← Chapters

အသိပြန်မကပ်သေးဘူးလား

Vol. 87 Ch. 1210

အသိပြန်မကပ်သေးဘူးလား

Vol. 87 Ch. 1210

ထိုနေရာတစ်ခုလုံးက စက်ကွင်းများစွာဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရားခန္ဓာကိုယ်တစ်ခု ဖြစ်၏။ ဘေးပတ်လည်ကို ကြည့်လိုက်ပါက ထိုနေရာသည် အင်မတန် ကျယ်ပြန့်လှသည်။ စက်ကွင်းတစ်ခုချင်းစီက အပြိုအပျက်များဖြင့် ပြုလုပ်ထားလေ၏။ အနက်ပိုင်းတွင် သူတို့က ကြက်သွေးရောင် အလင်းတန်းကို ထုတ်လွှင့်နေလေသည်။ ထိုအလင်းတန်းက လူတစ်ယောက်၏ မျက်လုံးထဲ ဝင်ရောက်သွားပါက မျက်လုံးကို ထိခိုက်စေပြီး ပေါက်ထွက်သွားစေလိမ့်မည်။

အရောင်က ကြက်သွေးရောင် ဖြစ်နေသော်လည်း လက်တွေ့တွင်မူ သာမန်သက်ရှိများ မြင်ရသည်ထက် သာလွန်သည့် အစွန်းရောက် အရောင်များ ပါဝင်နေသည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက နှစ်များစွာ တည်ရှိခဲ့သည့် သတင်းအချက်အလက် ကိန်းအောင်းနေဟန်ပေါ်သည်။ ထို့ကြောင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူက ထိုအရာကို မြင်လိုက်သည့်အခါ မသေဆုံးလျှင်ပင် သူတို့၏စိတ်အပေါ် ပြင်းထန်သည့် သက်ရောက်မှုမျိုး ရှိလာလိမ့်မည်။

သို့သော် ဝမ်ပေါင်လဲ့အတွက်မူ သူက မျက်မှောင်ကို အသာကြုတ်လိုက်ပြီး လှမ်းကြည့်လိုက်၏။ တာအိုစည်းချက်များက လေထဲပြည့်နှက်လာကာ သူက အပြင်ဘက်တွင် ရပ်ရင်း သံသယဖြစ်စရာကို ရှာဖွေလိုက်သည်။

ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အခါ ကျီယွဲ့က ထိုနေရာအလယ်တွင် မျက်မှောင်အသာကြုတ်လိုက်သည်။ သူမက အံ့ဩတုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့ပေ။

သူမကို အံ့အားသင့်သွားစေသည်က ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့် ဖြစ်၏။ သူမအနေဖြင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်သည် ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်ကို ထင်မှတ်မထားခဲ့ပေ။ ထိုစဥ် သူမက အန္တရာယ် အငွေ့အသက်ကို ခံစားမိနေ၏။

သူမကို ပိုမိုအံ့အားသင့်သွားစေသည်က ဝမ်ပေါင်လဲ့၏ ပေါ်ထွက်လာမှုသည် ဤနေရာထဲ အံ့အားသင့်ဖွယ် တုန့်ပြန်မှုတစ်ခုကို ဖြစ်ပေါ်လာစေခြင်း ဖြစ်၏။ ဤနေရာတွင် အမှောင်ပျက်သုဥ်းရေး မုန်တိုင်း ကျရောက်လာသည့်အခါသာ ဆူညံနေတတ်ပြီး တခြားသော အခြေအနေများ၌ အင်မတန် တိတ်ဆိတ်နေတတ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ဖရိုဖရဲဖြစ်မှုများက ထိန်းချုပ်မှု ကင်းလွတ်သွားဟန်ပေါ်၏။ ထိုအရာအားလုံး၏ အကြောင်းအရင်းက ဝမ်ပေါင်လဲ့ ရောက်ရှိလာမှုကြောင့်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့ရဲ့ ကျင့်ကြံဆင့်က ဘာလဲ။ သူက အတိတ်ဘဝကို ပြန်ပြီး မှတ်မိသွားပြီလား …

ကျီယွဲ့က စဥ်းစားလိုက်သည်။ သူမက အတိတ်ဘဝမှ မှတ်ဉာဏ်များအားလုံးကို မရရှိသေးသော်လည်း သူမ မမေ့နိုင်သည့် မှတ်ဉာဏ်တချို့ရှိနေသည်။

ထိုအရာက ပထမဘဝတချို့တွင် မြစ်ကြောင်းဘေး၌ သူမက ငါးဖမ်းဖို့ ပြင်နေသည့်အခါ လေဟာနယ်ထဲမှ ထိုးဖောက်ထွက်လာသည့် အကြည့်ကို ခံစားမိလိုက်သည်။ ထိုအကြည့်က သူမကို ယနေ့ထိတိုင် ကြောက်လန့်နေစေ၏။

ထိုမှတ်ဉာဏ်ကို ရရှိပြီးသည့်နောက်တွင် သူမက ထိုအရာကို သေချာစဥ်းစားခဲ့သည်။ သူမက တခြားသောနည်းလမ်းများဖြင့် အကဲဖြတ်စစ်ဆေးကြည့်ခဲ့၏။ သူမက သူမကို စိုက်ကြည့်ခဲ့သည့်သူသည် ဝမ်ပေါင်လဲ့ ဖြစ်လိမ့်မည်ဟု ခံစားချက်ရနေမိသည်။

ထို့ကြောင့် သူမက ချိုးလီကျစ်ကို စေလွှတ်၍ စမ်းသပ်ခိုင်းလိုက်ခြင်း ဖြစ်၏။ သို့သော် သူမက ဘာကိုမှ အတည်မပြုနိုင်ခဲ့ပေ။ ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်ဖြင့် ပိတ်ဆို့ခံရသည့်အခါမှ ဝမ်ပေါင်လဲ့ ဖြစ်လိမ့်မည်ဟု ခံစားချက် ဝေဝေဝါးဝါး ရခဲ့ခြင်း ဖြစ်၏။

ယခုအခါ သူမက ကိုယ်တိုင်မြင်တွေ့လိုက်ရပြီဖြစ်ကာ စိတ်ထဲ၌ အဖြေရလာပြီးသား ဖြစ်သည်။ သူမ၏ မျက်နှာက ပိုမိုဖြူဖျော့သွား၏။ သူမ၏ သုံးဘဝ ဂါထာမန္တန်ကလည်း မတည်မငြိမ် ဖြစ်လာသည်ကို ခံစားမိလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး ထွက်ပြေးဖို့ ပြင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် အပြင်ဘက်၌ ရပ်နေသည့် ဝမ်ပေါင်လဲ့က ရုတ်တရက် ပါးစပ်ဟကာ ပြောလိုက်သည်။

“ဆူလိုက်တာ”

သူ ထိုစကားကို ပြောလိုက်သည့်အခါ နယ်မြေထဲ ပဲ့တင်သံများစွာ ထွက်ပေါ်လာခဲ့သည်။ ပဲ့တင်သံများက စက်ကွင်းများအလိုက် ပေါ်ထွက်လာပြီး ထိုစက်ကွင်းတစ်ခုချင်းစီတွင် ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာသည့် အများစုက အနက်ရောင် သစ်သားပြားကဲ့သို့ ဖြစ်နေသော်လည်း တချို့သောအရိပ်များကမူ ဝမ်ပေါင်လဲ့၏ အတိတ်ဘဝများ ဖြစ်နေသည်။

နတ်ဘုရား၊ နတ်ဆိုးဓား၊ ဖုတ်ကောင်နှင့် သမင်ဖြူလေးတို့ အစရှိသည့် အရိပ်များစွာက ဝမ်ပေါင်လဲ့၏ စကားကို ကိုယ်စားပြုနေသည်။ ထိုစဥ် နေရာတစ်ခုလုံးက စတင်လည်ပတ်လာပြီး အထဲရှိ ဖရိုဖရဲစည်းမျဥ်း ဥပဒေသများက ချက်ချင်းဆိုသလို ရပ်တန့်သွားလေသည်။ ထိုအရာက ဝမ်ပေါင်လဲ့ရှေ့တွင် ငြိမ်သက်သွားသလိုမျိုး ဖြစ်၏။

ဝမ်ပေါင်လဲ့၏ တာအိုက လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းဖို့ ဖြစ်၏။

ဝမ်ပေါင်လဲ့၏ ဝိညာဥ်က စကြဝဠာကြီး ဖန်တီးစဥ်မှ ယနေ့ထိတိုင်အောင် ဘဝများစွာကို တွေ့ကြုံခံစားခဲ့ရသည့်အတွက် အင်မတန် လေးလံကာ မယှဥ်နိုင်ပေ။

ထို့ကြောင့် အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့သည် စကြဝဠာအစကတည်းက ဘဝတိုင်းကို ကိုယ်စားပြုနေ၍ ဖြစ်သည်။

ထိုဘဝအားလုံးက ဝမ်ပေါင်လဲ့အား အရာအားလုံးကို ဖိနှိပ်ဖို့ သူ့တည်ရှိမှုကို အသုံးပြုခွင့် ပြုထားသည်။ သူက အတွေ့အကြုံများကို အသုံးချကာ အရာအားလုံးကို လှုပ်ခါပစ်ခဲ့ပြီး ဖရိုဖရဲဖြစ်မှုကို ဖျက်ဆီးဖို့ တာအိုကို အသုံးပြုခဲ့သည်။

အပြင်ဘက်ရှိ မိုးကောင်းကင်တာအို၏ စည်းမျဥ်းဥပဒေသများက ဤနေရာရှိ အရာအားလုံးကို တွန်းလှန်ထားသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ တာအိုနှင့် တည်ရှိမှုကို မိုးကောင်းကင်တာအိုမှ မတွန်းလှန်နိုင်ပေ။ ထို့ကြောင့် အကြောင်းအရင်းက မည်သို့ပင်ဖြစ်စေကာမူ ဤနေရာတွင် သူက အထွတ်အထိပ် တည်ရှိမှုသာ ဖြစ်၏။

ဤနေရာက မည်မျှပင် ဖရိုဖရဲဖြစ်နေစေကာမူ သူ့ရှေ့တွင် နာခံရလိမ့်မည်။ အကြောင်းအရင်းကမူ သူ့အဆင့်အတန်းနှင့် နတ်ဘုရားတစ်ပါး၏ ဖိနှိပ်စွမ်းအားကြောင့် ဖြစ်၏။

ထိုဖိနှိပ်မှုအောက်တွင် နေရာတစ်ခုလုံး ငြိမ်သက်သွားလေ၏။ ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်က ချက်ချင်းဆိုသလို တည်ငြိမ်သွားကာ အထဲရှိ အတက်အကျလှိုင်းတစ်ခုကို ခံစားမိလိုက်သည်။

ထိုအတက်အကျလှိုင်းက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်း မဟုတ်ဘဲ စိတ်မှ ထွက်ပေါ်နေခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်အောက်တွင် စိတ်ထဲမှ အတက်အကျလှိုင်းကို မဖုံးကွယ်ထားနိုင်ပေ။ သူက သေချာခံစားမိလိုက်ပြီး အလယ်ဗဟိုရှိ ကြက်သွေးရောင်နယ်မြေထဲ နတ်ဘုရားအသိစိတ်ကို စေလွှတ်လိုက်သည်။

“တွေ့ပြီ” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ သူက ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူက ကြယ်စင်များကို တစ်လက်မလောက် ချုံ့ပစ်လိုက်သည့်အလား သူက စက်ကွင်းအားလုံးကို ဖြတ်ကျော်၍ အလယ်ပိုင်းနယ်မြေဆီ ရောက်ရှိလာကာ ပုန်းအောင်းနေသော ကျီယွဲ့၏ ရှေ့မှောက် ချက်ချင်းပေါ်ထွက်လာသည်။

ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည်နှင့် ကျီယွဲ့က စူးစူးရှရှ အော်ကာ နောက်ဆုတ်လိုက်ရ၏။ သူမက လက်ဟန်စည်းတံဆိပ်များစွာ ဖွဲ့စည်းနေရင်း သူမရှေ့တွင် ကြိုးမျှင်များစွာ ပေါ်ထွက်လာကာ ဝမ်ပေါင်လဲ့ကို လွှမ်းခြုံထားလေ၏။

ကြိုးမျှင်က သိန်းဂဏန်းချီကာ ရှိနေသည်။ သူတို့က သိပ်သည်းစွာ စုစည်းထားပြီး တစ်နေရာလုံးကို လွှမ်းခြုံထားသည့်အတွက် ပိုက်ကွန်သဖွယ် ဖြစ်နေသည်။

ကြိုးမျှင်တစ်ခုချင်းစီတွင် ကြယ်အရိပ်အမြွက်လည်း ပေါ်ထွက်လာခဲ့သည်။ ထိုစဥ် အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေ၊ မဟာလက်ဝဲတာအိုနယ်မြေနှင့် မဟာဒိဋ္ဌိနယ်မြေတို့ရှိ သူတို့၏ သက်ဆိုင်ရာဂိုဏ်းနှင့် မျိုးနွယ်များမှ ကျင့်ကြံသူများစွာသည် သူတို့လုပ်လက်စကို ရပ်တန့်ပြီး ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားကြလေ၏။

တချို့က ပညာရှင်များဖြစ်ကာ တချို့က လူကြီးများဖြစ်ပြီး တချို့က အမျိုးသားဖြစ်ကာ တချို့တလေက အမျိုးသမီး ဖြစ်ကြသည်။ တချို့က ငယ်ရွယ်ပြီး တချို့က အသက်ကြီးရင့်နေကြ၏။ စုစုပေါင်း သိန်းဂဏန်း ရှိပေသည်။

သူတို့က တင်ပျဥ်ခွေ ထိုင်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများက ကျီယွဲ့နှင့် သဟဇာတဖြစ်နေဟန်ပေါ်၏။ သူတို့အားလုံးက ကျီယွဲ့၏ ကြယ်မျိုးစေ့များသာ ဖြစ်ကြသည်။

အပြင်ဘက်နယ်မြေ သုံးခုနှင့် မဆက်နွယ်နေသည့် ကြိုးမျှင်တချို့လည်း ရှိနေသေးသည်။ သူတို့က ဤနေရာရှိ ကွဲပြားသည့် စက်ကွင်းများပေါ်ရှိ အပြိုအပျက်များဖြင့် ဆက်နွယ်ထားလေ၏။

ကျီယွဲ့က အားကုန်ထုတ်သုံးလိုက်သည်။ သူမက ဝှက်ဖဲကို အသုံးပြုလိုက်ပြီ ဖြစ်၏။ သူမက ကြယ်သန္ဓေတာအို ပညာရပ်ကို ထုတ်သုံးလိုက်သည့်အခါ ဝမ်ပေါင်လဲ့၏ ပြိုင်ဘက်က လူသိန်းချီ ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းဆိုသလို ကြိုးမျှင်များက စည်းမျဥ်းဥပဒေသများစွာ ပါဝင်နေပြီး အတိတ်ဘဝနှင့် ယခုဘဝပင် ပါဝင်နေခဲ့သည်။ သူတို့အားလုံးက စကြဝဠာတစ်ခုလုံးအတွင်း တည်ရှိသည့် တာအိုတစ်ဝက်ကျော် ကိန်းအောင်းနေလေ၏။

တာအို၏ စွမ်းအားက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူထက် ကျော်လွန်နေသည်။ သေချာသည့် အနေအထားအရ ကျီယွဲ့၏ တာအိုသည် ကျောက်ပြားကမ္ဘာ၏ မပြီးပြည့်စုံသည့် တာအိုအနက် ပြီးပြည့်စုံသည်ဟု ယူဆ၍ ရပေသည်။ ထိုအရာက နတ်ဧကရာဇ်လောက် ပြီးပြည့်စုံခြင်း မရှိသော်လည်း နတ်ဧကရာဇ်များကိုပင် ခြိမ်းခြောက်နိုင်လေ၏။

ထိုစွမ်းအား ပေါက်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်၏။ သူက ကွဲပြားသည့် တိုက်ပွဲကွင်းပြင်ထဲ ရောက်ရှိနေသလိုမျိုး ခံစားနေရသည်။ သို့သော် ဝမ်ပေါင်လဲ့အနေနှင့် သူ့ဓမ္မခန္ဓာကိုယ်ကို ပေါင်းစည်းကာ ကျီယွဲ့ကို ဖိနှိပ်ဖို့သာ လိုအပ်၏။

သို့သော်လည်း သူက မလုပ်ဆောင်ခဲ့ပေ။

ဤနေရာက ကျီယွဲ့အတွက် သင့်တော်သော်လည်း ဝမ်ပေါင်လဲ့အတွက် ပိုမိုပင်သင့်တော်နေလေ၏။

အကြောင်းအရင်းကမူ ကျောက်ပြားကမ္ဘာ၏ သမိုင်းကြောင်းထဲတွင် ဝမ်ပေါင်လဲ့က ကျီးယွဲ့ထက်ပင် စောစီးစွာ တည်ရှိခဲ့သည်။ ဤနေရာက အချိန်ဝန်ကို အာဏာနှင့်ပင် ယှဥ်နိုင်လေ၏။

“ချုပ်တည်းစေ” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ သူက ညာဘက်လက်ကို အသာဝှေ့ပြီး ရှေ့ကို ဖိချလိုက်သည်။ ချက်ချင်းဆိုသလို နေရာတစ်ခုလုံးက ထပ်မံ အသံမြည်လာလေသည်။ ထိုအထဲတွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်များက ပေါ်ထွက်လာပြီး ကြိုးမျှင်များကို ဖိနှိပ်ထားလိုက်ကြသည်။

ဝမ်ပေါင်လဲ့၏ အနောက်တွင် နေရာရှိ စက်ကွင်းအားလုံးက စတင်လည်ပတ်နေလေ၏။ ဝမ်ပေါင်လဲ့၏ တကယ့်အစစ်အမှန် ပုံစံဖြစ်သည့် အနက်ရောင် သစ်သားပြားလေးကလည်း ပေါ်ထွက်လာလေ၏။ ထိုအရာက အံ့ဩလောက်ဖွယ် အင်မတန် ကြီးမားနေလေ၏။ သူ့လက်ဖဝါး ကျရောက်လာသည်နှင့် ထိုအရာကို ဖိနှိပ်ထားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ကျီယွဲ့က စူးရှစွာ အော်ဟစ်လိုက်ရ၏။ သူမရှေ့တွင် ရှိနေသည့် ကြိုးမျှင်ပေါင်း သိန်းချီက ပြိုလဲပျက်စီးသွားခဲ့သည်။ သူတို့ တစ်ခုချင်းစီ ပျက်စီးသွားသည်နှင့် ထိုပေါ်ရှိ ကြယ်စင်များကလည်း ကြေမွသွားလေ၏။ အပြင်ဘက်ရှိ နယ်မြေသုံးခုအနက် သူမ၏ ကြယ်မျိုးစေ့ကြောင့် သက်ရောက်ခံထားရသည့်သူများကလည်း သွေးအန်ကာ အမှုန့် ဖြစ်သွားကြသည်။

သူတို့က သေဆုံးခဲ့ပြီးသည်မှာ ကြာမြင့်လှပြီဖြစ်၏။ သူတို့ကို ကျီယွဲ့၏ ကြယ်တာရာမျိုးစေ့ နည်းစနစ်ဖြင့် ရုပ်သေးရုပ်လိုမျိုး အသက်ရှင်လျက် ထိန်းထားခြင်း ဖြစ်သည်။

အမှုန့်ဖြစ်မသွားသည့် သူများအတွက်မူ သူတို့က စတင်ခြောက်သွေ့သွားကြသည်။ ကျီယွဲ့က သူတို့၏ အရှိန်အဝါ အားလုံးကို ပြန်ရုတ်သိမ်းကာ အမူအရာက ပိုမိုခက်ထန်လာလေ၏။ သူမ၏ အရှိန်အဝါက ပေါက်ထွက်လာကာ ခရမ်းရောင် အလင်းတန်းက လေထုထဲ ပြည့်နှက်လာသည်။

ဝမ်ပေါင်လဲ့၏ လက်က သူမရှေ့တွင် မိုးကောင်းကင်အလား ဖြစ်နေဟန်ပေါ်သည်။ သူမက မိုးကောင်းကင်ကို ထိမိတော့မည် ဖြစ်၏။ သို့သော် အဆုံးသတ်တွင် ထိုအရာက မလုံလောက်ခဲ့ပေ။

ဝမ်ပေါင်လဲ့၏ လက်က ဆက်လက်ကျဆင်းလာကာ ကြိုးမျှင်များကို ဆက်လက် ပျက်စီးသွားစေသည်။ ကျီယွဲ့၏ စူးစူးရှရှအော်သံက ထပ်မံပေါ်ထွက်လာ၏။ သူမက လေဟာနယ်ထဲတွင် ရပ်နေသော်လည်း သူမအောက်တွင် ရှိနေသည့် လေဟာနယ်က ထိုးဖောက်နိုင်ဟန် မပေါ်ပေ။ ယခုအခါ သူမက ပုန်းအောင်းစရာ သို့မဟုတ် ထွက်ပြေးစရာ နေရာမရှိတော့ဘဲ သူမ၏ ခန္ဓာကိုယ်က ပြိုလဲတော့မည့် အရိပ်အယောင် များ ပြသလာသည်။

သူမခန္ဓာကိုယ်အထက် ဝိညာဥ်များ၏ မျက်နှာများစွာ ပေါ်ထွက်လာသော်လည်း သူတို့က တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြလေသည်။ သိပ်မကြာခင် ကြိုးမျှင်သိန်းချီက ပြိုလဲပျက်စီးသွားပြီး ကျီယွဲ့၏ အရှိန်အဝါကလည်း အတော်လေးကို အားနည်းသွားသည်။ သူမ၏ မျက်ဝန်းအထက် အံ့အားသင့်မှုနှင့် အထိတ်တလန့်ဖြစ်မှုတို့ ရောထွေးနေလေ၏။

ဝမ်ပေါင်လဲ့၏ လက်က ကျီယွဲ့၏ ခေါင်းအထက် ကျရောက်တော့မည့်ဆဲဆဲတွင်

“မြေခွေးလေး အခုထိ အသိမဝင်သေးဘူးလား။”

ကျီယွဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ သူမက အားတင်းကာ ဝမ်ပေါင်လဲ့၏ လက်ကို မော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ဝေဝေဝါးဝါး ဖြစ်သွားဟန်ပေါ်သည်။ သူက အကန့်အသတ်မဲ့ မဟာတာအို ပါဝင်နေကာ မိုးမြေ၏ အရှင်သခင်တစ်ယောက် ဖြစ်နေသလို ဖြစ်သည်။ သူက ကြီးကျယ်ခမ်းနားကာ မြင့်မြတ်လှပြီး လျို့ဝှက်ဆန်းကြယ်လှသည်။ သူမအနေဖြင့် သူ့မျက်နှာကို ကောင်းကောင်း မမြင်ရပေ။ သူမ မြင်တွေ့သည်ကား သူမ၏ မှတ်ဉာဏ်ထဲရှိ အရာနှင့် တစ်ပုံစံတည်းတူသည့် မျက်ဝန်းတစ်စုံ ဖြစ်၏။

ယခင်ဘဝမှ အကြောက်တရားက ကျီယွဲ့၏ စိတ်ကို ဖုံးလွှမ်းသွားခဲ့သည်။ သူမက မှတ်ဉာဏ်တချို့ကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာ၏။ ထိုမှတ်ဉာဏ်ထဲတွင် သူမက ကောင်မလေးတစ်ယောက်၏ အခန်းထဲတွင် ရှိနေဟန်ပေါ်သည်။ သူမက စာအုပ်စင်ပေါ်တွင် ရှိနေပြီး ကောင်မလေး ရေးဆွဲသည့်အရာကို သေချာဂရုတစိုက် ကြည့်နေလေ၏။

တစ်ရက်တွင် ထိုပန်းချီကားမှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာသည်ကို မြင်လိုက်ရသည်။ ကောင်မလေးက ထိုလူပုံရိပ်လေးကို ခေါ်ကာ တံခါးအပြင်ဘက် ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူမက သိချင်စွာဖြင့် ခေါင်းစောင်းလိုက်မိသည့်အတွက် စာအုပ်စင်ပေါ်မှ ကောင်မလေး ခေါင်းပေါ် ပြုတ်ကျလာခဲ့သည်။

ထိုပြုတ်ကျမှုကြောင့် သူမက ထိုလူပုံရိပ်လေး၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ လက်တွေ့ကမ္ဘာထဲ ဝင်ရောက်သွားသလိုမျိုး ဖြစ်၏။

All Chapters