ပေထင်းကျန့်နှင့်တိုက်ခိုက်ခြင်း
Vol. 40 Ch. 782
ပေထင်းကျန့်သည် ခန္ဓာကိုယ်ထဲမှဓာတ်စွမ်းအင်များအားလုံးကို နှိုးဆွ လိုက်ပြီဖြစ်သည်။ ဓားပျော့ သူ့ဆီသို့ ပြေးတင်လာသည်နှင့် သူ့လက်ထဲမှ ဓားရှည်သည် အညှာတာမဲ့စွာနှင့် ဓားပျော့ကိုခုတ်လေသည်။
ချွင်း...
ဓားနှစ်ချောင်းဆုံရာတွင် ကြောက်စရာကောင်းသော ဓာတ်စွမ်းအင်သည် ထိတ်လန့်ဖွယ်ရာ ပွတ်တိုက်မှုကိုဖြစ်စေသည်။ ခေတ္တအတွင်းမှာပင် အပြာရောင်မီးတောက်များ ပွင့်ထွက်လာပြီး ပေထင်းဟွမ်သည် မတ်မတ်ရပ် နေတုန်းပင်။ သို့သော် ပေထင်းကျန့်၏ တစ်ကိုယ်လုံးသည် ဓားပျော့၏ တိုက်ခိုက်မှုအောက်တွင် အကြောဆွဲနေသည်။ မိုးကြိုးအပစ်ခံရသည့်ခံစားချက် မျိုး သူ့ခန္ဓာကိုယ်ကို ဖြတ်ပြေးသွားလေသည်။ ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံးသည် စွမ်းအားမဲ့သွားကာ ခုခံနိုင်စွမ်းမရှိတော့ဘဲ နောက်ဆုတ် သွားလေသည်။
သူမ၏၏ခန္ဓာကိုယ်သည် မိုးကြိုးဒေါသထွက်နေသည်။ ၎င်းသည် မိုးကြိုး နှင့် မီးတို့မှ သယ်ဆောင်လာသည့် အသွင်ပြောင်းမှုမဟုတ်ပါလား။ ပေထင်းကျန့်၏မျက်လုံးများသည် ဘာမှမတတ်သာသော်လည်း တည်ငြိမ်နေသည်။
“မိုးနတ်မင်းရေ သခင်လေး ၉ မင်းက မိုက်လိုက်တာ”
“အမိုက်စားပဲ”
မြေပေါ်တွင် မျိုးနွယ်ကြီးလေးခုမှ လူများအော်ကြလေသည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်တွင် ဝဲနေသောကောင်းကင်ပြာဓာတ်စွမ်းအင်ကို ကြည့်ပြီး အားလုံးသည် သတိပျောက်လုနီးပါးပင်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ သခင်လေး ၉ ကိုမတွေ့ရသည့် ရက်အနည်းငယ်အတွင်းတွင် သူသည် အဆင့်တချို့တက်သွားခဲ့သည်။ ၎င်းသည် ပုံမှန်ဖြစ်နေသည်။
အစက တုန်ဖန်းကျောက်သည် မျက်စိလည်သွားသည်ဟု ထင်နေသည်။ ထိုအချိန်တွင် ပေထင်းဟွမ်နားမှ မိုးပြာရောင်ဓာတ်စွမ်းအင်ကို တုန်ဖန်းကျောက်စိုက်ကြည့်ပြီး အံကြိတ်မိသည် “သေစမ်း ဒီကောင်စုတ်လေး ဘယ်တုန်းက အဆင့်တက်သွားပြန်တာလဲ”
တုန်ဖန်းကျောက်သည် တုန်ဖန်းလု၏ပခုံးပေါ်တွင် ငိုတော့သည် “အဘိုး ကျွန်တော်အသက်မရှင်ချင်တော့ဘူး၊ ဒီကောင်နဲ့ပထမဆုံးတွေ့တုန်းက ကျွန်တော် သူ့ထက်တစ်ဆင့်မြင့်သေးတယ်၊ ရက်နည်းနည်းပဲရှိသေးတာ သူက ကျွန်တော့်ထက် တစ်ဆင့်မြင့်သွားပြီ ဝူးဟူး တရားမျှတမှုက ဘယ်မှာလဲ”
တုန်ဖန်းလုသည် မိုးပေါ်သို့မျှော်ကာ သက်ပြင်းရှည်ကြီးချလိုက်သည် “ဟူး မြေးလေး မင်း ဒီလိုမျိုး မကောင်းတဲ့သူငယ်ချင်းတွေ့တဲ့အချိန် မင်း အတွက်မင်းသာ ဆုတောင်းရတော့မယ်” ထိုသို့ပြောပြီးနောက် သူသည် မြေး ဖြစ်သူ၏ပခုံးကိုပုတ်ကာပြောလေသည် “သနားစရာလေး”
ရှီမန်ဆုန်းနှင့်တုန်ဖန်းအောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး အံ့အားသင့်စွာဖြင့်ခေါင်းခါကြသည်။ သူတို့သည် လေထဲမှ ပေထင်းဟွမ်ကို စိုက်ကြည့်နေကြသည်။
သူတို့နှစ်ယောက်သည် အသက်ပိုကြီးကာ ပိုလည်းရင့်ကျက်သည်။ ပေထင်းဟွမ်၏အနာဂတ်သည် သူတို့ထက်ပင် ပိုကြီးကျယ်သည့်ကံပါလာသည် ကို သူတို့ကောင်းကောင်းသိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ဤကောင်လေး၏ နောက်တွင် အနှေးနှင့်အမြန်ကျန်ခဲ့မည်ဖြစ်သည်။ တစ်ရက်စောမည်၊ သို့မဟုတ် တစ်ရက်နောက်ကျသည်သာ ကွာသွားမည်။
မိုးပေါ်တွင် ပေထင်းကျန်၏မျက်လုံးထဲမှအကြည့်သည် ထိတ်လန့်သည် ဟုပင် ဖော်ပြ၍မရတော့ပေ။ သူတို့၏ပထမဆုံးပြန်တွေ့ဆုံမှုတွင် ပေထင်းဟွမ် ၏ ခွန်အားသည် သူ့ထက်မနိမ့်သည်ကို သိလိုက်ရသည်။ သူသည် ဓား ၃ လက် ဝိညာဉ်သခင်ကြီးဖြစ်နေကာ ပေထင်းဟွမ်သည် ဓား ၁ လက်ဝိညာဉ်သခင်ကြီး ဖြစ်နေလေပြီ။ သူတို့သည် အဆင့် ၂ ဆင့်ကွာသော်လည်း သူသည် ယခုတိုက်ပွဲ တွင်ရှုံးခဲ့သည်။
တစ်နည်းပြောရလျှင် မိုးကြိုးအပစ်ခံရပြီးနောက် ပေထင်းဟွမ်၏ ဓာတ် စွမ်းအင်သည် သူ၏ ဓား ၃ လက်ဝိညာဉ်သခင်နှင့် ယှဉ်နိုင်သည့် ဓား ၁ လက် ကြယ်ဝိညာဉ်သခင်ကြီးဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် သူ ပေထင်းဟွမ်အား မည်သို့အနိုင်ယူမည်နည်း။ သူသည် မျက်လုံးလှိမ့်ကာ နှာမှုတ်လိုက်သည်။ အရမ်းကောင်းတယ်။ အခုက အချိန်ကောင်းပဲ။ ပေထင်းဟွမ်ရဲ့ သူငယ်ချင်း တစ်ယောက်မှ အနားမှာရှိမနေဘူး။
“ပေထင်းဟွမ်၊ မင်းမှာ အထွတ်အမြတ်သားရဲအများကြီးရှိတာ သိတယ်၊ ဒီနေ့ မင်းရဲ့အထွတ်အမြတ်သားရဲတွေရဲ့ စွမ်းအားကို ကြုံချင်သေးရဲ့” ပေထင်းကျန့်သည် ပြောပြီးသည်နှင့် အလျင်အမြန်ပင် အော်လိုက်သည် “ချပ်ဝတ်တန်ဆာပြောင်းမယ်”
မိုးပေါ်တွင် ကြီးမားသော ဆဌဂံထောင့်တစ်ခုပေါ်လာကာ လိမ္မော်ရောင် တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် ပေထင်းကျန့်အား ခြုံလွှမ်းလေသည်။ ချက်ချင်းဆိုသလိုပင် လိမ္မော်ရောင်နယ်ပယ်သည် ပေထင်းကျန့်အား အုပ်မိုး လေသည်။ ဝိညာဉ်သခင်ကြီးနှင့် နတ်သားရဲတို့၏ အားစိုက်မှုများပေါင်းစပ်ထား သည့် နယ်ပယ်သည် လေထဲတွင် ဝန်းရံကာပူလောင်လာသည်။
ပေထင်းကျန့်၏နတ်သားရဲသည် မီးအဆိပ်ပါသည့် ကင်းမြီးကောက် ဖြစ်သည်။ ပေထင်းကျန့်သည် မီးအဆိပ်စွမ်းအင်ကို စုပ်ယူပြီးနောက် နယ်ပယ် ထဲသို့ထုတ်လွှတ်သည်။ ၎င်းသည် ပြိုင်ဘက်ကို ထိန်းချုပ်ရာတွင် အလွန် သက်ရောက်မှုရှိသည်။ ၎င်းသည် ပေထင်းကျန့် ဂုဏ်ယူရသည့် နယ်ပယ် စွမ်းအင်ဖြစ်သည်။
သူ၏နယ်ပယ်ထဲတွင် ပေထင်းကျန့်သည် ဘုရင်တစ်ပါးဖြစ်သည်။ သူသည် လက်ထဲမှဓားရှည်ကိုမြှောက်ကာ ပေထင်းဟွမ်အား တည့်တည့် ထိုးစိုက်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ပေထင်းဟွမ်၏ပုံရိပ်သည် ရုတ်တရက် သူ့ရှေ့မှပျောက်ကွယ်သွားလေသည်။
ဘာတွေဖြစ်နေတာလဲ။
ပေထင်းကျန့်၏ကျောပြင်တွင် ချွေးအေးများထွက်လာသည်။ သူ့နယ်ပယ် က ပေထင်းဟွမ်ဆီမှာ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ သူ့မျက်လုံးထဲတွင် အကြောက်တရားများပေါ်လာပြီး သူသည် အလိုလိုပင် ပေထင်းဟွမ်အား လှည့်ပတ်ရှာမိသည်...