← Chapters

ဉာဏ်အလင်းပွင့်ခြင်း

Vol. 87 Ch. 1211

ဉာဏ်အလင်းပွင့်ခြင်း

Vol. 87 Ch. 1211

“အခုတော့ သိသွားပြီ” ကျီယွဲ့၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်နေလေ၏။ သူမက သူမရှေ့တွင် ရှိနေသည့် လက်ဝါးချပ်နှင့် မိုးကောင်းကင်၏ စွမ်းပကား ပါဝင်နေသည့် မှုန်ဝါးဝါး ပုံရိပ်ကို ကြည့်မိသွားသည်။ သူမ၏ စိတ်ထဲ စိတ်ခံစားချက် လှိုင်းလုံးများ ပေါ်ထွက်လာ၏။

ဝမ်ပေါင်လဲ့၏ စကားက သူမ၏ စိတ်နှလုံးသားထဲ ပြုတ်ကျလာသည့် ကျောက်တုံးတစ်တုံးလို ဖြစ်ကာ လှိုင်းလုံးများ ထသွားစေသည်။ တစ်ချိန်တည်းဆိုသလို သူမ၏ မှတ်ဉာဏ်ထဲ နစ်မြှုပ်နေခဲ့သည့် ပုံရိပ်များစွာက ထွက်ပေါ်လာ၏။

သူမက သူမ၏ အစစ်အမှန် ပုံစံကို မြင်တွေ့လိုက်ရသည်။ ထိုအရာက ကောင်မလေးတစ်ယောက်၏ အခန်းထဲရှိ စင်ပေါ်တွင် တင်ထားခံရသည့် အရုပ်လေးတစ်ရုပ် ဖြစ်၏။ ထိုအရာက အသက်မဲ့ကာ အတွေးအခေါ်လည်း မရှိပေ။ သူမက မည်သည့်အချိန်တွင် အသိဝင်လာသည်ကိုပင် မသိရပေ။

သူမ သိသည်က သူမသည် ထိုမိန်းကလေးကို ကြည့်နေခြင်းသာ ဖြစ်၏။ တခြားသော အရုပ်များကလည်း သူမကို ကြည့်နေကြသည်။ သူတို့က မျောက်ဝံအိုကြီးနှင့် ကျားလေးတို့ ဖြစ်၏။

သူတို့အားလုံးက ကောင်မလေးကို ကြည့်နေကြသည်။ တစ်ရက်ကျ ကောင်မလေးက သူမ ရေးဆွဲထားသည့် ကမ္ဘာကြီးထဲ သူတို့ကို ထည့်သွင်းခဲ့သည်။

ထို့ကြောင့် သူတို့က တကယ့်ဘဝ ရလာခြင်း ဖြစ်၏။ သူမ ရေးဆွဲသည့် ကမ္ဘာအတွင်း သူတို့က ပထမဦးဆုံး နတ်ဘုရား ဖြစ်လာကြသည်။ သို့သော် တခြားသော နတ်ဘုရားများနှင့် မတူဘဲ သူမက အကြောင်းအရင်းကို မသိရသော်လည်း အမြဲတမ်း မလုံခြုံသလို ခံစားနေမိခဲ့သည်။ သူမက တစ်ယောက်တည်း ရှိနေသည်မှာ ကြာမြင့်သည့် အတွက်ကြောင့်လား သို့မဟုတ် ထိုပုဂ္ဂိုလ်၊ ထိုအကြည့်၊ ထိုစကားက သူမကို ကြောက်ရွံ့စေခဲ့သည့် အတွက်ကြောင့်လား မသိရပေ။ သူမက အမြဲတမ်းလိုလို လုံခြုံမှု ကင်းမဲ့နေခဲ့၏။

သူမက တစ်ရက်ကျ ပယ်ဖျက်ခံလိုက်ရမည်ကို စိုးထိတ်နေခဲ့ရသည်။ ထိုအကြောင်းအရင်းကြောင့် သူမသည် သူမအသက်ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ခံစားမိသည့်သူများကို သူမ၏ အမွှေးအမျှင်များကို ပေးလေ့ ရှိသည်။ ထိုအလေ့အကျင့်က အချိန်များ ပြောင်းလဲသွားပြီး စကြဝဠာ ပြန်လည်စတင်လာလျှင်ပင် ပြောင်းလဲသွားခြင်း မရှိပေ။

မျောက်ဝံအိုကြီးနှင့် မတူဘဲ သူမနှင့် ကျားလေးက ပြန်လည်ဝင်စားခြင်း သံသရာဆီ ဝင်ရောက်ခဲ့ရသည်။

ထို့ကြောင့် သူမသည် စိတ်ရှုပ်ထွေးသည့် အနေအထားဖြင့် ပြန်လည်နိုးထလာရ၏။ သူမသည် အတိတ်မှ ကိစ္စများစွာကို မေ့လျော့သွားခဲ့သည်။ သူမ မှတ်မိသည့် တစ်ခုတည်းသောအရာက ဤစကြဝဠာထဲရှိ မလုံခြုံသည့် ခံစားချက်နှင့် အတိတ်မှ အလေ့အကျင့်များသာ ဖြစ်သည်။

ထို့ကြောင့် သူမက ကြယ်သန္ဓေတာအို ရှိနေခြင်း ဖြစ်၏။ ထိုကျင့်ကြံရေး နည်းစနစ်က သူမ၏ ချစ်မြတ်နိုးရသူကို သတ်၍ ရရှိလာသည့် အရာတစ်ခု မဟုတ်ပေ။ ထိုအစား ထိုအရာသည် ကျယ်ပြန့်တာအိုနန်းဆောင်၏ လျို့ဝှက်ဆန်းကြယ် အပြိုအပျက်နယ်မြေများအတွင်း လက်ဆင့်ကမ်းခဲ့သည့် အရာတစ်ခု ဖြစ်၏။ ထိုနေရာက အမည်မသိခေတ်ကာလတစ်ခုထဲက သူမ၏ ဂူဗိမာန် ဖြစ်ခဲ့ဖူးသည်။

သူမက ကြယ်သန္ဓေတာအိုကို ဖန်တီးခဲ့၏။

“အခုတော့ မှတ်မိသွားပြီ” ကျီယွဲ့က တုန်ယင်စွာ ရေရွတ်လိုက်သည်။ သူမက ဤစကြဝဠာအတွင်း ဝင်ရောက်ခဲ့ကတည်းက အကြိမ်များစွာ နိုးထလာခဲ့သော်လည်း ယခုကဲ့သို့ မှတ်ဉာဏ်အားလုံးကို ရှင်းရှင်းလင်းလင်း မခေါ်နိုင်ပေ။

“ရှင်က အဲဒီတုန်းက လူပဲ။ သမင်ဖြူလေးနဲ့ တံခါးကို ဖွင့်ထွက်သွားတဲ့ ဝိညာဥ်။ ပြီးတော့ သခင့်ရဲ့ အိပ်ခန်းထဲကနေ ထွက်သွားခဲ့တဲ့သူ။” ကျီယွဲ့က ခေါင်းငုံ့ထားရင်း ခုခံမှုအားလုံးကို လက်လျှော့လိုက်တော့သည်။

ဝမ်ပေါင်လဲ့က ကျီယွဲ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေရင်း ညာဘက်လက်ကို အသာရုတ်လိုက်၏။ သူက ကျီယွဲ့ရှေ့တွင် ရပ်နေရင်း ဘေးပတ်လည်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းရဲ့ အတိတ်ဘဝကို ပြန်ပြီး အမှတ်ရတယ်ဆိုတော့ ငါ့အတွက် နှစ် ၆၀သံ သရာစက်ဝန်း တစ်ဝက်ကို လက်လျှော့ဖို့ လိုလားလား။”

“နှစ် ၆၀ သံသရာစက်ဝန်းတစ်ဝက်လား။” ကျီယွဲ့က အံ့အားသင့်သွားမိသည်။ သူမက ခေါင်းကို မော့ကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။ သူမက ဤတစ်ကြိမ် သေချာပေါက် သေလိမ့်မည်ဟု ထင်ထားခဲ့မိပြီး မှတ်ဉာဏ်များ ပြန်လည်နိုးထလာခြင်းက သူမအား ခုခံမှုအားလုံးကို ဆုံးရှုံးသွားစေသည်။ အကယ်၍ တခြားတစ်ယောက်သာဆိုပါက အနည်းငယ် ခုခံမိဦးမည် ဖြစ်၏။ သို့သော်လည်း သူမရှေ့တွင် ရှိနေသည့်သူနှင့် ရင်ဆိုင်ရသည့်အခါ သူမ တတ်နိုင်သည့်အရာ မရှိပေ။

အတိတ်တွင်ဖြစ်စေ ယခုတွင်ဖြစ်စေ အရေးမပါပေ။

“အခုကစပြီးတော့ နှစ် ၁၀၀ ပေါ့။ နှစ် ၁၀၀ ကြာပြီးရင် မင်းကို လွတ်လပ်ခွင့်ပေးမယ်။” ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။ ကျီယွဲ့၏ အသက်ရှူနှုန်းများက မြန်ဆန်လာခဲ့သည်။ သူမ၏ မျှော်လင့်ချက်က တဖန် တောက်ပလာလေ၏။ သူမက ဝမ်ပေါင်လဲ့ကို ကြည့်ကာ ခေါင်းငုံ့ထားလိုက်သည်။

“ဘာလို့နှစ် ၁၀၀လဲ”

ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။ သူက ရှေ့တွင် ရပ်ကာ ကျီယွဲ့ကို ကြည့်လိုက်သည်။ သူ့အကြည့်က ကျီယွဲ့အား ခေတ္တမျှ တိတ်ဆိတ်သွားစေ၏။

သူမက သက်ပြင်းအသာချပြီး ညာဘက်လက်ကို ဝှေ့ကာ လေထုကို ဆွဲယူလိုက်သည့်ဟန် ပြုလုပ်လိုက်သည်။ ချက်ချင်းဆိုသလို သူမဆီမှ ခွဲထုတ်ထားသည့် ကိုယ်ပွားက စုဝေးလာပြီး သိပ်သည်းသည့် ခရမ်းရောင် မြူခိုးများ ဖြစ်လာသည်။ ထိုအရာက နေရာတစ်ဝိုက် ဝေ့ပတ်နေလေ၏။

ထိုအရာက တုံ့ဆိုင်းနေသည့် ဝမ်ပေါင်လဲ့၏ အမူအရာကလည်း တူညီစွာ ကျန်ရှိနေသည်။ သူက သူမကို မလောပေ။ သူက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလေ၏။

ခရမ်းရောင်မြူခိုးများက သုံးကြိမ် လှည့်ပတ်ပြီးသည့်နောက်တွင် ကျီယွဲ့က ဆုံးဖြတ်ချက် ချလိုက်သည့်အလား ခရမ်းရောင် မြူခိုးများက ကျီယွဲ့၏ ခန္ဓာကိုယ်အတွင်း ချက်ချင်းပေါင်းစည်းသွားကြသည်။ ထိုအရာက သူမ၏ ခန္ဓာကိုယ်ကို ပိုမိုသိပ်သည်းလာစေပြီး သူမ ကျင်ကြံဆင့်နှင့် အရှိန်အဝါ အတက်အကျများကလည်း ပိုမိုတိုးမြင့်လာခဲ့သည်။

“အမိန့်အတိုင်းပါ” ကျီယွဲ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ပြောလိုက်သည်။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေလေ၏။ သူက ကျီယွဲ့ကို ကြည့်လိုက်သည်။ ကျီယွဲ့က ထပ်မံ တိတ်ဆိတ်သွားလေ၏။ ခဏကြာမြင့်ပြီးသည့်နောက်တွင် သူမက အံကြိတ်ကာ နောက်ထပ် လက်ဟန်စည်းတံဆိပ်ကို ဖွဲ့စည်းလိုက်သည်။ သိပ်မကြာခင် သူမ ခွဲထွက်ထားသည့် တတိယကိုယ်ပွားကလည်း ပြန်လည်ဆင့်ခေါ်ခံလိုက်ရပြီး ဝမ်ပေါင်လဲ့၏ ဖိအားအောက်တွင် သူမ၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားခဲ့သည်။

သူမ၏ အရှိန်အဝါက ပိုမိုအားကောင်းလာကာ ဝိညာဥ်က အကောင်းအတိုင်း ကျန်ရှိနေ၏။

သူမက မစွန့်စားရဲပေ။ အထူးသဖြင့် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်ရသည့်အခါ ဖြစ်၏။ သူမက အောင်မြင်ဖို့ အခွင့်ရေးရှိလိမ့်မည်ဟု မထင်ပေ။ ထိုအရာက သူမ၏ စိတ်နတ်ဆိုး ဖြစ်နေလေ၏။ တစ်ချိန်တည်းဆိုသလို နှစ် ၁၀၀က အချိန်တိုမျှသာ ဖြစ်၏။ ဝမ်ပေါင်လဲ့က သူမကို လိမ်ညာလိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူမက မည်သည့်အတွေးကိုမှ ဝှက်မထားရဲခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အကြည့်အောက်တွင် သူမက ယခင်က ထုတ်လွှင့်ထားခဲ့သည့် ကိုယ်ပွားနှစ်ခုကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။

ယခုအခါ သူမက ပြီးပြည့်စုံသွားပြီဖြစ်သည့်အတွက် အသက်ပြင်းပြင်းရှူကာ ဝမ်ပေါင်လဲ့ထံ ဦးညွတ်လိုက်သည်။

“သွားကြစို့” ဝမ်ပေါင်လဲ့က အကြည့်လွှဲကာ ကျီယွဲ့ကို မချုပ်နှောင်ဘဲ ရှေ့မှလျှောက်သွားလိုက်သည်။ သူမကို မချုပ်နှောင်လေလေ ကျီယွဲ့က အလျင်စလို မပြုမူရဲလေလေဖြစ်၏။ သူမက တိတ်တဆိတ်ဖြင့် ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်လာခဲ့လိုက်သည်။ ထို့နောက် အပြင်ဘက်သို့ ရောက်ရှိလာလေ၏။

လေဟာနယ်ထဲ လှိုင်းတွန့်များ ပျံ့နှံ့လာသည့်အခါ နေအဖွဲ့အစည်း ပေါ်ထွက်လာသည်။ ဝမ်ပေါင်လဲ့က ထိုနေရာကို ဝင်ရောက်တော့မည့်ဆဲဆဲတွင် ကျီယွဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး အသံတိုးတိုးဖြင့် ပြောလာသည်။

“လူကြီးမင်း … မျောက်ဝံအိုကြီးက ကံကြမ္မာဂြိုလ်ပေါ်မှာ ရှိတာလား။ သူရော အဆင်ပြေရဲ့လား။ ဒါနဲ့ ကျားလေးကရော ဘယ်မှာလဲ သိလား။”

“မျောက်ဝံအိုကြီးက အဆင်ပြေတယ်။ ကျားလေးလည်း မဆိုးပါဘူး။” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာပြောရင်း လှိုင်းတွန့်များထဲ ဝင်ရောက်လိုက်သည်။ ကျီယွဲ့က လှိုင်းတွန့်များကြားရှိ နေအဖွဲ့အစည်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် လမင်းကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

နောက်အခိုက်အတန့်တွင် နေအဖွဲ့အစည်း၏ ကြယ်တာရာကောင်းကင်အထက် လှိုင်းတွန့်များ ပေါ်ထွက်လာကာ ဝမ်ပေါင်လဲ့နှင့် ကျီယွဲ့တို့က တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။

“လူကြီးမင်း ကျွန်မက ဘာလုပ်ပေးဖို့ လိုတာလဲ” ထိုစဥ် ကျီယွဲ့၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေလေ၏။ သူမက လမင်းရှိရာဆီ အကြိမ်များစွာ လှည့်လှည့်ကြည့်မိနေသည်။

“ဒီလောကအဆင့်မြင့် ချပ်ပြားဝိုင်းထဲက အက်ကြောင်းကို ဖိနှိပ်ထားစေချင်တယ်”

“ဒီဟာ ဖိနှိပ်နေတုန်းတော့ ကျွန်မ ဘယ်မှသွားလို့ရမှာ မဟုတ်ဘူးပေါ့”

“ဟုတ်တယ်” ဝမ်ပေါင်လဲ့က ခေါင်းညိတ်လိုက်သည်။

“လူကြီးမင်း ကျွန်မကို အချိန်တချို့ ပေးလို့ရမလား။ ကျွန်မ လပေါ်သွားချင်လို့ပါ” ကျီယွဲ့က တိုးတိုးပြောလိုက်သည်။

ဝမ်ပေါင်လဲ့က ကျီယွဲ့ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ကျီယွဲ့၏ မျက်နှာအထက် ကျေးဇူးတင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာလေ၏။ ဝမ်ပေါင်လဲ့ကို ဦးညွတ်ပြီးသည့်နောက်တွင် သူမက လမင်းရှိရာဆီ ပျံသန်းသွားလိုက်သည်။ သူမ၏ ကျင့်ကြံဆင့်က အစကတည်းက သာမန် မဟုတ်သည့်အတွက် အသက်ရှိုက်စာ အနည်းငယ်အတွင်း သူမက ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းကာ လမင်းဆီ ရောက်ရှိလာခဲ့သည်။

သူမက ဤနေရာတွင် တုံ့ဆိုင်းနေမိ၏။ အချိန်တော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူမက လမင်းပေါ် ခြေချလိုက်သည်။ လမင်းပေါ်ရှိ ဧရာမ အလောင်းကောင်ကြီးက ဤဘဝတွင် သူ့မခင်ပွန်း ဖြစ်ခဲ့သည်။

ထိုဂူက အင်မတန် တိတ်ဆိတ်နေ၏။ ဧရာမ အလောင်းကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေပြီး နိုးထဟန်မပေါ်ပေ။ သို့သော်လည်း ကျီယွဲ့ ချဥ်းကပ်လာသည့်အခါ ထိုအရာက တစ်စုံတစ်ခုကို ခံစားမိဟန်ပေါ်၏။ ဂူအောက်ခြေတွင် ဧရာမအလောင်းကောင်ကြီး၏ မျက်ဝန်းက ဖွင့်လာတော့မည့်ဆဲဆဲတွင် မသိမသာ နှာမှုတ်သံများလည်း ထွက်ပေါ်လာခဲ့၏။

သိသာလှစွာ ဧရာမအလောင်းကောင်ကြီးက နိုးထလာတော့မည်ဖြစ်ပြီး မုန်တိုင်းကြီး စတင်တိုက်ခတ်လာတော့မည် ဖြစ်သည်။

ကျီယွဲ့က ထိုအသံကို နားထောင်ရင်း မြေကြီးမှ တုန်ခါသံများကို ခံစားနေလိုက်သည်။ သူမက အချိန်တော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြောလိုက်၏။

“ကျွန်မ တောင်းပန်ပါတယ်”

သူမက ထိုစကားများကို ပြောလိုက်သည်နှင့် မြေကြီးက လှုပ်ခတ်မှု ရပ်တန့်သွားခဲ့သည်။ ဆူညံသံများလည်း ပျောက်ကွယ်သွားခဲ့၏။ လှိုင်းတွန့်များကလည်း ထပ်မံ ထွက်ပေါ်မလာတော့ပေ။ အချိန်တော်ကြာမြင့်ပြီးသည့်နောက်တွင် ဂူအတွင်းမှ ခါးသီးသည့် သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာခဲ့၏။

“သွားတော့။ ဒီဘဝမှာ မင်းကို ထပ်ပြီး မမြင်ချင်တော့ဘူး။”

All Chapters