← Chapters

အခန်း (၁၂၀၁)

Vol. 87 Ch. 1201

အခန်း (၁၂၀၁)

Vol. 87 Ch. 1201

ကြယ်နယ်မြေအဆင့်ကို အရှင်သခင်အဖြစ် မှတ်ယူနိုင်သည်။

နမူနာအနေဖြင့် လမ်းကိုးသွယ်တာအိုဂိုဏ်းတွင် အပေါ်ယံ၌ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ တစ်ဒါဇင်လောက် ရှိ၏။ သို့သော် သူတို့၏ အခြေခံအုတ်မြစ်က အင်မတန် နက်နဲလှသည်။ သူတို့ထဲ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် သူများလည်း ရှိပြီး နှောင်းပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများပင် ရှိသည်။

အကယ်၍ မဟာလက်ဝဲတာအိုနယ်မြေ၏ ထိပ်သီးဂိုဏ်း ၅ခုရှိ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူအရေအတွက်ကို ပေါင်းကြည့်လိုက်လျှင့် အပေါ်ယံ၌ ငါးဆယ်လောက် ရှိလိမ့်မည်။

ထိုထိပ်သီး ၅ဂိုဏ်းမှလွဲ၍ ကျန်ဂိုဏ်းအားလုံးကို ပေါင်းစည်းမည်ဆိုလျှင်ပင် ထိုအရေအတွက်ကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ ထိုတွက်ချက်မှုပေါ် မူတည်၍ ထိုအင်အားစုသည် အင်မတန် အားကောင်းလွန်းလှ၏။ ထိုအချက်က မဟာလက်ဝဲတာအို၏ ကြောက်စရာကောင်းသည့် အစိတ်အပိုင်းလည်း ဖြစ်ပေသည်။

မဟာလက်ဝဲတာအိုနယ်မြေတွင် နတ်ဧကရာဇ်များ မရှိပေ။

ယခင်က မီးတောက်ခေါင်းဆောင်ကြီးသည် နတ်ဧကရာဇ်အဆင့် အင်အားကို ပိုင်ဆိုင်ထားသည့်သူ တစ်ဦးတည်းသောသူ ဖြစ်၏။ သို့သော်လည်း မီးတောက်ခေါင်းဆောင်ကြီးက ကျိန်စာကို အပြည့်အဝ ထုတ်လွှင့်လိုက်သည်နှင့် ရန်သူကို သူနှင့်အတူ ပျောက်ကွယ်သွားစေလိမ့်မည်။ ထို့ကြောင့် သူသည် နတ်ဧကရာဇ်ဟု ယူဆနိုင်သော်လည်း တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်သည်။

ထိုသို့ဆိုလျှင်ပင် မီးတောက်ခေါင်းဆောင်ကြီးက မဟာလက်ဝဲတာအိုနယ်မြေအတွင်း အားအကောင်းဆုံး ကျင့်ကြံသူဖြစ်နေဆဲ ဖြစ်၏။

သို့သော်လည်း ကိစ္စများက ယခုအခါ ကွဲပြားသွားခဲ့သည်။ ဝမ်ပေါင်လဲ့ ထုတ်လွှင့်နေသည့် တာအိုစည်းချက်က ဂိုဏ်းအသီးသီးမှ အားကောင်းသည့် ကျင့်ကြံသူများ၏ စိတ်နှလုံးသားကို တုန်ယင်သွားစေသည်။

အကြောင်းအရင်းကမူ မူလတာအိုခန္ဓာက ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်နေ၏။ ထိုအရာကို ရရှိဖို့ရာ မဖြစ်နိုင်သလောက် ရှားပါးလှသည်။ ပုံမှန်အားဖြင့် ပြီးပြည့်စုံသည့် အဆင့် ၁၀၀ ရှိထားသည့် ကြယ်နယ်မြေအဆင့် တစ်ခု ရှိသည့်သူက ပါရမီရှင်ထဲမှ ပါရမီရှင်သာ ဖြစ်၏။ နှစ်ခုရှိထားသူက မကောင်းဆိုးဝါး ဖြစ်ပေသည်။

အကယ်၍ သုံးခုလုံးက အတူတူဖြစ်နေခဲ့လျှင့် ထိုသို့သောအရာမျိုးက ကောင်းကင်ဘုံသွေဖယ်နေပြီ ဖြစ်သည်။ ရှေးဟောင်းမှတ်တမ်းများမှ သိထားသည့် အသိပညာများပေါ် မူတည်၍ အဖြေကို ကောက်ချက်ချနိုင်သည်။

အစောပိုင်း တာအိုခန္ဓာရှိထားသည့် အစောပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်က ပြီးပြည့်စုံသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူနှင့် ယှဥ်တိုက်နိုင်သည်။ သူက ကြယ်နယ်မြေအဆင့်တွင် ပြိုင်ဘက်ကင်းဟု မှတ်ယူနိုင်၏။

အကယ်၍ အစောပိုင်း တာအိုခန္ဓာရှိထားသည့် အလယ်အလတ် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူက သူသည် နတ်ဧကရာဇ်နှင့်ပင် ယှဥ်နိုင်လိမ့်မည်။ အကယ်၍ အစောပိုင်း တာအိုခန္ဓာရှိထားသူက နှောင်းပိုင်း ကြယ်နယ်မြေအဆင့်ထိ ရောက်သွားခဲ့လျှင် နတ်ဧကရာဇ်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်။

အကယ်၍ အစောပိုင်း တာအိုခန္ဓာရှိထားသူက ပြီးပြည့်စုံသည့် ကြယ်နယ်မြေအဆင့် ရောက်သွားခဲ့လျှင် သူသည် နတ်ဧကရာဇ်ကို သတ်ဖြတ်နိုင်ပြီး သူ့သွေးကို စကြဝဠာအတွင်း စီးဆင်းအောင် လုပ်ဆောင်နိုင်သည်။

ဤသည်က ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူ အစ်ကိုကြီးဟောင်း ချန်ရှင်းသည် ကြယ်နယ်မြေအဆင့်တွင် ရှိနေစဥ်က မလုပ်ဆောင်နိုင်ခဲ့သည့် အရာတစ်ခု ဖြစ်၏။ သူသည် နတ်ဧကရာဇ်များကိုသာ အနိုင်ယူနိုင်ခဲ့သည်။ သူက နတ်ဧကရာဇ်ကို နှစ်ကြိမ် သတ်နိုင်ခဲ့သည်မှာ ငရဲကိုးထပ်ထဲ အများသူမသိဘဲ သူက နတ်ဧကရာဇ်တစ်ပိုင်းအဆင့် တက်လှမ်းသွားနိုင်ခဲ့၍ ဖြစ်၏။

ထို့ကြောင့် သူတို့သည် ဝမ်ပေါင်လဲ့က ထိုဦးတည်ရာသို့ ရောက်ရှိနေကြောင်း မြင်သည့်အခါ မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းများနှင့် အင်အားစုများက တုန်လှုပ်လာကြသည်။ လျို့ဝှက်နည်းစနစ်များကို အသုံးပြုပြီး နတ်ဘုရား အသိစိတ်ကို ဖြန့်ကျက်ထားသည့် အားကောင်းသော ကျင့်ကြံသူများကလည်း တုန်ယင်သွားကြသည်။ မီးတောက်ခေါင်းဆောင်ကြီးကြောင့် ထိတ်လန့်သွားပြီးသည့်နောက်တွင် သူတို့က နောက်ဆုတ်ကာ နေရာမှ ထွက်သွားကြ၏။

ဝမ်ပေါင်လဲ့ အောင်မြင်စွာ အဆင့်တက်လှမ်းသွားသည်နှင့် လက်စားချေလာမည်ကို စိုးရိမ်နေကြသည်။

ထိုတန်ကြေးက ကြီးမားလွန်းလှသည်။ လောကအဆင့်မြင့်ချပ်ပြားဝိုင်း တစ်ခုအတွက် အားကောင်းသည့် ရန်သူကို ဖန်တီးဖို့ မထိုက်တန်ပေ။ လောကအဆင့်မြင့် ချပ်ပြားဝိုင်းသည် အမှန်တကယ် အထွတ်အထိပ် ရတနာတစ်ခုဖြစ်သော်လည်း သေခြင်းရှင်ခြင်းကြား ကပ်ဘေး ဖြစ်လာနိုင်မလား ကံကြမ္မာကောင်း ဖြစ်လာနိုင်မလား ပြောဖို့ရာ ခက်လှသည်။

သို့သော်လည်း ဂိုဏ်းများနှင့် မျိုးနွယ်စုများက နောက်ဆုတ်ဖို့ ရွေးချယ်လိုက်ကြသော်လည်း လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားထိပ်သီးဂိုဏ်းများကမူ နောက်မဆုတ်နိုင်ကြပေ။

လက်တွေ့တွင် ဝမ်ပေါက်လဲ့က သူ့မူလတာအိုခန္ဓာ မထုတ်ဖော်လျှင် သူတို့က အကျိုးအကြောင်းကို ဆင်ခြင်ပြီးသည့်နောက်တွင် တိုက်ခိုက်ဖို့ ရွေးချယ်မည်သာ ဖြစ်၏။ မီးတောက်ခေါင်းဆောင်ကြီးက သူတို့ကို တားဆီးဖို့ ကြိုးစားခဲ့လျှင်ပင် သူတို့အနေဖြင့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ခိုးယူနိုင်သေးသည်။

ယခု ဝမ်ပေါင်လဲ့၏ မူလတာအိုခန္ဓာကြောင့် သူတို့တွင် သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေလေသည်။ ဝမ်ပေါင်လဲ့သာ ကျင့်ကြံဆင့် တက်လှမ်းရာတွင် အောင်မြင်သွားသရွေ့ ပြည်ထောင်စု၊ ဝမ်ပေါင်လဲ့နှင့် မီးတောက်ခေါင်းဆောင်ကြီးတို့က မဟာလက်ဝဲတာအိုနယ်မြေအတွင်း သိသိသာသာ အခြေအနေအပြောင်းအလဲကို ဖြစ်ပေါ်လာစေလိမ့်မည်။

လမ်းကိုးသွယ်တာအိုဂိုဏ်းနှင့် တခြားထိပ်သီးဂိုဏ်းများက ခြိမ်းခြောက်ခံရသလို ခံစားနေရသည်။ ဤခြိမ်းခြောက်မှုက သူတို့ဂိုဏ်း၏ အနာဂတ်အပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။

ထို့ကြောင့် နောက်အခိုက်အတန့်တွင် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တောင်နယ်နိမိတ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"နယ်မြေ ၁၉ထဲမှာ အကျင့်ပျက်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ရှိတယ်။ လမ်းကိုးသွယ်တာအိုဂိုဏ်းရဲ့ အမိန့်အရ အင်အားစုအားလုံးက တိုက်ခိုက်ရမယ်။"

ထိုအသံ ထွက်ပေါ်လာသည်နှင့် စွမ်းအားလှိုင်းများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုအရာက လူ ၁၄ ယောက်ဖြစ်ပြီး အားလုံးက ကြယ်နယ်မြေအဆင့် ဖြစ်ကြသည်။ တစ်ယောက်ကမူ နှောင်းပိုင်း ကြယ်နယ်မြေအဆင့်ဖြစ်ကာ ပြည်ထောင်စုကြီးဆီ ပျံသန်းသွားခဲ့၏။

လမ်းကိုးသွယ်တာအိုဂိုဏ်းသာလျှင် မကာပေ။ တခြားသော ဂိုဏ်းကြီးများနှင့် မျိုးနွယ်များကလည်း တုံ့ပြန်လာကြသည်။ တစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများကို ပြည်ထောင်စုကြီးဆီ စေလွှတ်လိုက်ကြသည်။

တခြားသော ဂိုဏ်းနှင့် မျိူးနွယ်များ အတွက်မူ သူတို့တွင် ရွေးချယ်စရာ မရှိပေ။ သို့သော်လည်း သူတို့၏ အမြန်နှုန်းက သိသိသာသာ နှေးကွေးနေ၏။

မဟာလက်ဝဲတာအိုနယ်မြေ၏ ကြယ်တာရာကောင်းကင်အထက် ပုံရိပ်များစွာက အလင်းတန်းသဖွယ် ရွေ့လျားလာကြသည်။ တချို့က ရှေ့တိုးလာကာ တချို့ကမူ လေဟုန်ကို ထိုးခွင်းလာပြီး တချို့က မှော်ပစ္စည်းများဖြင့် လေထဲ ပျံသန်းလာကြသည်။ သူတို့က ပြည်ထောင်စုကြီးထံ အဖက်ဖက်မှ ချဥ်းကပ်လာလေ၏။

အကယ်၍ မဟာလက်ဝဲတာအိုနယ်မြေကို မြင့်မားသည့် နေရာမှ ကြည့်လိုက်ပါက လမ်းကိုးသွယ်တာအိုဂိုဏ်းရှိ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူဆယ်ယောက်သည် စုစည်းနေကြောင်း မြင်တွေ့နိုင်သည်။ သူတို့၏ ခန္ဓာကိုယ်အထက် သံကြိုးကိုးခုပင် ရှိနေလေ၏။

ထိုသံကြိုးကိုးခုက လမ်းကိုးသွယ်တာအိုဂိုဏ်း၏ မဟာတာအိုကိုးခု ဖြစ်၏။ သူတို့၏ စွမ်းအားက အံ့မခန်းဖြစ်စဥ် တခြားလေးယောက်ကလည်း အတူတူ ဖြစ်ကြသည်။ တစ်ယောက်ကမူ ကောင်းကင်ပိုင်းဖြတ်ရေး ပုဆိန်ဖြစ်ပြီး တခြားတစ်ယောက်က ကြယ်စင်စုအရွယ်အစားရှိသည့် ဥက္ကာပျံတစ်ခုဖြစ်ကာ ကြယ်စင်အရွယ်အစားရှိသည့် ဧရာမကြီးမားသည့် ပုံရိပ်ယောင် လူ့ဘီလူးကြီးနှင့် ဧရာမ သွေးနီရောင် မီးပြင်းဖိုတို့ ဖြစ်ကြသည်။

ထိုအရာက ထိုဂိုဏ်းများ၏ မဟာတာအို ဖြစ်၏။ သူတို့၏ အပြုအမူတို့က မဟာဒိဌိနယ်မြေနှင့် အလယ်ပိုင်း အဆုံးမဲ့နယ်မြေမှ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုသူတို့က ကြည့်ရှုနေသော်လည်း အလျင်စလို မလှုပ်ရှားကြပေ။ အကြောင်းအရင်းက အမှောင်ဂိုဏ်း၏ အကြီးနှင့် ဝင်ရောက်စွက်ဖက်မှုသည် အလွန်တရာ အားကောင်းနေလေ၏။ အဆုံးမဲ့မျိုးနွယ် လှုပ်ရှားလိုက်သည်နှင့် အမှောင်ဂိုဏ်းကို အခွင့်ရေးပေးသလို ဖြစ်သွားလိမ့်မည်။ စစ်ပွဲက မကြာခင် စတင်လာတော့မည်ဖြစ်ကာ နှစ်ဖက်လုံးက အပြည့်အဝ မပြင်ဆင်ရသေးပေ။

မဟာဒိဌိနယ်မြေအတွက်မူ အလှမ်းဝေးလွန်းလှသည်။ အကယ်၍ သူတို့သာ နယ်နိမိတ်ကို ဖြတ်ကျော်လာသည်နှင့် နားလည်မှု လွဲစေပြီး ပိုမိုကြီးမားသည့် စစ်ပွဲကို ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် သူတို့က စောင့်ကြည့်နေခြင်း ဖြစ်၏။

အလယ်ပိုင်း အဆုံးမဲ့နယ်မြေနှင့် မဟာဒိဌိနယ်မြေတို့က စောင့်ကြည့်နေသည့်အတွက် ဂိုဏ်းအသီးသီးမှ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများက ပြည်ထောင်စုကြီးထံ တဖြည်းဖြည်းချင်း နီးကပ်လာကြသည်။

ကျယ်ပြန့်တာအိုနန်းဆောင်ရှိ ဆရာရှင်းယီက အသက်ရှိုက်စာ အနည်းငယ် တိတ်ဆိတ်သွားလေ၏။ သူက ထရပ်ကာ ဝမ်ပေါင်လဲ့ ကျင့်ကြံနေသည့် နေရာထံ ဦးညွတ်လိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်းတည်းဖြင့် နေအဖွဲ့အစည်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူက တင်ပျဥ်ခွေထိုင်လိုက်စဥ် သူ့နောက်ဘက်တွင် ဧရာမ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ကြယ်တာရာကောင်းကင်တွင် မားမားမတ်မတ် ရပ်နေသည့် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်၏။

တခြားတစ်နေရာမှ ဟက်ဟက်ပက်ပက် ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက မီးပင်လယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ အမျိုးသမီးတစ်ယောက်က မီးပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူမက ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တက်ကြွမှုအပြည့် ဖြစ်နေသည်။ သူမ၏ နှုတ်ခမ်းအထက် အေးစက်စက် အပြုံးမျိုးရှိနေပြီး နေအဖွဲ့အစည်း အပြင်ဘက် တင်ပျဥ်ခွေထိုင်ကာ ပြောလိုက်သည်။

"မောင်ငယ်လေး ကြောက်မနေနဲ့။ အကြီးဆုံးအစ်မက မင်းကို ကာကွယ်ပေးမယ်။"

ရောက်ရှိလာသည့်သူက ဝမ်ပေါက်လဲ့၏ အကြီးဆုံးအစ်မ ဖြစ်၏။ သူမက မီးတောက်ခေါင်းဆောင်ကြီး၏ ကိုယ်ပွားထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူမ၏ ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့် ရောက်ရှိနေပြီ ဖြစ်၏။

အကြီးဆုံးအစ်မအပြင် နောက်ထပ် တစ်နေရာမှ နတ်နွားကြီး၏ ပုံရိပ်လည်း ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ခေါင်းမော့ကာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ရှိ မီးတောက်များက ကောင်းကင်အထက် တလူလူ ထွက်ပေါ်နေသည်။

"ကောင်လေး ငါ မင်းကို ကူညီဖို့ ရောက်လာပြီ"

ဝမ်ပေါင်လဲ့က ပြုံးလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ့ဆရာက ထိုဇာတ်ကြောင်းထဲ အတော်လေး စိတ်နှစ်ထားကြောင်း တွေးမိသွား၏။

ဝမ်ပေါင်လဲ့၏ အပြုံး ပျောက်ကွယ်မသွားခင် အမွှေးနံ့သာရနံ့က နောက်တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။ ညင်သာသည့် အပြုံးမျိုးဖြင့် လူလတ်အရွယ် အမျိုးသားတစ်ဦးက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်နှင့် လက်တွေ့ကြား ရှိနေသလိုဖြစ်ကာ သူ ပေါ်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့ ရှိရာဘက် လှမ်းပြုံးပြလိုက်သည်။ သူက စကားတစ်လုံးမှ မပြောဘဲ တင်ပျဥ်ခွေထိုင်လိုက်၏။ သူ့အမွှေးနံ့သာ စွမ်းအားက ကြယ်တာရာကောင်းကင်ကို လှုပ်ခတ်သွားစေသည်။

ဤသည်က ဝမ်ပေါင်လဲ့၏ ဒုတိယအစ်ကို ဖြစ်ပြီး အမွှေးနံ့သာတာအိုကို ကျင့်ကြံထားသည့် အစစ်အမှန် တည်ရှိသော ဒုတိယအစ်ကို ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က စိတ်နှလုံးသား ပိုမို နွေးထွေးမိသွားသည်။ သူက သူ့ကို ဝန်းရံထားသည့် ပုံရိပ်လေးခုကို ကြည့်ရင်း အသံပို့ဆောင်လိုက်၏။

ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ ကျင့်ကြံဆင့်က ၁၅ဆင့်မှ အဆင့် ၅၀ကျော် တက်လှမ်းသွားခဲ့သည်။

All Chapters