← Chapters

အခန်း (၁၁၉၉)

Vol. 87 Ch. 1199

အခန်း (၁၁၉၉)

Vol. 87 Ch. 1199

လောကအဆင့်မြင့် ချပ်ပြားဝိုင်း ပေါ်ထွက်လာသည်နှင့် ကြယ်တာရာကောင်းကင်က တုန်ခါသွားကာ အထဲမှ ဝိညာဉ်စွမ်းအား အမြောက်အများ ပေါက်ထွက်လာသည်။ ထိုအရာက‌ နေအဖွဲ့အစည်းတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားစေသလို နေအဖွဲ့အစည်းရှိ ဂြိုဟ်များက ဆေးကြောသန့်စင်ခံလိုက်ရသလို ပိုမို တောက်ပလာကြသည်။

ဂြိုဟ်များက တောက်ပနေပြီး ကြယ်များ၏ မီးလျှံများကလည်း အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဖိနှိပ်ချုပ်တည်းထားသည့် စွမ်းအားက စကြဝဠာကို လွှမ်းခြုံသွားပြီး အရာအားလုံးက အလှပဆုံးအခိုက်အတန့်တွင် ရပ်တန့်သွားသလိုမျိုး ဖြစ်နေ၏။ တကယ်တော့ အထဲမှ ကာကွယ်ရေးစွမ်းအားတစ်ခု ပျံ့နှံ့လာကာ နေအဖွဲ့အစည်းအား စကြဝဠာ၏ ဗဟိုချက်အဖြစ် သတ်မှတ်လိုက်သည်။

ယခုအခိုက်အတန့်တွင် ပိုအံ့ဩဖို့ကောင်းသည့် အချက်မှာ နေအဖွဲ့အစည်းက တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားဟန်ဖြင့် မဟာလက်ဝဲတာအိုနယ်မြေရှိ ကြယ်တာရာကောင်းကင်မှ ဝိညာဉ်စွမ်းအားအမြောက်အများကို စုပ်ယူနေသည်။

ထိုစဉ် ဝိညာဉ်စွမ်းအား ပမာဏများစွာက တောင်တန်းနှင့် မြစ်များကိုပင် ပြိုလဲသွားစေနိုင်သည့် အသံကျယ်ကြီးနှင့်အတူ အဘက်ဘက်မှ စီးဝင်လာသည်။ သူတို့က နေအဖွဲ့အစည်းဆီ အရူးအမူး စီးဝင်လာပြီး လောကအဆင့်မြင့် ချပ်ပြားဝိုင်းဆီ ရောက်လာကာ ပြည်ထောင်စု၏ အငွေ့အသက် ဖြစ်လာပြီး အုတ်မြစ် ဖြစ်လာသည်။

ထိုအရာက နေအဖွဲ့အစည်းရှိ ဝိညာဉ်စွမ်းအားကို အံ့မခန်း အနေအထားတစ်ခုအထိ ရောက်သွားစေသည်။ ထိုအရာက မြင်ကွင်းရှိ အရာအားလုံးကို လွှမ်းခြုံသွားသည့် သိပ်သည်းလွန်းသော မြူအဖြစ် ပြောင်းလဲသွားသည်။

ဂြိုဟ်များစွာပေါ်တွင် ဝိညာဉ်သွေးကြောများစွာ ဖြစ်တည်လာပြီး ယခင်က မဖြစ်ဖူးသည့် ဝိညာဉ်မိုး ရွာသွန်းလာသည်။

ဤအပြောင်းအလဲက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ထို့ကြောင့် ထိုအခိုက်အတန့်လေးတွင် ပြည်ထောင်စုဆီ အာရုံစိုက်နေကြသည့် မဟာလက်ဝဲတာအိုနယ်မြေမှ ဂိုဏ်းများနှင့် မျိုးနွယ်စုများဆီမှ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာသည်။ ကြယ်စင်စုများစွာ၏ ထိပ်သီးကျင့်ကြံသူများဆီမှ ရေရွတ်သံများ ဆက်လက် ပေါ်ထွက်လာသည်။

သူတို့က လက်ရှိပြည်ထောင်စုကို မမြင်နိုင်ကြပေ။ အကြောင်းအရင်းမှာ သူတို့နတ်ဘုရားအသိစိတ်က အလှမ်းဝေးကွာလွန်းနေ၍ နေအဖွဲ့အစည်းကို မစူးစမ်းကြည့်နိုင်ကြပေ။ သို့သော်လည်း တာအိုဆီမှ သူတို့ခံစားချက်က သူတို့အား တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း အာရုံခံမိစေခဲ့သည်။ သူတို့၏ သက်ဆိုင်ရာ ကြယ်စင်စုများမှ ဝိညာဉ်စွမ်းအားက လျော့ကျသွား၍ သူတို့၏ စိတ်နှလုံးသားထဲ လှိုင်းထန်လာကြ၏။

“တစ်ခုခုတော့ မဟုတ်သေးဘူး။ ဒီခံစားချက်က မူမမှန်ဘူး။ ဝိညာဉ်စွမ်းအားက လျော့ကျလာပြီးတော့ ပြည်ထောင်စုဆီ စီးဆင်းသွားပြီ”

“ပြည်ထောင်စုက ခရမ်းရောင်ရွှေနဲ့ ပေါင်းစည်းပြီးတဲ့နောက်မှာ နယ်မြေတစ်ခုလုံးက မတည်ငြိမ်တော့ဘူး။ အဲဒါက တောင့်ခံနိုင်ရုံလောက်လို့ ပြောနိုင်ပေမဲ့ အခု ဘာလို့ ရုတ်တရက် တည်ငြိမ်သွားရတာလဲ။ အဲဒါက အပြည့်အဝ စုပ်ယူပြီးသွားသလိုမျိုးပဲ ”

“ပြည်ထောင်စုရဲ့ အဆင့်ကို ဖိနှိပ်ထားပြီး အပြည့်အဝ တည်ငြိမ်သွားစေဖို့ ဝိညာဉ်စွမ်းအားအမြောက်အများကို ဘာကနေ စုပ်ယူပေးနေတာလဲ” ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများဆီမှ အလန့်တကြား အသံများ ထွက်လာသည်။ မဟာလက်ဝဲတာအိုနယ်မြေထဲ ထိပ်သီးငါးနေရာကို ရယူထားကြသည့် လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းကြီးများကလည်း အနည်းငယ် လှုပ်ခတ်သွားကာ သူတို့အမူအရာက သိသိသာသာ ပြောင်းလဲသွားကြသည်။

တခြားသော ဂိုဏ်းများနှင့် မျိုးနွယ်စုများ ခံစားမိသည့် အဖြစ်အပျက်ကို သူတို့လည်း ခံစားမိကြသည်။ တစ်ချိန်တည်းဆိုသလို တခြားဂိုဏ်းများနှင့် မျိုးနွယ်များက အသိပညာနှင့် ဗဟုသုတက ကန့်သတ်ခံထားရ၍ အဖြစ်အပျက်ကို မသိနိုင်ကြသော်လည်း သူတို့အတွက်မူ ပြဿနာ မဟုတ်ပေ။ ထို့ကြောင့် သူတို့က ပြည်ထောင်စုသည် တည်ငြိမ်သွားကြောင်း ခံစားမိသည်နှင့် ထိုဂိုဏ်းကြီးများက အဖြေကို တန်းသိလိုက်ကြသည်။

“ဒါက ကံကြမ္မာကို ဖိနှိပ်ထားပြီးတော့ တည်ငြိမ်သွားအောင် လုပ်ပေးနိုင်တဲ့ ရတနာအစစ်အမှန်ပဲ။ ဒီလိုရတနာမျိုးက အတော်လေး ရှားတယ်။ အဲလိုမျိုးကို အဖိုးမဖြတ်နိုင်ဘူးလို့တောင် ပြောရမယ်”

“မှတ်တမ်းတွေအရ အဲလိုလုပ်နိုင်တဲ့ ရတနာ လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ ပိုင်ရှင်ရှိထားတဲ့ တချို့ပစ္စည်းတွေကလွဲရင် အပြင်မှာရှိနေတဲ့ သုံးခုထက် မကျော်တာ သေချာတယ် ”

“လင်းယီခေါင်းလောင်း၊ တာအိုဝိညာဉ် တံခွန်နဲ့ လောကအဆင့်မြင့် ချပ်ပြားဝိုင်းတို့ပဲ”

“လောကအဆင့်မြင့် ချပ်ပြားဝိုင်းတော့ မဟုတ်လောက်ပါဘူး။ ဒါက စကြဝဠာတစ်ခုလုံးကို ဖိနှိပ်ထားနိုင်တဲ့ ဒဏ္ဍာရီလာ အထွတ်အထိပ် ရတနာလေ။ အမှောင်ဧကရာဇ်နဲ့ အဆုံးမဲ့မျိုးနွယ် တည်ထောင်သူတို့ တိုက်တုန်းက ကြေမွသွားပြီလို့ ကောလဟာလတွေ ရှိတယ်။ အဲဒါကြောင့် အမှောင်ဧကရာဇ်က သေဆုံးသွားခဲ့တာ ”

ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများက တုန်လှုပ်အံ့အားသင့်နေကြစဉ် လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် ထိပ်တန်းဂိုဏ်းကြီးများကလည်း အံ့အားသင့်နေကြသည်။ ထိုစဉ် နေအဖွဲ့အစည်းအသစ်တွင် သက်ရှိအားလုံး၏ ကျင့်ကြံဆင့်က ထိပ်သီး ရောက်လာကြသည်။

လီရှင်းဝမ်သည်လည်း အစောပိုင်း ထာဝရကြယ်အဆင့်မှ အလယ်အလတ်အဆင့် ရောက်ရှိလာ၏။

ကြည့်ရသည်မှာ ကျင့်ကြံဆင့် အနည်းငယ်မျှ တိုးတက်လာမှု ဖြစ်သော်လည်း ကျင့်ကြံဆင့်ကြား အဆင့်ကွာခြားမှုကြောင့် ခက်ခဲနှုန်းက ဂြိုဟ်အဆင့် ကျင့်ကြံသူများ နောက်တစ်ဆင့် တက်လှမ်းသည်ထက် ဆယ်ဆ သို့မဟုတ် အဆရာချီ ပိုခက်ခဲသည်။

နောက်တစ်ယောက်က ကျောက်ယမုန့် ဖြစ်ပြီး အလယ်အလတ် ထာဝရကြယ်အဆင့် ရောက်ရှိလာသည်။ အနည်းငယ် နောက်ကျကျန်နေခဲ့သည့် လင်းယုံက ထိပ်သီး အစောပိုင်း ထာဝရကြယ်အဆင့် ရောက်လာသည်။ ဝူမုန့်လင်၊ ဧရာမသစ်ပင်ကြီးနှင့် ကျင့်မိသားစု ခေါင်းဆောင်ကြီးတို့ကမူ စွမ်းအားများ ပေါက်ထွက်လာကြသည်။ ကျင့်မိသားစု ခေါင်းဆောင်ကြီးမှလွဲ၍ ပထမနှစ်ယောက်က အစောပိုင်း ထာဝရကြယ်အဆင့် ရောက်လာကြသည်။

ရလဒ်အနေနှင့် လူခြောက်ယောက်အနက် ငါးယောက်က ထာဝရကြယ်အဆင့် ဖြစ်သည်။ ကျင့်မိသားစု ခေါင်းဆောင်ကြီးက ထာဝရကြယ်အဆင့် ချက်ချင်း မတက်လှမ်းခဲ့သော်လည်း သူ့အုတ်မြစ်ဖြင့် အချိန်တစ်ခု ကျင့်ကြံပြီးသည့်နောက်တွင် ထာဝရကြယ်အဆင့် ရောက်ရှိလာလိမ့်မည်။

ဂြိုဟ်အဆင့် ရောက်ရှိထားကြသည့် လူ ၁၃ ယောက်အတွက်မူ သူတို့က သိသိသာသာ ခုန်တက်လာပြီး အလယ်အလတ်အဆင့် ရောက်လာကြသည်။ လောကအဆင့်မြင့် ချပ်ပြားဝိုင်း အကူအညီဖြင့် ဂြိုဟ်အဆင့် တက်လှမ်းကြသူ ဆယ်ယောက်ကျော် ရှိနေသေးသည်။

အဆင့်နိမ့် ကျင့်ကြံသူများစွာလည်း အဆင့်တက်လှမ်းသွားကြ၏။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းရှိ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးလည်း အကျိုးမြတ်များစွာ ရလိုက်သည်။ သူက ထိပ်သီး အလယ်အလတ် ဂြိုဟ်အဆင့် ရောက်လာပြီး နှောင်းပိုင်းအဆင့် ရောက်ဖို့ ခြေလှမ်းဝက်မျှသာ လိုအပ်တော့သည်။

အကယ်၍ တခြားအချိန်ဆိုပါက သူ့ကျင့်ကြံဆင့်သည် သေချာပေါက် မတည်မငြိမ် ဖြစ်နေပြီး ဆိုးကျိုးများစွာ ရှိလိမ့်မည်။ သို့သော် ယခုတွင် … သူ့ဘဝအနေအထား မြင့်တက်လာမှုက မတည်ငြိမ်ခြင်း ပြဿနာအများစုကို ဖြေရှင်းပေးထားပြီး လောကအဆင့်မြင့် ချပ်ပြားဝိုင်းလို အဖိုးတန်ရတနာမျိုးဖြင့် ကျင့်ကြံသူအားလုံး၏ ကျင့်ကြံဆင့်က တည်ငြိမ်သွားကြသည်။

ဤသည်က ကျယ်ပြန့်တာအိုနန်းတော်သည်လည်း အတူတူသာ ဖြစ်၏။ အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက် တံခါးပိတ် ကုသနေရာမှ ထွက်လာကြသည်။ ဆရာရှင်းယီပင် အကြည့်များ တောက်ပနေလျက် ရှိနေပြီး သူ့ဒဏ်ရာများပင် ရှစ်ဆယ်ရာခိုင်နှုန်းကျော် ပြန်လည်ကောင်းမွန်သွားခဲ့သည်။

ထိုအရာက သူ့ကို နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းတို့ကို မြန်ဆန်လာစေသည်။

တစ်ချိန်တည်းဆိုသလို ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက နေအဖွဲ့အစည်းနှင့် ပေါင်းစည်းလိုက်သည့်အခါ သူတို့က ကူညီပံ့ပိုးပေးသူများ ဖြစ်၏။ သီးသန့်တည်ရှိနေသည့် အဖွဲ့အစည်းများအပါအဝင် ကျင့်ကြံသူအားလုံး အကျိုးမြတ် မရလိုက်ကြပေ။ ထို့အစား သေချာသည့် အနေအထားတစ်ခုအထိ သူတို့အုတ်မြစ်က အတော်လေး လျော့ပါးသွားခဲ့ရ၏။

တကယ်တော့ ကျင့်ကြံသူတချို့၏ ကျင့်ကြံဆင့်က ယိမ်းယိုင်နေပြီး သူတို့ဘဝက ခြောက်သွေ့သလို ဖြစ်နေသည်။ ထိုအရာက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းရှိ ကျင့်ကြံသူများအား မကျေနပ်မှုနှင့် စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။

ခရမ်းရောင်ရွှေ ခေါင်းဆောင်ကြီးပင် မှားယွင်းသည့် ဆုံးဖြတ်ချက် ချမိလေသလားဟု အနည်းငယ် နောင်တရနေမိသည်။

သို့သော်လည်း အကန့်သတ်မဲ့ ဝိညာဉ်စွမ်းအား စီးဝင်လာပြီး လောကအဆင့်မြင့် ချပ်ပြားဝိုင်းက သူတို့နှင့် ပေါင်းစည်းသွားသည့်အခါ ဝိညာဉ်စွမ်းအားက ပြန်လည် ရောက်ရှိလာသည်။

အရာအားလုံးက ခဏအတွင်း ဖြစ်ပျက်သွားခဲ့၍ ခရမ်းရောင်ရွှေ ကျင့်ကြံသူများ၏ ဆုံးရှုံးမှုများက ချက်ချင်းဆိုသလို ပြန်လည် ကာမိသွားပြီ ဖြစ်၏။ စိတ်ဓာတ်ကျနေသူများလည်း ချက်ချင်း ပြန်လည်တက်ကြွလာကာ ကျင့်ကြံဆင့်များလည်း တိုးမြင့်လာကြသည်။

သို့သော်လည်း သူတို့က အချိန်တိုလေးမျှသာ ပူးပေါင်းရသေး၍ သူတို့၏ အစဉ်လိုက်က ကွဲပြားပေသည်။ သူတို့က နတ်မျက်လုံးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့ဖြင့် မယှဉ်နိုင်ကြပေ။ သို့သော် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းအတွက် လုံလောက်နေပြီဖြစ်ရာ လူမှုအဖွဲ့အစည်းငယ် ရာချီကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။

ခရမ်းရောင်ရွှေ ခေါင်းဆောင်ကြီးအတွက်မူ သူက ယခင်ထက် ပိုမို စိတ်လှုပ်ရှားနေ၏။ သူ့အတွက် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ပြန်လည်အားပြည့်လာသည်ကား ကိစ္စကြီးကြီးမားမား မဟုတ်ချေ။ သို့သော် နဂိုက ကြယ်နယ်မြေအဆင့်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေသည့် သူ့အတွက် ယခု သူ့ကျင့်ကြံဆင့်ကို တစ်ဆင့် တိုးမြင့်သွားစေကာ အထွတ်အထိပ် ရောက်ရှိသွားစေသည်။ ယခင်က သူ့တွင် ကြယ်နယ်မြေအဆင့် တက်လှမ်းဖို့ အခွင့်အရေး မရှိခဲ့သော်လည်း ယခုအခါ ၅၀ ရာခိုင်နှုန်းလောက် ရှိနေပြီ ဖြစ်၏။

သူ့တိုက်ခိုက်စွမ်းရည်လည်း တိုးမြင့်လာသည်။ သူ့နက်နဲသည့် အုတ်မြစ်ဖြင့် ယခုအခါ အစောပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူနှင့် ယှဉ်တိုက်နိုင်ရုံမျှ ဖြစ်၏။

ပို၍ အရေးကြီးသည်ကား ထိုအရာက သူ့အား မျှော်လင့်ချက်နှင့် ယုံကြည်ချက်ကို ပေးစွမ်းလာသည်။ ခရမ်းရောင်ရွှေ ခေါင်းဆောင်ကြီးက နေမင်းရှိရာဆီ ခေါင်းမော့ကြည့်လိုက်၏။ သူက နေမင်းပေါ် တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်ကို မှုန်ဝါးဝါး မြင်လိုက်ရသည့်အခါ ပြည်ထောင်စုအတွင်း ပေါင်းစည်းလိုက်သည့် ဆုံးဖြတ်ချက်အပေါ် အလွန်တရာ ကျေနပ်လာမိတော့သည်။

သူ့မျက်ဝန်းရှိ ပုံရိပ်က ဝမ်ပေါင်လဲ့ ဖြစ်၏။ လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ အရှင်သခင်အနေနှင့် ဤတစ်ကြိမ် သူ့အကျိုးမြတ်က အကြီးမားဆုံး ဖြစ်သည်။ နေအဖွဲ့အစည်းရှိ သက်ရှိအားလုံး စုပ်ယူထားသည့် ဝိညာဉ်ချီ ပမာဏက နှစ်ဆယ်မှ သုံးဆယ် ရာခိုင်နှုန်းမျှသာ ဖြစ်ပြီး ကျန်ရှိနေသည့် ရာခိုင်နှုန်းအားလုံးက သူ့ဆီ ရောက်ရှိလာသည်။

ထိုစဉ် သူ့ကျင့်ကြံဆင့်က ပြီးပြည့်စုံသည့် ထာဝရကြယ်အဆင့်ထဲ သုံးဆင့်မှ ငါးဆင့် ရောက်ရှိနေလေပြီ။ သူက ဆက်လက် ကျင့်ကြံနေလိုက်၏။ သိပ်မကြာခင် သူက ၁၄ မှ ၁၅ ဆင့်အထိ ရောက်ရှိလာသည်။ နေမင်းဝန်းကျင်တွင် ဝိညာဉ်ချီတို့က ဝဲကတော့တစ်ခုအဖြစ် ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့က ထိုအရာထဲ နှစ်မြှပ်နေ၏။ ယခုအခိုက်အတန့်တွင် သူ့စိတ်ထဲ အတွေးတစ်ခုသာ ရှိထား၏။

သူက ကျင့်ကြံဆင့် ချိုးဖောက်တက်လှမ်းလိုသည်။ သူက ကြယ်နယ်မြေအဆင့်ထဲ ရောက်လိုမိသည်။ သူက သူ့ဝိညာဉ်၊ အပြင်ပိုင်းခန္ဓာနှင့် ကျင့်ကြံဆင့်တို့ကို အသုံးပြု၍ အမှောင်ဧကရာဇ်ပင် ကြောက်ရွံ့ရသည့် အဆုံးမဲ့တာအိုနယ်မြေထဲ အစစ်အမှန် ထိပ်သီးအင်အားကြီးပုဂ္ဂိုလ် ဖြစ်လာရမည်။

ဒီတစ်ကြိမ် ငါ ကြယ်နယ်မြေအဆင့်ကို ရောက်ကို ရောက်ရမယ် …

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။ သူက လက်ဖြင့် စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်သည့်အချိန် ဝိညာဉ်ချီ ဝဲကတော့အောက်တွင် သူ့ကျင့်ကြံဆင့်က ထပ်မံ မြင့်တက်သွားသည်။

All Chapters