မေးခွန်းများ
Vol. 87 Ch. 1208
ယေဘုယျပြောရလျှင် လူတစ်ယောက်၏ အင်အားအရ လူမှုအဖွဲ့အစည်း၏ အစစ်အမှန်ကို ဆုံးဖြတ်ပေးဖို့ ခက်ခဲလှသည်။ သို့သော်လည်း ဤလောကတွင် ခြွင်းချက်တချို့ရှိလေသည်။ ထို့ကြောင့် လူတစ်ယောက်၏ အနေအထားက ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ လူမှုအဖွဲ့အစည်း၏ အဆင့်အတန်းသည်လည်း များစွာ တိုးတက်သွားနိုင်သည်။ ထိုအရာက ပြည်ထောင်စုအတွက် အခြေအနေလိုမျိုး ဖြစ်၏။ ဝမ်ပေါင်လဲ့အတွက်လည်း မှန်ကန်ပေသည်။
သူ့ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့်သာ ရှိသေးသော်လည်း ဂိုဏ်းကြီးငါးဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအရ သူသည် နတ်ဧကရာဇ်တစ်ယောက်လောက် စွမ်းအားကြီးနေကြောင်း ပြသနေခဲ့သည်။ ဂိုဏ်းကြီးလေးဂိုဏ်းထံ သူ ထိုးခွင်းလိုက်သည့် လက်သီးချက်လေးလုံးက အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ အဆုံးမဲ့တာအိုနယ်မြေရှိ ဂိုဏ်းအသီးသီးကို အထိတ်တလန့် အဖြစ်စေဆုံး အရာက လမ်းကိုးသွယ်တာအိုဂိုဏ်းဆီ သူ ထုတ်လွှင့်လိုက်သည့် ဓားချက် ဖြစ်၏။
ထိုဓားချက်က စကြဝဠာအဆင့် အထွတ်အထိပ် ရတနာဖြစ်သည့် ရှေးဟောင်း အစိမ်းရောင် ကြေးဓားကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအရာတွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်၊ ဝိညာဥ်နှင့် အပြင်ရုပ်ခန္ဓာ ခွန်အားတို့ ပါဝင်နေသည်။ အထွတ်အထိပ် ရတနာ၏ စွမ်းအားဖြင့် ပေါင်းစည်းလိုက်သည့်အခါ ထုတ်လွှင့်လာသည့် စွမ်းအားက အတော်လေးကို အားကောင်းလှ၍ နတ်ဧကရာဇ် ကျင့်ကြံသူကိုပင် ဒဏ်ရာရရှိစေနိုင်သည်။
လမ်းကိုးသွယ်တာအိုဂိုဏ်းရှိ ခေါင်းဆောင်ကြီးကလည်း သူ့ကိုယ်ပိုင်ပြဿနာတချို့ ရှိနေဟန်ပေါ်သည်။ သို့သော် လမ်းကိုးသွယ်တာအိုဂိုဏ်းနယ်မြေအတွင်း ကျင့်စဥ်တချို့ဖြင့် စကြဝဠာအဆင့်ထိ ရောက်ရှိနိုင်သည်။ သူ့လက်ချောင်းပင် ပျက်စီးသွားခဲ့၏။
အဆုံးမဲ့တာအိုနယ်မြေရှိ နတ်ဧကရာဇ်တချို့က ဝမ်ပေါင်လဲ့ကို အလေးထားလာကြသည်။
အကယ်၍ လမ်းကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တောင်နိမိတ်မှ ထွက်လာခဲ့မည်ဆိုလျှင် ပြီးပြည့်စုံသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူထက် အနည်းငယ်သာ အားကောင်းလိမ့်မည်။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ သူက အလိုရှိသမျှ နေရာတိုင်းကို သွားလာနိုင်ပြီး နတ်ဧကရာဇ်များကိုပင် ခြိမ်းခြောက်နိုင်သည့် စွမ်းအားမျိုးကို ထုတ်လွှင့်နိုင်သည်။
ထိုအရာက ပြည်ထောင်စုကြီးအား မြင့်တက်သွားစေသည်။ ထိုအရာက နတ်ဧကရာဇ်နှင့်ယှဥ်နိုင်သည့် ဝမ်ပေါင်လဲ့၏ တိုက်ခိုက်စွမ်းကြောင့်သာမကဘဲ မီးတောက်ခေါင်းဆောင်ကြီးလည်း ပါဝင်နေလေ၏။
ဆရာတပည့်နှစ်ယောက် ပူးပေါင်းလိုက်သည့်အခါ အမှောင်ဂိုဏ်းရှိမနေလျှင် အဆုံးမဲ့တာအိုနယ်မြေအတွက် အဆင်ပြေသေးသည်။
သို့သော် သူတို့က နတ်ဧကရာဇ်နှစ်ယောက်ကို စတေးလိုက်မည်ဆိုလျှင် ထိုသူတို့ကို မဖိနှိပ်နိုင်ခြင်းတော့ မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ရမည့်တန်ကြေးက အလွန်များပြားသော်လည်း အချိန်ကျရောက်လာပါက အဆုံးမဲ့မျိုးနွယ်က တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော်လည်း မဟာရန်သူကြီး အမှောင်ဂိုဏ်း ရှိနေသည့်အတွက် အဆုံးမဲ့တာအိုအနေဖြင့် သတိထားဖို့ လိုအပ်ပေသည်။ ထို့ကြောင့် အဆုံးမဲ့တာအိုနယ်မြေက ယခုအခိုက်အတန့်တွင် မလှုပ်ရှားရဲသေးပေ။
သူတို့ လှုပ်ရှားလိုက်သည်နှင့် အမှောင်ဂိုဏ်းက ထိုအခွင့်ကောင်းကို လက်လွှတ်ခံမည် မဟုတ်ပေ။ ထိုအချိန်တွင် အဆုံးမဲ့တာအိုနယ်မြေက ခုခံသည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ကာ သူတို့၏ ပျက်သုဥ်းသွားနိုင်ချေက ၂၀ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်သည်။
လူတစ်ယောက် သို့မဟုတ် အင်အားစုတစ်ခုက တစ်ဖက်အား ဆုံးရှုံးစေဖို့ ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်း တိုးမြင့်နိုင်ပါက ထိုလူ သို့မဟုတ် အင်အားစုသည် မရှုံးနိုင်သည့် အနေအထားတစ်ခုတွင် ရပ်တည်နေပြီဟု ဆိုရပေမည်။
ထိုအရာက ပြည်ထောင်စုအတွက် မှန်ကန်ပေသည်။
ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်က သူတို့၏ ရည်ရွယ်ချက်ကောင်းကို ဖော်ပြကာ ပြည်ထောင်စုကြီး၏ အဆင့်အတန်းကို အသိအမှတ်ပြုပေးရုံသာမကဘဲ အရင်းအမြစ်များစွာကိုပင် လက်ဆောင်အနေဖြင့် ပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ထိုအရာထဲတွင် လှည့်ကွက်တချို့ ပါဝင်နေလေ၏။ သူတို့အသိအမှတ်ပြုနိုင်သည့် အဆင့်အတန်းက မဟာလက်ဝဲတာအိုနယ်မြေ၏ နံပါတ်တစ်ဂိုဏ်း ဖြစ်နေသည်။
သူတို့၏ ရည်ရွယ်ချက်က သိသာလှပြီး မဟာလက်ဝဲတာအိုနယ်မြေရှိ တခြားဂိုဏ်းများကို မျက်နှာဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် လမ်းကိုးသွယ်တာအိုဂိုဏ်းကို ဖြစ်၏။ သူတို့က ပြည်ထောင်စုကို တိုက်ခိုက်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
သူတို့က ထိုအရာကို အဟန်အတားအနေဖြင့် အသုံးပြုလိမ့်မည်။ အကြောင်းအရင်းမှာ အဆုံးမဲ့တာအိုမျိုးနွယ်က ပြည်ထောင်စုမြင့်တက်လာမှုကို သည်းခံနိုင်သည်။ ထိုအရာက ကန့်သတ်ချက်သာ ဖြစ်၏။ သူတို့က မဟာလက်ဝဲတာအိုနယ်မြေသည် ယခင်က မဖြစ်ခဲ့ဖူးသည့် အရှင်သခင်တစ်ယောက်က နယ်မြေအားလုံးကို စုစည်းသွားမည်ကို မမြင်တွေ့လိုပေ။
အနည်းဆုံးတော့ အဆုံးမဲ့မျိုးနွယ်နှင့် အမှောင်ဂိုဏ်းကြားက တိုက်ပွဲ မပြီးဆုံးခင်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
အဆုံးမဲ့မျိုးနွယ်၏ အပြုအမူများက အကျိုးအမြတ် ထည့်တွက်ထားလေ၏။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်သည် ယခုရက်ပိုင်းအတွင်း မကြာခဏ လာရောက်ကြသည်။ မဟာဒိဋ္ဌိနယ်မြေမှ ဂိုဏ်းအသီးသီးကလည်း အားကောင်းသည့် ကျင့်ကြံသူများကို စေလွှတ်ကာ လက်ဆောင်များ ပို့ဆောင်ပေးကြသည်။
တူညီလှစွာ မဟာလက်ဝဲအိုနယ်မြေအတွင်း ဝမ်ပေါင်လဲ့၏ တိုက်ပွဲက ဂိုဏ်းအားလုံးကို ထိတ်လန့်သွားစေသည်။ ရလဒ်အနေဖြင့် လေးစားသူနှင့် လည်ပတ်ကြသူများစွာ ရှိနေသည်။ သို့သော်လည်း နေအဖွဲ့အစည်းထဲ ဝင်ရောက်ဖို့ နည်းလမ်းမရှိပေ။
မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းအသီးသီးက မည်သူ့ကိုမှ ရန်မစလိုပေ။ သူတို့က စောင့်ကြည့်နေကြ၏။
ဝမ်ပေါင်လဲ့က ထိုကိစ္စများကို အာရုံမစိုက်ပေ။ ထိုအစား သူက ပြည်ထောင်စု၏ ဥက္ကဋ္ဌ ဝူမုန့်လင်နှင့် တခြားသူများကိုသာ အပ်နှံထားသည်။ သူ့ကိုယ်ပွားက သူ့ဆရာ မီးတောက် ခေါင်းဆောင်ကြီးကို အဖော်ပြုပေးနေပြီး သူ့ပင်မခန္ဓာကိုယ်က နေမင်းပေါ်တွင် ကျင့်ကြံဆင့်တည်ငြိမ်အောင် ကျင့်ကြံနေလေ၏။
သူက ကြယ်နယ်မြေအဆင့် တက်လှမ်းပြီးသည့်နောက်တွင် ပြသခဲ့သည့် တိုက်ခိုက်စွမ်းရည်က ယခင်အကဲဖြတ်ထားသည်ထက် ကျော်လွန်သွားကြောင်း ခံစားမိလိုက်သည်။ ထိုအရာက ဝမ်ပေါင်လဲ့ကိုပင် နားမလည်နိုင်ဖြစ်သွားစေ၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က သူ့ကိုယ်ပိုင်ခန့်မှန်းချက်များ ရှိထားသည်။
အကြောင်းအရင်း သုံးခုရှိတယ်။ ပထမတစ်ခုက ငါ့ရဲ့ အနက်ရောင် သစ်သားပြားဇစ်မြစ်ပဲ။ နောက်တစ်ခုကတော့ ရှေးခေတ်အချိန်မှာ အင်မော်တယ်က ငါ့ကို လက်ဆောင်ပေးခဲ့တဲ့ အမွေအနှစ်နဲ့ ပတ်သက်နေတယ်။ နောက်ဆုံးတစ်ခုကတော့ ငါ့ရဲ့ အတိတ်ဘဝမှာ ငါက ကျောက်ပြားကမ္ဘာကနေ ထွက်သွားပြီးတော့ ကျောက်ပြားကမ္ဘာထက် ကျော်လွန်တဲ့ တာအိုကို နားလည်ခဲ့တယ်။ အထူးသဖြင့် လဆုတ်ပညာရပ်ပေါ့ …
ဝမ်ပေါင်လဲ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။
လဆုတ်ပညာရပ်သည် ကျောက်ပြားကမ္ဘာ၏ တာအို မဟုတ်ကြောင်း သိထားလေ၏။ ထိုကြောင့် ကျောက်ပြားကမ္ဘာအတွင်း ထိုအရာ၏ စွမ်းအားက ကောင်းကင်ဘုံ သွေဖယ်နေရသည့် အကြောင်းအရင်း ဖြစ်ပေသည်။
တစ်ချိန်တည်းဆိုသလို အင်မော်တယ်၏ အမွေအနှစ်က အတော်လေးကို တွေ့ရခဲသည်။ ဝမ်ပေါင်လဲ့က ထိုအရာသည် အခွင့်ရေးတစ်ခု သို့မဟုတ် အရည်အချင်းပြည့်မီမှုအတွက် သက်သေတစ်ခုဟု ခံစားနေမိသည်။ သူက အကြောင်းအရင်းကိုမူ အတိအကျ နားမလည်ပေ။
အနက်ရောင် သစ်သားပြားအတွက်မူ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်၏။ ယခင်က အမှောင်မြစ်အတွင်း ရုပ်ထု၏ အကူအညီဖြင့် သူ မြင်တွေ့ခဲ့ရသည်ကား အနက်ရောင် သစ်သားပြားသည် အစစ်အမှန် ဧကရာဇ်၏ နဖူးအတွင်း ထိုးစိုက်နေခြင်း ဖြစ်၏။
ကြည့်ရတာ အမှန်တရားက တဖြည်းဖြည်းနဲ့ နီးကပ်လာပြီလို့ထင်တယ် …
ငါ့ပင်မခန္ဓာကိုယ်က အဆုံးမဲ့တာအိုနယ်မြေရဲ့ တကယ့်အစစ်အမှန် ဧကရာဇ်ရဲ့ နဖူးထဲမှာ ထိုးစိုက်နေတယ်ဆိုရင် ငါက ဘာလို့ဒီစကြဝဠာထဲကို ဆင့်ခေါ်ခံလိုက်ရတာလဲ
ဒါက ဧကရာဇ်က သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် အစီအစဥ်လား။ ဒါမှမဟုတ်ဘူးဆိုရင် ငါက တခြားတာဝန်တစ်ခု ရှိနေတာလား …
ယခင်တုန်းက လော့က အဆုံးမဲ့တာအိုနယ်မြေကို ပိတ်ဆို့ဖို့ လက်တစ်ချောင်းကို သုံးဖို့ကြံခဲ့တာ။ ဒါပေမဲ့ ငါ့ရဲ့ပင်မခန္ဓာကိုယ်က အနက်ရောင် သစ်သားပြားဆိုတာကို မြင်ပြီးတဲ့နောက်မှာ သူက လက်တစ်ချောင်းအစား လက်တစ်ဖက်လုံးအဖြစ် ပြောင်းလဲလိုက်တယ်။ အဲဒါက ဘာကြောင့်လဲ …
သူက ဂူကို ဘာလို့ပိတ်ဆို့ခဲ့တာလဲ …
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။ သူက စိတ်ထဲတွင် ရဲတင်းသည့် မှန်းဆချက်တစ်ခု ရှိလာမိသည်။
လော့က ဂူ၊ ငါနဲ့ ဧကရာဇ်ရဲ့ ကိုယ်ပွားကို ပိတ်ဆို့ထားတာလား …
ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေသည်။ သူက ချန်ရှင်းကို တွေးမိသွားသည်။
ချန်ရှင်းအနေနဲ့ သူက အမှန်တကယ် ပိတ်ဆို့ရမဲ့သူဆိုတာကို တကယ်ကြီး မသိတာလား။ ဒါမှမဟုတ် သူက လျစ်လျူရှုပေးထားတာလား။
ယခင်တုန်းက ဝမ်ပေါင်လဲ့သည် သူ့စိတ်ခံစားချက်များကြောင့်၊ သူ့ဆရာဖြစ်သူ မင်ခွန်းကျစ်ကြောင့် ဖြစ်မှန်း တွေးခဲ့မိသည်။ သို့သော် ယခုတွင် သူ့အတွေးများက ဝေဝါးလာ၏။
ချန်ရှင်းရဲ့ တာဝန်က အပေါ်ယံမှာ ရှေးဟောင်းအကြွင်းအကျန် ဝိညာဥ်ကို စည်းပိတ်ဖို့။ တကယ်တမ်းကျတော့ တိတ်တဆိတ် စည်းပိတ်နေတာက ဧကရာဇ်ရဲ့ ကိုယ်ပွားပဲ …
တကယ်လို့ ဧကရာဇ်ရဲ့ ကိုယ်ပွားက ထွက်မသွားနိုင်ဘူးဆိုရင် တကယ့်ဧကရာဇ်ကလည်း ပြီးပြည့်စုံမှာ မဟုတ်ဘူး။ တကယ်လို့ ဧကရာဇ်ဆီမှာ ပြန့်ကျဲနေတဲ့ ကိုယ်ပွားတွေ အများကြီးရှိမယ်ဆိုရင် ဒါက သူ့ရဲ့ နောက်ဆုံးကိုယ်ပွား တည်ရှိတဲ့နေရာ ဖြစ်နေနိုင်တယ် …
တကယ်လို့ ငါ ထင်ထားသလိုဖြစ်မယ်ဆိုရင် ဧကရာဇ်က ဒီစကြဝဠာထဲမှာ ငါ့ကို ဆင့်ခေါ်ဖို့ မရည်ရွယ်ထားဘူး …
ဝမ်ပေါင်လဲ့က ထိုအရာကို တွေးကြည့်လေလေ ကျောက်ပြားကမ္ဘာ၏ စည်းတံဆိပ်ကို ပိုမိုခံစားမိလေလေ ဖြစ်သည်။ ထိုအရာက ဧကရာဇ်၏ ကိုယ်ပွားကို ပြန်သွားဖို့ တားဆီးထားခြင်းဖြစ်၏။ အကြောင်းရင်းမှာ သူက အမှောင်မြစ်အတွင်း ရုပ်ထု၏ အကူအညီဖြင့် မြင်ခဲ့သည်မှာ ဧကရာဇ်၏ ရန်သူတစ်ယောက်ဖြစ်နေလေ၏။
ငါက ငါမေ့နေတဲ့ တာဝန်တစ်ခုများ ရှိနေတာလား။ ဧကရာဇ်ရဲ့ ကိုယ်ပွားကို ဖျက်ဆီးပစ်ရမှာလား …
အဲဒီလိုဆိုရင် ကင်းခြေများရဲ့ ဇစ်မြစ်ကရော ဘာလဲ။ အဲဒါက အင်မော်တယ်ရဲ့ တစ်စိတ်တစ်ပိုင်းလား။ ဒါမှမဟုတ်ဘူးဆိုရင် တကယ့်ဧကရာဇ်ရဲ့ ကိုယ်ပွားလား။ ဒါမှမဟုတ်ဘူးဆိုရင် ဧကရာဇ်ရဲ့ အစစ်အမှန်ကိုယ်ပွားနဲ့ ဒီနေရာကို စေလွှတ်ပြီးတော့ အခြေအနေကို ချိုးဖျက်ခိုင်းခဲ့တာလား …
ဝမ်ပေါင်လဲ့က ခေါင်းကိုက်လာမိသည်။ သူက ပိုမိုသိလေလေ ပိုမိုစိတ်ရှုပ်ထွေးမိလာလေလေ ဖြစ်၏။
ဒါပေမဲ့ အနက်ရောင် သစ်သားပြားက ငါလေ။ အဲဒါဆိုရင် အဲဒီတုန်းက အနက်ရောင် သစ်သားပြားက အသိစိတ် ရှိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တစ်စုံတစ်ယောက်က အသိစိတ်မဲ့ သစ်သားပြားကို အထွတ်အထိပ် ရတနာအနေနဲ့သုံးပြီးတော့ ဧကရာဇ်ကို ဖျက်ဆီးခဲ့တာလား။ တကယ်လို့ အနက်ရောင် သစ်သားပြားက အသိစိတ်ရှိခဲ့တယ်ဆိုရင် အခုငါ့ရဲ့ အသိစိတ်ကရော ဘာလဲ …
တကယ်လို့ နောက်တစ်ခုသာဆိုရင် ငါ့ကို ဘယ်သူက ထိန်းချုပ်နေတာတုန်း …
ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားမိသည်။ ခဏအကြာတွင် သူက ရုတ်တရက် ကောက်ရယ်လိုက်၏။
“အများကြီးတွေးလွန်းတာ အသုံးမဝင်ဘူး။ ငါ ဆက်ပြီး ရှာနေရင် အရာအားလုံးကို အလိုလိုသိလာလိမ့်မယ်။”
“အခု ငါ လုပ်ဖို့လိုတာက ဆရာ့ရဲ့ မီးတောက် ကြယ်စင်စုကို ရယူပြီးတော့ ပြည်ထောင်စုကြီးထဲက အတားအဆီးတွေကို ဖယ်ရှားဖို့ စဥ်းစားပေးရမှာ။ လောကအဆင့်မြင့် ချပ်ပြားဝိုင်းထဲက အက်ကြောင်းကို ဖြည့်ဖို့ တခြားပစ္စည်းလည်း လိုသေးတယ်။”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။ ထို့နောက် သူ့အကြည့်များက တောက်ပလာလေ၏။
“အတော်လေးကို သင့်တော်တဲ့ တည်ရှိမှုတစ်ခု ရှိတယ်။ အဲဒါက ကျောက်ပြားကမ္ဘာတစ်ခုလုံးမှာ နှစ်ကာလများစွာ အလေးချိန်ကို သယ်ပိုးထားပြီးတော့ စကြဝဠာအစကနေ ခေတ်ကာလတိုင်းကို ကြုံတွေ့ခဲ့တဲ့သူ။ ပြီးတော့ ထူးကဲတဲ့အဓိပ္ပာယ်လည်း ရှိတယ်။”
“ကျီယွဲ့” ဝမ်ပေါင်လဲ့က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။ သူ့အကြည့်က နေအဖွဲ့အစည်းကို ကျော်လွန်ကာ ကြယ်တာရာကောင်းကင်ထဲ အနက်ပိုင်းသို့ ကျရောက်လာသည်။
တစ်ချိန်တည်းဆိုသလို ငရဲကိုးထပ်ကမ္ဘာရှိ လေဟာနယ်ထဲမှ အကြည့်ကလည်း ပျံ့နှံ့လာလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့ ကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။ ထိုအကြည့်ပိုင်ရှင်က ငရဲကိုးထပ်ကမ္ဘာအတွင်း တင်ပျဥ်ခွေထိုင်လျက် ရှိနေ၏။ သူ့ဆံပင်များက လေနှင့်အတူ လွင့်မျောနေကာ သူ့ဒူးရှေ့တွင် သာမန်သစ်သား ဓားတစ်ချောင်း ရှိနေသည်။ ထိုသူက ချန်ရှင်း ဖြစ်၏။
“ဂိုဏ်းတူညီလေး ဒါက မင်းအတွက် ငါ ပြင်ပေးထားတာ”