ပြင်ပရန်သူကို ခုခံဖို့ကလွယ်တယ်၊ အိမ်တွင်းသူခိုးကို ခုခံဖို့က ခက်တယ်
Vol. 40 Ch. 781
ပေထင်းချင်းသည် မိုးပေါ်မှ ညီအစ်ကိုနှစ်ယောက်ကိုကြည့်လိုက်သည်။ သူသည် ပေထင်းကျန့်အား အနည်းငယ်မသာယာသောမျက်လုံးများဖြင့်ကြည့် ကာ အိုမင်းသောအသံဖြင့်ပြောလိုက်သည် “အစ်ကိုကြီး ကျွန်တော့်မှာ မေးခွန်း တစ်ခုပဲရှိတယ်၊ လွန်ခဲ့တဲ့ ၁၄ နှစ်က မတော်တဆမှုကို တစ်ခုခုလုပ်ခဲ့တာလား”
လွန်ခဲ့တဲ့ ၁၄ နှစ်ကဟုတ်လား။ ထိုနေရာရှိ သက်ကြီးပိုင်းလူများအားလုံး သည် ပေထင်းကျန့်အား မယုံကြည်နိုင်စွာဖြင့်ကြည့်ကြလေသည်။
ပေထင်းရွေ့သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူသည် ရုတ်တရက် မိုးပေါ်သို့ပျံသွားကာ ပေထင်းဟွမ်၊ ပေထင်းကျန်နှင့် ပေထင်းကျန့်တို့ကို ဝိုင်း လိုက်သည်။ သူ့အသံသည် အထူးတလည် စိုးရိမ်လျက်ရှိသည် “ဦးလေး အဲဒါ အမှန်ပဲလား၊ လျှို့ဝှက်ချက်ကိုထုတ်ပြီး အစ်ကိုကြီးနဲ့ကျန်တဲ့သူတွေကို ထိခိုက် အောင်လုပ်တော့မလို့လား”
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ပေထင်းရွေ့၏မျက်နှာမှ အမူအရာသည် ပြောင်းသွားသည်။ ပေထင်းကျန့်သည် နောက်ကျောပေးထားရာ ပေထင်းကျန့်၏မျက်နှာကို မမြင် ရပေ။ သို့သော် ပေထင်းကျန့်၏ခန္ဓာကိုယ် တုန်ယင်သွားပြီး ပခုံးလျှောကျသွား သည်ကိုကြည့်ခြင်းအားဖြင့် အဖြေမှာထင်ရှားလွန်းသည်။
“ခင်ဗျား လူယုတ်မာ” ပေထင်းကျင်သည် ထပ်မံပေါက်ကွဲကာ ပေထင်းကျန့်အား ခုတ်လေသည်။ “လျှို့ဝှက်ချက် ပေါက်ကြားအောင်လုပ်တာ ခင်ဗျားပဲ၊ စီရင်ချက်ဗိမာန်ကိုပြောပြီး ကျွန်တော့်မိဘတွေကိုဖမ်းခိုင်းတာ ခင်ဗျားပဲ လူယုတ်မာ ဒီနေ့ ခင်ဗျားကိုသတ်မယ်”
မြေပေါ်တွင် မိသားစုကြီးလေးခုမှ တပည့်များ စုဝေးနေပြီဖြစ်သည်။ အများစုသည် မိသားစုကြီးလေးခုမှ မျိုးဆက်သုံးဆက်အထိပါဝင်ကြသည်။ သူတို့သည် လွန်ခဲ့သည့် ၁၄ နှစ်က ဘေးဒုက္ခကို ကြုံဖူးကြသူများဖြစ်ကြသည်။ မိသားစုကြီးလေးခုဝိုင်းလာရာ ပေထင်းလန်နှင့် ဇနီးဖြစ်သူတို့ ထွက်ပြေးခဲ့ကြ သည်။ နောက်ဆုံးတွင် သူတို့သည် အပြင်တွင်ပျောက်သွားကာ အဝတ်နှင့် ထုတ်ထားသည့် ကလေးတစ်ယောက်သာ ကျန်ခဲ့သည်။
ထိုပြဿနာများအားလုံးကို ဖန်တီးသူမှာ ပေထင်းမိသားစုအတွင်းမြို့၏ အကြီးအကဲကြီးဖြစ်သည့် ပေထင်းကျန့်ဖြစ်လိမ့်မည်ဟု မည်သူမှထင်မထားကြ ပေ။
“အဲလိုကိုး၊ အဲဒါကြောင့် စီရင်ချက်ဗိမာန်က အဲတုန်းက မိသားစုကြီးလေး ခုအကြောင်းကို အဲလောက်သိနေတာကိုး၊ အကြီးအကဲကြီးကပြောလိုက်တာပဲ”
“ပြင်ပရန်သူကို ခုခံဖို့ကလွယ်တယ် အိမ်တွင်းသူခိုးကိုခုခံဖို့ကခက်တယ်”
“သခင်ကြီးပေထင်းလန်က သခင်ကြီးလန်ချန်းမိုလောက် နာမည်ကြီးခဲ့ တယ်၊ သူသာ အသက်ရှင်သေးရင် အခုလောက်ဆိုဝိညာဉ်သခင်ကြီးဖြစ်နေ လောက်ပြီ၊ ပေထင်းကျန့်လိုလူမျိုးက ဘာလို့ ဒီလောက်တောင်ရက်စက်ရတာ လဲ”
“ဟင်း အကုန်လုံးက သူ့ရဲ့လူမသိသူမသိ သားကြောင့်ပဲ ဘာလို့ အဲလို လုပ်တာလဲ”
ကျောက်စိမ်းသစ်ပင်နှင့် ဓားတစ်ထောင်နတ်ပုလွေဟု ကျော်ကြားသော သခင်ကြီးပေထင်းလန်ကဲ့သို့ တစ်တန်းတည်းသမုတ်ခံချင်ရလောက်အောင် သူသည် မည်သည့်အခွင့်ရှိသနည်း။ မဟုတ်လျှင် ပေထင်းမိသားစု၏ ဘိုးဘေး ကြီးသည် သူ့အား မိသားစုခေါင်းဆောင်ရာထူးပေးမည်နည်း။
မိုးပေါ်တွင် ပေထင်းကျန့်သည် ကျယ်လောင်စွာရယ်မောလေသည်။ သူ့လက်ထဲမှ ဓားရှည်သည် တည်ငြိမ်စွာပင် ပေထင်းကျင်အား ချိန်ရွယ်ကာ သူ့မျက်လုံးများသည် ဓားကဲ့သို့စူးရှနေပြီး ပေထင်းကျင်အား ရက်စက်စွာ ကြည့်လေသည် “အစ်ကို ၂ မင်းရဲ့သားက ထူးချွန်လွန်းပြီး ငါ့သားရှေ့လမ်းကို လာပိတ်တာကိုပဲ အပြစ်တင်ရတော့မယ်၊ မင်း သူ့ကိုပြန်ခေါ်လာတုန်းက ဒီကောင်လည်း သေလောက်အောင် ရုန်းကန်ဖို့မလုပ်နိုင်ခဲ့တာကို နောင်တရ တယ်”
ထိုသို့ပြောရင်းနှင့် ပေထင်းကျန့်သည် ဓားမြှောက်ကာ ပေထင်းကျင်ရှိရာ မိုးပေါ်သို့ ပျံသွားလေသည်။ ကံကောင်းစွာပင် ပေထင်းကျင်သည် အလွန် သန်မာသည်။ လျင်မြန်စွာ ဟန်ချက်ထိန်းလိုက်ပြီးနောက် သူသည် ထပ်မံပြေး သွားတော့မည်အပြုတွင် ပေထင်းဟွမ်၏ တားဆီးခြင်းကိုခံလိုက်ရသည်။ သူမ လက်ထဲမှ လက်စွပ်ကို ပေထင်းကျင်အားပေးလိုက်သည် “အစ်ကိုကြီး ဒီ မှော်သားရဲနဲ့ အရင်စာချုပ်တည်ထောင်လိုက်ပါ ကျွန်တော်စောင့်နေမယ်၊ ကျွန်တော်တို့ညီအစ်ကိုတွေ အဖေနဲ့အမေအတွက် အတူလက်စားချေကြမယ်”
ထိုသို့ပြောပြီးနောက် သူမဘေးသို့လှည့်ကာ ပေထင်းကျင်၏ ရှေ့၌ ရပ်လိုက်သည်။ သူမသည် ခါးမှဓားပျော့ကိုဆွဲထုတ်ကာ ပေထင်းကျန့်အား ချိန်ရွယ်လေသည် “ဟုတ်တယ် အဲဒါခင်ဗျားရဲ့အကြီးဆုံးအမှားပဲ၊ နောက်ဘဝ ကျရင် ပြဿနာကိုအမြစ်ကနေဆွဲနှုတ်ဖို့ သတိရပါ”
သူမပြောပြီးသည်နှင့် ခန္ဓာကိုယ်မှ မိုးပြာရောင်ဓာတ်စွမ်းအင်သည် ထိုးတက်လာသည်။ သူမလက်ထဲမှဓားပျော့သည် ပေထင်းကျန့်ဆီသို့ အရှိန်နှင့် ထိုးဝင်လေသည်...