အခန်း (၁၂၀၇)
Vol. 87 Ch. 1207
မီးတောက်ခေါင်းဆောင်ကြီး၏ အကြည့်များက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူက သူ့တပည့်ဖြစ်သူသည် ကြယ်နယ်မြေအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် နတ်ဧကရာဇ်တစ်ယောက်၏ စွမ်းအားကို အဘယ့်ကြောင် ပိုင်ဆိုင်ထားမှန်း နားမလည်နိုင်သေးပေ။
သူက ခန့်မှန်းချက်ရှိသော်လည်း မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည်။ ထိုအရာက သူ့အား ရှေးခေတ်အချိန်မှ ကောလဟာလတချို့ကို ပြန်လည်အမှတ်ရစေ၏။
တခြားတစ်ဖက်တွင် နေအဖွဲ့အစည်းရှိ ပြည်ထောင်စု ကျင့်ကြံသူများက အတော်လေး စိတ်လှုပ်ရှားနေကြသည်။ သို့သော်လည်း သူတို့အနေဖြင့် ကြယ်နယ်မြေအဆင့်ကို များများစားစား မသိသည့်အတွက် ဘာကိုမှ သတိမထားမိကြပေ။ သူတို့သိသည်က ဝမ်ပေါင်လဲ့သည် အင်မတန် အားကောင်းသည်ဟူ၍သာ ဖြစ်၏။
သို့သော်လည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၊ ဆရာရှင်းယီနှင့် ခရမ်းရွှေရောင် ခေါင်းဆောင်ကြီးတို့ကမူ ကွဲပြားပေသည်။ သူတို့၏ နှလုံးသားထဲမှ တုန်လှုပ်မှုက တရိပ်ရိပ် ထွက်ပေါ်လာ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ့စိတ်ထဲတွင် ရှိသမျှ အတွေးအားလုံးက ပျောက်ကွယ်သွားပြီး မလိုလားမှု အရိပ်အယောင်ပင် မပြသရဲတော့ပေ။
ဆရာရှင်းယီအတွက်မူ သူက တုန်လှုပ်နေကာ အကြည့်များက တောက်ပနေသည်။ သူက လူအများစုထက် ပိုမိုသိထားလေ၏။ အကြောင်းအရင်းမှာ သူသည် ပြင်ပလောကမှ စံပြကျင့်ကြံသူတစ်ဦး ဖြစ်သူကို တစ်ခါမြင်တွေ့ဖူး၍ ဖြစ်သည်။ သူတို့ဂိုဏ်း၏ သူတော်စင်မ ဝမ်ရီရီက သူ့သမီး ဖြစ်၏။
ထို့ကြောင့် သူက လျို့ဝှက်ချက်တစ်ခုကို သိထားသည်။ ဤစကြဝဠာထဲရှိ ကျင့်ကြံသူအားလုံးက မပြီးပြည့်စုံသည့် တာအိုကို ကျင့်ကြံကြသည်။ သူတို့အားလုံးက မပြီးပြည့်စုံကြပေ။ အပြင်ဘက်ကမ္ဘာတွင် ကွဲပြားသည့် ကျင့်ကြံဆင့်များအတွက် ကွဲပြားသည့် နာမည်များရှိကြသော်လည်း စုစည်းထားသည့် အကဲဖြတ်မှုတစ်ခုသာ ဖြစ်ပေသည်။
ထိုအကဲဖြတ်မှုက ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ရှိလေသည်။
သူအတိတ်တွင် ကြားဖူးသည့်အရာအရ ဤစကြဝဠာ၏ ကြယ်နယ်မြေအဆင့်သည် တတိယအဆင့် ဖြစ်၏။ နတ်ဧကရာဇ်အဆင့်ကမူ လေးဆင့်မြောက် ဖြစ်ပေသည်။ သို့သော်လည်း လက်တွေ့တွင် တာအိုက မပြီးပြည့်စုံသည့်အတွက် ပြင်ပလောကရှိ ကျင့်ကြံသူများထက် ပိုမိုနိမ့်ကျနေသည်။ ကွဲပြားချက်က လူတစ်ဦးချင်းစီ နားလည်သည့် တာအိုကွဲလွဲမှုကြောင့် ဖြစ်သည်။
ရံဖန်ရံခါ ခြွင်းချက်တချို့ ရှိတတ်သော်လည်း အသေးအဖွဲ ကွဲလွဲချက်များသာ ဖြစ်၏။ ခြွင်းချက် လုပ်ဆောင်နိုင်သည့်သူများက စကြဝဠာထဲ အားအကောင်းဆုံး သူများ ဖြစ်ကြသည်။
သို့သော်လည်း သူတို့က မည်မျှပင် ထူးချွန်စေကာမူ ဝမ်ပေါင်လဲ့၏ အဆင့်အနေအထားသို့ ရောက်ဖို့ မဖြစ်နိုင်ပေ။ သူက ကြယ်နယ်မြေအဆင့် ရောက်ရှိခဲ့သော်လည်း မဟာတာအိုထိန်းချုပ်မှုအပေါ် နတ်ဧကရာဇ်တစ်ယောက်၏ စွမ်းအားကို ထုတ်ပြလာခဲ့သည်။
ဤသည်က ဖြေရှင်းချက်တစ်ခုသာ ရှိ၏။
ဝမ်ပေါင်လဲ့သည် ကံအပြောင်းအလဲ အခွင့်ရေးတချို့ကြောင့် ပြီးပြည့်စုံသည့် မဟာတာအိုကို ရရှိခဲ့ပြီး တကယ့်ကမ္ဘာ၏ တတိယအဆင့်ကို ရယူထားနိုင်ခြင်း ဖြစ်သည်။
ခရမ်းရွှေရောင် ခေါင်းဆောင်ကြီးကလည်း အတော်လေးကို စိတ်လှုပ်ရှားနေပြီး သူ့ယခင် ရွေးချယ်မှုအတွက် အတော်လေး ကျေနပ်အားရနေမိသည်။ သူက ဘဝတွင် အမှန်ကန်ဆုံးအရာကို လုပ်ခဲ့သလိုမျိုး ခံစားနေရ၏။
ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ ဆယ့်ခုနှစ်ယောက်မြောက် သားတော်အတွက်မူ အတော်လေး စိတ်လှုပ်ရှားနေလေ၏။
“အဖေကြီးကတော့ အဖေကြီးပါပဲ။ သားကို စောင့်နေ။ ကျွန်တော်ကျင့်ကြံဆင့် မကြာခင် ချိုးဖောက်တော့မှာ။ အဲဒီအချိန်ကျမှ အဖေကြီးဆီ လာပြီး ခြေသလုံးတင်းတင်း ဖက်ထားတော့မယ်။”
စန္ဒာကြယ်ဂိုဏ်းရှိ ရေတံခွန်ရှေ့တွင် တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခု ရှိနေသည်။ စန္ဒာကြယ် ခေါင်းဆောင်ကြီးက ပြည်ထောင်စုမှ အကြည့်လွဲကာ သူ့မျက်ဝန်းအထက် စိတ်ခံစားချက် ပြည့်နှက်နေသည့် အပြုံးမျိုး ရှိနေသည်။
“သဘောတူထားတဲ့အချိန် ရောက်လာတော့မယ်”
ထိုစဥ် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံး၏ လူအားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ထွက်လာလေ၏။ ထိုအရာမှာ ယခုမှစ၍ အဆုံးမဲ့တာအိုနယ်မြေထဲ ထိပ်သီးကျင့်ကြံသူတစ်ယောက် ထပ်မံ ထွက်ပေါ်လာတော့မည်ဟူ၍ ဖြစ်သည်။ ထိုသူ၏ နာမည်က ဝမ်ပေါင်လဲ့ ဖြစ်၏။
ထိုအခိုက်အတန့်တွင် အဆုံးမဲ့တာအိုနယ်မြေထဲ နာမည်ဂုဏ်သတင်းကျော်ကြားနေသည့် ဝမ်ပေါင်လဲ့က နေအဖွဲ့အစည်း အပြင်ဘက်တွင် မတ်တတ်ရပ်နေလေ၏။ သူက ဂိုဏ်းကြီးငါးဂိုဏ်းမှ မဟာတာအိုများကို ဖိနှိပ်ကာ လောကအဆင့်မြင့် ချပ်ပြားဝိုင်းထဲ ထည့်ပြီးသည့်နောက်တွင် ဂိုဏ်းကြီးငါးဂိုဏ်း၏ အခြေခံအုတ်မြစ်မှ လက်ဝါးကြီး ပေါ်ထွက်လာသည့်နေရာကို လှမ်းကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။
ငါ ပေးဆပ်တဲ့ တန်ကြေးက မလုံလောက်သေးဘူး …
ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက လက်ကို မြှောက်ကာ လက်သီးကို ဆုပ်လိုက်ပြီး ကြယ်တာရာကောင်းကင်အထက် လက်သီးလေးချက် ပစ်ခွင်းလိုက်သည်။
ထိုလက်သီးလေးချက်က သူ့အပြင်ရုပ်ခန္ဓာ၊ ဝိညာဥ်နှင့် ကျင့်ကြံဆင့်တို့ကို ပေါင်းစည်းပြီးသည့်နောက်တွင် ထုတ်သုံးခဲ့သည့် အားအကောင်းဆုံး တိုက်ခိုက်ရေး စွမ်းအားဖြစ်၏။ သူတို့က ဧရာမ လက်သီးလေးလုံးအဖြစ် ပြောင်းလဲသွားပြီး လမ်းကိုးသွယ်တာအိုဂိုဏ်းမှလွဲ၍ တခြားဂိုဏ်းကြီးလေးဂိုဏ်းထံ ဦးတည်သွားသည်။
သူတို့က မြန်ဆန်လွန်းသည့်အတွက် လေဟာနယ်ကို ထိုးဖောက်ကာ ထိုဂိုဏ်းကြီးများ တည်ရှိနေသည့် ကြယ်တာရာကောင်းကင်အထက် ချက်ချင်းပေါ်ထွက်လာသလိုမျိုး ဖြစ်နေ၏။ သူတို့က ဂိုဏ်းကြီး၏ အဓိက ဂိတ်ပေါက်ကို ကျော်လွန်ခဲ့သည်။ ဂိုဏ်းကြီးလေးဂိုဏ်းရှိ ကျင့်ကြံသူများက တုန်လှုပ်တကြီး အော်ဟစ်လိုက်ကြ၏။ ဝမ်ပေါင်လဲ့၏ လက်သီးများက ကွဲပြားသည့် ကြယ်တာရာကောင်းကင်အထက် ဆင်းသက်လာသည်။
ဂိုဏ်းကြီးလေးဂိုဏ်းက သူတို့၏ စွမ်းအားပြည့် ထုတ်သုံးကာ ကာကွယ်လိုက်ကြသည်။ သို့သော်လည်း ဆူညံသံများနောက်ကွယ်တွင် ဝမ်ပေါင်လဲ့၏ လက်သီးအရိပ်က တောင်များကို ချေမွပစ်ခဲ့သည်။ အဆောက်အဦးများစွာ ပြိုလဲသွားပြီး ကျင့်ကြံသူများစွာက သွေးအန်လိုက်ရသည်။ ကြယ်စင်များပင် လှုပ်ခတ်သွားလေ၏။ သူတို့ ကြယ်တာရာကောင်းကင်အထက် မုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
လက်သီးရိပ်နှင့်အတူ ပါလာသည့် ဝမ်ပေါင်လဲ့ဆီမှ တာအိုစည်းချက်များက ဂိုဏ်းကြီးလေးဂိုဏ်းရှိရာ ကြယ်တာရာကောင်းကင်အထက် ပြည့်နှက်သွားခဲ့သည်။ ကျင့်ကြံသူအားလုံးက တုန်တုန်ယင်ယင် ဖြစ်သွားကြပြီး သူတို့၏ နတ်ဘုရားဝိညာဥ်များကလည်း ဖိနှိပ်ခံထားရသည်။ သူတို့၏ ကျင့်ကြံဆင့်က ပိုမိုအားကောင်းလေလေ ထိနှက်ချက်က ပိုမိုပြင်းထန်လေလေ ဖြစ်၏။
ဂိုဏ်းကြီးလေးဂိုဏ်းအတွက်မူ ထိုလက်သီးချက်က ဝမ်ပေါင်လဲ့၏ သဘောထားကို ကိုယ်စားပြုနေခြင်းဖြစ်ပြီး သတိပေးမှုအဖြစ် မှတ်ယူနိုင်သည်။
ထို့နောက် ဝမ်ပေါင်လဲ့က လမ်းကိုးသွယ်တာအိုဂိုဏ်းဘက်ကို လှည့်ကြည့်လိုက်သည်။ သူက ယနေ့သူ့၏ အာဏာကို တည်ထောင်လိုသည်။ သူယခင်က လုပ်ခဲ့သည့်အရာက မလုံလောက်ခဲ့ပေ။ ထိုလက်သီးချက်လေးလုံး ပစ်ခွင်းပြီးသည့်နောက်တွင် သူက သူ လိုချင်သည့်အရာကို မရရှိသေးပေ။ ထို့ကြောင့် လမ်းကိုးသွယ်တာအိုဂိုဏ်းက ထိုအရာ၏ အရင်းအမြစ်ဖြစ်၏။
ထို့ကြောင့် လက်သီးချက်လေးလုံး ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြှောက်ကာ နေအဖွဲ့အစည်းထံ ဆွဲယူသည့် ဟန်ပန်လုပ်လိုက်သည်။
ဆွဲယူသည့်ဟန်ပန်ဖြင့် ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးက နေမင်းအပြင်ဘက်သို့ ထွက်လာပြီး ရုတ်ချည်းဆိုသလို တုန်ခါသွားကာ နောက်အခိုက်အတန့်တွင် ပျောက်ကွယ်သွားလေ၏။ ထိုအရာ ပြန်လည်ပေါ်ထွက်လာသည့်အခါ သိသိသာသာ ကျုံ့သွားပြီး ဝမ်ပေါင်လဲ့၏ လက်ထဲ ကျရောက်နေလေပြီ။
သူဓားကို မြှောက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲမှ ကျင့်ကြံဆင့်တို့က ပေါက်ထွက်လာခဲ့သည်။ ဓားအိမ်လေးထဲမှ စွမ်းအားကလည်း ပေါက်ထွက်လာသည်။
ကြယ်စင်စုအရွယ်အစားနှင့် ယှဥ်နိုင်သည့် ဓားချီက ဝမ်ပေါင်လဲ့ရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက လေဟာနယ်ကို ခွင်းကာ လမ်းကိုးသွယ်တာအိုဂိုဏ်းဆီ ရောက်ရှိသွားလေ၏။
ထိုဓားချီ ဆင်းသက်လာသည့်အခါ ဝမ်ပေါင်လဲ့က လက်ကိုမြှောက်လိုက်ပြီး ရှေးဟောင်းအစိမ်းရောင်ကြေးဓားကလည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာပြန်လည်ပေါ်ထွက်လာသည့်အခါ နဂိုနေရာတွင် ပြန်လည်ရောက်ရှိနေပြီဖြစ်၏။ ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများကလည်း တုန်လှုပ်နေကြသည်။ မဟာလက်ဝဲတာအိုနယ်မြေအတွင်း လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ပင်မဂြိုလ်ရှိရာ လေဟာနယ်က ဆုတ်ပြဲသွားသည်။ ဓားချီက ရုတ်ချည်း ပေါ်ထွက်လာပြီး ထိုဂြိုလ်ကို ပိုင်းချလိုက်သည်။
ထိုဂြိုလ်က နှစ်ပိုင်း ပိုင်းခံလိုက်ရသလိုမျိုး တုန်ယင်သွားလေ၏။ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ ကျင့်ကြံသူများစွာက သွေးအန်လိုက်ရသည်။ သူတို့က တုန်လှုပ်နေကြစဥ် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အနက်ပိုင်းမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စကြဝဠာအဆင့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့ ပစ်လွှတ်လိုက်သည့် ဓားချီကို လက်ညိုးထိုးလိုက်သည်။
အသံကျယ်ကြီးနှင့်အတူ ထိုလူ၏ လက်ချောင်းက အပိုင်းပိုင်းအစစ ပြိုလဲသွားသည်။ ဓားချီကလည်း ပျောက်ကွယ်သွားခဲ့၏။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်များက ဖိနှိပ်အားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ အသံနှင့်အတူ ထိုအရာက လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ကြယ်တာရာကောင်းကင်အထက် ပဲ့တင်ထပ်နေသည်။
“ဒါက သတိပေးလိုက်တာပဲ”
သူ့အသံနှင့် တာအိုစည်းချက်တို့က မုန်တိုင်းသဖွယ် ပျံ့နှံ့သွားပြီး လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တောင်များကိုပင် ပြိုလဲသွားစေသည်။
ဂြိုလ်ကလည်း သိသိသာသာ တုန်ယင်နေလေ၏။ တချို့သောနေရာများက တောင့်မခံနိုင်တော့ဘဲ ပြိုလဲသွားကာ ဥက္ကာခဲများစွာအဖြစ် ပြောင်းလဲသွားသည်။
အချိန်တော်ကြာပြီးသည့်နောက်တွင် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ စကြဝဠာအဆင့် ကျင့်ကြံသူ ခေါင်းဆောင်ကြီးဆီမှ အသံထွက်ပေါ်လာသည်။
“တာအိုရောင်းရင်း ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ။ ဒါက လမ်းကိုးသွယ်တာအိုဂိုဏ်းရဲ့ အမှားပါ။ ကျုပ်တို့ဘက်က အပြစ်ခံသင့်ပါတယ်။”
ထိုစဥ် မဟာလက်ဝဲတာအိုဂိုဏ်းရှိ လူအားလုံးက တိတ်ဆိတ်သွားကြသည်။ အားလုံးက အခြေအနေသည် ပြောင်းလဲသွားကြောင်း နားလည်လိုက်ကြ၏။
လမ်းကိုးသွယ်တာအိုဂိုဏ်းကို လျစ်လျူရှုကာ ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်က မီးတောက်ခေါင်းဆောင်ကြီးဆီ ရောက်ရှိလာကာ ဦးညွတ်လိုက်သည်။
“ဆရာ”
မီးတောက်ခေါင်းဆောင်ကြီး၏ အကြည့်များက ချက်ချင်းဆိုသလို တောက်ပလာလေ၏။ သူက ရင်ဘတ်ကို ကော့ထားပြီး မုတ်ဆိတ်ကို အသာသပ်လိုက်သည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ရှိနေလေ၏။
“ပေါင်လဲ့ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ငါ အရမ်းကို ကျေနပ်တယ်။ အကြီးဆုံးတပည့်၊ ဒုတိယတပည့်နဲ့ နတ်နွားကြီး မင်းတို့လည်း ကောင်းကောင်းကြိုးစားကြ။ မင်းတို့တွေ တစ်ရက်လုံး ကစားမနေကြနဲ့။”
“ဆရာ့စကားအတိုင်း နောင်အနာဂတ်မှာ သေချာလေ့ကျင့်ပြီးတော့ သင်ကြားပြသမှုတွေကို နားထောင်ပါ့မယ်။ ဂိုဏ်းတူမောင်လေးရဲ့ အဆင့်ကို မြန်မြန်ရောက်အောင် လုပ်ပါ့မယ်။”
နံပါတ်တစ်ဂိုဏ်းတူ အစ်မကြီး၏ အမူအရာက အလေးအနက် ဖြစ်နေသည်။ သူမက ဝမ်ပေါင်လဲ့ကို နွေးထွေးစွာ ကြည့်လိုက်၏။
သူမက မီးတောက်ကြီးကို ကြည့်သည့်အခါ အင်မတန် ရိုကျိုးလျက် ရှိနေသည်။ ဤသည်က လွန်ကဲသည် အပြုအမူတချို့ဖြစ်၏။
သူမဘေးတွင် ရှိနေသည့် နတ်နွားကြီးကမူ အလေးအနက် ပြောလာသည်။
“မင်းရဲ့ တပည့်က တော်လိုက်တာ။ မင်းက ပိုပြီးတော့တောင် တော်သေးတယ်။”
“...”
နံပါတ်နှစ်ဂိုဏ်းတူအစ်ကိုကြီးက ဘာမှမပြောခင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
“ဆရာက တကယ်ကို စွမ်းအားကြီးပါတယ်။”
ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူက လက်နှစ်ဖက်ယှက်ကာ ထပ်မံ အရိုအသေပေးလိုက်သည်။
“ဆရာ့ရဲ့ သင်ကြားပြသမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ မွေးရပ်မြေဆီ လိုက်ပြီးတော့ လည်ပါအုံးလား။”
မီးတောက်ခေါင်းဆောင်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောကာ ပျော်ရွင်စွာ ခေါင်းညိတ်လိုက်သည်။
ဝမ်ပေါင်လဲ့ကလည်း ရယ်မောလိုက်၏။ သူက နေအဖွဲ့အစည်းအတွင်း ဝင်ရောက်သည့်အခါ သူ့ဓမ္မပုံရိပ်က ကျုံ့သွားပြီး သာမန်လူတစ်ယောက်လိုမျိုး သေးငယ်သွားသည်။ သူက မီးတောက်ခေါင်းဆောင်ကြီးနောက်မှ ရိုရိုကျိုးကျိုး လိုက်ပါသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် မီးတောက်ခေါင်းဆောင်ကြီး၏ ရယ်သံက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ကြယ်တာရာကောင်းကင်ထဲပင် ပဲ့တင်ထပ်နေလေသည်။
နေအဖွဲ့အစည်းက ငြိမ်းချမ်းမှုကို ပြန်လည်ရရှိသွားပြီ ဖြစ်၏။ ဝမ်ပေါင်လဲ့၏ နတ်ဘုရားစွမ်းရည်ဖြင့် ဖွဲ့စည်းထားသည့် နတ်နွားကြီး၏ ပုံရိပ်ကလည်း နေအဖွဲ့အစည်းအပေါ်တွင် ရှိနေကာ စကြဝဠာတစ်ခုလုံးကို ခြိမ်းခြောက်နေသည်။ နေအဖွဲ့အစည်းအတွင်း ဝမ်ပေါင်လဲ့၏ တကယ့်ခန္ဓာကိုယ်က မျက်လုံးမှိတ်ထားပြီး နှုတ်ခမ်းထောင့်တို့က တွန့်ချိုးလျက်ရှိနေသည်။
သူ့ဆရာကို အဖော်ပြုပေးနေသည်က သူ့ဓမ္မကိုယ်ပွားသာ ဖြစ်၏။ ထိုအရာက သူသည် မလေးစားသည့်အတွက် မဟုတ်ဘဲ သူသည် ကြယ်နယ်မြေအဆင့်ကို တက်လှမ်းခါစ ဖြစ်သည့်အတွက် သူ့ကျင့်ကြံဆင့်ကို နားလည်ပြီး အခြေကျအောင်လုပ်ဖို့ အချိန်လိုအပ်နေသည်။