← Chapters

ထောင်ချောက်အဆင်ခံရခြင်း

Vol. 87 Ch. 1202

ထောင်ချောက်အဆင်ခံရခြင်း

Vol. 87 Ch. 1202

အဆင့် ၅၄ ..

သူက အဆင့်တစ်ရာ ရောက်ဖို့ တစ်ဝက်ကျော် ရောက်ရှိနေလေပြီ။

ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာ၏။ သူက နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ကာ နေအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။ သူက အဖက်ဖက်မှ ရောက်ရှိလာသည့် ပုံရိပ်လေးခုကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်းအပြင်ဘက်တွင် အားကောင်းသည့် အရှိန်အဝါများ ရောက်ရှိလာကြောင်း ခံစားမိလိုက်၏။ သူတို့က သူ့ဆီ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းလာနေကြသည်။

ကြယ်နယ်မြေအဆင့် အင်အားကြီးပုဂ္ဂိုလ်များက စုဝေးနေကြရာ မဟာလက်ဝဲတာအိုနယ်မြေအတွင်း တိုက်ပွဲကြီးတစ်ခု စတင်တော့မည် ဖြစ်၏။ ထိုစဥ် မဟာဒိဋ္ဌိနယ်မြေရှိ ဂိုဏ်းကြီးများကလည်း စုဝေးနေကြသည်။ အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေကလည်း ထူးကဲသောနည်းလမ်းများမှတစ်ဆင့် ဤနေရာကို စောင့်ကြည့်နေလေ၏။

ထိုစဥ် သေးငယ်သည့် ပြည်ထောင်စုတွင် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးရှိ ပါရမီရှင် အများစု၏ နတ်ဘုရားအသိစိတ်များကို စုဝေးထားစေသည်။ သူတို့ကြားတွင် မဟာဒိဋ္ဌိနယ်မြေတွင် အဆင့်သုံး နေရာချိတ်သည့် ဖီးနစ်ကိုးကောင်ဂိုဏ်းလည်း စောင့်ကြည့်နေသည်။ ခေါင်းလောင်း မိန်းကလေးက သူမ၏ ဆရာအနားတွင် တင်ပျဥ်ခွေထိုင်လျက် ကြည့်နေလေ၏။ သူမ၏အမူအရာက ပုံမှန်ဖြစ်နေဟန်ပေါ်သော်လည်း စိတ်ထဲတွင်မူ ခံစားချက်များက ရောထွေးနေသည်။

ဤသည်က ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းအတွက်လည်း အတူတူသာ ဖြစ်၏။ စန္ဒာကြယ်ဂိုဏ်းတွင်လည်း အတူတူသာဖြစ်ပြီး ဂိုဏ်း၏ အစီအရင်အတွင်းမှ ပုဂ္ဂိုလ်များက ပြည်ထောင်စုကို လှမ်းကြည့်နေကြသည်။ ထိုသူများထဲတွင် ခုန်းတောက်၊ ကျိုးရီဖန်းနှင့် လီဝမ်အာ တို့လည်းပါရှိသည်။

စန္ဒာကြယ်ဂိုဏ်း၏ တောင်အနောက်ဘက်ရှိ ရေတံခွန်ရှေ့တွင် တင်ပျဥ်ခွေထိုင်နေသည့် မှုန်ဝါးဝါး ပုံရိပ်တစ်ခု ရှိနေလေသည်။ သူမက မျက်လုံးများကို မှိတ်ထားသော်လည်း သူမ၏ နတ်ဘုရားအသိစိတ်က ကြယ်စင်စုကို ဖြတ်ကျော်ပြီး ပြည်ထောင်စုရှိရာဆီ ရောက်ရှိလာသည်။

ရှဲ့ဟေးရန်တို့ သားအဖကလည်း ရှဲ့မိသားစုဆီ ပြန်လည်ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့ကို သိထားသည့်သူများစွာ ရှိနေသည်။ သူတို့က အဆုံးမဲ့တာအိုနယ်မြေတိုင်းကနေ သူ့ကို အာရုံစိုက်ကာ စောင့်ကြည့်နေကြသည်။

အားလုံးက စောင့်ကြည့်နေစဥ် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က အဆင့် ၅၄ မှ ၅၇ … ၅၇ မှ ၅၈ အထိ ရောက်ရှိလာသည်။

ကမ္ဘာမြေ၏ အရှေ့ဘက် ကြယ်တာရာကောင်းကင်က ပုံပျက်သွားပြီး မဟာတာအို အသံများက လေဟာနယ်တစ်လျှောက် ပျံ့နှံ့လာသည်။ ကြယ်တာရာကောင်းကင်က ပြိုလဲကာ ကြေမွသွားသည်ကို မြင်တွေ့နိုင်လေ၏။

ပြိုလဲသွားသည့် ကြယ်တာရာကောင်းကင်မှ အနက်ရောင်သံကြိုးများ ထွက်ပေါ်လာသည်။ စုစုပေါင်း သံကြိုး ကိုးခုရှိ၏။ တစ်ခုချင်းစီက လမ်းကိုးသွယ်တာအိုဂိုဏ်း၏ မဟာတာအိုမှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုသူများက ကြယ်နယ်မြေအဆင့် အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။ နောက်ဆုံးသောလူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက် ဖြစ်ပေသည်။ သူ့ကျင့်ကြံဆင့်က နှောင်းပိုင်း ကြယ်နယ်မြေအဆင့် ရောက်ရှိနေပြီး စည်းမျဥ်း ဥပဒေသများကို ဖိနှိပ်ထားနိုင်ဟန်ပေါ်သည်။ သူ ပေါ်ထွက်လာသည်နှင့် နေအဖွဲ့အစည်းအပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်က လှိုင်းထသွားခဲ့သည်။

ကျင့်ကြံနေဆဲ ဖြစ်သည့် ဝမ်ပေါင်လဲ့ပင် ခေတ္တမျှရပ်တန့်ကာ မျက်လုံးဖွင့်ပြီး ကြည့်လာခဲ့သည်။

အမွှေးနံ့သာ မီးတောက်တာအိုကို ကျင့်ကြံသည့် ဝမ်ပေါင်လဲ့၏ နံပါတ်နှစ် ဂိုဏ်းတူအကိုကြီးက ထိုနေရာကို စောင့်ကြပ်ထား၏။ သူက တင်ပျဥ်ခွေထိုင်လျက်ရှိကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာသည်။ သူက ချဥ်းကပ်လာသည့် မဟာတာအို သံကြိုးကိုးခုနှင့် လူရိပ်များကို တည်ငြိမ်စွာ ကြည့်နေလေသည်။

"ရပ်လိုက်" နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက ညာဘက်လက်ကို မြှောက်ကာ အသာ ဝေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလို သူ့နောက်ဘက်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကြယ်တာရာကောင်းကင်က သွေဖယ်သွားပြီး အရွယ်အစားနှင့် အရောင်မျိုးစုံ ရှိသည့် ပူဖောင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထို ပူဖောင်းတစ်ခုချင်းစီတွင် ကမ္ဘာတစ်ခု ပါဝင်နေလေ၏။ သူတို့က နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ တာအို အုတ်မြစ် ဖြစ်သည့် အမွှေးနံ့သာတိုင်းပြည် ဖြစ်ပေသည်။

အကယ်၍ ထိုပူဖောင်းများကို အကြိမ်များစွာ ကြီးမားစေလိုက်ပါက ထို ကမ္ဘာတွင် သက်ရှိများစွာ နေထိုင်နေသည်ကို ကောင်းကောင်းမြင်ရလိမ့်မည်။ ထိုအခိုက်အတန့်တွင် သက်ရှိအားလုံးက တရားထိုင်ကာ ကိုးကွယ်နေကြသည်။ သူတို့က ယုံကြည်မှုစွမ်းအားအမြောက်အများ ထုတ်လွှင့်နေကြသည်။ ထိုအရာများက နံပါတ်နှစ်ဂိုဏ်းတူ အစ်ကိုကြီးအတွက် စွမ်းအားအရင်းအမြစ် ဖြစ်၏။

သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ပူဖောင်းများ ပေါ်ထွက်လာသည်နှင့် အမွှေးနံ့သာစွမ်းအားက ကမ္ပည်းစာများဖြစ် ပြောင်းလဲသွားသည်။ သူတို့က ချဥ်းကပ်လာသည့် သံကြိုးကိုးခုကို ပိတ်ဆို့လိုက်၏။

အသံကျယ်ကြီးနဲ့အတူ ကမ္ပည်းစာမှ စွမ်းအားက သံကြိုးကိုးခုနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ တာအိုသံများက ပဲ့တင်ထွက်သွားပြီး သက်ရှိအားလုံး၏ စိတ်နှလုံးသားကလည်း တုန်ယင်သွားလေ၏။ ထို့နောက် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော် ထွက်ပေါ်လာကာ နံပါတ်နှစ်ဂိုဏ်းတူအစ်ကိုကြီးကို ဝိုင်းဖိနှိပ်လိုက်ကြသည်။

ထိုအသံက နားကွဲလုမတတ် ကျယ်လောင်လွန်းလှပြီး နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး မျက်နှာကပင် ဖြူဖျော့လာသည်။ သို့သော် သူက လက်ဟန်များကို ပြုလုပ်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ပူဖောင်းမှ လောင်ကျွမ်းနေသည့် အမွှေးနံသာတိုင် သဖွယ် ဖြစ်တည်လာသည်။ ထိုအမွှေးနံသာတိုင် ထွက်ပေါ်လာသည်နှင့် မြူခိုးများက ဖုံးလွမ်းသွားပြီး လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။

သူတို့က သံကြိုးကိုးခုပေါ်ရှိ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်၏ လှုပ်ရှားမှုများကို တားဆီးနိုင်ရုံမျှ ဖြစ်ကာ ကြာကြာတောင့်ခံနိုင်မည် မဟုတ်မှန်း သိသာလှသည်။ တစ်ချိန်တည်းဆိုသလို နှောင်းပိုင်း ကြယ်နယ်မြေအဆင့် အဖြူဝတ် လူအိုကြီးက အဝေးတစ်နေရာမှ အေးစက်စက် ကြည့်နေလေ၏။ သူက ချက်ချင်း ဝင်မတိုက်ခိုက်ခဲ့ပေ။

တစ်ချိန်တည်းဆိုသလို တခြားတည်နေရာသုံးခုတွင်လည်း တူညီသည့် မြင်ကွင်မျိုး ဖြစ်ပေါ်နေသည်။ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးထံ ရောက်ရှိလာသည်ကား ဧရာမလူ့ဘီလူးကြီး ဖြစ်၏။ ထိုလူဘီလူးကြီးက ပုံရိပ်ယောင်တာအို အရိပ်မျှသာ ဖြစ်၏။ အထဲရှိ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများစွာက လက်ဟန်စည်းတံဆိပ်များကို ပုံဖော်နေကြပြီး ဧရာမ လူဘီလူးကြီးအား စွမ်းအားအပြည့်ဖြင့် ပေါက်ထွက်လာစေသည်။ ထိုအရာက လက်သီးချက်ကို ထိုးခွင်းလိုက်၏။ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးက ထိုအရာကို တားဆီးနိုင်ခဲ့သော်လည်း သွေးအန်လိုက်ရသည် ။

ဆရာရှင်းယီအတွက်မူ သူက ပိုမို ဆိုးရွားသည့်အခြေအနေတွင် ရှိနေလေ၏။ တစ်ဖက်သူက ကြောက်ဖို့ကောင်းသည့် မီးပြင်းဖိုတစ်ခု ဖြစ်နေသည်။ ထိုအရာ၏ ဖိနှိပ်စွမ်းအားက အတော်လေးအံ့သြဖို့ ကောင်းလှပြီး သူ့ကို သွေးအန်အောင် ဖိအားပေးနိုင်သည်။ သူ့ဆံပင်များက ဖရိုဖရဲဖြင့် ဆက်လက် နောက်ဆုတ်နေရ၏။

စိတ်အေးလက်အေး အဖြစ်သင့်ဆုံးသူက နတ်နွားကြီးသာ ဖြစ်ပေသည်။ သို့သော်လည်း တစ်ဖက်သူက တစ်ယောက်တည်းသာ မဟုတ်ဘဲ ကောင်းကင်ထိုးခွင်းရေး ပုဆိန်နှင့် ဥက္ကာပျံတို့ ဖြစ်နေသည်။ ထိုတာအိုအရိပ်နှစ်ခုက မဟာလက်ဝဲတာအိုနယ်မြေတွင် ထိပ်သီးဂိုဏ်းငါးခုအတွင်း ရပ်တည်နေသည့် ဂိုဏ်းကို ကိုယ်စားပြုသည်။ ထို့နောက် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ဒါဇင်ချီ ရောက်ရှိလာကြသည်။

သူတို့က တစ်ပြိုင်တည်း တိုက်ခိုက်လာကြ၏။ နတ်နွားကြီးက သာမန် မဟုတ်သော်လည်း သူက ထိုတိုက်ကွက်ကြောင့် အနည်းငယ် တုန်ယင်သွားမိသည်။

ထိုအခိုက်အတန့်တွင် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး မဟာတာအို ထိပ်တိုက်တွေ့ဆုံသံများနှင့် ကြယ်စင်စု ဆုတ်ဖြဲခံရသည့် အသံများက ထွက်ပေါ်လာခဲ့သည်။ နေအဖွဲ့အစည်း အပြင်ဘက်တွင် တိုက်ခိုက်နေပြီဖြစ်သော်လည်း မလှုပ်ရှားသေးသည့် သူများလည်း ရှိနေသေး၏။

လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် လူအိုကြီးက မလှုပ်ရှားသေးပေ။ တခြားဂိုဏ်းကြီးလေးခုမှ အကြီးအကဲ လေးဦးကလည်း မလှုပ်ရှားကြသေးပေ။ သူတို့ ငါးဦးက တင်ပျဥ်ခွေထိုင်လျက် ရှိနေသည်။

သူတို့က မီးတောက်ခေါင်းဆောင်ကြီး ပေါ်ထွက်မလာသရွေ့ လှုပ်ရှားကြမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး လောကအဆင့်မြင့် ချပ်ပြားဝိုင်းမှ စုပ်ယူပေးထားသည့် ဝိညာဥ်ချီ ပမာဏ အမြောက်အမြားကို ဆက်လက် စုပ်ယူလိုက်သည်။ သူ့ကျင့်ကြံဆင့်က စက္ကန့်ပိုင်းနှင့်အမျှ တိုးမြင့်နေပြီး အဆင့် ၆၀ သို့ ရောက်ရှိသွားပြီ ဖြစ်၏။

သူ့ကျင့်ကြံဆင့်က ဤအဆင့်သို့ ရောက်ရှိလာသည့်အခါ သူ့အနေဖြင့် မဖုံးကွယ်နိုင်တော့သလိုမျိုး သူ့အရှိန်အဝါတို့က ဆက်တိုက်ထွက်ပေါ်လာကာ နေအဖွဲ့အစည်း အပြင်ဘက်ရှိ ကြယ်စင်စုများဆီ ရောက်ရှိသွားသည်။

လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် လူအိုကြီး၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက နေအဖွဲ့အစည်းအတွင်းရှိ ဝမ်ပေါင်လဲ့ကို သေချာကြည့်လိုက်သည်။ ထိုနောက် သူက လောကအဆင့်မြင့် ချပ်ပြားဝိုင်းကိုပါ ကြည့်လိုက်၏။

သူက ရုတ်တရက် ထပြောလိုက်သည်။

"တာအိုရောင်းရင်းတို့ တကယ်လို့ ဂိုဏ်းကြီးလေးခုက လက်နှေးနေပြီး ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် ပြီးမှနောင်တ မရကြနဲ့။"

"တာအိုရောင်းရင်း ခင်ဗျားက သံသယဖြစ်လွန်းနေတယ်။ ကျုပ်တို့ ဂိုဏ်းကသူတွေက အကောင်းဆုံး ကြိုးစားပြီးသွားပြီ။ လမ်းကိုးသွယ်တာအိုဂိုဏ်းက အက်ကြောင်းကို အရင်ဖွင့်ဖို့ ကြိုးစားကြည့်ပါ့လား။ အက်ကြောင်းပေါ်လာတဲ့အခါ ကျုပ်တို့ ဂိုဏ်းက ရှေ့ပြေးအနေနဲ့ ကူပေးပါ့မယ်။"

အဖြူဝတ် လူအိုကြီး၏ စကားများကို ကြားပြီးသည့်နောက်တွင် နှောင်းပိုင်းကြယ်နယ်မြေအဆင့် ကျင့်ကြံသူ လေးဦးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အဲဒီလိုပဲ ဖြစ်သင့်တာပေါ့"

"နတ်နွားကြီးက မီးတောက်ခေါင်းဆောင်ကြီးရဲ့ စီးတော်သားရဲလေ။ ထူးဆန်းတဲ့ သားရဲကြီးကို ဘယ်လိုလုပ် အလွယ်တကူ တိုက်ခိုက်လို့ရမှာလဲ။"

လမ်းကိုးသွယ်တာအိုဂိုဏ်းမှ အဖြူဝတ် လူအိုကြီးက အေးစက်စက် သရော်လိုက်သည်။ သူက ဂိုဏ်းကြီး လေးခုမှ အင်အားကြီး ပုဂ္ဂိုလ်များက ထိမ်ချန်ထားကြောင်း မြင်တွေ့ထားသည်။ တကယ်တော့ လမ်းကိုးသွယ်တာအိုဂိုဏ်းသည်လည်း အတူတူသာ ဖြစ်၏။ သူတို့က အလွယ်တကူ ဝင်ရောက်မည် မဟုတ်သလို မည်သူကမှ နေအဖွဲ့အစည်းထဲ ပထမဦးဆုံး ဝင်ရောက်လိုသည့်သူ မဖြစ်လိုကြပေ။ ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးက သူတို့ကို ပစ်မှတ်ထားလာမည် ဖြစ်၏။

လူအားလုံးက ထိုအဆင့်ထိ ကျင့်ကြံထားသည်ဖြစ်သည့်အတွက် တုံးအနေခြင်း မရှိပေ။ အပြင်ဘက်တွင် ရှိနေသည့် လူအားလုံးက မြေခွေးအိုကြီးများသာ ဖြစ်၏။ ထိုအကြောင်းကို တွေးကာ အဖြူဝတ် လူအိုကြီး၏ အကြည့်ထဲ ဆုံးဖြတ်ချက် ချလိုက်သည့် အရိပ်အယောင်မျိုး ပြည့်နှက်လာသည်။

"တာအိုရောင်းရင်းတို့ တကယ်လို့ မီးတောက်ခေါင်းဆောင်ကြီး ရောက်လာမယ်ဆိုရင် ကျုပ်က သူ့ကို အချိန်ဆွဲပေးထားမယ်။ ခင်ဗျားတို့နဲ့ တခြားသူတွေက အားကုန်တိုက်ခိုက်ပေးရင် ဘယ်လိုလဲ။"

ခဏကြာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် နှောင်းပိုင်းကြယ်နယ်မြေအဆင့် အကြီးအကဲ လေးဦးက ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ပြဿနာတစ်ခုကို ချက်ချင်းတွေးမိသွား၏။ နောက်အခိုက်အတန့်တွင် နတ်နွားကြီး၊ ဆရာရှင်းယီ၊ နံပါတ်တစ် ဂိုဏ်းတူ အစ်မကြီးတို့ဆီမှ အသံကျယ်ကျယ် တစ်သံ ထွက်ပေါ်လာသည်။

ပထမဦးဆုံးနေရာက ဆရာရှင်းယီ ရှိသည့်နေရာ ဖြစ်၏။ သူ့ပါးစပ်မှ သွေးများစီးကျနေပြီး သူက နောက်ဆုတ်လိုက်သည့်အချိန် သူ့ထံ ပုံရိပ်သုံးခုက ဝင်ရောက်လာသည်။ ထိုစဉ် သူတို့က နေအဖွဲ့အစည်းထဲ ခြေချတော့မည့်ဆဲဆဲတွင် အသံတစ်သံ ထွက်ပေါ်လာကာ သူတို့အား မဝင်နိုင်အောင် တားဆီးထားလေ၏။

နေအဖွဲ့အစည်းထဲ ဝင်ဖို့ တားဆီးနေသည့် ထိုအရာက လောကအဆင့်မြင့် ချပ်ပြားဝိုင်းမှ ပေးနေသည့် ကာကွယ်ရေးသာ ဖြစ်၏။ ထိုအရာက မန္တန်အစီအရင်နှင့် ယှဥ်နိုင်ပြီး ကျင့်ကြံသူ သုံးဦးအား နေအဖွဲ့အစည်းအတွင်း ဝင်ရောက်ခြင်းမှ တားဆီးထားသည်။

ထိုသုံးဦးက သူတို့အချင်းချင်း ကြည့်ကာ ဘာမှမပြောပေ။ သူတို့ကို ဝင်ဖို့ တားဆီးနေသည့် မန္တန်အစီအရင်ကို ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ အစမှ အဆုံးထိ သူတို့က အက်ကြောင်းထဲ မဝင်သလို ဘာမှလည်း ထုတ်မပြောကြပေ။

အနှစ်ချုပ်အားဖြင့် သူတို့ရောက်ရှိလာသည့်အခါ လမ်းကိုးသွယ်တာအိုဂိုဏ်းအပါအဝင် ဂိုဏ်းကြီး ၅ခုလုံးက လောကအဆင့်မြင့် ချပ်ပြားဝိုင်းရှိ အက်ကြောင်းကို သတိထားမိပြီးသား ဖြစ်၏။ သို့သော်လည်း ထိုနေရာက သိသာလွန်းလှသည်။ သတိရှိသူက ထိုနေရာကို ရွေးချယ်မည် မဟုတ်ပေ။

နေအဖွဲ့အစည်း အပြင်ဘက်တွင် အသံကျယ်ကျယ်တစ်သံ ထွက်ပေါ်လာလေ၏။ ဆရာရှင်းယီ နောက်ဆုတ်လိုက်သည့်အခါ နံပါတ်တစ် အကြီးဆုံးအစ်မနှင့် နံပါတ်နှစ် ဂိုဏ်းတူ အစ်ကိုကြီးတို့ကလည်း နောက်ဆုတ်လိုက်ကြသည်။

ထိုစဥ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းက ဖြတ်ခနဲ တောက်ပသွား၏။

မလုံလောက်သေးဘူး …

သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။

သူ့ ကျင့်ကြံဆင့်က ၆၃ မှ ၆၄ အထိ မြင့်တက်သွားပြီ ဖြစ်၏။ သူက အလျင်လိုနေဟန်ပေါ်သည်။ တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်း အပြင်ဘက်တွင် တခြားဂိုဏ်းများမှ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြ၏။ သူတို့ ပေါ်ထွက်လာသည့်အခါ အဖြူဝတ် လူအိုကြီး၏ မျက်ဝန်းက တောက်ပလာသည်။

"လောကအဆင့်မြင့် ချပ်ပြားဝိုင်းမှာ အက်ကြောင်း ရှိတယ်။ ငါ့လမ်းညွှန်ချက်အတိုင်း နာခံပြီး ဖိနှိပ်ကြ"

All Chapters