ ဘာလို့ လဝက် အထိ ... ၊ စောင့်ခိုင်း ရတာလဲ၊ အခု ... မင်း လာလို့ ရပါတယ်။ ”
“ ကောင်းပြီ ... ၊ ငါက ပဉ္စမ- မရဏ အဆင့်မှာ ရှိတယ်၊ ငါ့ ခွန်အားကို အပြည့် အဝ သုံးတဲ့ အခါ၊ မင်းကို သတ်မိမှာ စိုးတယ်။ ”
စကားဆုံး သည်နှင့် ဓား ရောင်ဝါများ ဝိုင်းရံလျက် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါအား ဖောက်ခွဲ ပစ်လိုက်သည်။
ကောင်းကင် အမိုးဓား၏ စွမ်းပကား အောက်တွင်၊ လူတိုင်း ကြောက်ရွံ့ စိတ်များ ဖြစ်ပေါ် လာတော့သည်။ သို့သော်။
“ မင်းက သစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစား နေတဲ့ ပုရွက်ဆိတ် တစ်ကောင်ပဲ။ ”
လင်းယွန်က လက်ကို မြှောက်ပြီး၊ တွန်းထုတ် လိုက်ရာ ချန်ကျွယ်၏ ဓားရောင်ဝါ ချက်ချင်း ပြိုကျ သွားသည်။
“ ဝုန်း ... ။ ”
နောက်ပြန် လွင့်စဉ်လျက်၊ ကျောက်တိုင် တစ်တိုင်နှင့် တိုက်မိ သွားကာ၊ ဒူး ထောက်ကျ သွား တော့၏။
“ ဒါက မဖြစ် နိုင်ဘူး ... ။ ”
ချန်ကျွယ်မှ ကြောက်ရွံ့ မှုဖြင့်၊ ပြန်မော့ ကြည့်မိ၏။ တစ်ဖက် လူအား၊ ဤမျှ သန်မာ နေလိမ့် မည်ဟု၊ မျှော်လင့် မထားချေ။
သူ၏ ကောင်းကင် အမိုးဓားသည် ပျိုးပင် မျှသာ ဖြစ်ပြီး၊ ယဲ့ချင်းရှန်၏ ဓားမှာ သစ်ပင်ကြီး ဖြစ်၏။
ထိုရလာဒ်က လူတိုင်းကို ထိတ်လန့် သွားစေသည်။ ပဉ္စမမြောက် မရဏ အဆင့်တွင် ရှိသော ကောင်းကင် အမိုးဓား ပိုင်ရှင်သည်၊ တစ်ချက် တည်းဖြင့် ရှုံးနိမ့် သွား၏။
( ဒီလူ မနှစ်က ဘာရခဲ့ တာလဲ။ )
ပိုင်ရှုရင် မျက်ဝန်းများ တောက်ပ လာတော့သည်။ ယဲ့ချင်းရှန်သည် နက်နဲပြီး နား မလည် နိုင်အောင် ဖြစ်လာခဲ့ ချေ၏။
***