← Chapters

တာအိုနှလုံးသား ကြည်လင်နေခြင်း

Vol. 87 Ch. 1200

တာအိုနှလုံးသား ကြည်လင်နေခြင်း

Vol. 87 Ch. 1200

ကြယ်နယ်မြေအဆင့်ဆိုတာ ဘာလဲ

ဝမ်ပေါင်လဲ့က ယခင်နားလည်မှုအမျိုးမျိုး ရှိခဲ့သည်။ သူက ဂြိုလ်အဆင့် မရောက်ခင် အချိန်က ထိုအရာသည် အင်မတန်နက်နဲပြီး ကျင့်ကြံသူများက တစ်ဘဝလုံး အိပ်မက်မက်နေရသည့် အရာတစ်ခုသာဖြစ်ကြောင်း ထင်မှတ်ထားခဲ့သည်။

ထို့နောက် သူ့အဆင့် တက်လှမ်းသွားသည့်အခါ သူ့အတွေးများက ပြောင်းလဲသွားခဲ့၏။ သူ့နားလည်ထားမှုအရ စကြဝဠာ၏ ကြယ်နယ်မြေနှင့် ကြယ်နယ်မြေအဆင့်ကြားတွင် ကွာဟချက် မရှိပေ။ သူတို့ နှစ်ခုလုံးတွင် ကြယ်စင်စု တစ်ခုထက်ပို၍ ပါဝင်နေကြသည်။

ကြယ်စင်စု ပါဝင်နေသည့် ပမာဏ အရေအတွက်ကြောင့် ကြယ်နယ်မြေများကြားတွင် အရွယ်အစား ကွာဟချက်ရှိလာသည်။ ထိုကြယ်နယ်မြေကို သက်ရှိအနေနှင့် တင်စားပြီး ကြယ်နယ်မြေအဆင့်ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ သူ့အတွေးများက ထပ်မံ ပြောင်းလဲသွားခဲ့၏။ ဤတစ်ကြိမ် အပြောင်းအလဲက သူ့ယခင်ဘဝမှ ကံကြမ္မာကြယ်စင်ပေါ်တွင် တွေ့ကြုံခဲ့ရသည့် ယခင်ဘဝအတွေ့အကြုံနှင့် ငရဲကိုးထပ်မှ အတွေ့အကြုံများကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ သူ နားလည်ထားသလောက် သက်ရှိများအတွက်မူ ကြယ်နယ်မြေအဆင့်သည် စကြဝဠာရှိ ကြယ်ပင်လယ်ကို မြင်ရသလောက် ရိုးရှင်းသည် မဟုတ်ပေ။

ထိုအရာက တာအို ဖြစ်၏။

လူတစ်ယောက်၏ ကိုယ်ပိုင် တာအိုကို ရှာဖွေပြီး အဆုံးအစွန်အထိ လျှောက်လှမ်းခြင်းက ထိုတာအိုအပေါ် ပြီးပြည့်စုံမှုကို ရရှိစေလိမ့်မည်။ ထိုအရာက ကြယ်နယ်မြေအဆင့်၏ အနှစ်သာရဖြစ်၏။

ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတိုင်းတွင် တခြားအရာများနှင့် ကွဲပြားသည့် တာအို ပါဝင်နေသည်။ တချို့သူများက တာအိုတစ်ခုသာ ရှိပြီး ကျန်သူများက များစွာ ရှိတတ်ကြသည်။ အားနည်းခြင်း၊ အားကောင်းခြင်းကို ပြောဖို့ရာ ခက်ခဲပြီး လူတစ်ယောက်၏ တာအိုနားလည်နိုင်စွမ်းပေါ်သာ မူတည်နေ၏။

နမူနာအနေဖြင့် မီးတောက် ခေါင်းဆောင်ကြီးက ကျိန်စာတာအိုနှင့် မီးတောက်တာအိုကို ပေါင်းစည်းကာ ကျင့်ကြံထားသည်။ ဝမ်ပေါင်လဲ့ ယခင်က တွေ့ခဲ့ဖူးသည့် သူများကလည်း အတူတူသာ ဖြစ်၏။ စကြဝဠာတစ်ခုလုံးအတွင်း မဟာတာအို သုံးထောင်ရှိသည်ဟု ကောလဟာလများ ရှိခဲ့သော်လည်း လက်တွေ့တွင်မူ တာအိုက တစ်သတ်မတ်တည်း မဟုတ်ဘဲ သုံးထောင်ထက် ကျော်လွန်နေနိုင်သည်။

ဝမ်ပေါင်လဲ့က အရေအတွက် ဘယ်လောက်များများရှိကြောင်း အတိအကျ မသိသော်လည်း ယခုအခါ သူ လျှောက်လှမ်းနေသည့် တာအိုက လွတ်လပ်မှု ဖြစ်ကြောင်း သိလေသည်။

သူ့တာအိုအသိစိတ်က ငြိမ်းအေးသွားပြီး စိတ်ကလည်း အေးချမ်းသွားသည်။

ဤသည်က သူ့တာအိုနှလုံးသား ကြည်လင်သွားခြင်း ဖြစ်၏။

"ကောင်းပြီ"

ဝမ်ပေါင်လဲ့က နေမင်းပေါ်တွင် တင်ပျဥ်ခွေထိုင်ရင်း ပြုံးလိုက်သည်။ သူက မျက်လုံး ပြန်လည်မှိတ်လိုက်ပြီး မဟာလက်ဝဲတာအိုနယ်မြေမှ အကန့်အသတ်မဲ့ ဝိညာဥ်ချီများကို ဆက်လက် စုပ်ယူလိုက်သည်။

ဝိညာဥ်ချီ၏ ရည်ရွယ်ချက်က ဝမ်ပေါင်လဲ့၏ ကြယ်နယ်မြေထဲရှိ ကြယ်တစ်သောင်းကို အားဖြည့်ပေးဖို့အတွက် မဟုတ်ပေ။ သူ့ကြယ်စင်အားလုံးက ထိုအဆင့်ကို ဖြတ်သန်းပြီးသားဖြစ်ပြီး ပြီးပြည့်စုံသည့် ကြယ်စင်များ ဖြစ်လာကြပြီ ဖြစ်သည်။

ဝိညာဥ်ချီ၏ ရည်ရွယ်ချက်က ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တစ်သောင်းကို လင်းလက်စေပြီး သူ့နှလုံးသားထဲရှိ ကြယ်အားလုံး၏ တာအိုကို ခွင့်ပြုပြီး တာအိုကို ဖြည်းဖြည်းချင်း ပုံသွင်းကာ သူလိုချင်နေသည့် လွတ်လပ်မှုအဖြစ် ပြောင်းလဲဖို့ ဖြစ်သည်။

သူက လွတ်လပ်ခွင့်ကို လိုချင်သည့်အတွက် တခြားသူများထက် ပိုမိုအားကောင်းရမည်။

သူက လွတ်လပ်မှုကို လိုချင်သည့်အတွက် သူ နားလည်ဖို့လိုအပ်သည့် တာအိုက ပိုမိုနက်ရှိုင်းနေသည်။

ထာဝရကြယ်အဆင့် ၁၀၀ထဲ ပထမအဆင့်က သူ လျှောက်လှမ်းလိုသည့် လွတ်လပ်မှုတာအိုအတွက် လမ်းကြောင်း ဖြစ်၏။

ထိုစဥ် သူက ၁၅ဆင့်မြောက်ကို ရောက်ရှိပြီး ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်၏။

အသံကျယ်ကြီးနှင့်အတူ ဝိညာဥ်ချီနှင့် ဖွဲ့စည်းထားသည့် ဝဲကတော့ကြီးက နေမင်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ အသက်ရှိုက်စာ အနည်းငယ်အတွင်း ထိုအရာက နေအဖွဲ့အစည်းအသစ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုစဥ် မဟာလက်ဝဲတာအိုနယ်မြေမှ အားကောင်းသည့် ကျင့်ကြံသူများက ဝမ်ပေါင်လဲ့၏ တည်ရှိမှုနှင့် ထိုအရာကို ဖိနှိပ်ထားသည့် အထွတ်အထိပ် ရတနာ၏ တည်ရှိမှုကို ခံစားမိလိုက်ကြသည်။

"မီးတောက်ခေါင်းဆောင်ကြီးရဲ့ တပည့် ဝမ်ပေါင်လဲ့ပဲ"

"အဲဒီတည်ရှိမှုက သူပဲ။ သူက ကြယ်နယ်မြေအဆင့် တက်လှမ်းနေတာ"

"အဲဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး။ နေအဖွဲ့အစည်းတစ်ခုလုံးကို ဖိနှိပ်ထိန်းထားနိုင်တဲ့ အထွတ်အထိပ် ရတနာကမှ သော့ချက်ပဲ။"

"အဆုံးမဲ့မျိုးနွယ်နဲ့ အမှောင်ဂိုဏ်းကြားက စစ်ပွဲက ဖြစ်လာတော့မှာ။ တကယ်လို့ ငါတို့သာ အဲဒီလို အထွတ်အထိပ် ရတနာမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီကပ်ဘေးမှာ အသက်ရှင်ဖို့ အခွင့်အရေး ရလာလိမ့်မယ်။"

မဟာလက်ဝဲတာအိုနယ်မြေအတွင်း ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်များမှ နတ်ဘုရား အသိစိတ် မြောက်မြားစွာ ပေါ်ထွက်လာသည်။ သို့သော်လည်း ပြည်ထောင်စု၏ စွမ်းအားကို လူသိရှင်ကြား ထုတ်ဖော်ထား၍ လူအများ၏ လောဘကို ပယ်ဖျက်နိုင်လိုက်သည်။ သို့သော်လည်း လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားထိပ်သီးဂိုဏ်းများကမူ အထွတ်အထိပ် ရတနာကို ခံစားမိသည်နှင့် လောဘစိတ်တို့ ကြီးထွားလာခဲ့သည်။

သူတို့က ဝမ်ပေါင်လဲ့၏ နောက်တွင် မီးတောက်ခေါင်းဆောင်ကြီး ရှိနေမှန်း သိထားကြသော်လည်း သူတို့က သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းနှင့် မျိုးနွယ်များမှ လျို့ဝှက်နည်းစနစ်များကို အသုံးပြုထားကြသည်။ ထိုနည်းလမ်းအမျိုးမျိုးမှ တစ်ဆင့် သူတို့၏ နတ်ဘုရားအသိစိတ်များက အားကောင်းကာ အဖက်ဖက်သို့ ပျံ့နှံ့ထွက်လာပြီး အထွတ်အထိပ် ရတနာကို သူတို့ကိုယ်တိုင် မြင်တွေ့ချင်နေကြသည်။

အကယ်၍ နာမည်ကျော် မဟုတ်သလို သူတို့ အကဲဖြတ်ထားသည့် အရာနှင့် ကွဲလွဲနေပါက သူတို့သည် လောဘကြီးလျှင်ပင် အကောင်းအဆိုးကို ချင့်ချိန်အုံးမည် ဖြစ်၏။ ထို့ကြောင့် နောက်စက္ကန့်ပိုင်းလေးအတွင်း နေအဖွဲ့အစည်း အပြင်ဘက်တွင် ကြယ်တာရာကောင်းကင်က ပုံပျက်သွားပြီး အဖက်ဖက်မှ နတ်ဘုရားအသိစိတ်များက စုဝေးလာကာ နေအဖွဲ့အစည်းကို ကြည့်လာကြသည်။

သို့သော်လည်း ဂိုဏ်းအသီးသီးမှ လျို့ဝှက်နည်းစနစ်များကို ထုတ်လွင့်လာပြီး ကြည့်လာကြသည်။ သူတို့က လောကအဆင့်မြင့် ချပ်ပြားဝိုင်းနှင့် နေအဖွဲ့အစည်းရှိ ပုံရိပ်များကို မြင်လိုက်သည့်အခါ တိတ်ဆိတ်သွားလေသည်။ ထို့နောက် နတ်ဘုရားအသိစိတ်များ စုံစမ်းနေသည့် ဂိုဏ်းများအတွင်း သက်ပြင်းချသံနှင့် တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

"ဒါက ... "

"လောကအဆင့်မြင့် ချပ်ပြားဝိုင်းပဲ။ ဒါက အရင်က ဖျက်ဆီးခံလိုက်ရတဲ့ ဒဏ္ဍာရီလာ လောကအဆင့်မြင့် ချပ်ပြားဝိုင်းပဲ။ ဒါမဖြစ်နိုင်ဘူး။"

"လောကအဆင့်မြင့် ချပ်ပြားဝိုင်းပဲ"

ထိုရေရွတ်သံများက အဖက်ဖက်မှ ထွက်ပေါ်လာခဲ့သည်။ ထိပ်သီး ၅နေရာတွင် ရှိနေသည့် ဂိုဏ်းများကပင် တူညီစွာ ပြုမူနေကြသည်။

လောကအဆင့်မြင့် ချပ်ပြားဝိုင်း ၏ ဆွဲဆောင်မှုက အတော်လေးကို ကြီးမားလွန်းလှ၏။

ဂိုဏ်အသီးသီးမှ ထိပ်သီးကျင့်ကြံသူများ၏ စိတ်နှလုံးသားက တုန်ယင်လာသည့်အခါ ကြယ်ပြန့်တာအိုနန်းတော်မှ ဆရာ ရှင်းရီကလည်း မျက်လုံး ပွင့်လာသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ နတ်ဘုရားအသိစိတ်ကို အဟန့်အတား အနေဖြင့် နေအဖွဲ့အစည်း အပြင်ဘက်ကို ထုတ်လွှင့်လိုက်သည်။

အဝေးတစ်နေရာမှ အေးစက်စက် သရော်သံတစ်ခု ထွက်ပေါ်လာကာ ထိုနေရာတစ်ဝိုက်ကို လျို့ဝှက် ကျင့်စဥ်များကို အသုံးပြု၍ လေ့လာဖို့ ကြိုးစားနေကြသည့် ထိပ်သီးကျင့်ကြံသူများ၏ စိတ်ထဲ ပဲ့တင်ဝင်ရောက်သွားသည်။ ထိုအသံက မီးတောက်စွမ်းအားနှင့် ကျိန်စာစွမ်းအားတို့ ကိန်းအောင်းနေဟန်ပေါ်သည်။ ထိုသူက မီးတောက် ခေါင်းဆောင်ကြီးမှ လွဲ၍ တခြားသူ မဟုတ်ပေ။

ဆရာ ရှင်းယီက သာမန်ကြယ်နယ်မြေအဆင့် ကျင့်ကြံသူမျှသာဖြစ်သော်လည်း မီးတောက်ခေါင်းတောင်ကြီးကမူ ကွဲပြားပေသည်။ သူ့အေးစက်စက် သရော်သံက ထိုဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများမှ ထိပ်သီး ကျင့်ကြံသူများအား တုန်ယင်သွားစေသည်။

မီးတောက်ခေါင်းဆောင်ကြီး ရောက်လာမည်ကို ခန့်မှန်းထားသည်နှင့် ကိုယ်တိုင်တွေ့ကြုံရသည်တို့က မတူပေ။

တစ်ချိန်တည်းဆိုသလို မီးတောက်ခေါင်းဆောင်ကြီး၏ အသံက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ထွက်ပေါ်လာသည်။

"ပေါင်လဲ့ မင်း အဆင့် ချိုးဖောက်တက်လှမ်းတာကို မစိုးရိမ်နဲ့။ ငါ တိုက်ကွက်တွေကို တာဆီးဖို့ ကူညီပေးမယ်။ ငါ့တပည့် အဆင့်တက်တာကို ဘယ်သူနောက်ယှက်ရဲမလဲဆိုတာကြည့်ကြသေးတာပေါ့"

"ဆရာ အဲ့လိုလုပ်ဖို့ မလိုပါဘူး"ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်ကာ ပြောလိုက်သည်။ သူက စိတ်ထဲတွင် နွေးထွေးမှုကို ခံစားမိနေ၏။

ဝမ်ပေါင်လဲ့က မဟာလက်ဝဲတာအိုနယ်မြေမှ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်များမှ အားကောင်းသော ကျင့်ကြံသူများသည် အကြံအမျိုးမျိုးဖြင့် သူ့ဆီ ချဥ်းကပ်လာသည်ကို မည်သို့ သတိမထားမိဘဲ နေမည်နည်း။ လက်ရှိ သူက ဉာဏ်အလင်းပွင့် အခြေအနေတွင် ရှိနေသော်လည်း အပြင်ဘက်ရှိ အရာအားလုံးကို ခံစားမိဆဲ ဖြစ်၏။

ထိုအရာအားလုံးက သူ့မှန်းဆချက် အတွင်းသာ ရှိနေသေးသည်။

ဝမ်ပေါင်လဲ့က လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ အရေးပါပုံကို သေချာနားလည်ထားသည်။ သူက ပြည်ထောင်စု မြင့်တက်လာမှုနှင့် သူ့ကိုယ်ပိုင် အဆင့်တက်လှမ်းမှုအကြောင်းကိုပင် ကောင်းကောင်း နားလည်ထားသည်။ ဤသည်က မဟာလက်ဝဲတာအိုနယ်မြေကို ပြန်လည်အဆင့်သတ်မှတ်လိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် သူက ပုံမှန်အားဖြင့် ပစ်မှတ်ထားခံရမည် ဖြစ်သည်။

သို့သော်လည်း သူက ပစ်မှတ်ခံထားရသည်ကို ကြောက်ရွံ့၍ ငြိမ်ငြိမ်လေး ရပ်နေမည့်သူ မဟုတ်ပေ။ တစ်ချိန်တည်းဆိုသလို သူက ထိုအခွင့်အရေးကို အသုံးချကာ မဟာလက်ဝဲတာအိုနယ်မြေမှ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်များရှိ ထိပ်သီးကျင့်ကြံသူများထံ သူ့အာဏာကို ပြသဖို့ ရည်ရွယ်ထားသည်။

ဤတစ်ကြိမ် သူ့အာဏာကို ထုတ်ပြခြင်းက ပြည်ထောင်စု၏ အဆင့်အတန်းကို သတ်မှတ်ပေးနိုင်လိမ့်မည်။ ဝမ်ပေါင်လဲ့အနေနှင့် နောင်အနာဂတ်တွင် လွတ်လပ်စွာ နေနိုင်မည့်အချက်ကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။ တစ်ချိန်တည်းဆိုသလို ပို၍ အရေးကြီးသည်က သူသည် ကြယ်နယ်မြေအဆင့် တက်လှမ်းဖို့ အခွင့်အရေးတစ်ခု ရလာနိုင်သည်။

လောကအဆင့်မြင့် ချပ်ပြားဝိုင်း၏ ထောင့်တစ်နေရာက ပျောက်ဆုံးနေဆဲ ဖြစ်၏။ ထို့ကြောင့် နတ်ဘုရားအသိစိတ်များ တုံ့ဆိုင်းနေသည်ကို အာရုံခံမိပြီးသည့်နောက် သူ့ဆရာဖြစ်သူ၏ စကားကို ကြားလိုက်ရသည်။

"မင်း ယုံကြည်ချက်ရှိလား။" မီးတောက် ခေါင်းဆောင်ကြီးက သူ့နတ်ဘုရားအသိစိတ်ကို ထုတ်လွှင့်ကာ မေးလိုက်သည်။

"ကျွန်တော် အကုန်လုံးကိုတော့ မပြောရဲပေမဲ့ တချို့တစ်ဝက်တော့ ရှိပါတယ်။ ဒါပေမဲ့ အဆင်သိပ်မပြေလောက်ဘူး။ ဆရာ သူတို့ကို လပိုင်းလောက် ဖိနှိပ်ထားလို့ ရမလား။"

"ဒါပေါ့"

သူ့ဆရာ၏ စကားကို ကြားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အသာပြုံးလိုက်သည်။ သူ့တာအို အရှိန်အဝါက ရုတ်ချည်း ပျံ့နှံ့သွားပြီး နေအဖွဲ့အစည်း အပြင်ဘက် ရောက်ရှိလာသည့် နတ်ဘုရားအသိစိတ်များက တုံ့ဆိုင်းသွားကြသည်။ သူတို့က နေအဖွဲ့အစည်းအတွင်း ဝမ်ပေါင်လဲ့၏ တကယ့်အသွင်ကို မြင်လိုက်ရ၏။

ထိုစဥ် နတ်ဘုရားအသိစိတ်များက ပြင်းပြင်းထန်ထန် တုန်ယင်လာကြ၏။

"ဝိညာဥ်ကလဲ အဆင့်တစ်ရာ၊ ခန္ဓာကိုယ်မှာလည်း အဆင့်တစ်ရာ၊ ကျင့်ကြံဆင့်က ပြီးပြည့်စုံတဲ့ ထာဝရကြယ်အဆင့်။ ပစ်မှတ်က အဆင့်တစ်ရာနဲ့ ကြယ်နယ်မြေအဆင့် တက်လှမ်းဖို့ ကြံနေတာလား "

"ဒါက မထင်ထားမိဘူး။ ဒါက တကယ့်ကို ဒဏ္ဍာရီလာ မူလတာအိုခန္ဓာပဲ"

"ဒါသာ အောင်မြင်သွားရင် နတ်ဧကရာဇ်ရဲ့ အောက်မှာ အားအကောင်းဆုံး ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ဖြစ်လာလိမ့်မယ်။ တကယ်လို့ သူသာ အလယ်အလတ် ကြယ်နယ်မြေအဆင့်ကို ရောက်သွားခဲ့ရင် နတ်ဧကရာဇ်နဲ့တောင် ယှဥ်တိုက်နိုင်လောက်တယ်။"

"မဟာလက်ဝဲတာအိုနယ်မြေက အရှင်သခင်တစ်ယောက် ရှိလာတော့မှာလား။"

All Chapters