← Chapters

အခန်း (၁၂၀၆)

Vol. 87 Ch. 1206

အခန်း (၁၂၀၆)

Vol. 87 Ch. 1206

ကြယ်တာရာကောင်းကင်နှင့် နေအဖွဲ့အစည်း အပြင်ဘက် နတ်နွားကြီး၏ ဧရာမပုံရိပ်ကြီးက ကြယ်စင်စုအထက် ရပ်တည်လျက်ရှိသည်။ ထိုအရာက လေဟာနယ်ထဲမှ ခုန်ထွက်လာတော့မည့်အလား မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို အပြင်းအထန် တုန်ရီသွားစေသည်။

သို့သော်လည်း ထိုအရာအားလုံး၏ ဇစ်မြစ်က နတ်နွားကြီး၏ ပုံရိပ် ဟုတ်မနေခဲ့ပေ။ ထိုအစား နတ်နွားကြီး၏ ကျောအထက် တင်ပျဥ်ခွေထိုင်ကာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင် လေထဲတလူလူလွှင့်နေသည့် ဝမ်ပေါင်လဲ့သာ ဖြစ်၏။

သူ့ဆံပင်များက လွတ်လပ်မှုကို ကိုယ်စားပြုသည့် တိမ်တိုက်လိုမျိုး အစိမ်းရောင် ဖြစ်နေသည်။ သူ့ဆံပင်ရှည်ရှည်တို့က တာအိုသဖွယ် လေနှင့်အတူ မျောလွင့်နေပြီး လွတ်လပ်မှုကို ကိုယ်စားပြုနေ၏။

သူ့မျက်ခုံးက ထက်ရှသည့် ဓားသွားလိုဖြစ်ကာ သူ့မျက်ဝန်းအထက် ကြယ်စင်များဖြင့် ပြည့်နှက်နေသည်။ သူ့တစ်ကိုယ်လုံးက တာအိုအငွေ့အသက်များဖြင့် လွှမ်းခြုံထားလျက် ရှိ၏။ သူ့ခန္ဓာကိုယ်ထဲ ကျယ်ပြောလှသည့် စကြဝဠာက ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်ကို နတ်ဘုရားတစ်ပါးကို ကျော်လွန်သွားစေပြီး အထွတ်အထိပ် သက်ရှိအလား ထင်မှတ်စေသည်။ သူစကားပြောလိုက်သည်နှင့် သူ့စကားများက တာအိုလမ်းစဥ်နောက်လိုက်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။

“မင်းတို့က မလွတ်မြောက်နိုင်ဘူး။”

ထိုစကားများကို ပြောလိုက်သည်နှင့် နေအဖွဲ့အစည်း အပြင်ဘက်တွင် စည်းမျဥ်းဥပဒေသ မြောက်မြားစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့က အဖက်ဖက်သို့ ရစ်ပတ်နွယ်သွားသည့် ကြိုးမျှင်များသဖွယ် ဖြစ်တည်လာ၏။ သူတို့က ဝမ်ပေါင်လဲ့၏ မဟာတာအိုအရ သူတို့အလိုလို ပြန်လည်စီရီနေသည်။ သူတို့က ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်ထဲ ပေါ်ထွက်လာသည့် နှောင်ကြိုးသဖွယ် ဖြစ်လာသည်။ ထိုစဥ် အဆုံးမဲ့ကောင်းကင်တာအိုက မှေးမှိန်သွားသလို အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဝမ်ပေါင်လဲ့၏ မဟာတာအိုကသာ တစ်ခုတည်းသော ရပ်တည်လျက်ရှိနေ၏။

ထိုအရာက ကျောက်ပြားကမ္ဘာ ပြသနိုင်သည့် ကြယ်စင်စု စွမ်းအား မဟုတ်ပေ။ ထိုအရာက စကြဝဠာ၏ စွမ်းအား ဖြစ်၏။

လမ်းကိုးသွယ်တာအိုဂိုဏ်းဖြစ်စေ တခြားသောဂိုဏ်းကြီးများဖြစ်စေ အမျိုးမျိုးသောဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ကျင့်ကြံသူများဖြစ်စေ အားလုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားကြသည်။

ထိုနှောင်ကြိုး ပေါ်ထွက်လာသည်နှင့် သူတို့၏ ခန္ဓာကိုယ်က အတော်လေး လေးလံလာကြသည်။ နဂိုသူတို့အပိုင်ဖြစ်သည့်အရာကို အတင်းအကျပ် ယူဆောင်ခံလိုက်ရသလိုမျိုးဖြစ်ကာ ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို လှုပ်ရှားမှုများကလည်း နှေးကွေးသွားခဲ့သည်။

ထိုအရာက လွတ်လပ်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ကန့်သတ်လိုက်ခြင်းသာ ဖြစ်၏။

ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။

မင်းတို့ အားလုံးက မသက်မသာခံစားရမယ်

ထိုစကားများကို ပြောလိုက်သည့်အခါ ကြယ်တာရာကောင်းကင်မှ လေမုန်တိုင်းသဖွယ် ကျဆင်းလာသလိုမျိုး ဖြစ်၏။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ကြယ်တာရာကောင်းကင်ကိုပင် ပုံပျက်သွားစေသည်။ ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်ထဲမှ တာအိုက တုန်ယင်သွားကာ ဖိနှိပ်ခံလိုက်ရသည်။ သူတို့၏ ဝိညာဥ်၊ အလိုဆန္ဒနှင့် အာရုံကို ပိတ်ဆို့လိုက်သည့် နောက်ထပ်နှောင်ကြိုးတစ်ခု ပေါ်ထွက်လာသလိုမျိုး ဖြစ်၏။

ထိုအရာက သူတို့၏ လွတ်လပ်ခွင့်ကို ချုပ်ထိန်းလိုက်ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူတို့က ခန္ဓာကိုယ်နှင့် စိတ်ကို မလှုပ်ရှားနိုင်ကြတော့ပေ။ ကျင့်ကြံသူတိုင်း၏ စိတ်က ဗလာကျင်းသွားခဲ့၏။ သူတို့ ခန္ဓာကိုယ်ထဲ စီးဆင်းနေသည့် အချိန်က ရပ်တန့်သွားသလိုမျိုး ဖြစ်သည်။ ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြှောက်ပြီး လက်ဝါးကို အသာဖြန့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

သူလက်သီး ဆုပ်လိုက်သည့်အခါ ကြယ်တာရာကောင်းကင်က တုန်ခါသွားပြီး လေဟာနယ်က ကြေမွသွားခဲ့သည်။ ပိတ်ဆို့ခံထားရသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူဒါဇင်ချီက ကြေမွတော့မည့် အရိပ်အယောင် ပြသလာခဲ့သည်။ သူတို့က ပြိုလဲတော့သလိုမျိုး အက်ကြောင်းများ စတင်ပြသလာသည်။

ဝမ်ပေါင်လဲ့၏ လက်ဝါးချက်က ကြယ်တာရာကောင်းကင်အဖြစ် ပြောင်းလဲသွားသလိုမျိုး ဖြစ်၏။ သူက လက်သီးဆုပ်လိုက်သည့်အခါ ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို ဖိနှိပ်ထားလိုက်သည်။

အစောပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ခုနှစ်ယောက် ရှစ်ယောက်လောက်က တောင့်မခံနိုင်ကြတော့ပေ။ ဝမ်ပေါင်လဲ့က လက်သီးကို အပြည့်အဝ မဆုပ်ခင် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ သူတို့၏ ခန္ဓာကိုယ်က ပေါက်ထွက်သွားခဲ့သည်။ သူတို့က အပိုင်းပိုင်းအစစ ဖြစ်သွားပြီး စိတ်ဝိညာဥ်နှင့် ဝိညာဥ်ပင် ကြေမွကာ ပျက်သုဥ်းသွားပြီး ခန္ဓာကိုယ်လည်း ပျက်သုဥ်းသွားခဲ့သည်။

တခြားသူများ၏ ခန္ဓာကိုယ်ထဲရှိ အက်ကြောင်းများကလည်း ပိုမိုတိုးပွားလာခဲ့၏။ သို့သော်လည်း ကြယ်နယ်မြေအဆင့်ကြားတွင် အဖြူဝတ် အကြီးအကဲကဲ့သို့ ပြီးပြည့်စုံသည့် နှောင်းပိုင်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများလည်း ပါရှိသည်။

နှောင်းပိုင်းကြယ်နယ်မြေအဆင့် ကျင့်ကြံသူ လေးယောက် ရှိထားသည်။ နောက်အခိုက်အတန့်တွင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ၈ယောက် လဲကျသွားသည့်အခါ အဖြူဝတ် အကြီးအကဲ၏ ခန္ဓာကိုယ်ကလည်း အပြင်းအထန် တုန်ယင်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် စွမ်းအားတစ်ခု ပေါက်ထွက်လာ၏။

ထိုစွမ်းအား ပေါက်ထွက်လာသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက စတင်လောင်ကျွမ်းလာဟန်ပေါ်သည်။ ထိုအရေးပါလာသည့် အခိုက်အတန့်တွင် သူက သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်နှင့် ဝိညာဥ်ကို လောင်ကျွမ်းပစ်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ခဲ့သည်။ သူက ဝမ်ပေါင်လဲ့၏ တာအိုအနှောင်အဖွဲ့များကို လွတ်မြောက်ဖို့ လုပ်ဆောင်ခဲ့ပြီး အော်ဟစ်လိုက်သည်။

“အားလုံး ဂိုဏ်းအသီးသီးရဲ့ တာအိုတွေကို ဘာလို့လောင်ကျွမ်းမပစ်ရတာလဲ။ မင်းတို့တွေက ဒီမှာသေချင်နေတာလား။”

သူ ပြောလိုက်သည့်အခါ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ မဟာတာအိုဖြင့် ဖွဲ့စည်းထားသည့် သံကြိုးကိုးခုက အသံကျယ်ကြီးနှင့်အတူ စတင်လောင်ကျွမ်းလာသည်။ သူတို့က ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်ဆီ ပြေးလာပြီး ရစ်ပတ်လိုက်၏။

တစ်ချိန်တည်းဆိုသလို တခြားသော ဂိုဏ်းကြီးလေးဂိုဏ်းမှ နှောင်းပိုင်းကြယ်နယ်မြေအဆင့် ကျင့်ကြံသူလေးဦးကလည်း သေခြင်းရှင်ခြင်း အခြေအနေကြား ကျရောက်နေမှန်း သိလိုက်ကြသည်။ သူတို့က အဖြူဝတ် အကြီးအကဲသည် လှုပ်ရှားနေပြီဖြစ်ကြောင်းသိ၍ အံကြိတ်ကာ သူတို့၏ စွမ်းရည်ကို တိုးမြှင့်ဖို့ ကျင့်ကြံရေး လောင်ကျွမ်းခံခဲ့သည်။

သူတို့၏ သက်ဆိုင်ရာဂိုဏ်းများမှ တာအိုပုံရိပ်များကို အသက်သွင်းကာ ဧရာမ မီးပြင်းဖို၊ ဥက္ကာပျံ၊ ကောင်းကင်ထိုးခွင်းရေး ပုဆိန်နှင့် ဧရာမ လူဘီလူးကြီးတို့ကိုပင် စတင်လောင်ကျွမ်းစေလိုက်သည်။

သူတို့ လောင်ကျွမ်းလာသည့်အခါ ဂိုဏ်းကြီးလေးဂိုဏ်းရှိ အကြီးအကဲများက စူးစူးဝါးဝါးအသံကို ထုတ်လွှင့်လိုက်ကြသည်။ မီးပြင်းဖိုက ဝမ်ပေါင်လဲ့ဆီ ပြေးလာကာ ဥက္ကာပျံကလည်း ကျရောက်လာခဲ့သည်။ ကောင်းကင်ထိုးခွင်းရေး ပုဆိန်ကလည်း ဝမ်ပေါင်လဲ့ဆီ ပိုင်းဖြတ်လုမတတ် ကျဆင်းလာ၏။ ဧရာမ လူဘီလူးကြီး၏ အော်သံကလည်း ကြယ်တာရာကောင်းကင်ကိုပင် လှုပ်ခါသွားစေကာ သူက ဝမ်ပေါင်လဲ့ကို သူ့ခန္ဓာကိုယ်ဖြင့် ဖိနှိပ်ချေမွပစ်တော့မည့်အလား ပြေးဝင်လာသည်။

ထိုအရာများပင် မကသေးဘဲ ဂိုဏ်းကြီးငါးဂိုဏ်းမှ မဟာတာအိုများက လောင်ကျွမ်းကာ ဝမ်ပေါင်လဲ့ကို အတူတကွ ဖိနှိပ်ချုပ်တည်းထားကြသည်။ မဟာလက်ဝဲတာအိုနယ်မြေမှ ဆူညံသည့် အသံများ ထွက်ပေါ်လာသည်။ သူတို့က လမ်းကိုးသွယ်တာအိုဂိုဏ်းအပါအဝင် မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းကြီးများ၏ နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုဂိုဏ်းကြီးငါးဂိုဏ်းက ဤနေရာကို အာရုံစိုက်လျက် ရှိနေသည်။ သူတို့က ဝမ်ပေါင်လဲ့ လှုပ်ရှားလာပြီး သူတို့၏ ဂိုဏ်းမှ ကျင့်ကြံသူများက အန္တရာယ်ကျရောက်နေသည်ကို မြင်လိုက်ရသည့်အခါ မည်သို့မစိုးရိမ်ဘဲ နေမည်နည်း။ သူတို့က ထိုအရာက အပေါ်ယံတွင် သူတို့၏ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည် ဖြစ်၏။

ထို့ကြောင့် နောက်အခိုက်အတန့်တွင် ဂိုဏ်းကြီးများ၏ အခြေခံအုတ်မြစ်က ပေါက်ထွက်သွားကြသည်။ တစ်ခုချင်းစီက အဆုံးအစွန်မဲ့ တာအိုစည်းချက်တို့ ပါဝင်နေဟန်ပေါ်၏။ တည်နေရာငါးခုမှ လေဟာနယ်ကို ထိုးခွင်းကာ နေအဖွဲ့အစည်း အပြင်ဘက်ရှိ တိုက်ပွဲကွင်းပြင်ဆီ ချဥ်းကပ်လာလေသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို မထိတွေ့ခဲ့ပေ။ ထိုအစား သူတို့၏ ကိုယ်ပိုင်ဂိုဏ်းမှ ကျင့်ကြံသူများကို ဆွဲယူကာ အလျင်အမြန် နောက်ဆုတ်သွားကြ၏။

“နေအဖွဲ့အစည်းက မင်းတို့ လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့ နေရာ မဟုတ်ဘူး။” ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်က တည်ငြိမ်စွာ ပြောလာခဲ့သည်။ သူက သူ့ကို နာကျင်အောင် လုပ်လိုသည့် မဟာတာအိုပုံရိပ်အားလုံးကို လျစ်လျူရှုထားလေ၏။ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ဝေဝါးသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ သူက ပြန်လည်ပေါ်ထွက်လာသည့်အခါ အဝေးတစ်နေရာ ရောက်နေပြီဖြစ်၏။

သူက ညာဘက်လက်ကို မြှောက်ကာ လက်သီးကို အသာဆုပ်လိုက်သည်။ သူ့အပြင်ပိုင်းရုပ်ခန္ဓာ၊ ဝိညာဥ်နှင့် ကျင့်ကြံဆင့်တို့၏ စွမ်းအား အားလုံးက အတူတကွ ပေါင်းစည်းသွားပြီး ထိုလက်သီးချက်ကို ဖြစ်ပေါ်လာစေခဲ့သည်။ ထိုအရာက ဂိုဏ်းကြီးငါးဂိုဏ်းမှ ဖွဲ့စည်းထာသည့် လက်ကြီးငါးခုကို ချိန်ရွယ်ထားလေသည်။

ထိုလက်ကြီး ငါးခုက တုန်ယင်သွားလေ၏။ နောက်အခိုက်အတန့်တွင် သူတို့က တုံ့ဆိုင်းခြင်းမရှိ အတူတကွ ပေါင်းစည်းသွားကာ တောက်ပသည့် လက်ဝါးကြီးသဖွယ် ဖြစ်ပေါ်လာသည်။ ဝမ်ပေါင်လဲ့၏ လက်သီးချက်က သူတို့ကို ချိန်ရွယ်သည့်အခါ တိုက်ရိုက်ရင်ဆိုင်လိုက်၏။

အသံကျယ်ကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ လက်သီးချက်က ထိုဂိုဏ်းကြီးငါးဂိုဏ်းမှ ဖွဲ့စည်းထားသည့် လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။

ကြယ်တာရာကောင်းကင်က တုန်ခါသွားပြီး မဟာတာအိုပင် အသံကျယ်ကျယ်ထွက်လာကာ လက်ဝါးကလည်း အပြင်းအထန် တုန်ယင်သွားခဲ့သည်။ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကလည်း သွေးအန်လိုက်ရ၏။ သူတို့ထဲက ၃၀ ရာခိုင်နှုန်းလောက်က သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်က ဖျက်ဆီးခံလိုက်ရသည်။

သို့သော်လည်း ဂိုဏ်းကြီးငါးဂိုဏ်း၏ အရင်းမြစ်များမှ ဖွဲ့စည်းထားသည့် ဧရာမလက်ကြီးက အမှန်တကယ် ထူးကဲလှသည်။ ထိုအရာက တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် နောက်ဆုတ်နေလေ၏။ ဂိုဏ်းသားများက သေဆုံးသွားခဲ့သော်လည်း တစ်ဝက်ကျော်ကို ကာကွယ်ထားနိုင်ဆဲ ဖြစ်သည်။ ထိုအရာက နောက်ဆုတ်သွားပြီး ကြယ်တာရာကောင်းကင်ထဲ အရပ်အယောင်မရှိ ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ကြယ်တာရာကောင်းကင်ကို လှမ်းကြည့်လိုက်၏။ တစ်ချိန်တည်းဆိုသလို ဂိုဏ်းအသီးသီးမှ မဟာတာအိုလောင်ကျွမ်းခြင်းဖြင့် ဖွဲ့စည်းထားသည့် အသုံးအဆောင်ပစ္စည်းများက သူ့ဘေးနားတွင် ပေါ်ထွက်လာခဲ့သည်။ သူတို့က အရာအားလုံးကို လောင်ကျွမ်းပစ်နေ၏။ သို့သော်လည်း သူတို့က ဝမ်ပေါင်လဲ့နှင့် ထိတွေ့တော့မည့်ဆဲဆဲတွင် သူက တစ်ခွန်းသာ ပြောလိုက်သည်။

“လဆုတ် ပညာရပ်”

ချက်ချင်းဆိုသလို လဆုတ်ပညာရပ်၏ စွမ်းအားက အသက်ဝင်လာခဲ့သည်။ လဆုတ်ပညာရပ်၏ တာအိုက အချိန်ဖြစ်ပြီး ကျောက်ပြားကမ္ဘာမှ မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် သူသာ အသက်သွင်းလိုက်သည့်အခါ အချိန်က သူ့ဝန်းကျင်တွင် နောက်ပြန်ရစ်သွားလေသည်။ ထိုအခိုက်အတန့်တွင် အသက်ရှိုက်စာ ဒါဇင်ချီမျှ နောက်ပြန်ဆုတ်သွားလေ၏။ ဂိုဏ်းအသီးသီးမှ မဟာတာအိုလောင်ကျွမ်းမှုများကလည်း သက်ရောက်ခံလိုက်ရသည်။ သူတို့က လောင်ကျွမ်းနေရာမှ နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိသွားကြ၏။

သို့သော်လည်း သူတို့က ထွက်မသွားနိုင်ခင် ဝမ်ပေါင်လဲ့က လက်ကို မြှောက်ကာ ထိုပစ္စည်းအားလုံးကို ဖိနှိပ်ထားခဲ့သည်။ သူက သူတို့ကို လောကအဆင့်မြင့် ချပ်ပြားဝိုင်းရှိ အက်ကြောင်းထဲ ပစ်ထည့်လိုက်သည်။ သူက ချက်ချင်းပင် ပိတ်ဆို့လိုက်၍ အက်ကြောင်းက အသံကျယ်တစ်သံ ထွက်ပေါ်လာသည်။ မီးတောက် ကြယ်စင်စုပေါ်ရှိ ဖိအားကလည်း သိသိသာသာလျော့ကျသွားခဲ့ပြီး ဂိုဏ်းကြီးငါးဂိုဏ်း၏ မဟာတာအိုဖြင့် အစားထိုးသွားခဲ့သည်။

ထိုအရာက အက်ကြောင်းကို ဖြည့်ဖို့ ပစ္စည်းအသစ် ဖြစ်လာခဲ့၏။

ထိုမြင်ကွင်းက တိုက်ပွဲကို အာရုံစိုက်နေကြသည့် နေအဖွဲ့အစည်းရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။ ထိုအရာက မဟာလက်ဝဲတာအိုနယ်မြေရှိ အသင်္ချေမျိုးနွယ်နှင့် ဂိုဏ်းများကိုလည်း အံ့အားသင့်ကာ တုန်လှုပ်သွားစေ၏။ မဟာဒိဋ္ဌိဂိုဏ်းမှ စောင့်ကြည့်နေသည့် သူများကိုလည်း အံ့အားသင့်သွားစေသည်။

“ဒါက ကြယ်နယ်မြေအဆင့် မဟုတ်ဘူး။”

“ဒါက နတ်ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားပဲ”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူတို့သာလျှင် မကပေ။ ထိုအခိုက်အတန့်တွင် အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေရှိ ဂိုဏ်းအားလုံးနှင့် မျိုးနွယ်အားလုံးက အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ စိတ်ထဲ တုန်လှုပ်မှုများ ပြင်းထန်လာ၏။

အဆုံးမဲ့မျိုးနွယ်၏ တည်ထောင်သူကပင် မျက်လုံးဖွင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက အစစ်အမှန် တတိယအဆင့်လား။”

အဝေးတစ်နေရာရှိ အမှောင်ကမ္ဘာထဲ၌ အရာအားလုံးကို ထိုးဖောက်မြင်နိုင်ကာ ထိုနေရာကို စိုက်ကြည့်နေသည့် မျက်ဝန်းပိုင်ရှင် ရှိနေသည်။

All Chapters